Image may be NSFW.
Clik here to view.
Clik here to view.

ထန်းကို အခွန်ကောက်ရန်အတွက် အင်္ဂလိပ်အစိုးရဟာ စစ်တမ်းကောက်ယူ သုတေသနပြု ကာ Seltlement Report များစွာကို ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံ အနှံ့ ထန်းတောများမှ ထန်းပင်စာရင်းကို အရေအတွက် အတိအကျ ၊အဖိုပင် အမပင် ခွဲခြားပြီး စစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဖိုပင် ဆိုလျှင် အဖိုသင်္ကေတ၊ အမပင်ဆိုလျှင် အမ သင်္ကေတဖြင့် ထန်းပင်ပေါ်တွင် ထုံးဖြင့်ရေးဆွဲ စေခဲ့ပါသည်။ နောက် ၃နှစ်ကြာမှ ထန်းရည်ထွက်မည့် အပင်ဆိုလျှင် သင်္ကေတ ဆိုင်းရဲ့ အောက်မှာ ဘားတစ်ကြောင်း တားခဲ့ပါတယ်။၃နှစ်နေရင် အထွက်လျော့တော့မယ့် အပင်တွေကိုတော့ သင်္ကေတ ဆိုင်းရဲ့ အထက်မှာ ဘားတစ်ကြောင်း တားပါတယ်။ ကမ္ဘာကိုရက်ရက်စက်စက်သိမ်းပိုက်ပြီး စနစ်တကျ သေချာပြင်ဆင်ပြီး အုပ်ချုပ်စီမံခန့်ခွဲ တတ်တဲ့ အင်္ဂလိပ်တွေရဲ့ ပညာရပ်နှင့် အသိဥာဏ်ကိုတော့ တကယ်ကို အသိအမှတ်ပြု ချီးကျူးမိပါတယ်(အမေကျော် ဒွေးတော်လွမ်းချင်း မဟုတ်ပါ။)
သို့သော်~~ ထိုသို့ သုတေသနပြု ရင်း ထန်းတက်သမားတို့၏ ဘဝမှာ အသက်စွန့်၍ ဆောင်ရွက်ရသောလုပ်ငန်း ဖြစ်ပြီး လုပ်ငန်းမှာလည်း အလွန်မှ ပင်ပမ်းဆင်းရဲကြောင်း ထန်းလျှက်သည်လည်း ဈေးကောင်းမရကြကြောင်းးးး စသည်တို့ကိုသိရှိသွားကာ လေ့လာသော အင်္ဂလိပ် ပညာရှင်တို့သည် ထန်းနှင့် ထန်းထွက်ကုန်ပစ္စည်းမျာကို အခွန်တော်ကောက်ယူမှု မပြု ဘဲ ညှာတာမှု ပေးသင့်ကြောင်း အင်္ဂလိပ် အစိုးရထံ တင်ပြပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကိုလိုနီခေတ်မှစ၍ ထန်းနှင့် ထန်းထွက်ပစ္စည်းများကို အခွန်ကောက်ယူမှု မပြုခဲ့ပါဘူး။
၂၀၁၂ ခုနှစ်အတွင်း ကျွန်မတို့ရဲ့ စာရင်းကောက်ယူမှုအရ ပုဂံညောင်ဦး - ကျောက်ပန်းတောင်း တစ်ဝိုက်မှာ ထန်းပင်ပေါင်း ၅သန်းနီးပါး ရှိနေပါတယ်။ ကျောက်ပန်းတောင်း ညောင်ဦး နှင့် ပုပ္ပါးတစ်ဝိုက်မှာ ပိုမိုတွေ့ရှိရပါတယ်။
ပုပ္ပါးတောင်မကြီးနှင့် ထန်းပင်တွေ ရှိနေတာကြောင့် အပူပိုင်းမိုးနည်းအညာဒေသဟာ သဲကန္တာရ ဖြစ်နိုင်တဲ့ အခြေအနေဆိုးကနေ လျော့ပါးခဲ့ရတာပါ။ ထန်းပင်တွေဟာ မြန်မာနိုင်ငံ ပုဂံရဲ့ Traditional Landscap ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက တည်ရှိနေပြီဖြစ်တဲ့ Typical Tradition တစ်ခုလည်းဖြစ်ပါတယ်။
ပုပ္ပါးတောင်မကြီးနှင့် ထန်းပင်တွေ ရှိနေတာကြောင့် အပူပိုင်းမိုးနည်းအညာဒေသဟာ သဲကန္တာရ ဖြစ်နိုင်တဲ့ အခြေအနေဆိုးကနေ လျော့ပါးခဲ့ရတာပါ။ ထန်းပင်တွေဟာ မြန်မာနိုင်ငံ ပုဂံရဲ့ Traditional Landscap ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက တည်ရှိနေပြီဖြစ်တဲ့ Typical Tradition တစ်ခုလည်းဖြစ်ပါတယ်။
ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ ဖြစ်တဲ့ ဘုရားကျောင်းကန်များ အလှူ ပေးခြင်း၊ အမွေခွဲဝေခြင်း စတာတွေဟာ ထန်းနဲ့သက်ဆိုင်နေပြီး အညာဒေသ မြန်မာတို့ရဲ့ Customary Law ဟာလည်း ထန်းကို အခြေပြု နေပါတယ်။အညာဒေသရဲ့ ဒေသရိုးရာနည်းပညာ ဖြစ်တဲ့ Indigenous Technology or Indigenous Knowledge ဟာ ထန်းနဲ့ပတ်သတ်ပြီး မြောက်များစွာ တည်ရှိနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကထန်းဟာ ဒေသရဲ့ ဂေဟစနစ်နဲ့ အလွန်အင်မတန်မှ ကိုက်ညီတဲ့ အပူပိုင်းဒေသအတွက် သဘာဝက ပေးအပ်ထားတဲ့ အထူးလက်ဆောင်ကြီး (Ecological niche - Based) လည်း ဖြစ်ပါတယ်။ မြန်မာ့အညာဒေသထန်းရဲ့ သကြားဓါတ်ပါဝင်မှု ဟာ ၁၅% - ၁၆% ရှိပြီး ယနေ့အချိန်ထိ ထန်းထွက် နိုင်ငံများထဲမှာ သကြားဓါတ်ပါဝင်မှု အမြင့်ဆုံးလည်း ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ထန်းရည်အခါးကို အခါးအတိုင်း၊ အချိုကို အချို အတိုင်း အရသာမပျက်ဘဲ တာရှည် အထားခံအောင် နည်းလမ်းမျိုးစုံသုံးပြီး စမ်းသပ်ကြည့်ကြရပါတယ်။ ပြီးရင် အသုံးပြု တဲ့ နည်းစနစ်နှင့်တကွ ရက်စွဲထိုးပြီး ရာဝင်အိုးကြီးတွေပေါ်မှာ မှတ်သားရပါတယ်။ တစ်ပါတ် တစ်ခါ ဖွင့်ကြည့်ပြီး အရသာပြောင်းမပြောင်း၊ အချဉ်ပေါက်ပြီး ပျက်မပျက် စသည်တို့ကို စက်ပစ္စည်း အကူအညီမပါဘဲ လက်လုပ်နှင့်သာ ဆောင်ရွက်ခဲ့ရပါတယ်။
ဘယ်နည်းစနစ်နဲ့ အိုးက ၃လ အထားခံတယ်၊ ဘယ်စနစ်က ၅လခံတယ် စသဖြင့် လပေါက် နှစ်ပေါက် စောင့်ကြည့်ကြရပါတယ်။ ထန်းဟာ အလွန်အသန့်ကြိုက်ပါတယ်။ ယိစ် ပေါက်ဖွားနှုန်း အလွန်မြင့်ပါတယ်။ တစ်နေရာက ထန်းရည်နဲ့ နောက်တစ်နေရာက ထန်းရည်မှာတောင် ပေါက်ဖွားတဲ့ ယိစ်မျိုးစိတ် အနည်းငယ် ကွဲပါတယ်။ ဒီတော့ ဘာမျိုးစိတ်လည်းဆိုတာ တစ်ချက်စောင့်ကြည့်ပြီးမှ နည်းလမ်းကို စဉ်းစားရတာမျိုးပါ။
ကျွန်မတို့ရဲ့ ရိုးရာစားစရာတွေဟာ အဖွင့်အပိတ် နည်းလမ်းတွေ၊ချုပ်တဲ့ နည်းလမ်းတွေနှင့် စီမံထားလေ့ရှိတယ် ဆိုတာကို သိတဲ့သူ အလွန်နည်းပါးပါတယ်။ ဥပမာ - မုန့်ဟင်းခါး ဆိုရင် ပဲနှင့် ချက်ပါတယ်။ကုလားပဲကြောင့် အခန့်မသင့်ရင် ဝမ်းလျောစေပါတယ်။ ဒီတော့ အပိတ်သဘော/ ချုပ်တဲ့သဘောနဲ့ ငှက်ပျောအူကို ပြန်ထည့်ပါတယ်။ ငှက်ပျောအူဟာ ဝမ်းချုပ်စေပါတယ်။ သဘာဝကို သဘာဝဖြစ် အချင်းချင်း ပြန်လည်ထိန်းချုပ်မှုတွေကို အခြေခံပြီး ထန်းနှင့် ထန်းတန်ဖိုးမြှင့်(Value Added) ထုတ်ကုန်တွေကို ထုတ်လုပ်ခဲ့ပါတယ်။
ထန်းရည် အချို နှင့် ထန်းရည်အခါး ဟာ မူလအရသာမပျက် ယခုဆိုလျှင် ၆လ အထားခံပါပြီ။
ထန်းသီးနုများကို စည်သွပ်ခြင်း၊
ထန်းသီးဂျယ်လီ၊
ထန်း ဆနွင်းမကင်း၊
ထန်းရေခဲမုန့်၊
ထန်းကိတ်မုန့်၊
ထန်းသီးမှည့်ခရင်မ်၊
ထန်းသီးယို၊
ထန်းမလိုင်…… အစရှိတဲ့ တန်ဖိုးမြှင့် စားသောက်ကုန်တွေကိုပါ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဒီလို ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေအတွက် ဒေသခံ ထန်းမိသားစု ၁၆၅ စုကို သင်တန်းတွေပို့ချ လေ့ကျင့် သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းစဉ် ကာလမှာလည်း အရသာ ပြောင်းလဲမှုနှင့် အယ်လကိုဟော ပါဝင်မှု အတိုးအလျော့ အခြေအနေတွေကိုပါ အချိန်အကြာကြီး ပေးပြီး စောင့်ကြည့်ခဲ့ရပါတယ်။
ထန်းသီးဂျယ်လီ၊
ထန်း ဆနွင်းမကင်း၊
ထန်းရေခဲမုန့်၊
ထန်းကိတ်မုန့်၊
ထန်းသီးမှည့်ခရင်မ်၊
ထန်းသီးယို၊
ထန်းမလိုင်…… အစရှိတဲ့ တန်ဖိုးမြှင့် စားသောက်ကုန်တွေကိုပါ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဒီလို ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေအတွက် ဒေသခံ ထန်းမိသားစု ၁၆၅ စုကို သင်တန်းတွေပို့ချ လေ့ကျင့် သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းစဉ် ကာလမှာလည်း အရသာ ပြောင်းလဲမှုနှင့် အယ်လကိုဟော ပါဝင်မှု အတိုးအလျော့ အခြေအနေတွေကိုပါ အချိန်အကြာကြီး ပေးပြီး စောင့်ကြည့်ခဲ့ရပါတယ်။
ထန်းရည်အချို/အခါးကို ၁နှစ်အထားခံဖို့ ထုတ်လုပ်တဲ့ စက်ပစ္စည်း အပါအဝင် ကျွန်မတို့ဟာ value added ထန်းထွက်ကုန် ပစ္စည်းတွေကို အမြောက်အများနဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အတွက် သိန်း၅၀၀ နှင့် ၁၀၀၀ကြား လိုအပ်နေခဲ့ပါတယ်။ ကျွန်မတို့ဘက်က ဆက်သွယ်အကူအညီတောင်းခဲ့ရသူ ငွေကြေးတတ်နိုင်မည့် အင်အားစုများသည် နည်းပညာကိုသာ လိုချင်ကြပြီး ကိုယ်တိုင်သာလျှင် အင်နှင့်အားနှင့် ထုတ်လုပ်ချင်သူများ ဖြစ်နေကြပါသည်။
ထိုသို့ ဓနရှင်များက အင်အားစိုက်ထုတ်ပြီး အလုံးအရင်းထုတ်လုပ်တော့မည် ဆိုလျှင် ထန်းတောတွေကို
၁။ အလုံးအရင်း ဈေးကောင်းပေးဝယ်ကြတော့မည်။
၂။ ထန်းတောင်သူများက မြေကို ဈေးကောင်းရ၍ လွယ်လွယ်ရောင်းချကြတော့မည်။
၃။ငွေကုန်လျှင် ထန်းစက်ရုံများ၌ တစ်သက်လုံး ဝန်ထမ်းပြန်လုပ်ကြရတော့မည်။
၎။ ကိုယ်ပိုင် ထန်းတောနှင့် ယာနှင့် ရှင်ပြု အလှူပေးဖို့ ချမ်းသာဖို့ အိပ်မက်ပင် မမက်တတ်အောင် ဖြစ်သွားနိုင်ကြပါသည်။
၅။ ထန်းတောများအားလုံး အုတ်တံတိုင်းခတ်ခံရပြီး အညာရဲ့ Landscape အနေအထားများ ပြောင်းလဲသွားပါမည်။
၁။ အလုံးအရင်း ဈေးကောင်းပေးဝယ်ကြတော့မည်။
၂။ ထန်းတောင်သူများက မြေကို ဈေးကောင်းရ၍ လွယ်လွယ်ရောင်းချကြတော့မည်။
၃။ငွေကုန်လျှင် ထန်းစက်ရုံများ၌ တစ်သက်လုံး ဝန်ထမ်းပြန်လုပ်ကြရတော့မည်။
၎။ ကိုယ်ပိုင် ထန်းတောနှင့် ယာနှင့် ရှင်ပြု အလှူပေးဖို့ ချမ်းသာဖို့ အိပ်မက်ပင် မမက်တတ်အောင် ဖြစ်သွားနိုင်ကြပါသည်။
၅။ ထန်းတောများအားလုံး အုတ်တံတိုင်းခတ်ခံရပြီး အညာရဲ့ Landscape အနေအထားများ ပြောင်းလဲသွားပါမည်။
ကျွန်မတို့၏ ရည်ရွယ်ချက်မှာ ထန်းတောင်သူများထံမှ ထန်းထွက်ပစ္စည်းများကို ဝယ်ယူကာ ကုန်ထုတ်လုပ်မှုကို ပြုလုပ်ခြင်းဖြင့် ထန်းတောပိုင်ရှင် အညာသားများကို Trade ဆိုသည့် ရောင်းဝယ်ဖောက်ကားခွင့် ပေးလိုခြင်း ဖြစ်ပါသည်။ ယခုအညာတွင် ထန်းတက်မည့် လူငယ်များမရှိတော့ပါ။ အသက် ၅၀ဝန်းကျင်များက ထန်းတက်နေကြပါသည်။ လူငယ်များမှာ မလေးရှား၊ယိုးဒယား၊အင်ဒိုနီးရှား တို့တွက် ကြုံရာကျပန်း ရရာအလုပ်များ သွားရောက် လုပ်ကိုင်နေကြနေပါသည်။
ကျွန်မတို့၏ စီမံကိန်းကို ရှင်းလင်းတင်ပြ သင်တန်းပေးစဉ်က ထန်းတောင်သူများသည် "ဆရာမတို့ မြန်မြန် လုပ်ဆောင်ပေးကြပါ။ ကျွန်တော်/ကျွန်မတို့ ဆီက ထွက်သမျှ ထန်းရည်ကိုသာ ဝယ်မယ်ဆိုရင် ထန်းပင်တွေလည်း ခုတ်မရောင်းတော့ဘူး။ သားသမီးတွေကိုလည်း နိုင်ငံခြားက ပြန်ခေါ်ပြီး ထန်းတက်ခိုင်းပါ့မယ်~~သူများနိုင်ငံမှာ ဆင်းရဲပင်ပမ်းစွာ ငွေရှာရတာထက် မနက်တစ်ပိုင်း ထန်းတက် ထန်းရည်ရောင်းပြီး စားဝတ်နေရေး ပြေလည်မယ်ဆိုရင် ဒီမှာပြန်လာပြီး ပျော်ပျော်ကြီး ထန်းတက်ချင်ကြတာပေါ့ "တဲ့။
ဒါနဲ့ကျွန်မတို့ ထန်းတောင်သူတွေ ပါဝင်တဲ့ သမဝါယမလေး ဖွဲ့စည်းခဲ့ပါတယ်။ EC ကော်မတီ နှင့် နာယက စာရင်းမှာပါ ဒေသခံ တောင်သူတွေကို ထည့်သွင်းဖွဲ့စည်းခဲ့ကြပါတယ်။ ကျွန်မတို့ကို ဒေသခံ မြေပိုင်ရှင်တစ်ဦးက သူ့မြေကို အခမဲ့ အသုံးပြု ခွင့် ပေးထားပါတယ်။ ဤလုပ်ငန်းစဉ်အတွက် ခရီးစားရိတ် အဆင့်ဆင့် စားသောက်ရေးစားရိတ် အပါအဝင် တစိကိုယ်ရည်သုံး ကုန်ကျစားရိတ်များကို မိမိတို့ ကိုယ်ပိုင်ငွေဖြင့်သာ စိုက်ထုတ်အကုန်ကျခံခဲ့ပါသည်။ ဒေသခံများက ကျွေးမွေးဧည့်ခံသည့် အခါများလည်း ရှိပါသည်။ ကျောက်ပန်းတောင်းမှ အစ်မကြီးဆန်း တို့သည် ကျွန်မတို့ကို သူတို့အိမ်၌ မိသားစုသဖွယ် လုံခြုံ စွာစောင့်ရှောက် တည်းခိုခွင့် အမြဲပေးပါသည်။
ကျွန်မတို့ရဲ့ ထန်းစားသောက်ကုန် မုန့်မျိုးစုံကို ဒေသထွက် လက်ဆောင်အဖြစ် ခရီးသွားပြည်သူတွေထံ ရောင်းချနိုင်ဖို့နှင့် အမြောက်အများ ထုတ်လုပ်နိုင်ဖို့အတွက် အရင်းအနှီးက ကြီးလွန်းနေပါတယ်(ကျွန်မတို့ အဖွဲ့ငယ်လေး အတွက်)။
ဒီတော့ ဟိုဌာန ဒီဌာနများက ချေးငွေပေးမယ် အသံကြားတိုင်း အပြေးတောင်းပြီး လျှောက်ထားခဲ့ပေမယ့် ခုထိ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကမှ မချေးပေးခဲ့ပါဘူး။ ဒါပေမယ့် လုပ်ငန်းကိုတော့ အလွန်စိတ်ဝင်စားကြပြီး ကိုယ်တိုင်ဒါမျိုး ထုတ်နိုင်မလား ဆိုပြီးတော့ပဲ လာရောက်လေ့လာပြီး ပြန်သွားကြလေ့ ရှိပါတယ်။
ဒီတော့ ဟိုဌာန ဒီဌာနများက ချေးငွေပေးမယ် အသံကြားတိုင်း အပြေးတောင်းပြီး လျှောက်ထားခဲ့ပေမယ့် ခုထိ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကမှ မချေးပေးခဲ့ပါဘူး။ ဒါပေမယ့် လုပ်ငန်းကိုတော့ အလွန်စိတ်ဝင်စားကြပြီး ကိုယ်တိုင်ဒါမျိုး ထုတ်နိုင်မလား ဆိုပြီးတော့ပဲ လာရောက်လေ့လာပြီး ပြန်သွားကြလေ့ ရှိပါတယ်။
ကျွန်မကလည်း စိတ်က လက်တဆစ်သာ ရှိတော့ ဒီအခြေအနေမျိုး ခဏခဏ ဖြစ်လာတော့ သဘောမကျတော့ပါဘူး။ ဒါနဲ့ အစ်မနှစ်ယောက်ကို ဂျီကျပြီး ပေါက်ကရ အကြံဥာဏ်တွေ ပေးပါတယ်။ အထူးသဖြင့် "ဘယ်သူ့မှ အားကိုးမနေနဲ့တော့၊ မျက်နှာငယ်ခံပြီး ဘယ်အဖွဲ့စည်းမှ သွားပြီး ချေးငွေရဖို့ ဟိုရှင်းပြရ ဒီရှင်းပြရတွေ မလုပ်ကြနဲ့တော့။ ဘယ်သူ့မှလည်း သွားပြီး မဖိတ်ခေါ် နဲ့တော့။ ကျွန်တော်တို့ အောင်မြင်ကြီးပွားမှ ပိုက်ဆံထုတ်နဲ့ အင့်ခနဲ ပေါက်ဖို့သာ ဖိတ်ကြတော့။"ဆိုသည့် ကျွန်မရဲ့ လူမိုက်ဓါတ်ခံ စကားတွေကို ရယ်မောနားထောင် ပေးကြပြီးးးးး
"အဲ့ဒီလို မာချင်ရင် မာနိုင်အောင် တို့ဘက်က လုပ်ကြရမယ်။ ဘာလုပ်နိုင်မလဲ???? ဘယ်လိုလုပ်ကြမလဲ??? အဲ့ဒါ ညီမလေးစဉ်းစားရမယ်။ ဘာမှ အိုင်ဒီယာ မရှိဘဲ ကိုယ်က သွားမာလို့ မရဘူးလေ"ဆိုပြီး လေပြေအေးနှင့် ဆုံးမလေ့ရှိသူက ဒေါက်တာအေးမြငြိမ်းပါ။ အစ်မနှစ်ယောက်မှာ ဒေါက်တာအေးမြငြိမ်းက ကျွန်မရဲ့ စိတ်အားထက်သန်မှုတွေ၊ စိတ်ကြီးမှုတွေကို မမှားသင့်တာ မမှားရအောင် လေပြေအေးနဲ့ တရားချသတိပေးလေ့ရှိပြီး ဒေါက်တာကလျာ ကတော့ နည်းမှန်လမ်းမှန်ဖြင့် ချသာချဖို့ လမ်းကြောင်းမမှားဖို့ အားပေးလေ့ အကြံပေးလေ့ ရှိပါတယ်။
နောက်ဆုံးတော့ ထန်းထွက်ကုန်ပစ္စည်း အမယ်စုံကို နည်းနည်းစီ ထုတ်လုပ်နေမှု ရပ်ပစ်ပြီး တာရှည်အထားအခံဆုံး ထန်းဝိုင်ကိုသာ အမြောက်အများ ထုတ်လုပ်ဖို့နှင့် ဈေးကွက်တင်ရောင်းချဖို့ အကြံပေးချက်ကို သဘောတူခဲ့ကြပါတယ်။ ကျွန်မကို သိပ်မပြောပြတော့ဘဲ ချေးငွေရရေးကိုလည်း သူတို့ဘာ သူတို့ အသာအယာ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ကျွန်မက အစ်မနှစ်ယောက်ကို ခင်တွယ်လေးစားရတာ အဲ့လိုအချက်တွေကြောင့်ပါပဲ။ သူတို့က တစ်ဖက်သားအပေါ် အပြစ်မြင် အပြစ်တင်စိတ် နည်းပါးကြပြီး ဘာကိစ္စ ပေါ်ပေါ် တာဝန်ယူတတ်တဲ့ စိတ်ဓါတ်နဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုပြီးပဲ စဉ်းစားလေ့ရှိသလို သည်းခံနိုင်မှုဇွဲလည်း ကြီးလှပါတယ်။
သူမတို့ နှစ်ယောက်ရဲ့ အကောင်းဆုံးနဲ့ အလှဆုံးအရာက မနာလိုစိတ် လုံးဝမရှိတတ်ကြပဲ မုဒိတာစိတ် မြင့်မားမှု ပါပဲ။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ ညီအစ်မရင်းချာများကဲ့သို့ နှစ်အတန်ကြာ ရပ်တည်ပြီး လုပ်ငန်းစဉ်များစွာကို အတူတကွ လုပ်ကိုင်နေနိုင်ကြခြင်းပါပဲ။ ကျွန်မအစ်မတွေက ကျွန်မကို အငယ် လို့မြင်ပြီး အရာရာမှာ ညှာပေးပေမယ့် တိုင်ပင် နှီးနှော စဉ်းစားလုပ်ဆောင်ရာမှာ သူတို့နှင့် လယ်ဗယ်တူထားပြီး နေရာပေး ဆက်ဆံကြပါတယ်။ အဲ့ဒါတွေကြောင့် ကျွန်မက အစ်မနှစ်ယောက်နှင့် ခရီးသွားရတိုင်း အလုပ်တွဲလုပ်ရတိုင်း အများကြီး စိတ်ချမ်းသာ ပျှော်ရွှင်လေ့ရှိပြီး ကိုယ်ပိုင် အလုပ်၊ ကိုယ်ပိုင်ဘဝက စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု တွေပါ ပျောက်ကွယ်လျော့ပါးလေ့ ရှိပါတယ်။ တချိန်မှာ အစ်မတွေရဲ့ ပရဟိတ စီးပွားရေးမှာ ခြေစုံပစ်ဝင် ကူညီပေးဖို့လည်း ဆုံးဖြတ်ထားပါတယ်။ တစ်ချိန်ဆိုတာ အဝေးကြီး မဟုတ်ပါဘူးးး နောက် ၃ နှစ် သို့မဟုတ် ၅ နှစ်လောက်ပါ။
ကျွန်မတို့ရဲ့ ထန်းရည်ဝိုင်ကို ကြည်အောင်လို့ သစ်ခေါက်တစ်မျိုးကို အသုံးပြု ထားပါတယ်။ ဒါပေမယ့်လည်း ကြာလာလျှင် အောက်ခြေမှာ အနည်ထိုင်ပါတယ်။ ဒီအတွက် ပြည်တွင်းပြည်ပ ဖျော်ရည် အချိုရည်များတွင် ထည့်သွင်း အသုံးပြုလေ့ရှိသော စားသောက်ကုန် လုပ်ငန်းသုံး အရောင်ကြည်ဆေးမှုန့် တစ်မျိုးကို ထည့်သွင်းသုံးစွဲဖို့ စဉ်းစားခဲ့ပါတယ်။ သို့သော် တတ်နိုင်သမျှ ဓါတုဆေးဝါး မသုံးစွဲဘဲ ရှောင်လွှဲချင်တဲ့အတွက် မထည့်သွင်းခဲ့ပါဘူး။ ဒါ့ကြောင့် ထန်းဝိုင်ဟာ အောက်ခြေမှာ အနည်ကျမှု ရှိနေပါတယ်။
မည်သို့ပင် အခက်အခဲ ရှိပါစေ ကျွန်မတို့ဟာ ခိုင်မာတဲ့ ဈေးကွက်တစ်ခု ဖော်ဆောင်ပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့ ကြိုးစားသွားပါမယ်လို့ ပြောပါရစေ။ ကျွန်မရဲ့ အပိုင်း၁ကို ဖတ်ရှု့ပြီး ပထမဆုံး ဈေးဦးပေါက် ၁၂လုံးပါ ထန်းရည်ဝိုင် တစ်ဖါကို မှာယူအားပေးသွားတဲ့ ကိုဇော်လွှမ်းအောင်နှင့် မိသားစု ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
နေထက်ထက်အောင်