စစ်နည်းဗျူဟာအရအနီးကပ်လေကြောင်းပစ်ကူပေးတိုက်ခိုက်ခြင်းဆိုသည်မှာ လေယာဉ်(သို့) တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် မိမိတို့၏ မြေပြင်(သို့)ရေကြောင်းတပ်ဖွဲ့များ နှင့်နီးကပ်စွာ ရင်ဆိုင်တိုက်ခိုက်နေသော ရန်သူ့တပ်ဖွဲ့ များအားဦးနှိမ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။
Close Air Support သည် နက်ရှိုင်းစွာထိုးဖောက်လေကြောင်းစစ်ဆင်ခြင်း( Deep Air Support) ကဲ့သို့ ရန်သူ့ နောက်ပိုင်းဆက်သွယ်ရေးလမ်းကြောင်းများ ထောက်ပို့နေရာများ ဌာနချုပ် စခန်းများ
ရေဒါစခန်းများနောက်ပိုင်းရည်မှန်းချက်နေရာများ အား တိုက်ခိုက်ခြင်းမျိုးမဟုတ်ပဲ မိမိတပ်ဖွဲ့ များနှင့် နီးကပ်စွာလတ်တလောရင်ဆိုင်နေရသော ရန်သူအား နီးကပ်စွာ ချေမှုန်းတိုက်ခိုက်ခြင်းဖြစ်သည်။
ရေဒါစခန်းများနောက်ပိုင်းရည်မှန်းချက်နေရာများ အား တိုက်ခိုက်ခြင်းမျိုးမဟုတ်ပဲ မိမိတပ်ဖွဲ့ များနှင့် နီးကပ်စွာလတ်တလောရင်ဆိုင်နေရသော ရန်သူအား နီးကပ်စွာ ချေမှုန်းတိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသို့စစ်ဆင်နိုင်ရေးအတွက် အထူးလိုအပ်ချက်မှာ ပေါင်းစပ်ညှိနှိုင်းမှုဖြစ်သည်။ မြေပြင်(သို့) ရေကြောင်းတပ်မှုးများ မှ တပ်မှုးများနှင့်လေသူရဲများ ဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်း မှုသည် အထူးအရေးကြီးလှသည်။
ပစ်မှတ်ညွှန်ပြခြင်း မြေပုံညွှန်း ပေးခြင်း ကို မြေပြင်တပ်ဖွဲ့များမှ တိကျစွာ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လေသူရဲများမှလည်း ရှုပ်ထွေးနေသော အခြေအနေတွင် ရန်သူမိတ်ဆွေခွဲခြားမှု အားတိကျစွာ ဆောင်ရွက်နိုင်ရန်လိုအပ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်ပန်ဇာတပ်များ ၏ အစောင့်လိုက် CAS စတူကာ ထိုးစိုက်ဗုံးကြဲတိုက်လေယာဉ်များသည် ရန်သူအားထိတ်လန့်တုံလှုပ်စေကာ အောင်မြင်မှုများနှင့် အတူနာမည်ကျော်ကြားခဲ့သည့် တိုက်လေယာဉ်တစ်မျိုးဖြစ်လာခဲ့သည်။
ဗီယက်နမ်စစ်ပွဲအတွင်းတွင် အမေရိကန်တို့ ၏ AH-1 Cobra နှင့် UH-1B တိုက်ခိုက်ရေးရယာဉ်များသည် လေကြောင်းချီတပ်ဖွဲ့ များအားအနီးကပ်ပစ်ကူပေးခြင်း ဗီယက်ကောင်းပျောက်ကြားများအား လေကြောင်းမှု ရှာဖွေခြေမှုန်းခြင်းတာဝန်များအား ထိရောက်စွာထမ်းဆောင်ခဲ့ကြပါသည်။
ထူးခြားချက်မှအဆိုပါ ရဟတ်ယာဉ်များသည် လေတပ်ပိုင်ရဟတ်များမဟုတ်ပဲကြည်းတပ်ပိုင်
ရဟတ်ယာဉ်များတနည်းအားဖြင့်ပစ်ကူပေးရမည့်တပ်ဖွဲ့နှင့် တပ်ဖွဲ့တစ်ဖွဲ့တည်းဖြစ်သဖြင့်
ပေါင်းစပ်ညှိနှိုင်းမှုပိုင်းနှင့်တပ်ဖွဲ့ စိတ်ပိုင်းတွင် လေတပ်မှပစ်ကူပေးသည်ထက်ပိုမိုသာလွန်
ခဲ့ကြောင်းတွေ့ရပါသည်။ အဆိုပါအချက်ကြောင့် အမေရိကန်လေတပ်မတော်၏ Concept တွင် CAS တာဝန်များသည်လေတပ်နှင့် သက်ဆိုင်မှုမရှိကြည်းတပ်ပိုင်လေတပ်ဖွဲ့ Army Aviation Corps ၏တာဝန်သာဖြစ်သည်ဟုယူဆလာခဲ့ကြပါသည်။
ပင်လယ်ကွေ့စစ်ပွဲကာလများတွင် အမေရိကန်ကြည်းတပ်၏ AH-64 Apache Longbow ရဟတ်ယာဉ်များနှင့် A-10 Thunderbolt တင့်ဖျက်လေယာဉ်များသည် အီရတ်တို့၏ T-72 တင့်စီးရေ ၆၀၀ ကျော်အား CAS ဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။
နောက်ပိုင်းကာလများတွင် တပ်မတော်များသည် CAS တာဝန်များအားကြည်းတပ်ပိုင်လေတပ်ဖွဲ့များ ဖွဲ့စည်းကာဆောင်ရွက်လာကြပါသည်။ အမေရိကန်မရိန်းတပ်ဖွဲ့တွင် AV-8 Harrier တိုက်လေယာသ်များကြည်းတပ်ဖွဲ့တွင် AH-64 A-10 တိုက်လေယာဉ်များ ၊ ဖြင့်ဖွဲ့စည်းကြကာအိန္ဒိယ ကြည်းတပ်မတော်တွင် MI-24Hind ရဟတ်ယာဉ်များ HAL LCH အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ်များ MI-8Hip ရဟတ်ယာဉ်များဖြင့်ဖွဲ့စည်းထားပါသည်။ အိမ်နီးခြင်းထိုင်း နိုင်င့တွင်မူ AH-1 Cobra တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်ဆင်ထားပါသည်။
၂၁ရာစုတပ်မတော်များတွင် ပေါင်းစပ်ညှိနှိုင်းမှု စွမ်းရည်နှင့် ကွပ်ကဲမှု တပ်မှုး ၏ ဆုံးဖြတ်ပိုင်ခွင့်အခြေအနေများအတွက် CAS တာဝန်များ အတွက် လေကြောင်း အကူအညီအား ကြည်းတပ်ပိုင်လေတပ်ဖွဲ့ များဖွဲ့စည်းခြင်း ပေါင်းစပ်လက်ရုံးတပ်များဖြင့်ဆောင်ရွက်လာကြပါသည်။ လေတပ်၏တာဝန်ဟုမှတ်ယူကြခြင်းမရှိတော့ပါ။
အားသာချက်မှာ တပ်မှုးတစ်ဦားစစ်ဆင်ရေးမှုးတစ်ဦးစစ်ဦးစီးအဖွဲ့တစ်ခုတည်း၏ ကွပ်ကဲမှုအောက် တွင်သာရှိသဖြင့်မလိုအပ်သောအဆင့်ဆင့်တင်ပြမှုများနှေင့်နှေးမှုများမရှိတော့သည့်အပြင်
လက်တွေ့စစ်မြေပြင်တပ်မှုး၏ ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်နိုင်သဖြင့်ပိုမိုထိရောက်လာက စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့်လည်း တပ်ဖွဲ့တစ်ခုတည်းဟူသော တပ်ဖွဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပိုမိုအားကောင်း နိုင်ပါသည်။
လက်တွေ့စစ်မြေပြင်တပ်မှုး၏ ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်နိုင်သဖြင့်ပိုမိုထိရောက်လာက စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့်လည်း တပ်ဖွဲ့တစ်ခုတည်းဟူသော တပ်ဖွဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပိုမိုအားကောင်း နိုင်ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့်ပြည်တွင်းသောင်းကျန်းမှုကာလတစ်လျောက်ဆောင်ရွက်ခဲ့ရသည်မှာ CAS တည၀န်အများစုပင်ဖြစ်သည်။ လတ်တလော ကိုးကန့် အရေးအခင်း KIA အရေးအခင်းများတွင် လည်း တပ်မတော်(လေ)၏ K-8W တိုက်လေယာဉ်များ MI-35P ရဟတ်ယာဉ်များဖြင့် အနီးကပ်လေကြောင်းပစ်ကူပေးတာဝန်များကိုထိရောက်စွာဆောင်ရွက်ခဲ့ကြသည်ကိုအသိပင်ဖြစ်သည်။
သို့သော်ငြား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ေ၇းအတွက် Army Aviation Corps တစ်ခုမဖြစ်မနေလိုအပ်လာပြီဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
သို့သော်ငြား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ေ၇းအတွက် Army Aviation Corps တစ်ခုမဖြစ်မနေလိုအပ်လာပြီဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
ကောင်းကျိုးရည်လျက်
(ကြယ်နီ)