Image may be NSFW.
Clik here to view.
Clik here to view.

တနေ့ က ဝင်းလုံခြုံရေးမှူးကတဆင့်
NLD အဖွဲ့ ဝင်တချို့  ကျနော့ကို လာအကြောင်းကြား ခွင့်တောင်းပါတယ်။ကျနော်တို့  သီရိမင်္ဂလာ
ဥယာဉ်ထဲကို မဲစာရင်းစစ်ပေးချင်လို့ ဝင်ခွင့်ပေးပါတဲ့။ ကျနော် ဝမ်းပန်းတသာနဲ့ ဘဲ လာပါဗျာ ကောင်းတာပေါ့လို့ ပြောလိုက်ပါတယ်။

ဒီနေ့ သူတို့ ၇ ယောက် လာကြတယ်။ ကျနော် အအေး နဲ့ မုန့် ဝယ်ပြီး ဧည့်ခံတယ်။ နေရာထိုင်ခင်းစီစဉ်ပေးတယ်။ ဝင်းလုံခြုံရေးမှူးကို သေခြာ အိမ်တိုင်းစေ့ စစ်နိုင်ရေး ကူညီပေးဖို့ ကျနော်
ပြောတယ်။ ကျနော့်ကို NLD ကလူတွေက စစ်သားဟောင်းမှန်းသိတော့ အစမှာတော့ စကားကို ခပ်ရှိန်ရှိန်ဘဲပြောဖြစ်တယ်။ နောက်နဲနဲ ထပ်ပြောဖြစ်တော့ မိနစ်ပိုင်းအတွင်းခင်သွားကြပါတယ်။
သူတို့ ကNLD ကျနော်ကစစ်သားဟောင်း
လက်ရှိ နိုင်ငံရေးဖြစ်စဉ် အရဆို ရန်သူတပိုင်း။
ကျနော် NLD supporter မဟုတ်။ NLD ကိုမဲပေးမည့်သူမဟုတ်။ ကျနော်က စစ်သားဟောင်းသက်သက်။ ဘာနိုင်ငံရေး အဖွဲ့ အစည်းမှ ဝင်ထားသူမဟုတ်။ ကျနော်
၂၀၁၀ မှာ မဲပေးခဲ့တာ NDF ဦးခိုင်မောင်ရည်။ ၂၀၁၅ လဲ သူ့ ကိုဘဲပေးမှာ။ ကျနော် ပါတီမကြည့် လူသာကြည့်ပါသည်။
ဒါဆို NLD တွေလာတာ ဘာလို့ ကူညီလဲမေးကြလိမ့်မယ်။သူတို့ လာတာ သူတို့ ပါတီမဲရဖို့ လုပ်တယ်ဆိုတာကျနော်သိတယ်။
ဒါပေမဲ့ သူတို့ လုပ်တာ နိုင်ငံအတွက် သေခြာပေါက်အထောက်အကူဖြစ်စေတယ်ဆိုတာ
ဘယ်လိုမှငြင်းမရဘူး။

ဒီနေရာမှာ ကြံခိုင်ရေး၊ တစည၊ ရဝတ၊ မီးသတ်
စွမ်းအားရှင် ၊ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း လာလာ ကျနော်ကြိုဆိုနေမှာ ကူညီပေးမှာ။
သူတို့ ကိုလဲ ကျနော်ဒီအတိုင်ဘဲ ဗြောင်ပြောလိုက်တယ်။ သူတို့ လဲ လက်ခံတယ် တခဏအတွင်း မိတ်ဆွေတွေဖြစ်ပြီး
စကားတွေပြောဖြစ်သွားပါတယ်။ နောက်ဆုံးနှုတ်ဆက်ချိန်ထိ ခင်ခင်မင်မင်ဘဲ။
ဒီနေရာမှာ တချို့ ကပြောမယ် နိုင်ဇာ့ကို NLDကစည်းရုံးသွားပြီလို့ ။ ဒါဆို ကျနော ပြန်ဖြေမယ်
"""ဟုတ်ရင်ကောင်းတာပေါ့"""လို့ ။
ဟုတ်တယ်လေ တဖက်နဲ့ တဖက် သတ်ဖြတ်ပြောဆိုနေမဲ့ အစား တဖက်လူ ပါလာအောင် စည်းရုံးပြောဆိုနိုင်ရုံမက
NLD အနေနဲ့  စစ်တပ်ကြီး တခုလုံးနဲ့  အစဉ်ပြေသွားအောင်စည်းရုံးနိုင်ရင်ပိုမကောင်းဘူးလား။ ကျနော်တို့ တိုင်းပြည်ကြီး ညီညွတ်ပြီပေါ့။
ကျနော့ဖက်က ကျကြပြန်တော့လဲ လာတဲ့ NLDအဖွဲ့ တွေကို အခြေအနေလေးတခု ချပြနိုင်လို့ ကျေနပ်တယ်။ ဘာလဲဆိုတော့ စစ်သား သို့ မဟုတ် စစ်သားဟောင်းတိုင်းသည် NLD အတွက်ရန်သူမဟုတ်။ သူတို့ ကောင်းတာလုပ်ရင် တဖက်လူလဲ ကောင်းပါတယ် ဆိုတဲ့ Message ကို
ပေးနိုင်တယ်လို့ ယူဆတယ်။ သေခြာတာတခုက စစ်သား နဲ့ NLD မိတ်ဆွေဖြစ်နိုင်ပါတယ်ဆိုတာ သူတို့ သိသွားပြီ။
နောက်ဆုံးကျနော်ပြောတာ ဘာတခုမှ မဟုတ်ဘူးဆိုရင်တောင် နေပူထဲမှာ တနေကုန် အများကိစ္စ လိုက်လုပ်ပေးနေတဲ့ သူတွေကို အရောင်မဲ့တဲ့ ဒါန လေးတခုလုပ်ပေးလိုက်ရလို့ ကျေနပ်တယ်။

Naingzar Myint
NZM 13/07/15 06:00pm