ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ ဘာလဲ???
ကျွန်မတို့ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်ကြမှာလဲ???
မြန်မာနိုင်ငံရဲ့ ၇၀%သော ကျေးလက်နေ ပြည်သူတွေရဲ့ ဘဝကို မြင့်မားတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Rural Development ဆိုတာကို မဖော်ဆောင်ပေးနိုင်ဘဲ ချေးငွေလေး မဖြစ်စလောက်ထုတ်ပေးနေရုံနဲ့လည်း ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်လို့မရနိုင်သလို ဖွံ့ဖြိုးတိုးတက် ကြီးပွားချမ်းသာတဲ့ ခေတ်မီနိုင်ငံတော်ကြီးကိုလည်း တည်ဆောက်လို့ မရနိုင်ပါဘူး။
ကျွန်မတို့ဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ဆိုရင် Rural Development ဆိုတာကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ပေးရပါမယ်။ အခုလက်ရှိဖြစ်နေတာကတော့ Urban Development ကိုလုပ်မယ်။ တောကလူတွေက တောမှာအဆင်မပြေတော့ မြို့တက်လာပြီး မြို့က စက်ရုံအလုပ်ရုံတွေမှာ ရရာအလုပ်ဝင်လုပ်ကြလိမ့်မယ်။ စက်ရုံအလုပ်ရုံကြီးတွေလည်း ဈေးပေါပေါ လုပ်သားပေါပေါရ၊တောကလူတွေလည်း အလုပ်အကိုင်ရ ဆိုတဲ့ ဖော်မြူ လာလေးနဲ့ သုတေသနမပါတဲ့ တစ်ပွဲတိုးဆေးမြီးတိုတွေနဲ့ ကုသနေကြပါတယ်။
ခက်တာက အဲ့ဒီ Urban Development ဆိုတာကလည်း ဟုတ်ဟုတ်ငြားငြား ဘာမှ ထူထောင်မလာနိုင်သေးတာပါပဲ။ ဒီဆေးမြီးတိုတွေဟာ လူမမာနိုင်ငံကို ပြန်လည်နလံထပြီး ကျန်းမာသန်စွမ်းစေနိုင်ပါ့မလားးး???
ဆိုတာကို မညာတမ်း ပြန်လည်သုံးသပ်စစ်ဆေးကြည့်ကြဖို့ လိုအပ်နေပါပြီ။
ဆိုတာကို မညာတမ်း ပြန်လည်သုံးသပ်စစ်ဆေးကြည့်ကြဖို့ လိုအပ်နေပါပြီ။
ဒီ ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ????
ဆိုတဲ့မေးခွန်းကို ကျွန်မဘယ်သူ့ကိုမှ မမေးချင်ပါဘူး။
ဒါပေမယ့်~~~
ဒါပေမယ့်~~~
ကျွန်မတို့တွေက ဘယ်လိုတာဝန်ယူပြီး ဘာတွေလုပ်ပေးကြမလဲ???
ဆိုတဲ့ မေးခွန်းကိုတော့ မေးပါရစေ။ "လုပ်ပိုင်ခွင့်မရှိလို့ပါ၊ လုပ်ပိုင်ခွင့် အာဏာမရှိလို့ပါ၊ လုပ်ပိုင်ခွင့် ရာထူးမရှိလို့ပါ၊ လုပ်စရာ ပိုက်ဆံမရှိလို့ပါ၊ဘယ်သူကတော့ ဘယ်လိုပါ~~~ "ဆိုတဲ့ ဆင်ခြေစကားတွေကို မပြောကြေးးးး။
ဆင်ခြေတွေ မပါဘဲ ကျွန်မတို့ ဘာလုပ်ပေးကြမလဲ???
ဘာလုပ်ပေးနိုင်မလဲ????
ဆိုတာလောက်ကိုပဲ ပြောကြည့်ကြရအောင်ပါ။
ဆိုတာလောက်ကိုပဲ ပြောကြည့်ကြရအောင်ပါ။
တခါတရံမှာ ကျွန်မဘဝဟာ ပိုက်ဆံကုန် အချိန်ကုန် လူပမ်းခံပြီးးး အရာမထင်တဲ့ ရေပြင်ကို ပန်းချီချယ်သကဲ့သို့သော အလုပ်တွေနဲ့ တူတဲ့ အရာတွေကို ဖက်တွယ်နေရတဲ့ အခါတွေ ရှိခဲ့ပါတယ်။
ဥပမာ - စာတွေပြန်ဖတ်လိုက် up to date အခြေအနေတွေကို သုံးသပ်လိုက်နဲ့ ဆောင်းပါးတစ်ပုဒ်ကို တစ်လလောက် အားထုတ်ပြီး ရေးနေမိတဲ့အခါတွေ၊ ၅လလောက် ယူကလစ်နောက် ကောက်ကောက်ပါအောင် လိုက်ရင်းးး ရေးသားပြီးစီးလက်စသတ်ဖို့ ၃လလောက် ကြာခဲ့ရတာတွေ…… စတဲ့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်တွေကို အာရုံနှစ်လုပ်မိရင်းးးး ဒါတွေကနေ ကျွန်မအနေနဲ့ ဘာတွေပြန်ပြီး ရခဲ့သလဲ??? (ရာထူး၊နေရာ၊ငွေကြေး၊……)လို့ တွေးကြည့်လိုက်တော့ ဘာမှပြန်မရခဲ့ပါဘူးးး လို့ပဲ ဖြေရမှာပါပဲ။
ဥပမာ - စာတွေပြန်ဖတ်လိုက် up to date အခြေအနေတွေကို သုံးသပ်လိုက်နဲ့ ဆောင်းပါးတစ်ပုဒ်ကို တစ်လလောက် အားထုတ်ပြီး ရေးနေမိတဲ့အခါတွေ၊ ၅လလောက် ယူကလစ်နောက် ကောက်ကောက်ပါအောင် လိုက်ရင်းးး ရေးသားပြီးစီးလက်စသတ်ဖို့ ၃လလောက် ကြာခဲ့ရတာတွေ…… စတဲ့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်တွေကို အာရုံနှစ်လုပ်မိရင်းးးး ဒါတွေကနေ ကျွန်မအနေနဲ့ ဘာတွေပြန်ပြီး ရခဲ့သလဲ??? (ရာထူး၊နေရာ၊ငွေကြေး၊……)လို့ တွေးကြည့်လိုက်တော့ ဘာမှပြန်မရခဲ့ပါဘူးးး လို့ပဲ ဖြေရမှာပါပဲ။
ပြန်ရလိုက်တဲ့ အရာအချို့မှာ အထင်ကရလေးကတော့ "ငါ့သမီးလေးက မိသားစု စီးပွားရေးမှာ ဝါသနာမပါဘဲ ယောင်ခြောက်ဆယ်လေး ဖြစ်နေရှာပြီ"ဆိုတဲ့ ဖေဖေ့ရဲ့ ထင်မြင်ယူဆချက် တစ်ခုပါပဲ။ ဖေဖေ ပြောတာတွေကလည်း အမှန်တွေချည်းပါပဲ။ ဒါပေမယ့် ကျွန်မအနေနဲ့ကလည်း ဒီအလုပ်တွေကို မလုပ်ဘဲကို မနေနိုင်တာပါ။ ကျွန်မရဲ့ ဝါသနာအရရော သမိုင်းပေးတာဝန်အဖြစ်ရော မွေးရာပါလာတဲ့ စိတ်ဓါတ်ဗီဇတစ်ခုအရရော ဒီအရာတွေကို မလုပ်ဘဲကို မနေနိုင်ပါဘူးးးး။ ယူကလစ်ဆိုတာ တကယ်တော့ ကျွန်မက ကြားကားဝင်ဆွဲသလို ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတို တစ်ပုဒ်ပါ။ ကျွန်မတို့အဖွဲ့က တကယ်ရေးဆွဲကပြမယ့် ဇာတ်လမ်းရှည်ကြီးက "ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးပါပဲ။"
ကျွန်မရဲ့ ဝါသနာတွေ၊ဗီဇတွေ၊လုပ်ချင်တာတွေအတွက် မိသားစုဟာ အမြဲအဟန့်အတားသဖွယ် တည်ရှိနေတယ်လို့ ထင်မိတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။ သူတို့က အရာရာကို ကြန့်ကြာအောင် ဆွဲထားလေ့ရှိပြီးးး ကျွန်မအနေနဲ့ ဒီအခြေအနေကနေ ရုန်းကန်ဖို့ခက်ခဲလှတယ်လို့လည်း ထင်မြင်မိလေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မဘဝမှာ အခက်အခဲတွေကြုံ လာတိုင်း၊ ရန်သူတွေပေါ်ထွက်လာတိုင်း၊ ပြသနာပုစ္ဆာတွေ ဖြစ်ပေါ်လာတိုင်းးးးး ကျွန်မရဲ့ မိဘတွေဟာ မမြင်ရတဲ့ အနာဂတ်တံတိုင်း အထပ်ထပ်ကို ဥာဏ်ပညာတွေ၊ ဘဝအတွေ့အကြုံတွေနဲ့ ထိုးဖောက်ကြည့်ပေးပြီး အကြံဥာဏ်ကောင်းတွေ၊ လမ်းညွှန်ချက်ကောင်းတွေ ပေးပြီး စောင့်ရှောက်လေ့ရှိသလို ~~ မြင်ရတဲ့ အန္တရာယ်တွေကနေလည်း အမြဲကာကွယ် စောင့်ရှောက်ပေးလေ့ရှိခဲ့ပါတယ်။
ကျွန်မမှာ အစစ အရာရာအတွက် နောက်ကျောလုံအောင် ကာကွယ်စောင့်ရှောက်ပေးတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ရရှိထားတဲ့ ဧရာမ ကံကောင်းမှုကြီးတစ်ခု ရှိတယ်ဆိုတာ သဘောပေါက် လာရတဲ့အခါမှာ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ တားဆီးချုပ်ချယ်မှုတွေ ဆိုတာဟာ ကျွန်မအနေနဲ့ အပြစ်တင်စရာ အပျက်မြင်စရာ မဟုတ်ဘဲ သူတို့လိုပဲ Soft Power သုံးပြီး ဖြေးဖြေးချင်းတိုးရင်း၊ ဖြေထွက်ရင်းးး ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ ရည်ရွယ်ချက်ကို ရအောင်ယူရမယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါးကနေ စပြီး ကျွန်မအနေနဲ့ ဘဝမှာ ထပ်ဆင့်ကံကောင်းခြင်းတစ်ခု ပိုင်ဆိုင်လာခဲ့ရပါတယ်~~ အဲ့ဒါကတော့ ကျွန်မနဲ့ ဝါသနာတူ၊ခံယူချက်တူ၊ စိတ်နေသဘောထားတူပြီး ကျွန်မထက် ပညာအရာမှာ၊ အတွေးအခေါ်အရာမှာ အစစအရာရာမှာ ပိုမိုကြီးမားပြီးးးး ကျွန်မအပေါ် ညီမငယ်တစ်ယောက်လို စောင့်ရှောက် သွန်သင်ပေးတဲ့…… ကျွန်မရဲ့ တစ်ဇောက်ကမ်း တစ်ဇွတ်ထိုး စိတ်ဓါတ်တွေကို ထိန်းသိမ်းဆုံးမပေးတဲ့ အစ်မနှစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ခြင်းပါပဲ။ သူတို့နှစ်ယောက်နဲ့အတူ ကျွန်မဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို လက်တွဲလုပ်ခွင့်ရလာခဲ့သလို ကျွန်မသင်ယူခဲ့တဲ့ ပညာရပ်တွေကိုပါ လက်တွေ့အသုံးချခွင့်တွေကို ရရှိခဲ့ပါတယ်။
အညာဒေသတစ်ခုလုံးမှာ ထန်းပင်တွေ၊ ထန်းတောတွေဟာ မျက်စိတစ်ဆုံးးးး တွေ့မြင်ရတဲ့ ရှု့ခင်းတွေဖြစ်သလို အညာရဲ့ သင်္ကေတ၊မြန်မာရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ကျော်ကြားခဲ့ပြီး မန္တလေးကို ကမ္ဘာကျော်စေခဲ့တဲ့ Rode To Mandalay ဆိုတဲ့ ကဗျာရှည်ကြီးထဲမှာ ဧရာဝတီမြစ်ကြီးနှင့် ထန်းပင်တွေရဲ့ ရှုခင်းတွေကို ထည့်သွင်းရေးဖွဲ့ခဲ့ပါတယ်။
ပုဂံညောင်ဦး၊ ပုပ္ပါးဒေသကို သွားရောက်လည်ပတ်တိုင်း မြင်တွေ့နေရတာက ထန်းတောတွေ၊ထန်းသမားတွေရဲ့ တဲငယ်လေးတွေ၊ ရေရှားပါးမှုတွေ၊ ဆင်းရဲမှုတွေ~~~~
ဒီလိုဆင်းရဲတွင်းနက်နေတဲ့ ငါတို့လူမျိုးတွေကို ငါတို့ မကယ်နိုင်တော့ဘူးလားးးး????
ဆင်းရဲတွင်းက လွတ်အောင် ဆွဲမထုတ်နိုင်တော့ဘူးလားးးးး???
ဆွဲထုတ်လို့ရမယ့်နည်းလမ်း မရှိတော့ဘူးလား???
ငါတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ဒီရေ၊ဒီမြေ၊ဒီလူမျိုးကို တစ်စုံတစ်ရာ လုပ်မပေးနိုင် ဘူးလား????
ဆိုတဲ့အတွေးတွေနှင့် ထိုအတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြသူ ပညာရှင်နှစ်ဦးကတော့ ဒေါက်တာ ကလျာလျူ နှင့် ဒေါက်တာ အေးမြငြိမ်း ပါပဲ။ သူမတို့နှစ်ဦးရဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်တွေမှာ အားတဲ့အခါတိုင်း ကူညီပြီး ဗော်လန်တီယာ လုပ်ပေးနေတဲ့ကျွန်မကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်ဖို့ ဒီသုတေသနလုပ်ငန်းထဲကို အတင်းဆွဲခေါ် လာခဲ့ကြပါတယ်။
ဆိုတဲ့အတွေးတွေနှင့် ထိုအတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြသူ ပညာရှင်နှစ်ဦးကတော့ ဒေါက်တာ ကလျာလျူ နှင့် ဒေါက်တာ အေးမြငြိမ်း ပါပဲ။ သူမတို့နှစ်ဦးရဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်တွေမှာ အားတဲ့အခါတိုင်း ကူညီပြီး ဗော်လန်တီယာ လုပ်ပေးနေတဲ့ကျွန်မကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်ဖို့ ဒီသုတေသနလုပ်ငန်းထဲကို အတင်းဆွဲခေါ် လာခဲ့ကြပါတယ်။
Dr. ကလျာလူ ဟာ မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲတောင်တန်းတွေရှိရာ ဟေမားလီးယား ဒေသကို အချိန်အတန်ကြာသည်အထိ စွန့်စွန့်စားစား အန္တရာယ်တွေကြားကနေ နှစ်ပေါက်အောင် ကိုယ်တိုင် သွားရောက် နေထိုင်ပြီး ကွင်းဆင်းလေ့လာ သုတေသနပြု ပြီး မည်သူတစ်ဦးတစ်ယောက်မှ မရေးသား မသိရှိခံ့တဲ့ အကြောင်းအရာများကို စာတမ်းပေါင်းများစွာ ပြု စုရေးသားခဲ့သူ ဖြစ်ပါတယ်။
Dr.အေးမြငြိမ်းဟာ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့အတွက် သုတေသနစာတမ်းပေါင်းများစွာ ရေးသားပြု စု ခဲ့ပါတယ်။ မြို့ရွာအနှံ့မှာ ရှိတဲ့ ငှက်ပျောမျိုးစိတ်တွေကို ကောက်ယူသုတေသနပြုခဲ့ သူဖြစ်ပြီး လုံခြုံရေးမကောင်းတဲ့ ရွှေတြိဂံဒေသ တောထဲမှာ ပေါက်ရောက်တဲ့ ငှက်ပျောမျိုးစိတ်ငယ်တစ်ခုကလွဲရင် စုံလင်စွာ ပါဝင်အောင် ရှာဖွေပြု စုနိုင်ခဲ့ပါတယ်။ မြန်မာ့ဒေသမျိုးရင်း ငှက်ပျောမျိုးစိတ်တွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေအတွက် တခြားပညာရှင်များက ပြန်လည်ကိုးကားဖို့ အကောင်းဆုံး အထင်ကရ စာတမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။
သူမတို့နှစ်ဦးဟာ အညာဒေသ ထန်းနှင့်ပတ်သတ်ပြီး အတူတကွ လက်တွဲဆောင်ရွက် သုတေသနပြု ခဲ့ကြပါတယ်။ သူတို့ရဲ့ သုတေသနလုပ်ငန်းများ၊ အညာဒေသကို ကယ်တင်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ ကုန်စည်ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ကျွန်မကို နေရာနှင့် ရာထူး တရားဝင်ပေးပြီး အတင်းဆွဲခေါ်ခဲ့ကြပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်တွေက အညာဒေသအတွက်
၁။ အညာဒေသ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး။ ထန်းတောင်သူများဘဝ ချမ်းသာကြွယ်ဝလာရေး။
၂။ အညာဒေသ၏ သဘာဝဂေဟစနစ် မပျက်စီးရေးနှင့် သဲကန္တာရ မဖြစ်အောင်ကာကွယ်ရေး
၃။ ထန်းတောများနှင့် ရိုးရာယဉ်ကျေးမှု ထန်းလုပ်ငန်းများ မပျက်စီးမပျောက်ပျက်စေရေး။ ထန်းတောများ နှင့် မြေနေရာများ ခုတ်ထွင်ရှင်းလင်း ရောင်းချမှုမှ ကာကွယ်နိုင်ရေး ဆိုပြီးးး ရည်ရွယ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီသုတေသန လုပ်ငန်းကြီးအတွက် ကျွန်မတို့သည် မည်သည့်ပုဂ္ဂို လ်ကြီးများ မည်သည့်အဖွဲ့အစည်းများ၏ အကြံပြုချက်၊ ညွှန်ကြားချက်နှင့် ကူညီထောက်ပံ့မှု တစုံတရာမှ မပါဘဲ မိမိတို့မှာ ရှိတဲ့ ပညာ၊စေတနာ၊ဝါသနာနှင့် ငွေကြေးများဖြင့်သာ အချင်းချင်း အပြန်အလှန် တိုင်ပင်ဆွေးနွေးကာ စိုက်ထုတ် လုပ်ကိုင်ခဲ့ကြပါတယ်။
ထန်းလုပ်ငန်းစဉ်မှာ အဓိက ပြဿ နာ ကတော့ အပေါများဆုံးထွက်တဲ့ ထန်းရည်ဟာ တာရှည်အထားမခံခြင်းနှင့် ထန်းထွက်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ပြီး ဈေးကွက်မဖော်ဆောင်နိုင်ခြင်းတွေပါပဲ။ ဒီနေရာမှာ ထန်းနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ ကိစ္စလေးတချို့ကို ပြောပြချင်ပါတယ်။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်မှာ တစ်နိုင်ငံလုံးအနှံ့က လုပ်ငန်းတွေ၊ထုတ်လုပ်မှုတွေ၊ လယ်၊ယာ၊ဥယျာဉ်၊ထန်းတောတွေကို အသေးစိတ် လေ့လာစမ်းစစ်မှတ်သားပြီး အခွန်တော်ကို ကောက်ခံပါတယ်။
ဆက်လက်ဖော်ပြပါမည် ...
နေထက်ထက်အောင်
"ထန်းတက်သမားတို့၏ ဘဝကိုမြှင့်တင်ခြင်းဖြင့် ကျွနုပ်တို့၏ ထန်းတောများကို ထိန်းသိမ်းစောင့်ရှောက် ကြပါစို့။ "