================
""မနေ့ ကရောက်တဲ့ ဗိုလ်မှူး မင်းမင်းထွန်း ဘယ်အခန်းမှာလဲဗျ""လို့  အဆင့်ဆင့်မေးရင်း
ကျနော် အခန်းတခုရှေ့ကို ရောက်လာခဲ့သည်။
ကျနော် အခန်းတံခါးမှန်ထဲမှ ဖြတ်ပြီး ကြည့်လိုက်တော့ ကုတင်ပေါ်မှာ လူနာတယောက်။
သူ့ မျက်နှာကို သေခြာကြည့်လိုက်တော့ သူမှသူ အစစ်။ ဖျော့တော့တော့ အသားအရေနဲ့ မျက်လုံးမှိတ်ထားတယ်။ သေခြာကြည့်တော့ အစိမ်းနုရောင် လူနာဝတ်စုံ ကို ဘယ်ဖက်ပေါင်ရင်းနားထိ လိပ်တင်ထားသည်။
လိပ်ထားသော ဘောင်းဘီအနား အောက်ကထွက်နေတာက သွေးတွေရဲနေတဲ့ ဒူးဖုံး ပတ်တီးလိပ်။
ဒူးအောက်ပိုင်း ခြေထောက်ကတော့ """တိုင်ပြည်အတွက် ခြေတဖက် """ဆိုတဲ့ စကားအတိုင်း သူပေးဆပ် ခဲ့ပြီ။ မြင်သမျှနေရာ အားလုံးလဲ ဒဏ်ရာတွေပွလို့ ။
ကျနော် သူနိုးသွားမှာစိုးလို့  တံခါးလက်ကိုင်ကို အသာလှဲ့  ဖွင့်ရင်း ဝင်လိုက်သည်။ သတိကောင်းပေစွ။ သူချက်ချင်းနိုးပြီးကျနော့က
ပြီးတော့ စက္ကန့် ပိုင်းအတွင်း ဝမ်းသာအားရ အော်ပြောလိုက်တယ် ""ဟရောင် ခွေးလက်ရေး ယောက်ဖ ငါတို့  GE ကုန်းမှာ Tea သွားဆွဲရအောင်""တဲ့။
ကျနော်ရုတ်တရက် နင့်ကနဲ ဖြစ်သွားပြီး မျက်ရေတွေ ဝဲလာတယ်။ မိနစ်ပိုင်းလောက် ကျနော့ နှုတ်ခမ်းက ဘာစကားမှ ထွက်မလာ။ ကျနော့ကို ခုလို
ခွေးလက်ရေးယောက်ဖ လို့ ခေါ်တဲ့ သူက လွန်ခဲ့ တဲ့ ၈ ရက်လောက်က မိုင်းထိပြီး ခြေထောက်ပြတ်သွားသူ။ တောထဲမှာ ခြေပြတ်ကြီး သွေးတန်းလန်း ဒဏ်ရာ ပရပွနဲ့ ၇ ရက်လောက် တဝဲဝဲ လည်နေသူ။
ခုလဲ American Movie ထဲကလို ရဟတ်ယာဉ် တဘုံးဘုံးနဲ့  နာရီပိုင်းအတွင်း ဆေးရုံရောက်လာသူ မဟုတ်။ သွေးစက်လက် ခြေငုတ်တိုကို သစ်ပင် သစ်ကိုင် တွေနဲ့  တဒုန်းဒုန်းတိုက်ပြီး ၇ရက်လောက် အထမ်းနဲ့ လာခဲ့ရသူ။
သူလိုလူက ကျနော့ကိုမြင်မြင်ချင်း ခုလို ခေါ်တော့
ကျနော် စိတ်မထိန်း နိုင်တော့။
ဟုတ်တယ်-------
သူကျနော့်ကို ချစ်စနိုး ခေါ်တာ """""ခွေးလက်ရေးယောက်ဖ """
သူနဲ့  ကျနော် ဗိုလ်လောင်းဘဝမှာ စခင်ပြီး သိပ်မကြာခင် ""ဟိတ်ရောင် မင်းငါ့ညီမကို ယူမလား။ ငါ့ညီမချောတယ်""ဆိုပြီ ကျနော့ကို ""ယောက်ဖ""လို့  စခေါ်တော့တယ်။
သင်တန်းကာလသိပ်မကြာခင်မှာ ကျနော့ဇာတိသူသိသွားသည်။
ဟရောင်ယောင်ဖ မင်းလက်ရေးက ဆိုးလိုက်တာ ဖတ်လို့ ကိုမရဘူး။ တကယ့်ကို ခွေးလက်ရေးဘဲ""ဆိုပြီး ကျနော့်ကို ""ခွေးလက်ရေး ယောက်ဖ"'ဆိုပြီး ကင်ပွန်းတပ်လိုက်ပါတော့တယ်
တခုရှိတာက ကျနော်သာ နာမည်တွင်သွားတယ် သူ့ ညီမ ဖြူသည်မဲသည် ယနေ့တိုင်မသိရ။
ထားတော့ သူနဲ့ တွေ့ တဲ့ အကြောင်းဆက်ပြောပြမည်။
သူလှဲနေရာမှ ချက်ချင်း ထထိုင်ပြီး စကားတွေမနားတမ်းပြောတော့သည်
ငါ့ကိုကိုက်မဲ့ ခြင်တွေ နောင်ဆို အတုနဲ့ တိုးပြီ ""တဲ့။
ဒီလို သတ္တိရော စိတ်ဓါတ်ပါရှိသည့်ကောင်။
စကားတွေတော်တော်ပြောပြီးတော
ကျနော် သူ့ကို လက်ဆွဲပြီး ပြန်ဖို့ နှုတ်ဆက်တော့
သူက ""ပြောမဲ့သာပြောရတာပါ ယောက်ဖရာ
ခုနေများ ငါဗိုလ်လောင်းတုန်ကရတဲ့လစာေ
ကျနော် ဒုတိယအကြိမ် အရှိုက်ထိသွားပြီ။ ဒီတခါတော့ သူ့ ကို ကျနော်ဘာမှ ပြန်ပြောနိုင်စွမ်း မရှိတော့။ ကျနော့မျက်လုံးထောင့်ကို လက်နဲ့  မသိမသာ ခိုးပွတ်ရင်း သူ့ ဘေးကနေ ထွက်ခွာ လာပါတော့တယ်။
သူငယ်ချင်း ဗိုလ်မှူး Min Mintun အားလေးစားဂုဏ်ပြုလျက်
ခွေးလက်ရေးယောက်ဖNZM 11/07/15 01:20am
Naingzar Myint