ဒီမိုကရေစီနည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးရဲ့ အဓိက အကျဆုံး ဝိသေသလက္ခဏာက Civilian Control ဆိုတဲ့ အရပ်ဘက် က စစ်ဘက်ကို ထိန်းကျောင်းနိုင်မှုပဲ။ (ထိန်းချုပ်ဆိုတဲ့ ဝေါဟာရထက် ထိန်းကျောင်းဆိုတဲ့ ဝေါဟာရက ပို သင့်တော်မယ်လို့ ယူဆပါတယ်) ဒါပေမယ့် အဲဒီထိန်းကျောင်း နိုင်မှုနဲ့ ပတ်သက်ပြီး သဘောအယူ တွေ ကွဲပြားကြသလို အမြင်တွေက လည်း အမျိုးမျိုးအပြားပြားပါပဲ။
ဘယ်လို ထိန်းကျောင်းမှာလဲ၊ ဘယ် လောက်အတိုင်းအတာအထိ ထိန်း ကျောင်းမလဲ စတဲ့ မေးခွန်းတွေက ဒီပညာရပ်နယ်ပယ်မှာ အခုထိမေး နေ၊ ငြင်းခုန်နေရတဲ့ ကိစ္စပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာ ရှင်တွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အငြင်း အခုန်လေးတစ်ခုကို အခုစာမှာ နည်း နည်းလောက် တင်ပြချင်ပါတယ်။
David Pion-Berlin ဆိုတဲ့ ပညာရှင်က လက်တင်အမေရိက နိုင်ငံတွေက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လေ့လာပြီး စာတမ်း တစ်စောင်ရေးပါတယ်။ “Political Management of the Military in Latin America” ဆိုတဲ့ စာတမ်းပါ။
အဲဒီစာတမ်းမှာ သူက ”လက် တင်အမေရိကမှာ စစ်တပ်ကို ထိန်း ကျောင်းဖို့ တာဝန်ရှိကြတဲ့ အရပ် ဘက် နိုင်ငံရေးသမားတွေက စစ် ဘက်ဆိုင်ရာ အကြောင်းခြင်းရာတွေ နဲ့ ပတ်သက်ပြီး အသိအမြင်ပိုင်း အားနည်းကြတယ်။ အရပ်သား နိုင်ငံရေးသမားတွေအနေနဲ့ စစ်တပ် အကြောင်း ဂဃနဏ သိဖို့က မလွယ် ဘူးကိုး။ ဒါကိုအချက်အလက်ပိုင်း ဆိုင်ရာ ချို့တဲ့ခြင်း (Information Deficit) လို့ ခေါ်ပါတယ်။ သူ့အလို အရတော့ ဒီအားနည်းချက်တွေက အရေးတော့ မကြီးလှဘူး။ ဧတဒဂ် ရတဲ့အထိ တတ်ကျွမ်းဖို့ထက် မူဝါဒ ရေးရာကိုင်ထားတဲ့ အရပ်သားနိုင်ငံ ရေးသမားတွေက စစ်တပ်ကို ဘယ် လိုစီမံခန့်ခွဲမလဲ ဆိုတာကိုပဲ သိနား လည်ဖို့ လိုအပ်တယ်”လို့ သူက ဆိုပါတယ်။
ဒါပေမယ့် သူ့အဆိုကို Thomas Bruneau တို့လို ပညာရှင်တွေက ပြန်ငြင်းဆိုကြပါတယ်။ သူတို့က နိုင်ငံ ရေးသမားတွေအနေနဲ့ စစ်တပ်ကို ထိန်းကျောင်းဖို့လောက်ပဲ သိရုံနဲ့ မလုံလောက်ဘူးလို့ ပြန်ချေပတယ်။ Bruneau က ”Civil-Military Relations in Latin America: the Hedgehog and the Foxes Revisited” ဆိုတဲ့ ဆောင်းပါးနဲ့ ငြင်းဆိုချေပခဲ့တာပါ။
အဲဒီဆောင်းပါးမှာ သူက ”ခေတ် သစ်နိုင်ငံတွေရဲ့ လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေက များမြောင်ထွေပြားလာတယ်။ အဲဒီ အတွက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနယ်ပယ်ရဲ့ ဖွင့်ဆိုချက် ကို ချဲ့ထွင်ဖို့ လိုအပ်လာတယ်။ အစဉ် အလာဖွင့်ဆိုနေကြတဲ့ အရပ်ဘက် က စစ်ဘက်ကို ထိန်းကျောင်းနိုင်မှု ဆိုတာနဲ့ မလုံလောက်တော့ဘူး” လို့ ထောက်ပြတယ်။
သူကတော့ ”အရပ်ဘက်-စစ် ဘက်ဆက်ဆံရေးကို ထောက်တိုင် သုံးခုနဲ့ ပြန်ဖွင့်ဆိုတယ်။
(၁) အရပ်ဘက်နိုင်ငံရေးသမား တွေအနေနဲ့ စစ်တပ်ကို ဒီမိုကရေစီ နည်းကျ ထိန်းကျောင်းနိုင်မှု (Democratic CivilianControl over Military)
(၂) နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ထိရောက်မှု စွမ်းရည်ပြည့်ဝထက် မြက်မှု (Effectiveness in carrying out roles and missions)
(၃) အရင်းအမြစ်တွေကို စီမံ ခန့်ခွဲသုံးစွဲတဲ့ နေရာမှာ တွင်ကျယ်စွာ သုံးစွဲတတ်မှု (Efficiency in use of resources) ဆိုတဲ့ ထောက်တိုင် သုံးခုပါပဲ။
(၂) နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ထိရောက်မှု စွမ်းရည်ပြည့်ဝထက် မြက်မှု (Effectiveness in carrying out roles and missions)
(၃) အရင်းအမြစ်တွေကို စီမံ ခန့်ခွဲသုံးစွဲတဲ့ နေရာမှာ တွင်ကျယ်စွာ သုံးစွဲတတ်မှု (Efficiency in use of resources) ဆိုတဲ့ ထောက်တိုင် သုံးခုပါပဲ။
ဒီထောက်တိုင် သုံးခုကို ပြည့်ဝ အောင် ဖော်ဆောင်နိုင်မှ လုံခြုံရေး ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေက စွမ်း ရည် ပြည့်ဝထက်မြက်မှာ ဖြစ်တယ်။
ဒီတော့ ဒီထောက်တိုင် သုံးခုခိုင်မာဖို့ အတွက်ဆိုရင် စစ်တပ်ကို ထိန်း ကျောင်းမယ်လို့ဆိုတဲ့ အရပ်ဘက် နိုင်ငံရေးသမားတွေက စစ်ဘက်ရေး ရာကိစ္စတွေနဲ့ပတ်သက်ပြီး ခရေစေ့ တွင်းကျမသိနိုင်ရင်တောင်မှ အတိုင်း အတာတစ်ခုအထိ သိမြင်နားလည် ဖို့ လိုအပ်တယ်လို့ Bruneau က ဆိုခဲ့ပါတယ်။
နောက်ပြီး သူက ကိုလံဘီယာ၊ နီကရာဂွာ၊ အီကွေဒေါစတဲ့ နိုင်ငံတွေ မှာ အရပ်ဘက်နိုင်ငံရေးသမားတွေ ရဲ့ စစ်ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အသိအမြင် အားနည်းတာကြောင့် စစ်တပ်ရဲ့ အချို့အဖွဲ့တွေက အရပ် ဘက်ရဲ့ ထိန်းကျောင်းမှုကို ပြန်လည် စိန်ခေါ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သာဓက ထုတ်ပြခဲ့ပါတယ်။
ကျွန်တော်ကတော့ Thomas Bruneau ကို သဘောကျသလို ဒီမိုကရေစီ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထူထောင်ရာမှာ သူပြောတဲ့အဆိုက အတော်လေး ကျိုးကြောင်းဆီလျော်တဲ့အတွက် သူ့အယူအဆကို ထောက်ခံတဲ့သူပါ။ ရှင်းပါတယ်။ အရပ်ဘက်နိုင်ငံရေး သမားတွေအနေနဲ့ စစ်ရေးဆိုင်ရာ အသိအမြင်အားနည်းရင် စစ်တပ်ကို ဘယ်လိုသွားပြီး ထိန်းကျောင်းနိုင် မလဲ။ ထိန်းကျောင်းနိုင်ရင်တောင်မှ ဘယ်လိုမျိုး စွမ်းရည်ထက်မြက်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး စနစ်တစ်ရပ်ကို ထူထောင်တည် ဆောက်နိုင်ပါ့မလဲ။
အထူးသဖြင့် ကျွန်တော်တို့လို စစ်အာဏာရှင်စနစ်က အသွင်ကူး ပြောင်းပြီး ဒီမိုကရေစီနည်းကျ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပုံစံပြန်တည်ဆောက်ရမယ့် နိုင်ငံမျိုး မှာ အရပ်ဘက်နိုင်ငံရေးသမားတွေ ရဲ့ စွမ်းရည်က ပိုမိုလိုအပ်ပါတယ်။ အရင်ခေတ်ကာလတစ်လျှောက်လုံး စစ်တပ်နဲ့ ပတ်သက်တာမှန်သမျှကို အရပ်သားတွေအနေနဲ့ သိခွင့်နည်းခဲ့ ကြတော့ အခုအချိန်မှာ အရပ်ဘက် နိုင်ငံရေးသမားတွေအနေနဲ့ စစ်ဘက် ရေးရာတွေကို ပိုမိုစိတ်ဝင်စား လေ့ လာကြဖို့လည်း လိုအပ်တယ်လို့ မြင်ပါတယ်။
လက်ရှိအခြေအနေနဲ့ ကိုက်ညီ မယ်လို့ ယူဆတဲ့အတွက် ဒီစာကို ရေးပါတယ်။ ဘက်ညီမျှတတဲ့ ဒီမိုကရေစီနည်းကျ အရပ်ဘက်-စစ် ဘက်ဆက်ဆံရေး တည်ဆောက်နိုင် တဲ့ အရပ်ဘက်၊ စစ်ဘက်ခေါင်း ဆောင်တွေ ပေါ်ထွက်နိုင်ပါစေ။
ကိုရဲ