Image may be NSFW.
Clik here to view.
Clik here to view.

၁၉၅၄ ခုနှစ်အတွင်း ကမဲခေါင်မြစ်ဝကျွန်းပေါ်ဒေသကြီးမှာ ဗိုလ်ချုပ် ဒီကတ်စတာဦးစီးတဲ့ ပြင်သစ်
လီးဂျင်းတပ်သား ၁၄၀၀၀ ဟာ ပြင်သစ်သမိုင်းမှာရှက်ဖွယ်အကောင်းဆုံးသောရှုံးနိမ့်မှုကိုရင်ဆိုင်ခဲ့
ရတယ်။ ခေတ်မီလက်နက်တွေအလျံပယ် ထောက်ပံ့မှု လေ့ကျင့်မှု ပြောစရာမလိုတဲ့ကမ္ဘာမှာနာမည်ကြီးလှတဲ့ ပြင်သစ်လေထီး တပ်သားတွေလီးဂျင်းတပ်သားတွေဟာ ဒီဒိန်ဘင်ဖူးမှာ ဘာလို့ ရှက်ဖွယ် ရှုံးနိမ့်ခဲ့တာပါလဲ။ ဗီယက်နမ် ဗိုလ်ချုပ်ကြီးဗိုငုယင်ဂီယက်ရဲ့ စစ်ရေးစွမ်းရည် ဗီယက်နမ်စစ်သည်တွေရဲ့ မျိုးချစ်စိတ်ကို မပြောပဲ ပြင်သစ်တွေရဲ့ အမှားတွေကို အရင်ပြောရအောင်။
လီးဂျင်းတပ်သား ၁၄၀၀၀ ဟာ ပြင်သစ်သမိုင်းမှာရှက်ဖွယ်အကောင်းဆုံးသောရှုံးနိမ့်မှုကိုရင်ဆိုင်ခဲ့
ရတယ်။ ခေတ်မီလက်နက်တွေအလျံပယ် ထောက်ပံ့မှု လေ့ကျင့်မှု ပြောစရာမလိုတဲ့ကမ္ဘာမှာနာမည်ကြီးလှတဲ့ ပြင်သစ်လေထီး တပ်သားတွေလီးဂျင်းတပ်သားတွေဟာ ဒီဒိန်ဘင်ဖူးမှာ ဘာလို့ ရှက်ဖွယ် ရှုံးနိမ့်ခဲ့တာပါလဲ။ ဗီယက်နမ် ဗိုလ်ချုပ်ကြီးဗိုငုယင်ဂီယက်ရဲ့ စစ်ရေးစွမ်းရည် ဗီယက်နမ်စစ်သည်တွေရဲ့ မျိုးချစ်စိတ်ကို မပြောပဲ ပြင်သစ်တွေရဲ့ အမှားတွေကို အရင်ပြောရအောင်။
တစ်အချက် ပြင်သစ်တွေဟာ ထောက်လှမ်းရေးသတင်း အင်မတန်ညံ့ဖျင်းခဲ့လို့ လူ ၅သောင်းလောက်ရှိတဲ့ ဗီယက်မင်း ၅၃၃ တပ်မကြီး တစ်မလုံး အနီးဆုံးရောက်နေတာတောင် ပြင်သစ်ထောက်လှမ်းရေးတွေမသိခဲ့ဘူး။ တိုက်ပွဲပြီးဆုံးမှပဲ သူတို့ဟာဗီယက်နမ်တပ်မကြီး ၃ မနဲ့ရင်ဆိုင်ခဲ့ရမှန်းသိတယ်။
နောက်တစ်ချက်က ရန်သူအားလျော့တွက်ခဲ့ခြင်းပင် ဗီယက်နမ်တပ်ဖွဲ့ များမှာ လက်နက်ကြီး အမြောက် အထောက်အပံ့ များစွာမရှိနိုင် တနည်းပြောရရင် ခံတပ်ဖျက်လက်နက်များမရှိနိုင်ဟု လျော့တွက်ခဲ့ခြင်း။ အဆိုပါလျော့တွက်မှုကလည်း ညံ့ဖျင်းသောထောက်လှမ်းရေးပေါ် မူတည်ပြီး ဖြစ်ပေါ်လာတယ်ဆိုရင်လည်းမမှားပေ။
အရေးကြီးဆုံးအချက်က စစ်နည်းဗျုဟာကျင့်သုံးမှုမှားယွင်းခြင်းပင်။ ကတ်စတာသည် လွန်ခဲ့သော ၁၀နှစ် မြန်မာပြည် မြောက်ပိုင်းစစ်မြေပြင်တွင် ၀င်းဂိတ်၏ ခြင်းဒစ်များနှင့် အမေရိကန် ဂါလာဟတ်တပ်မတို့ ပူးပေါင်းဆင်နွဲခဲ့သည့် Operation Thursday ကို ပုံတူကူးယူ ကာလေကြောင်းချီတပ်များဖြင့် ခံတပ်စစ်ဆင်ရေး ကိုဆင်နွဲခဲ့ခြင်းဖြစ်သည်။
သို့သော်ကွာဟချက်ကား ဂျပန်တို့သည်စစ်ရှုံးကာနီးအခြေအနေဖြစ်သည်။ နယ်မြေလူထု၏ ထောက်ခံမှု ပြည်ပထောက်ပံ့မှု လုံးဝမရသောအခြေအနေဖြစ်သည်။ လက်နက်ခဲယမ်းထောက်ပံ့ဖြည့်တင်းနိုင်မှု လုံးဝ မရှိသောအခြေအနေဖြစ်သည်။ ဗီယက်နမ်တွင်ပုံတူကူးလိုက်သောအခါ ဆိုဗီယက်ယူနီယန်နှင့် တရုတ်တို့၏ ထောက်ပံ့မှု ပြည်သူ့ထောက်ခံမှု အလုံးစုံရနေသောစိတ်ဓာတ်တက်ကြွနေသော နယ်မြေကျွမ်းကျင်သော ရန်သူနှင့် ရင်ဆိုင်ရသောအခါ ဗီယက်နမ်တို့ကိုမဲခေါင်မြစ်ဝှမ်းတွင် ရန်သူကိုကျု့းသွင်းရန်ကြံရွယ်ခဲ့သော ပြင်သစ်တို့မှာသူတို့ကိုယ်တိုင် ကျုံးထဲမိကာ စစ်သည်၁၄၀၀၀ တွင် ၃၀၀၀ကျော်ကျဆုံး ၂၀၀၀ကျော်ထိခိုက်
ကျန်သူမှန်သမျှဖမ်းခံရသောအခြေရောက်ကာ အရှက်တော်ကွဲခဲ့ရချေသည်။
ကျန်သူမှန်သမျှဖမ်းခံရသောအခြေရောက်ကာ အရှက်တော်ကွဲခဲ့ရချေသည်။
အဓိကအချက်မှာ ထောက်လှမ်းရေးသတင်းညံ့ဖျင်းမှု ရန်သူကိုအထင်သေးမှု ရှေးရိုးစွဲစစ်နည်းဗျူဟာကျင့်သုံးမှု များကပြင်သစ်ကိုအရှက်ကွဲစေခြင်းဖြစ်သည်။ တပ်မတော်တစ်ရပ်အနေဖြင့်ထောက်လှမ်းရေးလုပ်ငန်းသုတေသန လုပ်ငန်း သုတေသနဆိုရာဝယ် စစ်လက်နက်ပိုင်းဆိုင်ရာသုတေသန စစ်နည်းဗျူဟာပိုင်းဆိုင်ရာသုတေသန လုပ်ငန်းများကို အစဉ်တစိုက်ပီပီပြင်ပြင်ဆောင်ရွက်နေဖို့လိုပါသည်။ ရှေးရိုးစွဲစစ်နည်းဗျူဟာ များနှင့် တပ်မတော်တစ်ရပ်သည် ၂၁စုစစ်ပွဲများတွင် အရှက်ကွဲမည်မှာ မုချပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် စတုတ္ထ အင်အားအကြီးဆုံး ဖြစ်ခဲ့သော အီရတ်တပ်မတော်သည် စစ်လက်နက်ပစ္စည်းကောင်းများ ရှိသော်ငြားလည်း ဟူစိန်၏ စစ်ရေးတွင် ၀င်စွက်မှု ညံ့ဖျင်းလှသောစစ်နည်းဗျူဟာအခင်းအကျင်းကြောင့် ရှုံးသင့်သည်ထက်ပိုရှုံးခဲ့သည်။ ထို့ကြောင့်အရာရှိများစွမ်းရည်မြင့်မားရေး စွမ်း၇ည်မြင့်တင်ရေး စစ်နည်းဗျူဟာ ကျင့်သုံးမှု တိုးတက်ရေးသည် တပ်မတော်တစ်ခုအတွက်အသက်သွေးကြောဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
(ကြယ်နီ)