စာဖတ်သူသို့
၂၀၁၅ခု၊ ဇူလိုင် ၁၃ ရက် Oriental News ဂျာနယ်၊ စာမျက်နှာအချပ်ပို D ပါ၊ ဆောင်းပါးရှင် ဒေါက်တာစစ်တင် (G.P) }ဧ။် ကျွန်တောင် နှင့် ဒေါ်အောင်ဆန်းစုကြည် ၅၊ ဒုတိယဂဠာုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းစဉ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ အခင်းဖြစ်စဉ်၌ အဓိက ပါဝင်ခဲ့သူ ဗိုလ်ကြီးမြင့်ဦး(ငြိမ်း) က လူကိုင်တိုင်ဂျာနယ်တိုက်သို့ လာရောက်၍ ဖြစ်ရပ်မှန်ကို နှုတ်အားဖြင့်ရှင်းလင်းပြောပြသလို၊ အဆင်သင့်ရေးသားထားသည့် ဖြေရှင်းချက်ဆောင်းပါးတို တစ်ပိုဒ်ကိုလည်း အယ်ဒီတာအဖွဲ့လက်ဝယ်သို့ပေးဖို့လာခဲ့ပါသည်။
ယခုအပတ် Special Feature ကဏ္ဍတွင် ဓနုဖြူမြို့ဖြစ်စဉ်၌ အဓိကပါဝင်ခဲ့သူ ဗိုလ်ကြီးမြင့်ဉ်း(ငြိမ်း)ဧ။် တုံ့ပြန်ဖြေရှင်းချက် ဆောင်းပါးနှင့်အတူကာယကံရှင်အားတွေ့ဆုံးမေးမြန်းထားသည့် ငါးမိနစ်အင်တာဗျူးကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါသည်။
Oriental News အယ်ဒီတာအဖွဲ့ အနေဖြင့် ကမ္ဘာသိ၊မြန်မာသိဖြစ်ရပ်တစ်ခုအပေါ်နှစ်ဘက်ဧ။် အသံကို စာဖတ်ပရိတ်သတ်ထံမှောက် ချစ်ခြင်း၊ မုန်းခြင်းကင်းစွာဖြင့် တင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း။
၁၃၊ ၇၊ ၂၀၁၅ ရက်နှေ့ထုတ် Oriental News အရှေ့တိုင်းဂျာနယ် NO.25 ဒေါက်တာစစ်တင် G.P ရဲ့ ဒုတိယဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဆောင်းပါးကြောင့် ဒီစာကိုရေးဖြစ်ပါတယ်။ ဒါဟာ ဒုတိယမြောက် ရေးခြင်းပါ၊ ပထမအကြိမ်စာရေးဆရာ အောင်မြင်သူ (ဒုတိယဗိုလ်မှူးကြီး ဟိုတယ်/ခရိးညွန်မှူး-ငြိမ်း)က ၂၀၁၂ခုနှစ်အောက်တိုဘာလမှာ Hot News ဂျာနယ်ကနေ ရင်ခုန်ခဲ့ကြသူများဆိုတဲ့ဆောင်းပါနဲ့
ကျွန်တော်ပြန်လည်ရေးသားခဲ့ပြီးပါပြီ။ဒေါက်တာစစ်တင် ဖတ်ဖြစ်မလားတော့မသိပါ။
ဒေါက်တာစစ်တင်ရေးတဲ့အကြောင်းအရာက ကိုအောင်မြင်သူရေးသလိုပါပဲ၊ ဗိုလ်မှူးတင်ဖေအေးက ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့စစ်သား ဒေါ်အောင်ဆန်းစုကြည်က တကယ့်သတ္တိခဲ့ သူရဲကောင်း အာဇာနည်၊ ကျွန်တော်က ဒီမိုကရေစီမလိုလားသူ စစ်သားလူရမ်းကား ။ ဂဠုန်ဦးစောကဲ့သို့ လူယုတ်မာတံဆိပ်ကပ်ပေးတာကတော့ ကိုအောင်မြင်သူနဲ့ ဒေါက်တာတို့ ပူးပေါင်းပြီး ဒီဆောင်းပါးကိုရေးခဲ့သလားလို့တောင် ထင်မိပါတယ်။
ကျွန်တော့်မှာလည်း သာမာန်လူသားတစ်ယောက်ရဲ့မိသားစုဘ၀ Family Life ဆိုတာရှိတယ်။ မျိုးဆက် Generation ဆိုတာရှိတယ်။ မိသားစု ဂုဏ်သိက္ခာဆိုတဲ့ ၀န်းကျင်အသိုင်းအ၀ိုင်းရှိတယ်။ တိုးပြည်တစ်ခုလုံးက လူ့အရိုင်းအစိုင်းအဖြစ် ၀ိုင်းပယ်ထားတဲ့သစ္စာဖောက် လူယုတ်မာ ဂဠုန်ဦးစောနဲ့ပဲ ကျွန်တော့ကို ဘာလို့ခဏခဏ နှိုင်းယှဉ်နေကြတာလဲ အဖြစ်မှန်ကိုအသိတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ကျွန်တော့်မျိုးဆက်နဲ့ ပတ်သက်လာမယ့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွေက ကျွန်တော့်ကို ဘယ်လို လူစားလို့သတ်မှတ်ကြမလဲ။ ဆရာ့အနေနဲ့ ကျွန်တော့်နေရာကနေ၀င်ပြီး ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ ကျွန်တော်ဟာဘယ်လို တိုင်းပြည်ခေါင်းဆောင်ကိုမှလည်း လုပ်ကြံတာမဟုတ်ဘူး။ အဲ့ဒီအချိန်ကပေးအပ်တဲ့အမိန့်နဲ့ တာဝန်ဝတ္တရားအရ တားမြစ်ခဲ့ခြင်းသာဖြစ်တယ်။
အဲ့ဒီပြသာနာမဖြစ်ခင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေး ခရီးစည်အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ NLD မြို့နယ်တာဝန်ရှိသူတွေနဲ့ သွားလာမယ့် ခရီးလမ်းပန်းလုံခြုံရေးဆိုင်ရာကိစ္စ သွားလာမယ့်လမ်းကြောင်း သွားလာမယ့်ယာဉ် စုဝေးဟောပြောမယ့်နေရာကအစ အသေးစိတ်ကြိုတင် ညှိနှိုင်းသဘောတူညီမှုရှိခဲ့ပြီးသားပါ။
အဲ့လိုကြိုတင်ညှိနှိုင်းသဘောထားတူညီမှုများကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဓနုဖြူမြို့သို့ စတင်ဝင်ရောက်လာသည်မှ ၄င်းတို့မြို့နယ် NLD ရုံးတွင်စုဝေးဟောပြောပွဲလုပ်ခဲ့ခြင်း ဓနုဖြူမို့မြောက်ဘက် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကမ်းငူကြီး ၊ ဇကာကြီး စတဲ့မြို့ရွာတွေကိုသွားတဲ့ ခရီးစဉ်များမှာ ဘာပြသာနာတစုံတရာမှ မရှိခဲ့ပါဘူး။ ရေလမ်းခရီးအတွက် မြို့နယ်အုပ်ချူပ်ရေးမှူးရုံး၊ မြို့နယ်ရဲစခန်း၊ မြို့နယ် NLD ရုံးတို့နဲ့နီးတဲ့ ရန်ငြိမ်းအောင် (ကြားသင်္ဘောဆိပ်) ဆိပ်ကမ်းကထွက်ခွာပြီး ပြန်လာရင်လည်း ရန်ငြိမ်းအောင်ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ဝင်ရောက်ရန် ကြိုတင်ညှိနှိုင်း သဘောတူထားကြပါတယ်။အဲ့ဒီကြိုတင် ညှိနှိုင်းသဘောတူညီချက်တွေကို မြို့နယ် NLD က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှအတူပါလာတဲ့သူအားလုံးကို တင်ပြပြီးဖြစ်တဲ့အတွက်အားလုံးက သိကြပါတယ်။ ဇကာကြီးက အပြန်မှာ မူလသဘောတူညီထားတဲ့ ရန်ငြိမ်းအောင်ဆိပ်ကမ်းကပြန်မတက်ဘဲ လမ်းကြောင်းမဟုတ်တဲ့ လူစုလူဝေးဖြစ်နိုင်တဲ့ ဓနုဖြူမြို့မဈေးဓမ္မာရုံထိပ်က ပိတောက်ပင်ဆိပ်ကမ်းကိုရွေးပြီးတက်ခဲ့လို့ ဒီလိုထိပ်တိုက်တိုးမှု ပြသာနာကြုံရတာပါ။
ကြိုတင်းသဘောတူညီချက်အတိုင်းသာ ရန်ငြိမ်းအောင်ဆိပ်ကမ်းကတက်မယ်ဆိုရင် သူတို့ NLD မြို့နယ်ရုံးနဲ့လည်း အနီးဆုံးဖြစ်ရုံမ ကျွန်တော်လုံခြုံရေးတာဝန်ကျရာနေရာနဲ့လည်း တောင်မြောက်ဆန့်ကျင်ဘက်ဖြစ်လို့ ဘယ်လိုမှ ထိပ်တိုက်ပြောစရာမရှိပါဘူး။ အခုလိုဖြစ်ရတာက ကြိုတင်ညှိနှိုင်းသဘောတူချက်မှာမပါတဲ့၊ လူစည်ကားပြီး လူစုလူဝေးဖြစ်အောင်ဖန်တီးနိုင်တဲ့ ဓနုဖြူမြို့မဈေးအတွင်းမှ ဖြတ်သန်းဝင်ရောက်လာတဲ့အတွက် သတ်မှတ်လမ်းကြောင်း အတိုင်းသွားဖို့နဲ့ လူစုလူဝေးကို အမြန်ဆုံးခွဲဖို့ အသိပေးတားမြစ်ရန် တာဝန်ရှိသည့်အတိုင်းဆောင်ရွက်ရာက တစ်ဆင့်ဒီပြသာနာဖြစ်ခဲ့တာပါ။
အမိန့်နဲ့ တာဝန်ဝတ္တရားကို အသက်ထက်တန်းဖိုးထားတဲ့ စစ်သားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ခဲ့တာလို့ပဲ ကျွန်တော်ခံယူထားပါတယ်။
လူစုလူဝေးဖြစ်လာတဲ့အချိန်မှာ ကျွန်တော်ဟာတပ်မတော်က သင်ကြားပေးတဲ့ နည်းစနစ်အတိုင်း စနစ်တကျ လူစုခွဲဖို့ အသံချဲ့စက်နဲ့ကြေညာပြီး ဆောင်ရွက်ခဲ့တာပါ။ တကယ်ဆို သတ်မှတ်စည်းမျဉ်းစည်းကမ်းမလိုက်နာဘဲ ဥပဒေချိုးဖောက်ပြီး လူစုလူဝေးဖြစ်အောင်ဖန်တီးရင် ပစ်ခတ်ဖြိုခွင်းဖို့အထိပစ်မိန့်ရထားပြီးသားပါ။ အဲ့ဒီလိုအချိန်မှာ ဒေါက်တာတို့ပြောတဲ့ ဒုတိယ ဂဠုန်ဦးစောလို မဖြစ်စေလိုတဲ့ ဗိုလ်မှူးတင်ဖေအေးရယ်၊
ဗိုလ်မှူးမောင်ထွန်းဆိုသူရယ် နှစ်ဦးတို့က ကျွန်တော့်ကို တားမြစ်ခဲ့တာမှန်ပါတယ်။ ဒေါက်တာစစ်တင်တို့ ကိုအောင်မြင်သူတို့ပြောသလိုမျိုး ဂဠုန်ဦးစောလိုဖြစ်သွားမယ် ဆိုတဲ့စကားမျိုး ဗိုလ်မှူးတင်ဖေအေးမပြောခဲ့ဘူး။ သူပြောခဲ့တဲ့စကားက ဒါ စစ်တိုက်နေတာမဟုတ်ဘူး နိုင်ငံရေးလို့ပြောခဲ့တာမှန်တယ်။ နောက်တစ်ခါ ဒေါက်တာတို့လူငယ်အဖွဲ့တွေ မဆုံးဖြတ်နိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ရှေ့ဆုံးကို တက်လာတယ်ဆိုတာ မမှန်ပါဘူး။ လူငယ်တွေက လူအုပ်ကြီးအလယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထားကြတာပါ။ အဲ့ဒီအဖွဲ့ထဲမှာ ဒေါတာလည်းပါချင်ပါမှာပါ။
ချူပ်ရရင်ဓနုဖြူဖြစ်စဉ်တွင် ဗိုလ်မှူးတင်ဖေအေးသည် ကျွန်တော့်အား ဂဠုန်ဦးစောလိုဖြစ်သွား
မယ်ဟုပြောခဲ့ခြင်းမရှိပါဘူး။ ပစ်ခတ်မယ်ဆိုတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူစုလူဝေးရှေ့ဆုံးကိုရောက်နေတယ်ဆိုတာ မဟုတ်မမှန်ပါဘူး။
သေသွားတဲ့သူတစ်ယောက်က ပြောခဲ့တယ်ဆိုတဲ့ ကျွန်တော်ဂဠုန်ဦးစောလိုဖြစ်သွားမယ်ဆိုတဲ့ စကားကတော့ တစ်ဆင့်ကြား Hearsay သက်သက်သာဖြစ်ပါတယ်။ Hearsay ဆိုတာ Evidence လား၊ No Evidence လားဆိုတာကို ဒေါက်တာစစ်တင်လို ပညာတတ်တစ်ယောက်အနေနဲ့ စဉ်းစားနိုင်မယ်ထင်ပါတယ်။ အကယ်၍ ကျွန်တော့်ရေးသားမှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာစစ်တင်အနေနဲ့ ပြန်ပြီးတုံ့ပြန်ရှင်းလင်းချင်တယ်ဆိုရင် ကျွန်တော်ကလည်း လှိုက်လှိုက်လှဲလှဲ ၀မ်းသာစွာ ကြိုဆိုနေပါတယ်။
အကယ်၍ ဒေါက်တာစစ်တင်က ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုမယ်ဆိုရင်တော့ စာမျက်နှာပေါ်က ရှင်းတာထက်လူအများသိသာမြင်သာအောင် သတင်းမီဒီဟာတွေရှေ့မှာ Debate ပုံစံမျိုးလုပ်ပြီး ရှင်းလင်းရင် ပိုပြီးကောင်းလိမ့်မယ်လို့ထင်မြင်ယူဆမိကြောင်းပါ။
မေး။ ။ ဒေါက်တာစစ်တင်ရဲ့ ဒုတိယဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါးမှာ
အချက်အလက်တချို့မှားနေတယ်လို့ပြောတယ်နော်။ ဘယ်အချက်တွေမှားနေတာပါလဲခင်ဗျား။
အချက်အလက်တချို့မှားနေတယ်လို့ပြောတယ်နော်။ ဘယ်အချက်တွေမှားနေတာပါလဲခင်ဗျား။
ဖြေ။ ။ ၁။ ၄၊ ၁၉၈၉ ရက်နေ့ ဓနုဖြူမြို့မှာ အဲ့ဒီဖြစ်စဉ်ဖြစ်တုန်းက ကျွန်တော့်ကို အမိန့်ပေးတဲ့ ဗိုလ်မှူးတင်ဖေအေးက ကျွန်တော့်ကို ဒုတိယ ဂဠုန်ဦးစောဖြစ်သွားမယ်ဆိုတာ မျိုးလုံးဝမပြောခဲ့ပါဘူး။
၂။ အဲ့ဒီဖြစ်စဉ်မှာပါဝင်တဲ့တပ်မတော်သားတွေက ဆယ်ယောက်မဟုတ်ဘူး။ ကျွန်တော်အပါအ၀င်မှ ခြောက်ယောက်တည်း။
၃။ ဒူးထောက်ပြီး ပစ္စတိုနဲ့ချိန်ထားတာမဟုတ်ဘူး။ ရဲဘော်တွေကပဲ သေနတ်နဲ့ချိန်တာ(သေနတ်တွေကို ကျည်
ထိုးမထားသေးဘူး)။
ထိုးမထားသေးဘူး)။
၎ ။ ဖြစ်စဉ်ဖြစ်တုန်းမှာ ဒေါ်စုကရှေ့တက်လာတယ်ဆိုတာမဟုတ်ဘူး။ ဒေါ်စုကလူငယ်တွေ ၀ိုင်းထားလို့အလယ်မှာရောက်နေတာ။
၅။ ကျွန်တော့်ကို အမိန့်ပေးတဲ့ ဗိုလ်မှူးတင်ဖေအေးတပ်ကထွက်ရတယ်ဆိုတာ မမှန်ဘူး။ သူ့ဟာသူ အရပ်ဘက်
ရောက်သွားပြီး ပင်စင်ယူသွားတာ။ ဒီဖြစ်စဉ်ကြောင့် ကျွန်တော်ရာထူးတိုးတယ်ဆိုတာလည်း
မမှန်ဘူး။
ရောက်သွားပြီး ပင်စင်ယူသွားတာ။ ဒီဖြစ်စဉ်ကြောင့် ကျွန်တော်ရာထူးတိုးတယ်ဆိုတာလည်း
မမှန်ဘူး။
မေး။ ။ မှန်တဲ့အချက်ကရောဗျ။
ဖြေ။ ။ ပခုံးပေါ်က ဘားတွေချွတ်ပြီး မြေပေါ်လွှင့်ပစ်တယ်ဆိုတာတော့ မှန်တယ်။
မေး။ ။ ဘာကြောင့်ဒီလိုလွှင့်ပစ်တာလဲဗျ၊ ဒေါ်စုတို့မပစ်ရလို့လား။
ဖြေ။ ။ လုံးဝမှားတယ်။ လူအတော်များများကလည်း ခင်ဗျားမေးသလိုပဲထင်နေကြပါတယ်။
ဒေါ်စုကိုမပစ်ရလို့မဟုတ်ဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကို အမိန့်ပေးတဲ့သူတွေက
သူတို့ပေးတဲ့အမိန့်ကို သူတို့ကိုယ်တိုင်ပဲ ပြန်ဖျက်လို့ ကျွန်တော်ကစိတ်တိုပြီး ဘားတွေဖြုတ်
လွှင့်ပစ်တာပါ။
မေး။ ။ သူတို့ပေးတဲ့အမိန့်ကို သူတို့ကိုယ်တိုင်ပဲ ပြန်ဖျက်တယ်ဆိုတာက။
ဖြေ။ ။ ဒီလိုပါပဲ အဲ့ဒီတုန်းက သူတို့ကကျွန်တော့်ကို အမိန့်ပေးထားတယ်။ ပါးစပ်နဲ့မဟုတ်ဘူး။
စာရွက်နဲ့ကိုထုတ်ပေးထားတာပါ။ စာရွက်ထဲမှာ ဘယ်လိုအနေအထားမျိုးမှာဆိုပစ်ပါလို့ အမိန့်
ပေးထားတယ်။ ပစ်ရမယ့် အနေအထားလည်းရောက်ရော မပစ်နဲ့လို့ပြောပြန်တယ်။ ဒါကိုမကျေ
နပ်လို့ ဘားတွေဖြုတ်ပြီးလွှင့်ပစ်တာ။ ဒေါ်အောင်ဆန်းစုကြည်ကို မပစ်ရလို့မဟုတ်ဘူး။
မေး။ ။ အဲ့ဒီကာလမှာဒေါ်အောင်ဆန်းစုကြည် အပေါ်ဘယ်လိုသဘောထားလဲ၊ မုန်းတီးတာ
မျိုးရှိလား။
ဖြေ။ ။ မရှိဘူး။ ဒေါ်စုအပေါ်ချစ်ခြင်း၊ မုန်းခြင်းမရှိဘူး။ သူဗိုလ်ချူပ်သမီးဖြစ်တယ်။ နိုင်ငံခြား
မှာနေတယ်။ဒါပဲသိတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က တာဝန်ကျေတဲ့၊ အမိန့်နာခံတဲ့ စစ်သားတစ်ယောက်တော့ ဖြစ်ချင်ခဲ့တယ်။
မေး။ ။ အဲ့ဒီအချိန်ကတားမယ့် လူမရှိခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူအုပ်ကြီးကို
တကယ်ပစ်မှာလား။
ဖြေ။ ။ ပစ်မယ်၊ ပစ်ဖို့လည်းအမိန်းပေးထားတယ်။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ပစ်မှာတော့
မဟုတ်ဘူး။ စစ်တပ်ကသင်ထားပေးတဲ့အတိုင်းပဲပစ်မယ်။
မေး။ ။ စစ်တပ်က သင်ထားပေးတယ်ဆိုတဲ့ပုံစံက။
ဖြေ။ ။ အဓိကရုဏ်းနှိမ်နင်းရေးပေါ့၊ပထမစည်းသုံးခုကိုတားမယ်။ စည်းသုံးခုကို မကျော်ဖို့
ပြောမယ်။ မိုက်နဲ့အော်မယ်။ စည်းသုံးစည်းကျော်လာရင်တော့ပစ်မယ်။ ပစ်မယ်ဆိုတဲ့ နေရာမှာ ပထမဆုံး လူအုပ်ကိုကျော်ပြီး မိုးပေါ်ထောင်ပစ်မယ်။ အဲ့ဒါမှ မရရင် ရှေ့က အလံကိုင်သူ။
ဒါမှမဟုတ် လှုံ့ဆော်သူကို ခါးအောက်ပိုင်းမသေနိုင်တဲ့နေရာကို ရွေးပစ်မယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ လူအုပ်နဲ့ တွေ့တဲ့အချိန်မှာ ပစ်ဖို့အဆင်သင့်ဖြစ်နေပြီး
လား။
ဖြေ။ ။ မဖြစ်သေးဘူး သေနတ်တွေအားလုံးမှာ ကျည်တောင် မထိုးသေးပါဘူး။ အကယ်၍
လိုအပ်လို့ပစ်ခဲ့ရရင်တောင် Auto မပစ်ဖို့၊ တစ်ချက်ချင်းပဲပစ်ဖို့ ကျွန်တော့်ရဲဘော်တွေကိုမှာ
ထားတယ်။
မေး။ ။ အခုလိုလာရှင်းတဲ့ ရည်ရွယ်ချက်က။
ဖြေ။ ။ ကျွန်တော့်ကို ဂဠုန်ဦးစောနဲ့ နှိုင်းတာမကြိုက်ဘူး။ နောက်ကျွန်တော့်မျိုးဆက်ကိုလည်း အရောင်မစွန်းထင်းစေချင်ဘူး။ ဒါကြောင့်လာရှင်းတာပါ။
မေး။ ။ ဓနုဖြူဖြစ်စဉ်မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ်ချစ်ခြင်း၊ မုန်းခြင်းမရှိဘူးလို့
ပြောခဲ့တယ်။ အခုကျတော့ရော။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်မှာ လေးစားအားကျအတုယူစရာတွေအများကြီးရှိတယ်။
တချို့ယောက်ျားကြီးတွေထက်သာတဲ့သတ္တိ သူ့မှာရှိတယ်။ တခြားအားကျစရာ လေးစားစရာ
တွေလည်းရှိတယ်။ ဒါပေမယ့် သမ္မတဖြစ်ချင်တယ်လို့ပြောမျိုးတော့မကြိုက်ဘူး။
မေး။ ။ ခင်ဗျား ဒုတိယဂဠုန်ဦးစောတော့ မဟုတ်ဘူး။ ဒါပေမယ့်ဒုတိယဂဠုန်ဦးစောတွေရောထပ်
ပေါ်လာနိုင်သေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညိုတဲ့သူများတယ်။ သူရဲ့အောင်မြင်မှုကို မနာ
လိုတဲ့သူတွေလည်းရှိတယ် ဆိုတော့ ဒုတိယဂဠုန်ဦးစောဆိုတာလည်း ပေါ်ကောင်းပေါ်လာနိုင်
တယ်။
စာရေးသူကိုယ်ရေးအကျဉ်း
ကလောင်အမည် - စစ်ဗိုလ် Captain လေး
အမည်အရင်း - ဗိုလ်ကြီးမြင့်ဦး (ဒု/ညွှန်ကြားရေးမှူး(ငြိမ်း)၊လယ်/ဆည်ဝန်ကြီးဌာန)
မွေးသက္ကရာဇ် - ၁၅.၆.၆၁
မွေးရပ် - တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
ပညာအရည်အချင်း - B.A(Myanmar)
တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ - ၁၉၈၀ မှ၁၉၉၂
လိပ်စာ - မြောက်ဥက္ကလာ၊ရွှေပေါက်ကံမြို့သစ်၊
https://www.facebook.com/profile.php?id=100009141053490&fref=nf မှကူးယူဖော်ပြပါသည်။