Quantcast
Viewing all articles
Browse latest Browse all 1811

စစ်တောင်းတံတားပေါ်က အမှား


ွု
ဦးစံရွှေက ဗိုလ်ချုပ်ကြီးချစ်ဆွေရဲ့သမီးနဲ့ မိုင်းထိခြေနှစ်ဖက်ပြတ်အရာရှိ တို့ရဲ့အင်းယားလိတ်ဟော်တယ် မင်္ဂလာဧည့်ခံပွဲကိုခလရ(၂)ကခြေလက်ပြတ်စစ်သည်သွားတက်ရတဲ့အကြောင်း ရေးထားတာဖတ်ရတော့
ခလရ(၂)မှာနေစဉ် ၁၉၈၄ခုနှစ်လောက်က ဗိုလ်ချုပ်ကြီးချစ်ဆွေကောင်းမှုကြောင့် ကျွန်တော်တို့ အရာရှိငယ်တွေအရေးယူမခံခဲ့ရတဲ့ဇာတ်လမ်းလေးသွားသတိရမိတယ်။


ကျွန်တော်တို့ ခလရ(၂)ဟာ စစ်တောင်းတံတားဘေးက သိမ်ဇရပ်မြို့လေးမှာရှိပြီး တပ်မ(၇၇)လက်အောက်ခံတပ်
ဖြစ်လို့ရှမ်းပြည်နယ်ထဲရှေ့တန်းခြောက်လ ထွက်တစ်လပြန်နား စနစ်ဖြစ်ပါတယ်။ သိမ်ဇရပ်နယ်မြေလုံခြုံရေးကို တိုင်းလက်အောက်ခံတပ်ဖြစ်တဲ့ကျိုက်ထိုအခြေစိုက်ခလရ(၉၆)ကတာဝန်ယူရပါတယ်။

နောက်တန်းပြန်နားချိန်လူပျိုအရာရှိတွေအတွက်ညဘက်သောက်စားပြီးရင် (ပြန်နားတဲ့တစ်လအတွင်း
တပ်ထောက်ဗိုလ်ကြီးက အာမီရမ်အလုံအလောက်နဲ့ နစ်ဆန်းကားတစ်စီးထိုးပေးထားပါတယ်) ဘယ်မှ လည်ပတ်စရာမရှိတော့ ကားတစ်စီးနဲ့ စစ်တောင်းတံတားပေါ်ပတ် မြို့ထဲပြန်ပတ်စီးလေ့ရှိပါတယ်။ စစ်တောင်းတံတားဟာ ည(၆)နာရီမနက်(၆)နာရီမ ဖြတ်ရအမိန့်ထုတ်ထားပေမယ့်ခလရ
(၉၆)အရာရှိတွေကနားလည်ခွင့်ပြုပေးပါတယ်။

ပြဿနာတက်မယ့်ညက ဖြစ်ချင်တော့ သိမ်ဇရပ်တံတားဖက်ကမ်းမှာ တာဝန်ကျတဲ့ ခလရ(၉၆)က ကျောင်းဆင်းစ ဒုဗိုလ်လေးက သူရထားတဲ့အမိန့်အတိုင်း အတိအကျတားဆီးပြီး ဖြတ်ခွင့်မပြုတော့ပါဘူး။ တားမရဘဲဖြတ်ရင်
ပစ်မယ့်ပုံစံဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ကလည်း အရှိန်ကောင်းနေပြီဆိုတော့ တပ်မတပ်ကို စစ်မတိုက်တဲ့ ဘုရားတံတားသကြားစောင့်တပ်က သေနတ်နဲ့ချိန်ရမလားဆိုပြီးထိုးမယ်ကြိတ်မယ်ဖြစ်ကြတယ်။
(တကယ်တော့ ခလရ(၉၆)လည်း ကျိုက်ထီးရိုးဘုရား စစ်တောင်းတံတားဘီးလင်း သကြားစက်လုံခြုံရေးတွေ ယူရလို့ ဘုရားတံတားသကြားလို့ နောက်ပြောင်နေပေမယ့် ဘီးလင်းနတ်ကြီးဂွင်တွေမှာကေ အင်ယူစစ်ဆင်ရေးတွေ ဝင်ရပါတယ်) သူတို့တပ်သိက္ခာကျစေတဲ့ စကားလုံးတွေပါလာတော့ သူတို့ဖက်ကလည်းမခံနိုင်တော့ဘဲ တော်တော်တင်းမာသွားပါတယ်။ 

လူပျိုခေါင်းဆောင်စီနီယာ ကိုအောင်တင်ထွေးက ပြန်ထိန်းသိမ်းလို့ ပြန်လာခဲ့ကြပြီး စက္ကူစက်ဝန်ထမ်းအိမ်ယာမှာနေကြတဲ့ တပ်ကအရာရှိအိမ်ထောင်သည်လိုင်းဆီဆက်သွားကြပါတယ်။

ကိုကျော်ဇေယျရဲ့အိမ်မှာ ဝင်လည်ကြရင်း ဖြစ်ပျက်ခဲ့တာတွေပြောကြတော့ ကိုကျော်ဇေယျကပစ္စတိုဆွဲထုတ်ပြီး
အကုန်ကားပေါ်ပြန်တက်ခိုင်းတံတားဆီပြန်မောင်းပါတော့တယ်။ တံတားထိပ်ရောက်တော့ပစ္စတိုမိုးပေါ်ထောင်ဖောက်
်ပြီးကားပေါ်ကဆင်းပြဿနာရှာပါတယ်။ တပ်ရင်းမှုးဗိုလ်မှုးမျိုးတင့်ကိုယ်တိုင်မာဇဒါဂျစ်နဲ့ လိုက်လာပြီးပြန်ခေါ်လို့ ပြဿနာပြီးသွားပေမယ့် ခလရ(၉၆)တပ်ရင်းမှုးကတော့ ရတခတိုင်းမှုးဆီဖြစ်ပျက်သမျှတွေ တင်ပြတိုင်ကြား ပါတော့တယ်။

တိုင်းမှုး ဗိုလ်မှုးချုပ်ချစ်ဆွေက အခြေအနေမေးမြန်းတော့ ကျွန်တော်တို့တပ်ရင်းမှုးကလည်း ရှေ့တန်းပြန်နားချိန် အလိုလိုက်ပြီး သူအုပ်ချုပ်တာညံ့လို့ ဒီလိုဖြစ်တာ သူ့မှာတာဝန်ရှိလို့ သူ့ကိုသာ အရေးယူပါလို့တင်ပြတယ်။ 

နောက်ဆုံး တိုင်းမှုးကိုယ်တိုင် ခလရ(၉၆)တပ်ရင်းမှုးကို စစ်ဗိုလ်ပေါက်စတွေဟာ ဒီအရွယ်မှာ ဒီလိုမှားတတ်ပေမယ့် စစ်တိုက်တဲ့နေရာမှာတော့ ချစ်စရာကောင်းကြောင်း ဒီတစ်ခါတော့ခွင့်လွှတ်ဖို့ တရားဟောလိုက်တယ်
လို့သိရပါတယ်။
တကယ်တော့ လုံခြုံရေးတာဝန်ယူနေ တဲ့တပ်ကို သွားနှောက်ယှက်တာဖြစ်လို့ စစ်စည်းကမ်းအရအရေးယူမယ်ဆိုရင်
ကျွန်တော်တို့တစ်ဖွဲ့လုံး ပြင်းပြင်းထန်ထန် အရေးယူခံရမယ့်ကိစ္စဖြစ်ပါတယ်။
တိုင်းမှုးဗိုလ်ချုပ်ချစ်ဆွေရဲ့ အရာရှိငယ်တွေအပေါ်ချစ်ခင်နားလည် သည်းခံပေးခဲ့မှုကြောင့်သာ ငယ်ငယ်ရွယ်ရွယ်နဲ့မှင်နီတားခံရမယ့်ဘဝကလွတ်မြောက်ခဲ့ကြရတဲ့အမှတ်တရဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါ
တော့တယ်။ ။
ဲ့ိ့်

Thaung Aye

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>