အပိုင်း (၅) မှာ ဗကပနဲ့ ၈၈ အရေး အခင်းကို ပြီးပြတ်အောင်ရေး လိုပေမယ့် အတန်သင့် လိပ်ပတ်လည် စေလိုတဲ့အတွက် တစ်ပိုင်းထပ်တိုးခဲ့ တာကို သည်းခံဖတ်ပေးစေလိုပါတယ်။ အဲဒီလို ယူဂျီ စစ်ဆင်ရေးတွေအရ ဗကပတွေ အထိနာခဲ့တာ အမှန်ဘဲ။ တပိုင်းကလည်း ထိုအနာကို ယူဂျီ နည်းလမ်းအရ တုံ့ပြန်ခဲ့ရာမှာ ဆိုရှယ် လစ်အစိုးရအပေါ်မှာ ပြန်လည် သက် ရောက်မှု ရှိပါတယ်။ ပညာတတ်တွေ၊ အလားအလာ ရှိတဲ့ အရာရှိတွေ၊ အစိုးရ ရဲ့ အားနည်းချက်တွေကို ထောက်ပြ တတ်တဲ့သူတွေကို သူတို့ အာဏာ တည်ဖို့ မတရားဖမ်းဆီး အရေးယူခဲ့ တယ် ဆိုတဲ့ အသံတွေ ထွက်လာခဲ့တာ ကလည်း ယူဂျီနည်းလမ်းရဲ့ တုံ့ပြန်မှု လို့ ဆိုရပါမယ်။
ဒီနေရာမှာ ယူဂျီ နည်းလမ်းရဲ့ အဓိက ဆောင်ရွက်ချက်ကို ရှင်းပြလိုပါ တယ်။ မြေအောက် တော်လှန်ရေးရဲ့ အဓိက နည်းလမ်းက အမှောက် လုပ်ငန်း (subversion) ပါ။ အစိုးရ တစ်ရပ်ကိုသော်လည်းကောင်း၊ စနစ် ကိုသော်လည်းကောင်း ပျက်စီးသွား စေရန် လျှို့ဝှက်ဆောင်ရွက်ခြင်း လုပ် ငန်းကို အမှောက်လုပ်ငန်းလို့ ခေါ်ပါ တယ်။ subversion ကို အင်္ဂလိပ်လို Secret activities that are intended to damage or destroy the power or influence of a government or established system လို့ ဆိုထားပါတယ်။ ဒီလုပ်ငန်းအောင်မြင် ဖို့ အဓိက လက်နက်တွေဟာ ဝါဒဖြန့်ချိ ခြင်း (Propaganda) နဲ့ လှုံ့ဆော်ခြင်း (Agitation) ပါ။ Propaganda လူထု ဆက်သွယ်ရေး နည်းလမ်းကို အသုံးချ ပြီး ပစ်မှတ်နယ်မြေမှာရှိတဲ့ လူထုကို စည်းရုံး သိမ်းသွင်းခြင်းပါ။ Agitation က တော်တော်နက်နဲပြီး လူထုအင်အား ကို သုံးမှသာ ရပါတယ်။ လူထု လူတန်းစားအလွှာ အသီးသီးထဲကို ကိုယ့်လူတွေထည့်ပြီး တီးတိုးဝါဒ ဖြန့် ခြင်းနဲ့ ကောလာဟလ သတင်းလွှင့် ထုတ်ခြင်းတွေကတဆင့် လူထုအုံကြွမှု ပေါ်ပေါက်လာအောင် တစ်ဆင့်ပြီး တစ်ဆင့် ဖန်တီး ဆောင်ရွက်ခြင်းဘဲ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေဟာ နှစ်ရှည်လများ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ သာမန် လူတွေသိနိုင်တဲ့ ကိစ္စလည်း မဟုတ် ပါဘူး။ ၈၈ အရေးအခင်းအပြီး နောက် ပိုင်း သတင်းစာ ရှင်းလင်းပွဲတွေမှာ ရှင်းပြခဲ့ပေမယ့် ထိထိရောက်ရောက် ယုံကြည်မှု မရှိခဲ့တာလည်း တွေ့ရပါ တယ်။ ဒါတွေကို ဗကပ ပေါလစ်ဗျူရို အစည်းအဝေးမှတ်တမ်းတွေ၊ အစီရင် ခံစာတွေကို လေ့လာကြည့်ရင် တစ် စိတ်တစ်ဒေသ တွေ့ရမှာပါ။
အဲဒီ ယူဂျီ ဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး ဗကပတွေ အထိနာခဲ့ တာနဲ့ ပတ်သက်ပြီး ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် နေ့စွဲနဲ့ ဗကပ ပေါလစ်ဗျူရိုကို တင်ပြတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှ တစ် တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်ရေးသို့ ခေါင်းစဉ်ပါ။ အထွေထွေအတွင်းရေး မှူး (ယာယီ) ၏ နိုင်ငံရေး အစီရင်ခံစာ မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ထိုအစီရင်ခံစာ စာမျက်နှာ ၄၄ မှာ ဒီအရေးတော်ပုံကြီး (၈၈ အရေးအခင်း) ပေါက်ကွဲလာစေဖို့ ကျွန်တော်တို့ ပါတီ ဟာ အစောကြီးကတည်းက အား ထုတ် လုံးပန်းခဲ့ပါတယ်။ ပါတီရဲ့သားကောင်း သမီးကောင်း အမြောက်အမြားကို ပေးလှူခဲ့ပါတယ်။ အရေးတော်ပုံ အစ အလယ် အဆုံး တိုက်ပွဲစဉ်များမှာ လည်း စွန့်လွှတ်စွန့်စားပြီး ပါဝင်ခဲ့ ပါတယ်လို့ ဖော်ပြထားတာ တွေ့ရပါ တယ်။
၁၉၈ဝ ပြည့်နှစ် ပြည်တွင်း ငြိမ်း ချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပျက်ပြီး နောက်မှာ တစ်တိုင်းပြည်လုံးသို့ အဆို ပြုမှု အသစ်အဖြစ် မဆလ တစ်ပါတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပါတီစုံ ဒီမိုကရေစီကို ချီတက်ရမည် ဟု ဗကပက အဆိုပြုခဲ့ပါတယ်။ ဗကပ ရဲ့ အစီရင်ခံစာတိုင်းကို ကြည့်ရင် သူတို့တွေသာ ပြည်သူကို ကိုယ်စားပြု သူတွေ၊ သူတို့နဲ့ ပြည်သူဟာ တသား တည်း ရှိနေကြတယ်လို့ သုံးနှုန်းကြ တာကို တွေ့ရမှာပါ။
ဗကပအနေနဲ့ မူလရည်ရွယ်ချက် ကို စွန့်လွှတ်ပြီး ပါတီစုံကို ချီတက်ချင် တာ မဟုတ်ပါဘူး။ ခေတ် စနစ်ပြောင်းလဲ လာချိန်မှာ ဆိုရှယ်လစ် အစိုးရပြုတ်ကျ ပြီး ပါတီစုံဒီမိုကရေစီစနစ် အကောင် အထည် ပေါ်လာပြီဆိုရင် မြို့ပေါ်ကို ပြန်လာပြီး တရားဝင်ပါတီအဖြစ် ရပ် တည် လိုတာပါ။ ၁၉၉၄ အစီရင်ခံစာ မရေးမီ ၁၉၈၉ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၂ ခုနှစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် နဝတ အစိုးရဆီကို နိုင်ငံရေး ဆွေးနွေးရန် ဗကပက ဆက်သွယ် ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့သော် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
၁၉၈၇ ခုနှစ် အရေးအခင်းနဲ့ ပတ် သက်ပြီး ဗကပက လူထုအုံကြွမှုကြီး အထိ ဖြစ်မလာတာကို ရှေ့ဆောင် လှုပ်ရှားမည့် ခေါင်းဆောင် မရှိလို့၊ ဘာသာရေး ကိုင်းရှိုင်းတဲ့ လူထုဖြစ်ပြီး သည်းခံစိတ် မြင့်လွန်းလို့ ဖြစ်မလာတာ လို့ သုံးသပ်ကြပါတယ်။
အဲဒီအချိန်ကစပြီး ဗကပတွေက မကြာခင်မှာ လူထုအုံကြွမှုကြီး ဖြစ်ရ မယ်လို့ ရည်မှန်းချက်ထား ပြင်ဆင်နေ ခဲ့ကြပြီ ဖြစ်ပါတယ်။ ကြီးမားတဲ့ လူထု အုံကြွမှုကြီး ဖြစ်စေဖို့ ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကို ရွေးချယ်ခဲ့ပါတယ်။ ဗကပ ဗိုလ်မှူး ချုပ် ကျော်ဇောက ဒေါ်ခင်ကြည်ထံ စာရေးခဲ့ပြီး ထိုစာကို ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ သမက်၊ ဗိုလ်မှူးချုပ် ကျော်ဇော တောခိုရာတွင် အတူ လိုက်ပါခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောရဲ့ ခင်ပွန်း ဦးသက်ခိုင်က တောထဲက ယူလာပြီး ဗိုလ်မှူးချုပ် ကျော်ဇောရဲ့သမီး စီးပွားရေး တက္က သိုလ်မှ နည်းပြဆရာမ ဒေါ်စန်းကျော် ဇောဆီကတစ်ဆင့် ဒေါ်ခင်ကြည်ကို ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်ခင် ကြည်ဟာ မမာမကျန်းဖြစ်ပြီး အိပ်ယာ ထဲမှာ လဲနေပါပြီ။ ထိုအချိန်ဟာ ဖုန်းမော် သေဆုံးပြီး အရေးအခင်းရဲ့ အစဦးကာလလို့ ဆိုရမှာပါ။ ဧပြီလ ၂ ရက်နေ့မှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး ကြောင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါ တယ်။ အဲဒီမှာ ယူဂျီတွေက ဒေါ်ခင် ကြည်အစား ဒေါ်အောင်ဆန်းစုကြည် ကို သုံးလို့ရမရ ပြန်လည်သတင်း ပို့ခဲ့ ရာမှ သုံးလို့ရတယ်လို့ အဖြေပေးခဲ့တာ ကို သတင်းမှတ်တမ်းတွေ၊ စစ်ကြော ချက် မှတ်တမ်းတွေအရ သိရှိခဲ့ရပါ တယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေးလောကထဲကို ဝင်လာ တဲ့ နေ့က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူနဲ့ ဦးထွေးမြင့် ပူးတွဲပြီး ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်း ဖျင်းအားဖြင့် ထိုကြေညာချက်မှာပါ တာက နိုင်ငံတော်ကို အကြံပြုမည့် အတိုင်ပင်ခံအဖွဲ့ကို သူတို့ နှစ်ယောက် ဦးဆောင်ဖွဲ့စည်းမည် ဖြစ်ကြောင်းနဲ့ နိုင်ငံရေးနှင့် ပတ်သက်၍ Guide Line ပေးမည့် အဖွဲ့ဖြစ်ကြောင်း ဖော်ပြထား တာကို တွေ့ရပါတယ်။ အဲဒီ ဦးထွေးမြင့် ဟာ ဗကပ အမာခံပါတီဝင် ဖြစ်ပါတယ်။ ဖဆပလခေတ်မှာ ဗကပနဲ့ ဆက်သွယ် လှုပ်ရှားခဲ့တဲ့အတွက် ထောင်ကျခဲ့ဖူးပါ တယ်။ ဦးထွေးမြင့်ကို ထောက်လှမ်း ရေးက ခုနစ်ရက်ခန့် ခေါ်ယူ ထိန်းသိမ်း ထားခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဘေးကို အကြံပေးအဖြစ် ရောက်သွား သူက ဗကပရဲ့ ဗဟိုစည်းရုံရေး ကော် မတီအဖွဲ့ဝင်ဟောင်း ယူဂျီ တာဝန်ခံ သခင်တင်မြ ပဲဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ ကွန်မြူနစ်မဟုတ် သလို နောက်ပိုင်းမှာ ကွန်မြူနစ်များနဲ့ ဝေးကွာလာတာကိုတော့ သတိထားမိ ပါတယ်။
၂ဝဝ၉ ခုနှစ်၊ မတ်လမှာ ဗကပ အထွေထွေအတွင်းရေးမှူးရဲ့ ကျွန် တော်တို့ ဘာလိုခဲ့ကြသလဲ။ ရှေ့မှာ ဘာဆက်လုပ်ကြမလဲ အစီရင်ခံစာမှာ တက်ြ<ွကလှုပ်ရှားသူတွေကို စုဆောင်း ထားရှိပြီး အခါအခွင့်ကောင်း ပေါ်တဲ့ အခါ ထုတ်သုံးနိုင်ရပါမယ်။ ၁၉၈၈ မတိုင်မီကဆိုရင် မြို့ပေါ်မှာ မြေ အောက် U/G အဖြစ်၊ တောထဲမှာ ပြည်သူ့လက်နက်ကိုင်အဖြစ် စုစည်း ထားနိုင်ခဲ့ပါတယ်။ တက်ြ<ွကလှုပ်ရှား သူတွေ ဆိုတာကလည်း များသော အားဖြင့် ကျောင်းသားတွေပါ။ ပညာ တတ်တွေပါ။ အလုပ်သမား၊ လယ် သမားတွေပါ။ အလွှာစုံပါတယ်။ ဒါ ကြောင့်ပဲ အခွင့်အခါ ကောင်းပေါ်လာ ရင်လိုအပ်တဲ့ ဒေသ၊ ကျောင်း၊အလုပ်ရုံ စက်ရုံက တိုက်ရိုက်လွှတ်ပြီး တိုက်ပွဲမှာ ပါဝင်စေနိုင်ပါတယ်။ ၁၉၈၈ မတိုင်မီ ကလည်း လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရပါတယ်။ ထောင်ကလွတ် လာတော့ အစမ်းသပ်ခံပြီးတဲ့ ကြံ့ခိုင် တဲ့ ကေဒါကောင်းတွေ ဖြစ်သွားလေ့ ရှိပါတယ်။ နှစ်၂ဝ အတွင်းမှာ ဗကပက ၁၉၈၈ ခုနှစ် တစ်နှစ်ထဲမှာပဲ ချမှတ်ထား တဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်ကို လုပ်ဆောင်ခွင့် ရခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာ ဗကပရဲ့ လက်နက်ကိုင် တိုက်ပွဲကျဆုံးပါတယ်လို့ ဖော်ပြထား တာ တွေ့ရပါတယ်။
၈၈ အရေးအခင်းဟာ ဗကပရဲ့ ပယောဂ မကင်းသလို ဆိုရှယ်လစ် အစိုးရရဲ့ အားနည်းချက်တွေကြောင့် အစိုးရနဲ့ စနစ် အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုနဲ့ ကျောင်း သားလူငယ်တွေရဲ ဆောင်ရွက်ချက် လည်းပါတယ်လို့ဘဲ ပြောရမယ် ထင် ပါတယ်။
(ဆက်လက်ဖော်ပြပါမည်) …
ဝင်းနိုင်သောင်း
http://www.thetradetimesmedia.com/?p=16844 မှကူးယူဖော်ပြပါသည်။