Quantcast
Viewing all articles
Browse latest Browse all 1811

ညီသုတ ရဲ့ ပုံတူ ပန်းချီ (အပိုင်း ၄)


အမေက စစ်တက္ကသိုလ်ဝင်ခွင့် လျောက်လွှာတင်ဖို့ ပြောတဲ့အခါ သူက ငြင်းပါတယ်။အမေက ထပ်ခါ ထပ်ခါ တိုက်တွန်းတယ်။ သူကလည်း ထပ်ခါ ထပ်ခါ ငြင်းတယ်။အဲ့ဒီတုန်းက တပ်မတော်အရာရှိငယ်တစ်ယောက်ရဲ့ လစာဟာ တစ်သိန်းနှစ်သောင်းရပါတယ်။ လုပ်ငန်းခွင်စဝင်တဲ့ အင်ဂျင်နီယာငယ်တွေတောင် ၁ သိန်း ပြည့်အောင် မရတဲ့ အချိန်ပါ။လက်ရှိ ကျောက်ကွင်းစာရေး လုပ်နေတာလည်း လုပ်သက်သိပ်မကြာသေးတာရယ်၊ ဘွဲ့ရမဟုတ်တာရယ်ကြောင့် ၄ သောင်းခွဲပဲ ရပါတယ်။


"အမေက ငွေတစ်ခုထဲကိုပဲ ကြည့်တာလား။ကျနော်က အဲ့ဒီငွေတွေ မလိုချင်ဘူးဆိုရင် ကော"လို့ ပြန်မေးတဲ့အခါ ""အရာရှိအလုပ်က ဘဝအာမခံချက်လည်း ပေးနိုင်တယ် "လို့ ပြောရင်း ငိုပါတယ်။

မျက်ရည်တွေကျလို့ ငိုနေတဲ့ အမေ့ကို ရုပ်ရှင်ကားတွေထဲကလို သနားပြီး "မငိုပါနဲ့တော့ အမေရယ်၊ တိတ်ပါတော့ "လို့ သူ မပြောပါဘူး။အဲ့ဒီမျက်ရည်တွေဟာ အနိုင်ကျင့်မှူသက်သက် ရယ်လို့ပဲ သူမြင်ပါတယ်။လူတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းကို လွတ်လပ်စွာရွေးချယ်ခွင့်မပေးဘဲ အတင်းဖိအားပေး ရွေးချယ်ခိုင်းတာဟာ မသင့်လျော်ဘူးဆိုတာကို အမေသိဟန်မတူပါဘူး။ အမေ့မှာက သူ့သားကို ဝင်ငွေကောင်းကောင်းနဲ့ ဂုဏ်ရှိရှိ သက်တောင့်သက်သာ နေစေချင်တဲ့စေတနာတစ်ခုပဲ ရှိပါတယ်။ တခြားအရာတွေကို ထည့်စဉ်းစားတာမရှိပါဘူး။

နောက်ဆုံးမှာတော့ သူ အိမ်ပေါ်က ဆင်းပါတယ်။ အမေက နောက်ကလိုက်ပြီး တိုက်တွန်းပြန်တယ်။ အဲ့ဒီအချိန်မှာ ကောင်လေး စိတ်ထဲမှာ ဒွိဟ ဖြစ်နေပါတယ်။ တပ်ထဲ ဝင် သင့် ၊ မသင့် ကို သူစဉ်းစားပါတယ်။

ကောင်လေးကို မွေးကတည်းက စစ်ဆေးရုံမှာ မွေးခဲ့တာပါ။ မူကြို နဲ့ မူလတန်း ကို လည်း တပ်တွင်းမူကြိုနဲ့ မူလတန်းကျောင်းတွေမှာပဲ တက်ခဲ့တာပါ။ဆယ်တန်းဖြေပြီးမှသာ ဘဝကို ခြေချဖို့ အပြင်လောက ထွက်ခဲ့ပေမယ့် သူဟာ ၁၅ နှစ်လုံး တပ်ထဲမှာ ကြီးပြင်းရှင်သန်ခဲ့ရတာပါ။

သူအနေနဲ့ တပ်နဲ့ပက်သက်တဲ့ ကောင်းသော၊ ဆိုးသော အရာတွေကို တွေ့ကြုံ သိမြင်ခဲ့ပြီးပါပြီ။ အရာရာတိုင်းဟာ အကောင်းချည်းဖြစ်မနေသလို အရာရာတိုင်းဟာလည်း ဆိုးမနေတတ်တဲ့အတွက် တပ်ထဲဝင်ဖို့အတွက် သူ့စိတ်ထဲ လွန်ဆွဲနေပါတယ်။

အပြင်မှာဆက်နေမယ်ဆိုရင် သူ့ကို အင်ဂျင်နီယာတစ်ယောက်လုပ်ခိုင်းကြတော့မှာပါ။သူ အနေနဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ကို ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရခဲ့ဘူး။ အင်ဂျင်နီယာဖြစ်ခဲ့ရင်လည်း အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ သူ့ကိုယ်သူ မယုံကြည်ပါဘူး။ အဲ့ဒီအချိန်တုန်းက သူက ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူတစ်ယောက်ဖြစ်ဖို့ အိမ်မက်တွေမက်နေခဲ့တာပါ။

ခက်တာဟာ အဲ့ဒီအချိန်မှာ ဂျီတော့ တောင် ကောင်းကောင်းခေတ်မစားတဲ့ အချိန်မလို့ သူ့အိမ်မက်တွေက အလှောင်ခံရပါတယ်။ ငွေကြေးချို့တဲ့သူ သူကိုယ်တိုင်လည်း ကွန်ပျူတာပရိုဂရမ် ရေးဆွဲသူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သေချာမသိပါဘူး။ဖြစ်ချင်တာတစ်ခုထဲ သူ့စိတ်ထဲရှိပါတယ်။တကယ်တော့ အနည်းဆုံး ငါးနှစ်လောက်အချိန်ယူမှ ပရိုဂရမ်သမားကောင်းတစ်ယောက်ဖြစ်နိုင်မှာပါ။ အကောင်းဆုံးကတော့ ပြည်ပထွက်ပြီး ပညာသင်နိုင်မှဆိုတဲ့ စကားသံတွေဟာ သူ့အိမ်မက်ကို ဝေဝါးစေခဲ့ပါတယ်။အဲ့ဒီအကြောင်းတရားတွေက စစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ ဖြစ်လာခဲ့ပါတယ်။

"ကျနော် သွား ဖြေမယ်။ အောင် ၊ မအောင် ကို အာမ မခံနိုင်ဘူး။ ဖြေရင် ကျနော့်တာဝန် ကျေတယ်မလား "လို့ သူ့အမေရဲ့ တိုက်တွန်းချက်ကို သဘောတူခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ သူ့အမေနဲ့ ဆက်ဆံရေးဟာ အေးစက်သထက် အေးစက်သွားပါတယ်။

စစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲဝင်ဖြေ ဖြစ်ခဲ့တာဟာ ကျပ်တည်းတဲ့အခြေအနေရယ်၊ မိဘရဲ့တိုက်တွန်းမှူ တွေရဲ့ အဓိက မောင်းနှင်အားကြောင့်ပါ။အဲ့ဒီအချိန်တုန်းက ရွှေပြည်ကြီးမှာ ဝင်ငွေကောင်းတဲ့အလုပ်ဆိုလို့ များများစားစားရွေးချယ်စရာမရှိသေးဘူး။ဘွဲ့ရ ရွှေပြည်ကြီးသား၊ ရွှေပြည်ကြီးသူတွေ လမ်းဘေးဈေးသည်ဘဝ ၊ ဝန်ထမ်းဘဝ နဲ့ ခက်ခက်ခဲခဲ ရပ်တည်ကြရတယ်။မေဂျာအများစုဟာ ဘွဲ့ရ ပေမယ့်လည်း အလုပ်ရမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။

ကောင်လေးအနေနဲ့လည်း တခြားရွေးချယ်စရာအခွင့်အရေး ရှိသေးရင်၊ တခြားအရာကို ရွေးချယ်ကောင်း ရွေးချယ်နိုင်ခဲ့ပါလိမ့်မယ်။ သို့သော် ရွှေပြည်ကြီးမှာ အရာရာတိုင်းကို စိတ်တိုင်းကျ ရွေးချယ်ဖို့ ခက်ခဲပါတယ်။ဒါကြောင့် ရိုးရိုးသားသားဝန်ခံရ ရင် ၊သူ့အနေနဲ့ တပ်ထဲဝင်ဖြစ်ခဲ့ရတာက နိုင်ငံကို ချစ်လွန်းအားကြီးလွန်းလို့ ဆိုတဲ့ စိတ်တစ်ခုထဲ ကြောင့် မဟုတ်ခဲ့ပါဘူး။နိုင်ငံအတွက် အရာရာ ပေးဆပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ မျက်စိစုံမှိတ်ပြီး ခြေစုံပစ်ဝင်ခဲ့တာမဟုတ်ပါဘူး။ နိုင်ငံချစ်စိတ် အခံ တော့ အနည်းငယ် ရှိကောင်း၊ ရှိပါလိမ့်မယ်။ဒါပေမယ့် ဒီလမ်းကိုလျောက်ဖို့ သူရဲ့ဦးနှောက်နဲ့ အဓိကစဉ်းစားပြီး ရွေးချယ်ခဲ့တာပါ။

ဒီအလုပ်ဟာ မြင့်မြတ်တဲ့အလုပ်လည်းဖြစ်တယ်။ ဘဝအတွက်လည်း အာမခံချက်ရှိတယ်ဆိုတဲ့ အသိကြောင့် အရှူံးမရှိနိုင်ဘူးလို့ သူ တွေးပါတယ်။ဒါကြောင့်လည်း ဝင်ခွင့်စာမေးပွဲအတွက် ဘာမှမပြင်ဆင်ဘဲ လက်တန်းဝင်ဖြေခဲ့တာတောင် ဝင်ခွင့်အောင်တဲ့သူစာရင်းထဲ ပါသွားခဲ့ပါတယ်။

ဝင်ခွင့်အောင်ပြီးတဲ့နောက် ဗိုလ်လောင်းရွေးချယ်ရေး စခန်းမှာ တစ်ပတ်ကြာ စစ်ဆေးစမ်းသပ် မှူတွေလုပ်ပါတယ်။ လူသုံးထောင် ကျော်၊ စရိုက်သုံးထောင်ကျော်နဲ့ စတင်ထိတွေရပြီးတဲ့နောက်မှာ တစ်ယောက်ချင်းဆီရဲ့ ပုံပြင်များစွာကိုလည်း ကြားခွင့်ရခဲ့ပါတယ်။

ရွေးချယ်ရေးစခန်းကို ရောက်လာတဲ့သူတွေထဲမှာ ဆေးတက္ကသိုလ်တက်ခွင့် အမှတ်မီရဲ့သားနဲ့ မတက်ဘဲ စစ်တက္ကသိုလ်ကိုပဲ တက်ဖို့ရွေးချယ်ကြသူတွေပါ ပါတယ်။တချို့ကျတော့ မိဘက တပ်ထဲဝင်ဖို့သဘောမတူတာတောင် အတိုက်အခံလုပ်ပြီး ဒီနေရာကို ရောက်လာကြတာပါ။

ဒေသမျိုးစုံ၊ လူမျိုးစုံ၊ စရိုက်စုံနဲ့ ထိတွေ့ဆက်ဆံရတာ အတွေ့အကြုံသစ်ရပါတယ်။ပြီးတော့ ခက်ခဲပါတယ်ဆိုတဲ့ စစ်တက္ကသိုလ်ကြီးကို မြည်စမ်းချင်တဲ့ စိတ်တွေလည်း တခါတလေ ပေါ်လာတတ်သေးပါတယ်။
သူ့အနေနဲ့ အရွေးမခံရလည်း ဝမ်းနည်းမှာ မဟုတ်ပါဘူး။ဝတ်ကျေတမ်းကျေ လာဖြေပေးတယ်။မအောင်ဘူးဆိုတော့ ကျနော့်တာဝန်ကျေပြီ လို့ မိဘကို ပြန်ပြောလိုက်ရုံပါပဲ။

ဒီလိုပါပဲ အရွေးခံရ ရင်လည်း အရှူံးတော့ မရှိနိုင်ဘူးလို့ သူတွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အတွေ့အကြုံသစ်တွေကို မြည်စမ်းဖို့ စိတ်အား ထက်သန်နေခဲ့လို့ပါပဲ။

တစ်ပတ်ကြာစစ်ဆေးပြီးနောက် သိပ်မကြာခင်မှာပဲ စစ်တက္ကသိုလ်တက်ခွင့်ရစာရင်းထဲမှာ သူ့နာမည် ပါလာတဲ့အတွက် အခုဆိုရင် သူဟာ ဘဝခရီးကိုစလျောက်ရတော့မှာပါ။


>>>> ဆက်ရန်




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...