(၁)
"အဘ..တော်ကြာ ..အဘတောင်ဝှေးကြီးလဲ ခိုးသွားဦးမယ်နော် "
အဘ (ကျွန်တော်အမေရဲ့ အဖေ)က သူ့ရဲ့ လက်စွဲတော် တောင်ဝှေးကို ဆေးသုတ်နေတာပါ။ ကျွန်တော်က ပြောသာပြောသော်လည်း အဘကတော့ ကြားမှာမဟုတ်။ တော်တော်လေး အော်ပြောမှ ကြားနိုင် မှာပါ။ နားကလေးနေပြီ။
ခုဆိုရင် အဘ အသက်က ၉၀ နှစ်ရှိပြီ။ သွားတွေကောင်းတုန်း။ သွားတုန်းလာတုန်း။ နားလေး နည်းနည်း လေးတာကလွှဲရင် သွားတွေကောင်းဆဲ။ မျက်စိကောင်းဆဲပင်။ ထမင်းပေါင်းအိုးလေး ကိုယ့်ဖာသာကိုယ် တည်တယ်။ စားချင်တာလေးရှိရင် ကိုယ်တိုင်လုပ်စားတယ်။ အိမ်မှာ ရှိတဲ့ အိမ်သန့်ရှင်းရေး၊ ဆွမ်းကပ်၊ ရေလဲ လုပ်နိုင်တုန်း။ ပြီးတော့ ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစား၊ ဘုရားဝတ်ပြုပြီး တစ်ညတာကို ဖြတ်သန်း ကုန်လွန်စေတယ်။
အမ(အဘွားကို ကျွန်တော့်အမေခေါ်တဲ့အတိုင်း ကျွန်တော်တို့က အမလို့ပဲ ခေါ်ကြတယ်) ဆုံးပါးသွားတာ ၁၀ နှစ် ကျော်ခဲ့ပြီ။ အဘွားဆုံးပြီး ၄ နှစ်လောက်မှာ အဘ နောက်အိမ်ထောင်ထပ်ပြုတယ်။ အဲဒီတုန်းက အဘ အသက်က ၇၀ ကျော်ပြီး ၈၀ ပြည့်ကာနီးနီးပေါ့။ အဆင်မပြေမှုတွေကြောင့် အိမ်ထောင်ကွဲခဲ့ပြီး အဘကတော့ ဒုံရင်း ဒုံရင်းဖြစ်သွားတော့တာပါပဲ။ ခုတော့လဲ ဆေးပေးပြီး မီးမယူတော့ပဲ တစ်ယောက်ထဲ အေးအေးလူလူ နေသားကျသွားပြီ။
အဘကိုကြည့်ပြီး ကျွန်တော်အားကျမိတယ်။ အသက်ကြီးမှ မိန်းမတစ်ယောက်ထပ်ရတာကို ပြောတာ မဟုတ်ပါဘူး။ ဒီအသက်အရွယ်အထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေနိုင်တာကိုပါ။ တချို့ အဘိုးအဘွားများက အသက်ရှည်တယ် မကျန်းမာကြဘူး။ ဘေးလူတစ်ယောက်က အမြဲ ပြုစုစောင့်ရှောက်နေရမှ တစ်နေ့တာကို ဖြတ်သန်းနိုင်တဲ့ အခြေအနေ။ ဒီလို အခြေအနေမျိုးကိုတော့ ကျွန်တော် မလိုချင်မိတာအမှန်။ ပြောရရင်တော့ အသက်ရှည်ချင်တယ် မနာချင်ဘူးပေါ့။ သို့ပေမင့် ရှောင်လွှဲလို့ မရတဲ့ တရားတွေဆိုတော့လဲ တစ်နေ့တော့ ကြုံတွေ့ရမှာအမှန်ပဲလေ။
အဘသွားလာလှုပ်ရှားနေတာ ကြည့်ပြီး ကျွန်တော်တွေးမိတယ်။ ဒီလို အသက်အရွယ်ကြီးရင့်နေချိန်မှာ စားနိုင်၊ သွားနိုင်၊ လုပ်ကိုင်နေနိုင်ခြင်းဟာ တစ်ချိန်က(ယခုဘ၀ရော၊ ဟိုဘ၀တွေမှာပါ) သီလ ကောင်းခဲ့ခြင်းရဲ့ အကျိုးရလဒ်လို့ ကျွန်တော်ယုံကြည်မိတယ်။ "သီလနည်းတော့ ရောဂါသည် "လို့ ဆိုတယ် မဟုတ်ပါလား။
နောက်တစ်ချက်က သားတွေ၊ သမီးတွေက အဘရဲ့ အိမ်အနီးအနား ၀န်းကျင်မှာ အကုန်ရှိကြတယ်။ သား သမီးလေးယောက်လုံး အနီးအနားမှာ ရှိကြတယ်။ စားရေး၊ သောက်ရေး၊ ကျန်းမာရေး သိပ်မပူပင်ရဘူး ဆိုပါတော့။ ဒါကလည်း ဒီဘ၀မှာရော ဟိုအရင်ဘ၀တွေကပါ ချခဲ့တဲ့ ဒါန မျိုးစေ့ကြောင့်လို့ ကျွန်တော် ယုံကြည်မိတယ်။ "ဒါနနည်းတော မွဲတတ်တယ် "တဲ့။
ဒီလိုဆိုပြန်တော့ ဟိုအတိတ်ကံကြီးပဲလားဆိုတော့ မဟုတ်ပါဘူး။ "ကံ၊ စိတ်၊ ဥတု၊ အာဟာရ "လို့ ဆိုတဲ့ အရင် အတိတ်(ယခုဘ၀၊ အရင်ဘ၀)ဘ၀တွေမှာ ဖြည့်ခဲ့တဲ့ ဒါန၊ ဆောက်တည်ခဲ့တဲ့ သီလတွေအပြင် ကြုံဆုံလာတဲ့ ဘ၀လောကဓံကို သင့်တင့်သော စိတ်နဲ့ဖြတ်သန်းတယ်။ ဒါ့အပြင် ဥတုရာသီနဲ့ လိုက်လျောညီထွေနေတယ်၊ အာဟာရကို မျှတအောင် မှီဝဲစားသောက်တယ်။ ဒီတော့လည်း ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေထိုင်နိုင်ပြီ ပေါ့လေ။ ဒါတွေကို ကျွန်တော် အားကျမိတာပါ။
(၂)
"အဘ ဒါ လပြည့် သမီးလေ "
"ဟုတ်လား ဒါဆို ငါက မြေး ၁၃ ယောက်၊ မြစ် ၁၃ ယောက်ရဲ့ အဘိုး ဖြစ်နေပြီပေါ့ "
ကျွန်တော့် အဖေ၊ အမေအပြင် ဘေးနား ရှိတဲ့ တခြားသူတွေပါ အဘရဲ့ စကားကြောင့် အံသြသွားကြတယ်။ ဒီတော့မှ အဖေနဲ့ အမေက အမျိုးတွေကို ပြန်ရေတွက်ကြည့်ရတော့တယ်။ အဘရဲ့ သားသမီး လေးယောက်က ပွားစီးလာခဲ့တာ မြေး တစ်ဆယ့်သုံးယောက်။ မြေးတစ်ဆယ့်သုံးယောက်ကနေ ထပ်မံ ပွားစီးလာပြန်တော့ မြစ် တစ်ဆယ့်သုံးယောက်။ ဒီတော့မှပဲ အားလုံးက ပြန်ရေတွက်ကြည့်ဖြစ်ကြပြီး အဘရဲ့ စကားမှန်မှန်းသိကြတော့တယ်။
သူ့ရဲ့ မြေးမြစ်တွေကို သူအကုန်သိတယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို သူသိတယ်။ သူ့ရဲ့ ပစ္စည်းလေးတွေ ဘယ်နေရာမှာ ဘာထားတယ်၊ ဘာတွေ ဘယ်လောက်ရှိသေးတယ်၊ ဘယ်သူနဲ့ ဘာတွေ ဘယ် အချိန်က ပြောခဲ့တယ်ဆိုတာလည်း မှတ်မိလို့နေဆဲ။ ပြောရရင်တော့ သတိမလစ်ပဲ အမှတ်ရှိနေတယ်ပေါ့။ ဒီလို အသက် ၈၀ ကျော်၊ ၉၀ လောက်မှာ သူငယ်ပြန်ခြင်း၊ သတိမေ့လျော့ခြင်းမရှိပဲ အရာရာကို မှတ်မိနိုင်သေးတယ်ဆို တာကလည်း ဘာဝနာတရားရဲ့ အားပဲဖြစ်ပါလိမ့်မယ်။ စိတ်ကို သန့်ရှင်းအောင်၊ တည်ကြည်အောင် ထားခြင်းရဲ့ အကျိုးကျေးဇူးတွေပေါ့။
အရင်က နံနက်ခင်းနဲ့ ညဘက်ဆိုရင် အဘ အမြဲလိုလို နားထောင်တတ်တဲ့ တရားခွေ တစ်ခွေရှိတယ်။ လွန်ခဲ့သော နှစ် ၂၀ ကျော်လောက်တုန်းက အဘနဲ့ အဘွားက အလှူဒါယကာ၊ ဒါယိကာမအဖြစ်ခံယူပြီး အလှူတစ်ခု ပြုလုပ်ခဲ့ကြတယ်။ အဲဒါကတော့ သားအငယ်ရယ်၊ သမက်ရယ်၊ အဘနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ (ကျွန်တော်တို့ဘကြီး) ရယ်တို့ကို ရဟန်းအဖြစ် သာသနာ့ဘောင်သို့သွတ်သွင်းပြီး မြေးဖြစ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုဝမ်းကွဲ တစ်စုကို ရှင်သာမဏေအဖြစ် သွတ်သွင်းစေခဲ့တဲ့ ကောင်းမှု အလှူပါ။
အဲဒီ အလှူမှာ ရေစက်ချအမျှပေးဝေစဉ်က ဆရာတော်ဟောကြားခဲ့တဲ့ တရားကို ကက်ဆက်ခွေနဲ့ ဖမ်းယူ ခဲ့ကြတယ်။ ပြီးတော့ ထိုခေတ်အချိန်က ကျွန်တော်တို့နယ်ဘက်မှာ ရှားပါးလှသေးတဲ့ ဗွီဒီယို မှတ်တမ်းတင်မှုကိုလည်း အဘက အကုန်အကျခံပြုလုပ်ခဲ့တယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ ငယ်ငယ်ကပုံတွေကို ဒီနေ့ဒီအချိန်အထိ မှတ်မှတ်ရရ သိမ်းထားနိုင်သေးတာပေါ့။ အလှူမှာဟောကြားခဲ့တဲ့ တရားကို အဘက အမြဲလိုလို နားထောင်ဖြစ်တာပါ။ စီဒီ၊ ဗွီစီဒီစက်တွေ ပေါ်လာတဲ့အချိန်အထိ ကက်ဆက်လေးတစ်လုံးကို တယုတယထားရင်း ကက်ဆက်တရားခွေလေးကို နားထောင်တုန်း။
အလှူတုန်းက ဆွေမျိုးတွေကလည်း စုံလင်လှတယ်။ ဆွေမျိုးတွေကို ပြန်အမှတ်ရ အောက်မေ့မိတာအပြင် ပြုခဲ့ဘူးတဲ့ ကုသိုလ်ကိုလည်း ကုသိုလ်စိတ်တွေ ထပ်ထပ်တိုးအောင် နာယူပွားများခြင်းလည်း ဖြစ်မှာပေါ့လေ။
ဒီလိုနဲ့ ကဏ္ဍစုံတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ဖမ်းယူကြည့်ရှုလို့ရတဲ့ PSI ဆိုတဲ့ စလောင်း မည်းမည်းလေးက အဘရဲ့ အိမ်ခေါင်မိုးပေါ်မှာ ထိုးထိုးထောင်ထောင်ဖြစ်နေပြီ။ တရားခွေတွေကလည်း ဈေးနည်းနည်းနဲ့ ကုသိုလ်ပွားများနိုင်ပြီ။ ပြီးတော့ လိုအပ်ရင် ခေါ်ဆိုဖို့ထားတဲ့ ဖုန်းလေးကလည်း လက်ထဲ ရောက်လာပြီဆိုတော့ ကက်ဆက်လေးက ဟိုချောင်နား၊ ဒီချောင်နား ပြေးဝင်ပုန်းရပြီ။ အဲသူရဲ့လက်တွဲဖော်ဖြစ်တဲ့ ကက်ဆက်တရားခွေလေးကလည်း ခေတ်ကာလရဲ့ တိုက်စားမှုကြောင့် အသံတိတ် ခပ်မဆိတ်လေးနေနေရပြီပေါ့။
(၃)
"ဘ၀ဆည်းဆာမိုးချုပ်၍လာ "
အများမုန်းစရာပ
ခါးကုန်းလို့ ဆံကေဖြူ။
အသက်ကြီးပြန်တော့
ပျက်စီး ကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
ခွေယိုင်ကာ နေထိုင်ခက်လှတယ်
နောက်ယှက်ဘေးထူ။
မကြားပါ နားမှာလေးတဲ့ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွက်ကူ
ရှေးငယ်မူနှင့် လွန်ကွာဝေး။
အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာ ကြွေကာသက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မည်ထင့်
ချောင်းတဟက်ဟက်ကယ်နှင့်
အပြောင်းခက်ပါဘိ
(အိုကွယ်…) စောင်းလျက်မှိတ်မှေး။ ။
ဘယ်သူရေး၍ ဘယ်အထဲမှာ ပါလဲ မမှတ်မိ။ ကဗျာလေးကို အလွန်နှစ်သက်မိသောကြောင့် မှတ်စုစာအုပ်ထဲ ကူးယူထားခဲ့ခြင်းပင်။ ထိုကဗျာနဲ့ နောက်ထပ်ကဗျာ တစ်ပုဒ်ကို ဗီနိုင်းအကြီးထုတ်ပြီး မြစ်ကြီးနားမြို့က ရွှေသာလျောင်းဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။
"ယနေ့နှင့် မနက်ဖြန် "
မနက်ဖြန်ဆိုတာ၊ တစ်နေ့တာတည်း
ဒီကာလနောက် ညဥ့်မှောင်ရောက်၍
နောက်နေ့နံနက် အရုဏ်တက်မှ
ဆက်ဆက်ရောက်လာ ခရီးကြာ၏။
ရောက်မြဲဌာန နောက်ဘ၀ကား
ခဏခရီး လျှပ်ပြက်စီးသို့
ကွေးပြီးသောလက် မဆန့်မီ
ဆန့်ပြီးသောလက် မကွေးမီ
မဝေးလှပါပြီတကား။ ။
မီးစာလည်းမကုန်သေး၊ ဆီလည်း မခန်းသေးတဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်မှာမှ လေတိုက်လို့ ငြိမ်းသွားတဲ့ ဖယောင်းတိုင်မီးလို အသက်မကြီးပဲ သေသွားခဲ့ရင်တော့ အိုခြင်းဆိုတာကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အသက်အရွယ်ကြီးရင့်လာပြီဆိုရ င်တော့ တော်တော်များများကတော့ အိုခြင်း သို့မဟုတ် ဇရာရဲ့ အမှတ်အသားတွေဖြစ်လှတဲ့ ဆံဖြူ၊ ခါးကိုင်း၊ နားထိုင်းဆိုတဲ့ ဖြစ်မြဲတရားတွေကို ရင်ဆိုင်ကြုံတွေရမှာပါပဲ။
ကျွန်တော်က ကဗျာလေးတွေကို ကျယ်ကျယ်လေး ရွတ်ဆိုပြလိုက်တယ်။ အဘက သေသေချာချာ နားစိုက်ထောင်နေတာ တွေ့ရတယ်။
"ဇရာပေါ့ကွယ် ဇရာ၊ ဇရာရဲ့ ဒဏ်တော့ ခံရမှာပဲ။ ဒီလိုခံရမှလဲ အသက်ရှည်ခြင်းဆိုတာ ရှိမှာလေ။ မဟုတ်ရင် စောစောသေသွားနေရအုံးမယ် "
အဘက လေးလေးနက်နက်ပြောတယ်။ ဟုတ်ပါရဲ့ ဘယ်သူများက ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်ပါ့မလဲ။ ကုန်ကုန်ပြောရရင်တော့ သေကိုမသေချင်ကြတာ။ ခက်တာကလည်း ဇာတိလာတာနဲ့ မရဏက တွဲပါပြီးသား ဆိုတော့ ဘယ်လိုမှကို ပြေးလို့မလွှတ်တာ။
သြော် လူ့ဘ၀ကြီးက ပန်းလေးတစ်ပွင့်လိုပါပဲ။ ဖူး၊ ပွင့်၊ ကြွေ ရတယ်။ တချို့ အဖူးလေးဘ၀မှာ ကြွေရတယ်။ တချို့ ဖူးပြီး ပွင့်လာတဲ့ အချိန်မှာ ကြွေရတယ်။ တချို့ အားနဲ့မာန်နဲ့ ဖူးတယ်၊ ငွားငွားစွင့်စွင့် ပွင့်တယ်၊ အချိန်တန်တော့လည်း ရနံ့မပျက်ပဲ ကြွေသက်ကျတယ်။ တချို့ ပန်းလေးတွေလို ဖူးပဲ ဖူးဖူး၊ ပွင့်ပဲ ပွင့်ပွင့်၊ ကြွေပဲ ကြွေကြွေ ဘယ်အချိန်ပဲဖြစ်ဖြစ် ရနံ့လေးမွှေးထုံနေဖို့ လိုမယ်ထင်ပါတယ်။ ရနံ့မဲ့တဲ့ပန်း၊ ရနံ့ဆိုးတဲ့ ပန်းတွေကတော့ သူ့ဘ၀ဟာ ဘယ်လိုပင် ဖူး၊ ပွင့်၊ ကြွေပါစေ ပန်းပွင့်ဆိုတဲ့ ဂုဏ်သတ္တိက သေသွားရှာရပါတယ်။
"ကျွတ် ကျွတ် ကျွတ် "
အဘရဲ့ ညည်းလိုက်သံကြောင့် ကျွန်တော့် အတွေးတို့ ရပ်သွားတယ်။
"မြေး ကူပေးမယ် အဘ "
ဖေးကူပြီး အိပ်ယာပေါ်ကို တင်ပေးလိုက်တယ်။ စောင်အပါးလေး တစ်ထည် ခြုံပေးလိုက်တယ်။
"ကျွတ် ကျွတ် ကျွတ် "
နေ့လယ်နေ့ခင်း ထမင်းစားပြီး အဘကတော့ ခဏတဖြုတ် စောင်းလျက်မှိတ်မှေးပြီပေါ့ ။
(၄)
"အဘရဲ့ သားတော့ ရှိပါတယ်။ သူကလည်း ဆင်းရဲတော့ အဘကို ပြုစုဖို့ အခက်အခဲ၊ ကျွေးမွေးဖို့ အခက်အခဲရှိတယ်လေ။ သားသမီးကလည်း တစ်ဦးတည်း ရှိတာ။ ဒီကို ကိုယ့်ဘာသာကို ရှာဖွေပြီး ဒီက လူတွေရဲ့ အကူအညီယူပြီး လာနေရတာပါ "
အဘိုးက ပြောရင်းမျက်ရည်ကျတယ်။
ပါးပြင်ပေါ် ခပ်နွေးနွေးလေး ဖြစ်လာတာကြောင့် ကျွန်တော်ပွတ်သပ်လိုက်ရတယ်။ ဘယ်သူမှတော့ ကျွန်တော့်အနားမရှိပါဘူး။ ကျွန်တော်တစ်ယောက်ထဲ Channal တွေလိုက်ကြည့်နေမိတာ။ Channal တစ်ခုက ဘိုးဘွားရိပ်သာတစ်ခုအကြောင်းလာနေတာပါ။ အဲဒီက အဘိုးတစ်ဦးကို တွေ့ဆုံမေးမြန်းနေတာပါ။
အဘိုးက သူ့ဘ၀အကြောင်း သူပြောရင်း မျက်ရည်ကျသလို။ ကျွန်တော်လည်း ကြည့်ရင်း နားထောင်ရင်း မျက်ရည်ကျမိတယ်။ ဘ၀တွေကို တွေးရင်း ခံစားရမိသလို ကျွန်တော်သာ ဒီလိုအခြေအနေမျိုးဆိုရင်ဆို တဲ့အတွေး၊ အသက်ကြီးရင့်လာလို့ သူများအကူအညီယူနေရပြီဆိုတဲ့ အတွေး၊ သားသမီးရှိသော်ငြားလည်း ဘ၀ ဘ၀တွေက ပြုခဲ့ဖူးတဲ့ အကြောင်းကံကြောင့် ဒီလို ခိုကိုးရာမဲ့ ဖြစ်လာပြီး သူများအရိပ်ခိုနေရပြီဆိုတဲ့ အတွေး၊ အတွေးပေါင်းစုံတို့ တန်းစီဝင်လာမိတာကြောင့် ရင်ထဲဆို့နစ်လာပြီး ကျွန်တော် မျက်ရည်ကျမိတာပါ။
"ဘုန်း "
"ဟဲ့ ဟဲ့ ထွက်ကြည့် ကြပါဦး အဖေချော်လဲပြီထင်တယ် "
အမေက ပြောပြောဆိုဆို ပြေးထွက်သွားတယ်။ ကျွန်တော်လည်း အိမ်ပေါ်ကနေ ပြေးဆင်းလာမိတယ်။
မိုးရွာပြီးစဆိုတော့ လမ်းတွေက ချော်နေတယ်။ အဘကလည်း ထမင်းစားပြီး ညနေစောင်း လမ်းလျှောက် ထွက်တယ် ထင်ပါတယ်။ ဒီလိုပဲ ညနေစောင်းဆို လမ်းလျှောက်နေကြ။ အဘိုးကို ၀ိုင်းပြီးတွဲကူနေတာ တွေ့ရတယ်။ အင်း "တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင် "ဆိုတဲ့ စကားလေးကို အမှတ်ရမိတယ်။
ခုတော့ အဘလည်း မထူနိုင်၊ တောင်ဝှေးလည်း မထူနိုင်တော့။ အဘ အားကူပြီးသွားနေရတဲ့ တောင်ဝှေး လေးခမျာလည်း ကျိုးသွားရှာပါရော့လား။
နံနက်ခင်းကမှ လှတပတ အရောင်ချယ်ခဲ့တဲ တောင်ဝှေးလေးခမျာ ကျိုးသွားရရှာပြီ။ အဘကတော့ သူလဲလို့ နာတာထက် သူ့တောင်ဝှေးလေးကို တသသ ကြည့်နေလေရဲ့။ အဖော်ဆိုတော့လည်း သံယောဇဉ်အားကြောင့် နှမြောမိမှာပဲလေ။
တောင်ဝှေးလေးက နံနက်ဆည်းဆာ၊ မွန်းတည့်ဆည်းဆာဆိုတဲ့ ဆည်းဆာနှစ်ခုကို ဖြတ်ကျော်ခဲ့ပြီး ညနေ ဆည်းဆာကို ရောက်လုခင်လေးတင် နိဂုံးချုပ်သွားရရှာပြီ။ ညနေဆည်းဆာနဲ့ သန်းခေါင်ဆည်းဆာတို့ကို မရောက် နိုင်တော့ပြီ။ ဆုံတွေ့ခွင့် မရရှာတော့ပြီ။
အဘကို အိမ်အရောက်ပို့ပေးခဲ့ပြီး ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော် လမ်းပေါ်ကို ခဏတဖြုတ် လမ်းလျှောက်ဖို့ ထွက်လာလိုက်မိပါတယ်။ လမ်းလျှောက်ရင်း ကောင်းကင်ပြင်ကြီးကို ငေးကြည့်မိတယ်။
ဟိုး အနောက်တောင်ဆွယ်မှာ နေမင်းကြီး မေးထိနေပါပြီ။ ညနေဆည်းဆာ ကောင်းကင်ပြင်ကြီး ကတော့ တိမ်ညို၊ တိမ်ပြာ၊ တိမ်ဝါတို့ဖြင့် သာယာလှပလို့နေပါပေပြီ။ မကြာခင်မှာပဲ ညနေဆည်းဆာလေး ကုန်ဆုံးသွားတော့မှာပါတကား။
-------------
မေတ္တာဖြင့်
မောင်ပိုင်
၁၈-၆-၂၀၁၅
—
"အဘ..တော်ကြာ ..အဘတောင်ဝှေးကြီးလဲ ခိုးသွားဦးမယ်နော် "
အဘ (ကျွန်တော်အမေရဲ့ အဖေ)က သူ့ရဲ့ လက်စွဲတော် တောင်ဝှေးကို ဆေးသုတ်နေတာပါ။ ကျွန်တော်က ပြောသာပြောသော်လည်း အဘကတော့ ကြားမှာမဟုတ်။ တော်တော်လေး အော်ပြောမှ ကြားနိုင် မှာပါ။ နားကလေးနေပြီ။
ခုဆိုရင် အဘ အသက်က ၉၀ နှစ်ရှိပြီ။ သွားတွေကောင်းတုန်း။ သွားတုန်းလာတုန်း။ နားလေး နည်းနည်း လေးတာကလွှဲရင် သွားတွေကောင်းဆဲ။ မျက်စိကောင်းဆဲပင်။ ထမင်းပေါင်းအိုးလေး ကိုယ့်ဖာသာကိုယ် တည်တယ်။ စားချင်တာလေးရှိရင် ကိုယ်တိုင်လုပ်စားတယ်။ အိမ်မှာ ရှိတဲ့ အိမ်သန့်ရှင်းရေး၊ ဆွမ်းကပ်၊ ရေလဲ လုပ်နိုင်တုန်း။ ပြီးတော့ ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစား၊ ဘုရားဝတ်ပြုပြီး တစ်ညတာကို ဖြတ်သန်း ကုန်လွန်စေတယ်။
အမ(အဘွားကို ကျွန်တော့်အမေခေါ်တဲ့အတိုင်း
အဘကိုကြည့်ပြီး ကျွန်တော်အားကျမိတယ်။ အသက်ကြီးမှ မိန်းမတစ်ယောက်ထပ်ရတာကို ပြောတာ မဟုတ်ပါဘူး။ ဒီအသက်အရွယ်အထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေနိုင်တာကိုပါ။ တချို့ အဘိုးအဘွားများက အသက်ရှည်တယ် မကျန်းမာကြဘူး။ ဘေးလူတစ်ယောက်က အမြဲ ပြုစုစောင့်ရှောက်နေရမှ တစ်နေ့တာကို ဖြတ်သန်းနိုင်တဲ့ အခြေအနေ။ ဒီလို အခြေအနေမျိုးကိုတော့ ကျွန်တော် မလိုချင်မိတာအမှန်။ ပြောရရင်တော့ အသက်ရှည်ချင်တယ် မနာချင်ဘူးပေါ့။ သို့ပေမင့် ရှောင်လွှဲလို့ မရတဲ့ တရားတွေဆိုတော့လဲ တစ်နေ့တော့ ကြုံတွေ့ရမှာအမှန်ပဲလေ။
အဘသွားလာလှုပ်ရှားနေတာ ကြည့်ပြီး ကျွန်တော်တွေးမိတယ်။ ဒီလို အသက်အရွယ်ကြီးရင့်နေချိန်မှ
နောက်တစ်ချက်က သားတွေ၊ သမီးတွေက အဘရဲ့ အိမ်အနီးအနား ၀န်းကျင်မှာ အကုန်ရှိကြတယ်။ သား သမီးလေးယောက်လုံး အနီးအနားမှာ ရှိကြတယ်။ စားရေး၊ သောက်ရေး၊ ကျန်းမာရေး သိပ်မပူပင်ရဘူး ဆိုပါတော့။ ဒါကလည်း ဒီဘ၀မှာရော ဟိုအရင်ဘ၀တွေကပါ ချခဲ့တဲ့ ဒါန မျိုးစေ့ကြောင့်လို့ ကျွန်တော် ယုံကြည်မိတယ်။ "ဒါနနည်းတော မွဲတတ်တယ် "တဲ့။
ဒီလိုဆိုပြန်တော့ ဟိုအတိတ်ကံကြီးပဲလားဆိုတော့
(၂)
"အဘ ဒါ လပြည့် သမီးလေ "
"ဟုတ်လား ဒါဆို ငါက မြေး ၁၃ ယောက်၊ မြစ် ၁၃ ယောက်ရဲ့ အဘိုး ဖြစ်နေပြီပေါ့ "
ကျွန်တော့် အဖေ၊ အမေအပြင် ဘေးနား ရှိတဲ့ တခြားသူတွေပါ အဘရဲ့ စကားကြောင့် အံသြသွားကြတယ်။ ဒီတော့မှ အဖေနဲ့ အမေက အမျိုးတွေကို ပြန်ရေတွက်ကြည့်ရတော့တယ်။ အဘရဲ့ သားသမီး လေးယောက်က ပွားစီးလာခဲ့တာ မြေး တစ်ဆယ့်သုံးယောက်။ မြေးတစ်ဆယ့်သုံးယောက်ကနေ ထပ်မံ ပွားစီးလာပြန်တော့ မြစ် တစ်ဆယ့်သုံးယောက်။ ဒီတော့မှပဲ အားလုံးက ပြန်ရေတွက်ကြည့်ဖြစ်ကြပြီး အဘရဲ့ စကားမှန်မှန်းသိကြတော့တယ်။
သူ့ရဲ့ မြေးမြစ်တွေကို သူအကုန်သိတယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို
အရင်က နံနက်ခင်းနဲ့ ညဘက်ဆိုရင် အဘ အမြဲလိုလို နားထောင်တတ်တဲ့ တရားခွေ တစ်ခွေရှိတယ်။ လွန်ခဲ့သော နှစ် ၂၀ ကျော်လောက်တုန်းက အဘနဲ့ အဘွားက အလှူဒါယကာ၊ ဒါယိကာမအဖြစ်ခံယူပြီး အလှူတစ်ခု ပြုလုပ်ခဲ့ကြတယ်။ အဲဒါကတော့ သားအငယ်ရယ်၊ သမက်ရယ်၊ အဘနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ (ကျွန်တော်တို့ဘကြီး) ရယ်တို့ကို ရဟန်းအဖြစ် သာသနာ့ဘောင်သို့သွတ်သွင်းပြ
အဲဒီ အလှူမှာ ရေစက်ချအမျှပေးဝေစဉ်က ဆရာတော်ဟောကြားခဲ့တဲ့ တရားကို ကက်ဆက်ခွေနဲ့ ဖမ်းယူ ခဲ့ကြတယ်။ ပြီးတော့ ထိုခေတ်အချိန်က ကျွန်တော်တို့နယ်ဘက်မှာ ရှားပါးလှသေးတဲ့ ဗွီဒီယို မှတ်တမ်းတင်မှုကိုလည်း အဘက အကုန်အကျခံပြုလုပ်ခဲ့တယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ ငယ်ငယ်ကပုံတွေကို ဒီနေ့ဒီအချိန်အထိ မှတ်မှတ်ရရ သိမ်းထားနိုင်သေးတာပေါ့။ အလှူမှာဟောကြားခဲ့တဲ့ တရားကို အဘက အမြဲလိုလို နားထောင်ဖြစ်တာပါ။ စီဒီ၊ ဗွီစီဒီစက်တွေ ပေါ်လာတဲ့အချိန်အထိ ကက်ဆက်လေးတစ်လုံးကို တယုတယထားရင်း ကက်ဆက်တရားခွေလေးကို နားထောင်တုန်း။
အလှူတုန်းက ဆွေမျိုးတွေကလည်း စုံလင်လှတယ်။ ဆွေမျိုးတွေကို ပြန်အမှတ်ရ အောက်မေ့မိတာအပြင် ပြုခဲ့ဘူးတဲ့ ကုသိုလ်ကိုလည်း ကုသိုလ်စိတ်တွေ ထပ်ထပ်တိုးအောင် နာယူပွားများခြင်းလည်း ဖြစ်မှာပေါ့လေ။
ဒီလိုနဲ့ ကဏ္ဍစုံတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ဖမ်းယူကြည့်ရှုလို့ရတဲ့ PSI ဆိုတဲ့ စလောင်း မည်းမည်းလေးက အဘရဲ့ အိမ်ခေါင်မိုးပေါ်မှာ ထိုးထိုးထောင်ထောင်ဖြစ်နေပြ
(၃)
"ဘ၀ဆည်းဆာမိုးချုပ်၍လာ "
အများမုန်းစရာပ
ခါးကုန်းလို့ ဆံကေဖြူ။
အသက်ကြီးပြန်တော့
ပျက်စီး ကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
ခွေယိုင်ကာ နေထိုင်ခက်လှတယ်
နောက်ယှက်ဘေးထူ။
မကြားပါ နားမှာလေးတဲ့ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွက်ကူ
ရှေးငယ်မူနှင့် လွန်ကွာဝေး။
အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာ ကြွေကာသက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မည်ထင့်
ချောင်းတဟက်ဟက်ကယ်နှင့်
အပြောင်းခက်ပါဘိ
(အိုကွယ်…) စောင်းလျက်မှိတ်မှေး။ ။
ဘယ်သူရေး၍ ဘယ်အထဲမှာ ပါလဲ မမှတ်မိ။ ကဗျာလေးကို အလွန်နှစ်သက်မိသောကြောင့် မှတ်စုစာအုပ်ထဲ ကူးယူထားခဲ့ခြင်းပင်။ ထိုကဗျာနဲ့ နောက်ထပ်ကဗျာ တစ်ပုဒ်ကို ဗီနိုင်းအကြီးထုတ်ပြီး မြစ်ကြီးနားမြို့က ရွှေသာလျောင်းဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။
"ယနေ့နှင့် မနက်ဖြန် "
မနက်ဖြန်ဆိုတာ၊ တစ်နေ့တာတည်း
ဒီကာလနောက် ညဥ့်မှောင်ရောက်၍
နောက်နေ့နံနက် အရုဏ်တက်မှ
ဆက်ဆက်ရောက်လာ ခရီးကြာ၏။
ရောက်မြဲဌာန နောက်ဘ၀ကား
ခဏခရီး လျှပ်ပြက်စီးသို့
ကွေးပြီးသောလက် မဆန့်မီ
ဆန့်ပြီးသောလက် မကွေးမီ
မဝေးလှပါပြီတကား။ ။
မီးစာလည်းမကုန်သေး၊ ဆီလည်း မခန်းသေးတဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်မှာမှ လေတိုက်လို့ ငြိမ်းသွားတဲ့ ဖယောင်းတိုင်မီးလို အသက်မကြီးပဲ သေသွားခဲ့ရင်တော့ အိုခြင်းဆိုတာကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အသက်အရွယ်ကြီးရင့်လာပြီဆိုရ
ကျွန်တော်က ကဗျာလေးတွေကို ကျယ်ကျယ်လေး ရွတ်ဆိုပြလိုက်တယ်။ အဘက သေသေချာချာ နားစိုက်ထောင်နေတာ တွေ့ရတယ်။
"ဇရာပေါ့ကွယ် ဇရာ၊ ဇရာရဲ့ ဒဏ်တော့ ခံရမှာပဲ။ ဒီလိုခံရမှလဲ အသက်ရှည်ခြင်းဆိုတာ ရှိမှာလေ။ မဟုတ်ရင် စောစောသေသွားနေရအုံးမယ် "
အဘက လေးလေးနက်နက်ပြောတယ်။ ဟုတ်ပါရဲ့ ဘယ်သူများက ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်ပါ့မလဲ။ ကုန်ကုန်ပြောရရင်တော့ သေကိုမသေချင်ကြတာ။ ခက်တာကလည်း ဇာတိလာတာနဲ့ မရဏက တွဲပါပြီးသား ဆိုတော့ ဘယ်လိုမှကို ပြေးလို့မလွှတ်တာ။
သြော် လူ့ဘ၀ကြီးက ပန်းလေးတစ်ပွင့်လိုပါပဲ။ ဖူး၊ ပွင့်၊ ကြွေ ရတယ်။ တချို့ အဖူးလေးဘ၀မှာ ကြွေရတယ်။ တချို့ ဖူးပြီး ပွင့်လာတဲ့ အချိန်မှာ ကြွေရတယ်။ တချို့ အားနဲ့မာန်နဲ့ ဖူးတယ်၊ ငွားငွားစွင့်စွင့် ပွင့်တယ်၊ အချိန်တန်တော့လည်း ရနံ့မပျက်ပဲ ကြွေသက်ကျတယ်။ တချို့ ပန်းလေးတွေလို ဖူးပဲ ဖူးဖူး၊ ပွင့်ပဲ ပွင့်ပွင့်၊ ကြွေပဲ ကြွေကြွေ ဘယ်အချိန်ပဲဖြစ်ဖြစ် ရနံ့လေးမွှေးထုံနေဖို့ လိုမယ်ထင်ပါတယ်။ ရနံ့မဲ့တဲ့ပန်း၊ ရနံ့ဆိုးတဲ့ ပန်းတွေကတော့ သူ့ဘ၀ဟာ ဘယ်လိုပင် ဖူး၊ ပွင့်၊ ကြွေပါစေ ပန်းပွင့်ဆိုတဲ့ ဂုဏ်သတ္တိက သေသွားရှာရပါတယ်။
"ကျွတ် ကျွတ် ကျွတ် "
အဘရဲ့ ညည်းလိုက်သံကြောင့် ကျွန်တော့် အတွေးတို့ ရပ်သွားတယ်။
"မြေး ကူပေးမယ် အဘ "
ဖေးကူပြီး အိပ်ယာပေါ်ကို တင်ပေးလိုက်တယ်။ စောင်အပါးလေး တစ်ထည် ခြုံပေးလိုက်တယ်။
"ကျွတ် ကျွတ် ကျွတ် "
နေ့လယ်နေ့ခင်း ထမင်းစားပြီး အဘကတော့ ခဏတဖြုတ် စောင်းလျက်မှိတ်မှေးပြီပေါ့
(၄)
"အဘရဲ့ သားတော့ ရှိပါတယ်။ သူကလည်း ဆင်းရဲတော့ အဘကို ပြုစုဖို့ အခက်အခဲ၊ ကျွေးမွေးဖို့ အခက်အခဲရှိတယ်လေ။ သားသမီးကလည်း တစ်ဦးတည်း ရှိတာ။ ဒီကို ကိုယ့်ဘာသာကို ရှာဖွေပြီး ဒီက လူတွေရဲ့ အကူအညီယူပြီး လာနေရတာပါ "
အဘိုးက ပြောရင်းမျက်ရည်ကျတယ်။
ပါးပြင်ပေါ် ခပ်နွေးနွေးလေး ဖြစ်လာတာကြောင့် ကျွန်တော်ပွတ်သပ်လိုက်ရတယ်။
အဘိုးက သူ့ဘ၀အကြောင်း သူပြောရင်း မျက်ရည်ကျသလို။ ကျွန်တော်လည်း ကြည့်ရင်း နားထောင်ရင်း မျက်ရည်ကျမိတယ်။ ဘ၀တွေကို တွေးရင်း ခံစားရမိသလို ကျွန်တော်သာ ဒီလိုအခြေအနေမျိုးဆိုရင်ဆို