Quantcast
Viewing all articles
Browse latest Browse all 1811

လော်ခီးလာညီလာခံနှင့် ငြိမ်းချမ်းရေးအတွေးစများ

Image may be NSFW.
Clik here to view.
Wunna Phay Thaw's photo.
လော်ခီးလာ ညီလာခံက တိကျ တဲ့အဖြေ တစ်ခု မရ နိုင်တာ ကြားရလို့ ဒီလို တွေးမိပါတယ်။
လက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့လိုချင်တဲ့ နိုင်ငံရေး အတိုး အလျော့ တွေဆွေးနွေ့း တယ် ဆိုပေမယ့် တကယ်တော့ ဒါက အယောင်ပြပဲ အချိန်ဆွဲနေတာရယ် တဘက်မှာ အများ အမြင်တင့်တယ် အောင် မူဝါဒ အရ လုပ်ပြနေကြ တာပါလို့မြင် မိပါတယ်။


ဒါက အလွတ်သဘော ထင်မြင်ယူဆ ချက် ဖြစ်ပေမယ့် အချက်အလက်မဲ့ ပြောတာ တော့မဟုတ်ပါဘူး သမိုင်းကြောင်းနှင့် အချက်အလက် တချို့အရပါ။

သူတို့နှင့် ပြည်ထောင်စု အစိုးရ ညှိ နှိုင်း လို့ ရတာတွေကို အောက်ခြေ က လိုက်နာနိုင်လောက်အောင် သြဇာ သက်ရောက် ဖို့လည်း လိုပါ သေး တယ်။အောက်ခြေ က ငယ်သား တွေဒေသခံ ပြည်သူလူထု တွေရဲ့ ဆန္ဒ ကို သိအောင် ကျိုးစား ခဲ့ပါသလား ထည့်သွင်း စဉ်းစား ထားပါသလား ပြန်မေးစရာပါ။

တိုင်းရင်းသား တွေ အောက်ခြေ တပ်သား အဆင့် သာမန်ပြည်သူ တိုင်းရင်းသား တွေသိတဲ့ ငြိမ်းချမ်းရေး ကပုံစံ 
တစ်မျိုးပါ။

မြို့ပေါ်က လူတွေနှင့်အစိုးရက သိတဲ့ငြိမ်း ချမ်းရေးက တိုင်းရင်းသား တွေက ကိုယ့်ကို အုပ်ချုပ်မည့် အစိုးရ ကိုယ့်လူမျိုး ဖြစ်ရမယ် ကိုယ်ကရွေးချယ် ခန့်အပ်နိုင်ရမယ် သယံဇာတ စီမံခန့်ခွဲ မယ် ကိုယ့်ဒေသ နှင့် ကိုက်ညီသော ဥပဒေ တွေ ပြဌာန်းကြမယ်။

ဒါတွေလုပ်ခွင့်မရ လို့ လက်နက်ကိုင် တော်လှန်နေကြတာ ဒါတွေ သာ လုပ်ခွင့် ရ ရင် လက်နက်စွန့်မယ် ငြိမ်း ချမ်းရေး ရပြီပေါ့။

ဒါက နိုင်ငံရေးသမား တွေ ပြောတဲ့ အစိုးရကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့် သူပုန်ရှိနေတာပါ ဆိုတဲ့သူတွေ အတွေးထဲက ထင်နေတဲ့ စိတ်ကူးယဉ် ငြိမ်းချမ်းရေး ပါ။

ကျန်တော် ရှမ်းပြည်နယ် မှာ စစ်ဆင်ရေး တာဝန်ကျ ခဲ့စဉ်က ရှမ်း လူမျိုး ဖြစ် တာရယ် ရှမ်းစကား နည်းနည်းပါး ပါး တတ် တာရယ် ကြောင့် ရွာတွေမှာ ဆက်ဆံရေး အဆင်ပြေပါတယ်။ 

တွေ့မြင်ပါ များ လို့ရင်းနှီးလာတော့ ရွာက အဖွား တစ်ယောက်က ထမင်းခေါ် ကျွေးရင်း အခြားသူတွေ မသိအောင် စကား လာပြောတယ်။

မင်းက ရှမ်း ဖြစ်ပြီး တို့ရှမ်း စစ်တပ် (သူပုန်) ထဲမဝင်ဘဲ ဘာလို့ ဗမာ စစ်တပ်ကို ဝင်တာလဲ လို့မေး ပါတယ်။
အဖြေ ခက်တဲ့မေးခွန်းပါ။

ရန်ကုန်မှာ မွေး လို့ ပါလို့ အလွယ်ဖြေ ခဲ့ရပေမယ့် ရင်ထဲမကောင်းပါဘူး။ တို့တိုင်းရင်းသား တွေ နား လည်မှု လွဲနေတာ ငါဘယ်လိုရှင်းပြရမလဲ ပြည်ထောင်စု ဆိုတာကို သူတို့ သိလာ အောင် ဘာလုပ်ရမလဲ အမြဲတွေး နေမိပါတယ်။ 

တောထဲက တပ်သား အဆင့်နှင့် ရွာ သား ပြည်သူတွေ နား လည်တာက ငါတို့ ပြည်နယ်ကို ဗမာအစိုးရ ကျုး ကျော် နေတယ်လို့ ငယ်ငယ် ကတည်း က ရာဇဝင်တွေ ပြောပြ ဝါဒမှိုင်း တိုက် ခံလာရတယ် ။

ဒီတော့ ဗမာ စစ်တပ် တို့ပြည်နယ်ထဲ မလာပဲ တို့တိုင်းရင်းသား တပ်ပဲ ရှိနေရင် တိုက်ပွဲ မဖြစ်တော့ရင် ငြိမ်းချမ်းရေး ရပြီ ဒီလို ရိုး ရိုးရှင်းရှင်း တွေး နေကြတာပါ။
Image may be NSFW.
Clik here to view.
Wunna Phay Thaw's photo.
ဒါ တကယ့် ပြဿ နာ အကြီး ကြီးပါ ဒီမူကို လက်ကိုင်ထား နေလို့ငြိမ်း ချမ်း ရေး က ဝေ့လည် ကြောင်ပတ် ဖြစ်နေတာပါ။
ဒါ့အပြင် အများ မထင်မှတ်ထားတဲ့ပြဿ နာတွေရှိပါသေးတယ်။
ဒါက တော့ လက်နက်ကိုင်တွေရဲ့ လုံခြုံရေး နှင့် စီးပွားရေး ( အသက်မွေး ဝမ်းကြောင်း) ပြဿ နာပါ။

ကိုးကန့်ဒေသ မှာ ဖြစ်ခဲ့တဲ့သာဓက ရှိပါတယ် ဖုန်ကြား ရှင် တောပြန်ခို တော့ တချို့က လိုက်မသွား ဘဲ အလင်းဝင် ပါတယ် ။

အရပ်သားလို နေတဲ့အချိန် အစိုးရက လည်း လုံခြုံရေး မပေး နိုင်တော့ ဖုန်ကြား ရှင်က လာပြီး သတ်ခိုင်း လို့ အကုန် လုပ်ကြံခံရပါတယ်။

လက်နက်ကိုင်ခဲ့သူတွေ သူတပါးကို မတရား လုပ်ခဲ့ဖူး တာတွေရှိတော့ လက်စားခြေခံရ နိုင်ပါတယ် ဒါ့ကြောင့် လက်နက်စွန့်မယ်ဆို သူ့ လုံခြုံ ရေး စိတ်မချလို့ လက်နက် ဆက်ကိုင်ထား ချင်ပါတယ်။

ဒါ့အပြင် သူပုန်လုပ်လာတဲ့သူတွေ ဘိန်းမှောင်ခို သစ်မှောင်ခို ကျွဲ မှောင် ခို လုပ်လာတဲ့ကောင်က လက်ကြော မတင်းတော့ဘူး တောင်ယာ ပြန် လုပ်စား ဖို့မလွယ် တော့ သေနတ်ပဲ ဆက်ကိုင်ချင်နေတာပါ။
MTA ခွန်ဆာ အလင်းဝင်တော့ ပါလာ သေးတဲ့ရွက်ဆစ်က ဒီလိုနှင့် ပြန် တောခိုခဲ့တာပါ။ 

တိုင်းရင်းသား ခေါင်းဆောင်တွေက လည်း မူဝါဒ အရစကား အလှတွေ နိုင်ငံရေး အပေးအယူ တွေပြောနေ ပေမယ့် ကိုယ်ပိုင်မူဝါဒ(ကိုယ့်ပြည်နယ် ကိုယ့်စစ်တပ်ထား ကိုယ့်အစိုးရ အုပ်ချုပ်) ဆိုတာ မှာပဲ အဆုံးသတ် နေတာပါ။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် (တိုင်းရင်းသား ခေါင်းဆောင် မဟုတ်ပါ)တွေက သူတို့လိုလား သော ဖက်ဒရယ် ပြည်ထောင်စု ပုံစံကို သတ်သတ်မှတ်မှတ် ဒသခုံပြည်သူကို ချပြဖူး သလား။လက်ခံမခံ ဆန္ဒခံယူ ဖူးသလား။

အကယ်၍ ပြည်ထောင်စု အစိုးရက အကုန်လိုက်လျော ရင်ရော လက်နက် ကိုင်လမ်းစဉ်ကို စွန့် မယ့် အစီ မံ ပြည်နယ်အစိုးရကို ဘယ်လို လူတွေနှင့် ဖွဲ့မယ်ဆိုတာမျိုး Master Plan ရှိပါ သလား ။

အစိုးရ ဖြစ်လာရင် ပါဝင်အုပ်ချုပ် မည့်သူတွေက ကိုယ့်ဒေသ ဘယ်လို တိုးတက်အောင် လုပ် မယ်ဆိုတာ အစီအစဉ် ရှိပါ သလား ။

ဒါတွေ မလုပ်ဘဲ မရှိဘဲ လက်တန်း ဆွေးနွေးနေတာ ညှိနှိုင်းနေကြ တာ ဆိုရင် တော့ ငြိမ်း ချမ်းရေး လိုချင်တာ ထက် လက်နက် ကိုင် လို့ရတဲ့ အာဏာ အရသာ ကို မစွန့်ချင်လို့ အချိန် ဆွဲတဲ့ စိတ် ပဲရှိနေတာ ဆိုတာ ထင် ရှား ပါတယ်။



Wunna Phay Thaw




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...