Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ညီသုတ ရဲ့ ပုံတူ ပန်းချီ (အပိုင်း ၅)

$
0
0


စစ်တက္ကသိုလ်တက်ဖို့ အမေနဲ့အဒေါ်က ရန်ကုန်ဘူတာကြီးကို လိုက်ပို့ပါတယ်။တက္ကစီပေါ်မှာ ခပ်တည်တည် နဲ့ လိုက်လာတဲ့ ကောင်လေးနဲ့ အမျိုးသမီးတွေဟာ မိသားစုဝင်တွေလို့ မထင်ရလောက်အောင် သူတို့ကြားကဆက်ဆံရေးဟာ အေးစက်နေတယ်။


တက္ကစီသမားက ကားကို ဖြည်းညင်းစွာ မောင်းနေပါတယ်။ နီယွန်မီးရောင်တွေ ထိန်ညီးနေတဲ့ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ရင်ပြင်ကြီးဟာ စိတ်ကိုအေးချမ်းစေတယ်။တစ်ချိန်မှာတော့ ရွှေတိဂုံဘုရားရဲ့ ညချမ်းအချိန် သပ္ပါယ်မှူကို မှတ်တမ်းတင်ဦးမယ်လို့ သူ့ဘာသာ စိတ်ကူးနေမိတယ်။ နီယွန်မီးရောင်တွေအောက်က ရန်ကုန်မြို့ကြီးအလှကို တဝကြီးခံစားနေရလို့ ကောင်လေးရဲ့မျက်နှာက ကြည်လင်နေတယ်။သူရဲ့ ကြည်လင်နေတဲ့ မျက်နှာဟာ ကားပြတင်းပေါက်ကို လှည့်ထားတဲ့အချိန်အတွက်ပါပဲ။ ကားထဲကို မျက်နှာလှည့်လိုက်တဲ့အခါ သူ့မျက်နှာဟာ ပြန်တည်သွားတယ်။

ရန်ကုန်ဘူတာကြီးကို ရောက်တဲ့အခါ ပစ္စည်းတွေချလို့ မနက်ငါးနာရီခွဲ စထွက်မယ့် ရထားကို သူတို့စောင့်ကြပါတယ်။ဗိုလ်လောင်းတွေအတွက် သီးသန့် စီစဉ်ထားတဲ့ ရထားတွဲဖြစ်လို့ ဘူတာရုံတစ်ခုလုံး ဗိုလ်လောင်းတွေ၊ သူတို့ရဲ့မိဘတွေနဲ့ပြည့်လျှံနေတယ်။ငါးနာရီခွဲပြီး ငါးမိနစ်မှာပဲ ရထားက ဘူတာက စ ထွက်ပါတယ်။

ရထားက တဖြည်းဖြည်း စထွက်နေပါပြီ။ လက်ပြနှူတ်ဆက်တဲ့ မိဘတွေက သူတို့လက်တွေကို အားရပါးရ ဝှေ့ယမ်းနေတယ်။တချို့ကတော့ ပဝါတွေကို လှူပ်ရမ်းလို့။ တချို့မိဘတွေကတော့ မျက်ရည်တွေ ဝဲနေကြတယ်။ ရထားပေါ်က ဗိုလ်လောင်းတွေကလည်း မိသားစုတွေကို ပြန်နှူတ်ဆက်ရင်း လက်တွေဝှေ့ရမ်းပြ ကြတယ်။သူတို့တွေထဲမှာ မိဘနဲ့တစ်ခါမှ မခွဲဘူးတဲ့ သူတွေအများကြီးပါတယ်။ မိဘမပါဘဲ ခရီးအဖော်မပါဘဲ ခရီးရှည်တစ်ခုကို ပထမဆုံးသွားဖူးကြတဲ့သူတွေလည်း ပါကြတယ်။

သွားနေတဲ့ခရီးဟာ ပျော်ပွဲစားထွက်နေတာ မဟုတ်ဘူးဆိုတာကို သူတို့သိထားကြတယ်။သူတို့တွေ ဘာတွေကြုံတွေရမလဲဆိုတာကိုလည်း သူတို့မသိကြဘူး။ဒါပေမယ့် သူတို့အားလုံးဟာ ဒီခရီးကို ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့ပြီးကြပြီ ဖြစ်ပါတယ်။

ရထားဟာ တဖြည်းဖြည်း ဘူတာကနေ တဖြည်းဖြည်း ရွေ့နေတယ်။ ကောင်လေးကတော့ သူ့မိသားစု လက်ပြနှူတ်ဆက်၊ မဆက် ကို မသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူဟာ ထိုင်ခုံမျက်နှာမူရာ ရှေ့တည့်တည့်ကိုပဲ ကြည့်နေခဲ့လို့ပါ။ သူ့အတွက်တော့ ဒီခရီးဟာ မိဘအရိပ်ကနေ တရားဝင် ရုန်းခွင့်ရတဲ့ခရီးပါပဲ။သူ့မိဘတွေ သူ့ကို နောက်ထပ် ဖိအားပေးလို့ ရမှာမဟုတ်တော့ဘူး။ သူ့ဘဝကို သူပိုင်သွားပြီလို့ သူ့ဘာသာတွေးပါတယ်။အဲ့ဒီလိုပိုင်ဖို့အတွက်လည်း ဒီခရီးကို လျောက်ဖို့ သူ သဘောတူခဲ့ရတယ်။ဒါကြောင့် သူဟာ ရှေ့တည့်တည့်ကို ကြည့်နေရုံမှတပါး တခြားရွေးချယ်ခွင့် မရှိပါဘူး။


မန္တလေးဘူတာကိုဆိုက်ပြီး နောက်တစ်နေ့မနက်မှာ ပြင်လွင်ဦးလွင်ကို ကားနဲ့ဆက်သွား ကြပါတယ်။ပြင်လွင်ဦးလွင်မြို့က နှင်းမြူတွေကြားထဲမှာ တည်တည်ငြိမ်ငြိမ် နဲ့ ကြိုဆိုနေပါတယ်။


ကောင်လေးဟာ ဒီခရီးကို လျှောက်ဖို့ ရွေးချယ်ခဲ့ပေမယ့် ဘဝမှာ နောက်ထပ် အမေတစ်ယောက်ကို ထပ်တွေ့ရလိမ့်မယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဘဝဟာ ဆန်းကြယ် အံ့သြမှူတွေနဲ့ ပြည့်နှက်နေပါတယ်။ မွေးမိခင်နဲ့ ဆက်ဆံရေး အေးစက်နေတဲ့ သူ့ကို ဒုတိယအမေက နှင်းမြူတွေကြားထဲကနေ ချယ်ရီတွေပန်လို့ စောင့်ကြိုနေခဲ့ပါတယ်။

စစ်တက္ကသိုလ် ရောက်တော့ နေ့ခင်း နှစ်နာရီလောက်ရှိပါပြီ။ အင်္ကျီ အဖြူရောင် လက်ရှည်ဝတ်ထားတဲ့ လူငယ်သုံးထောင်ကျော်ကိုတင်ဆောင်လာတဲ့ ကားတန်းရှည်ကြီးဟာ အောက်တပ်ရင်း အဆောင်တွေ ရှိတဲ့ကွင်းပြင်ကျယ်မှာ ရပ်နားပြီး ခရီးကို အဆုံးသတ်ပါတယ်။အောက်တပ်ရင်းဆိုတာ စီနီယာဗိုလ်လောင်း မရှိတဲ့ ဗိုလ်လောင်းတပ်ရင်းကို ခေါ်တာပါ။အပေါ်တပ်ရင်းဆိုတာက စီနီယာဗိုလ်လောင်းတွေရှိတဲ့ တပ်ရင်းတွေကို ခေါ်တာပါ။ စရောက်လာတဲ့ ဗိုလ်လောင်းတွေကို စီနီယာတွေနဲ့အတူမထားသေးဘဲ သီးသန့်တပ်ရင်းတစ်ခုမှာ အရင်ထားပါတယ်။

ဗိုလ်လောင်းတွေမှာ အိမ်ကလာတဲ့သေတ္တာ ကိုယ်စီ ပါလာကြတယ်။အားလုံးဟာ သူတို့ရဲ့ပစ္စည်းတွေနဲ့ အိတ်တွေ၊ သေတ္တာတွေကို အဆောင်ထိ သူတို့ဘာသာပဲ ထမ်းရမှာပါ။အခုချိန်ကစပြီး မိဘ ဆွေမျိုးတွေလည်း သူတို့ကို ကူပေးလို့မရတော့ဘူး။

"ဒီသံသေတ္တာနဲ့ အထုပ် တွေကို ဘယ်လိုသယ်မလဲကွာ။ လူငှားလို့ မရဘူးလားမသိဘူး"ညီသု ဘေးက လူငယ်တစ်ယောက်က ညည်းတွားရင်: ရေရွတ်နေတယ်။ညီသုကိုယ်တိုင်လည်း ဒီသေတ္တာနဲ့အထုပ်တွေကို ဘယ်လိုသယ်မရလဲ ဆိုတာ စဉ်းစားနေမိတယ်။

စိတ်ထဲမှာလည်း "ဒီသေတ္တာကြီးထမ်းလိုက်ရင်တော့ ငါ့အရိုးတွေကျိုးကုန်မလား မသိဘူး"ဆိုပြီး တွေးမိတယ်။လူကောင်က ဖလံ ၊ ဗလ က ဝါးခြမ်းပြား ဆိုတော့ သံသေတ္တာကြီးကို ထမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။
နောက်ဆုံးတော့ သက်သာအောင် သေတ္တာတစ်လုံးကို နှစ်ယောက်မျှသယ်ကြတယ်။သူ့သေတ္တာ ကိုယ်သယ်ပေး၊ ကိုယ့်သေတ္တာ သူသယ်ပေးပေါ့။

အိမ်မှာနေတုန်းက အလေးအပင် သယ်ဖူးတာဆိုလို့ ကိုယ့်လွယ်အိတ်က အလေးဆုံးပဲ။ဒါတောင် သချာင်္ဖတ်စာအုပ်ဆို ယူမသွားဘူး။အဲ့ဒီစာအုပ်က အထူဆုံးနဲ့အလေးဆုံးပဲ။ အဲ့ဒီလို နေခဲ့တဲ့သူက အလုပ်ထဲရောက်တော့လည်း ဖိနပ်စည်းတွေ မသယ်ချင် ၊ သယ်ချင်နဲ့ သယ်ခဲ့ရသလို အခုလည်း မနိုင် မနင်း နဲ့ သံသေတ္တာ ကို သယ်နေရပြီ။

"ရှေ့လျှောက် ငါ ဒီလိုပဲ မနိုင်မနင်း အလုပ်တွေ လုပ်ရမှာလား"ဆိုပြီး စိတ်ထဲတွေးရင်း ကုတင်ပေါ်အထုပ်တွေ ပစ်ချလိုက်တယ်။ သေတ္တာတွေသယ်တာ မောလို့ နားမလို့ ကြံနေတုန်းမှာပဲ အိပ်ယာခင်း၊ စောင် နဲ့ အသုံးအဆောင်တွေ လာယူဖို့ မိုက်နဲ့ အော်ခေါ်သံကြားရတယ်။

"နောက်မှ ယူလို့ မရဘူးလား မသိဘူးကွာ"လို့ ညည်းရင်း ဘေးက အဖော်ကို ပြောနေတုန်းမှာပဲ
"ဟေ့ရောင် ဟိုမှာ ကြည့်လိုက်စမ်း။ တန်းစီနေတာ တွေ့လား"ဆိုပြီး သူက လက်ညိုးထိုးပြတယ်။

အောင်မလေးဗျာ။ မိုက်နဲ့အော်နေတာ မိနစ်ပိုင်းလေးပဲရှိသေးတယ်။တန်းစီနေတဲ့လူတန်းက အရှည်ကြီးဖြစ်နေပြီ။ တော်တော်လျင်တဲ့ ကောင်တွေပဲလို့ စိတ်ထဲ ကြိမ်ဆဲရင်း တန်းစီဖို့ အမောတကော ပြေးရတယ်။ဒါတောင် ကိုယ့်ရှေ့မှာ လူနှစ်ရာလောက် ကြိုရောက်နေတယ်။ အဲ့ဒီညနေက မိုးချုပ်အထိ တန်းစီပြီး အသုံးအဆောင်တွေ ထုတ်ရတယ်။ တန်းစီရင်း ညောင်းလို့ ထိုင် လိုက်၊ ထလိုက်နဲ့ လုပ်ရတယ်။ ရေဆာတာတောင် သွားမသောက်ရဲဘူး။ကိုယ့်နေရာသူများဦးသွားမှာစိုးရတာကိုး။

အဲ့ဒီညနေက သင်ခန်းစာ အသစ်တစ်ခုရတယ်။

သင်ခန်းစာ ၁ - အချိန်တိုင်း နားကိုစွင့်ထား ၊ အမြန်ဆုံးလှုပ်ရှားနိုင်အောင် လုပ်၊ မဟုတ်ရင် မင်းခံသွားရလိမ့်မယ်...


>>>>> ဆက်ရန်


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>