Quantcast
Viewing all articles
Browse latest Browse all 1811

အမျိုးသားရေးနဲ့ အမျိုးသားရေးသမား

အမျိုးသားရေးသမား = ဘာသာရေးအ စွန်းရောက်
အမျိုးသားရေးသမား= ကုလား တရုတ် မုန်းသူ
အမျိုးသားရေးသမား=အကြမ်းဖက်ဆူပူလိုသူ
အမျိုးသားရေးသမား= အစိုးရ လက်ကိုင် တုတ်
အမျိုးသားရေးသမား = NLD ဆန့်ကျင်သူ
အမျိုးသားရေးသမား= ဒီမိုကရေစီနှင့် လူ့ အခွင့် အရေး မလိုလားသူ 

ဒီလို ဒီလိုတွေ စွတ်စွဲနေကြသူတွေကို ပြောချင်ပါတယ်။

အမျိုးသားရေး ဆိုတဲ့ခေါင်းစဉ် အောက်မှာ အလုပ် လုပ်နေကြသူ တွေမှာ ရည်ရွယ်ချက်မျိုးစုံ လူမျိုးစုံ အကျင့်စာရိတ္တ မျိုးစုံ ရှိ နိုင်ပါတယ်။

ကိုယ်ကြိုက်တဲ့ ကောင်မလေး က အမျိုးသားရေး လုပ်နေလို့ ဖွန်ကြောင် ပြီး အမျိုးသားရေး လက်သီးလက် မောင်း ထတန်း တဲ့ ကောင်လည်းရှိ နိုင်ပါ တယ်။ အမျိုးသားရေးဗန်းပြပြီးနာမည်ကြီးချင်သူ ငွေကြေး အရှုပ်အရှင်း လုပ်မည့် သူ
မိန်းမရှုပ်ချင်သူ နိုင်ငံရေး နေရာ တစ်ခု ဝင်ရယူ လိုသူတွေ လည်းပါလာ နိုင်ပါတယ်။ 

အကုန်ခြုံငုံမိအောင် ပြောရရင် တော့ အမျိုးသားရေး ဆိုတာ ကိုယ့် နိုင်ငံကိုယ့် လူမျိုးတိုးတက် ကြီးပွား ဖို့ ကိုယ့် တိုင်းရင်းသား တွေ ကိုယ်တိုင် တက်တက်ကြွကြွ ဆောင်ရွက် ခြင်းပါပဲ။

ဒါပေမယ့် အားလုံးသိထား သင့်တာက အမျိုးသားရေး လုပ်ဖို့ အတွက် မြန်မာပြည် မှာတကယ် လိုအပ် နေပြီ လား ဆိုတာပြန်သုံးသပ် ဖို့လိုနေ ပါပြီ။


အင်္ဂလိပ် နယ်ချဲ့တွေ လက်အောက်က လွတ်လပ်ရေး ရလာတယ် ဆိုတာ တက္ကသိုလ်ကျောင်းသား ဗိုလ် အောင်ကျော်တို့ ခေတ်ကစပြီး အမျိုးသားရေးစိတ်ဓါတ်တွေ နိုးကြား လာခဲ့လို့ ရလာတဲ့အောင်ပွဲတစ်ခုပါ။

ဒါပေမယ့် အခုအချိန်မှာလည်းခေတ် ဆိုး စနစ်ဆိုးတွေရဲ့ အလှည့် အပြောင်းတွေ အောက်မှာ မြန်မာ ပြည်သူတွေ ခါးစီးခံခဲ့ရလို့ လုံးလည်ချာလည် လိုက်ပြီး မေ့လျော့ တိမ်မြုတ် နေခဲ့တဲ့  အမျိုး သားရေး စိတ်ဓါတ် တွေက အကြောင်းတိုက် ဆိုင်လာကာ သမိုင်းလိုအပ်ချက်အရ ပြန်လည် ထွက်ပေါ်လာရတာပါ။

မြန်မာတွေ မေ့မေ့လျော့လျော့ နေခဲ့ကြချိန်မှာ ဘာသာခြား လူမျိုးခြား တွေက နိုးနိုးကြားကြား ရှိနေလို့ သာလျှင် လွတ်လပ်ရေး ရပြီး နှစ် ခြောက်ဆယ် ကျော်အတွင်း သိသိသာသာ တိုးတက်ကြီးပွား နေကြတာကို တွေ့ကြရမှာပါ။
ကြုံရတဲ့ ခေတ်ချင်းတူပါလျှက် နဲ့သူတို့က ကြီးပွား တိုးတက်လာပြီး ကိုယ်အမျိုးသား တွေ ဘာလို့ကျန်ခဲ့ တာလဲဆိုတာ စဉ်းစားသင့်နေပါပြီ ။ ကိုယ့် လူမျိုးတွေက အမျိုးသားရေးစိတ် တွေ တိမ်မြုတ်နေလို့ ဆိုတဲ့ အဖြေကို တွေ့ရပါတယ်။
ဒါတွေကို မနာလိုဖြစ်ပြီး သူတပါးတွေ ပျက်စီးအောင် ကြံစရာ မလိုပါဘူး အမှီလိုက် နိုင် အောင်သာ ကျိုးစားရ မှာပါ။
ဒီအတွက် မေ့လျော့ နေသူများ ကိုယ်နှင့် မဆိုင်ဟုယူဆ နေသူများ ကို အမြင်မှန်လာအောင် တက်ကြွ လာအောင် လှုံ့ဆော် ပေးနေတာ အမျိုးသား ရေးတာဝန်ပါ။

ဒါကြောင့် အမျိုးသား ရေးသမား သည်ကုလားမုန်းသူ ဘာသာခြားမုန်းသူ မဟုတ်ပါ အန္တရာယ်ကိုသိအောင် မီးမောင်းထိုးပြယုံတင်ပါ။

အမျိုးသားသမား သည် ဘာသာရေးအစွန်း မရောက်ပါ ဘာသာရေးကို ပိုမို တည်တံ့ခိုင်မာ အောင်မြှင့်တင် ပေးသူ သာ ဖြစ်ပါ မည်။

အမျိုးသား ရေးသမား သည် အကြမ်း မဖက်ပါ။ အကြမ်းဖက်သူများ သည် အသိဥာဏ်ပညာ နည်းသော အမျိုးသားရေး အမည်ခံသာ ဖြစ်ပါ မည်။

အမျိုးသားရေးသမားသည် အစိုးရ ခိုင်းတာ မလုပ်ပါ ပြည်သူ့အကျိုးကိုသာ ရှေးရှု ပါသည် ။
အစိုး ရလုပ်တာ မှန်လို့ပြည်သူ အကျိုးရှိတာမှန်ရင် လမ်းကြောင်းတူ ရင် ပေါင်းလို့ရပါ သည်။
NLD ကိုမဆန့်ကျင်ပါ အမျိုးသားရေး လမ်းကြောင်းပေါ် NLD ကသာ ကန့်လန့်လာမခံ ဖို့သာ လိုပါသည်။
ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးကို လိုလားပါသည် ။ 

လူ့အခွင့်အရေး နောက် လိုက်ရင်း အမျိုးသားရေး လက္ခဏာ များ ကိုတော့ အပျောက်အပျက်မခံနိုင်ပါ။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...