Image may be NSFW.
Clik here to view.
Clik here to view.

၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး စစ်ရေးတည်ဆောက်လာသော မြန်မာ့တပ်မတော်သည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်ပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ခိုက်နိုင်ပြီဟု စစ်ရေးလေ့လာသူများ သုံးသပ်ခဲ့ကြသည်။ သို့သော် လောက်ကိုင်ဒေသ ကိုးကန့်စစ်ပွဲတွင် တပ်မတော်ဘက်မှ အကျအဆုံးများလာခြင်းကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
ဓာတ်ပုံ- သက်ဦးမောင်
ဓာတ်ပုံ- သက်ဦးမောင်
တပ်မတော်သည် ဘယ်တော့ စစ်တန်းလျားသို့ ပြန်နိုင်မည်နည်း။
ဤအမေးအတွက် ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်း ပြုလုပ် ခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် ဘီဘီ စီသတင်းဌာန၏ အင်တာဗျူးတွင် တပ်မတော်သည် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်ဦး မည်ဟု ဖြေကြားခဲ့သည်။ အဓိပ္ပာယ် က တပ်မတော်သည် စစ်တန်းလျား သို့ မပြန်နိုင်သေးဟူသည့် အဖြေပင် ဖြစ်သည်။
အဘယ်ကြောင့် စစ်တန်းလျား သို့ မပြန်နိုင်သေးသနည်း။ မပြန်နိုင်ရ သည့် အကြောင်းရင်းများက မည်သို့ နည်း။
အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေးအရကြည့်လျှင် မြန်မာ့နိုင်ငံရေး အခြေအနေသည် စစ်ဘက်-စစ် ဘက်ဆက်ဆံရေးအခြေအနေတွင် သာ ရှိနေသေးသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးညွန့်ဝင်းက အားမနာတမ်း သုံးသပ်သည်။
”ဒီလွှတ်တော်ဟာ စစ်တပ်က လာတဲ့ လွှတ်တော်လို့ ပြောလို့ ရတယ်။ အစိုးရအဖွဲ့ကို ကြည့်ရင် လည်း ရာနှုန်းပြည့်နီးပါး စစ်တပ် အစိုးရလို့ ပြောလို့ရသေးတယ်။ သို့ သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော့ ပါဝါခွဲဝေမှုလေးတွေ ရှိလာ တယ်။ အခြေခံ အထိုင်အရတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပုံစံပေါက်သွားပေမယ့် အနှစ်သာရ အပိုင်းမှာတော့ စစ်ဘက်-အရပ် ဘက် ဖြစ်မလာသေးဘူး။ အရပ်ဘက် ဆိုတာကတော့ ဘာမှပြောပလောက် တဲ့အနေအထား မဟုတ်သေးဘူး” ဟု ပြောသည်။
အစိုးရသစ်လက်ထက် အရပ် ဘက်-စစ်ဘက် ဆက်ဆံရေးအရ ကြည့်လျှင် အားရကျေနပ်ဖွယ်မရှိ သည့်တိုင် စစ်ရေးတည်ဆောက်မှု အပိုင်းတွင်မူ ပရော်ဖက်ရှင်နယ် ပိုမို ဆန်လာသည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ”အခု တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် လက်ထက်မှာကျတော့ ပြောင်းလဲ လာတဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေအရ နိုင်ငံတကာ တပ်မတော်တွေနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်တယ်။ အခုလို ဆောင် ရွက်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့ ပရော်ဖက်ရှင်နယ် စစ်တပ်အဖြစ်ကို ပြောင်းရွှေ့ဖို့ကို ပိုပြီးတော့ ပြည့်ဝလာ တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
တပ်မတော်နှင့် ပတ်သက်လျှင် ကျေနပ်အားရသည် မဟုတ်သည့် တိုင် သတိထားမိစေသော လုပ်ရပ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံမေးမြန်းမှုကို စိတ်ပါလက်ပါ လက်ခံတွေ့ဆုံ ဖြေကြားခြင်းပင် ဖြစ် သည်။
”လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အင်တာဗျူးလုပ်လာတာကို သဘော ကျတယ်။ သူ့မှာ ပွင့်လင်းမြင်သာ ချင်တဲ့အခြေအနေတွေလည်း တွေ့ရ တယ်”ဟု ချင်းအမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
Image may be NSFW.
Clik here to view.
Clik here to view.

လွတ်လပ်ရေးနေ့အခမ်းအနား ဗိုလ်ရှုသဘင်တွင် တပ်မတော်(ရေ) စစ်ရေးပြတပ်ခွဲ စစ်ရေးပြနေစဉ်။ ဓာတ်ပုံ- သက်ဦးမောင်
တပ်ချုပ်၏ ပြည်တွင်းပြည်ပ မီဒီယာများနှင့် အင်တာဗျူး လက်ခံ တွေ့ဆုံမှုက နိုင်ငံရေးသမားများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများ အတွက် ကြိုဆိုရမည့်အချက်ဖြစ်သကဲ့ သို့ မီဒီယာကို ကောင်းစွာကိုင်တွယ် အသုံးချလာသည်ဟု ရှုမြင်ကြသည် များလည်း ရှိသည်။
တပ်မတော်ကို အကဲဖြတ်ရာ၌ နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော် ပါဝင်မှု၊ စီးပွားရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်မှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တပ်မတော်၏ ပါဝင်မှုတို့ သည် မရှိမဖြစ် အကဲဖြတ်ရလေ့လာ ရသည့် အခန်းကဏ္ဍသုံးခုဖြစ်နေ သည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ သံခိပ်တစ်ခုပင်ဖြစ် သည်။
ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့ သော မီဒီယာများနှင့် တပ်ချုပ်၏ တွေ့ဆုံအင်တာဗျူးတစ်ခုတွင် လာ မည့် သုံးနှစ်မှ ငါးနှစ်အတွင်း တပ်ပိုင် စီးပွားရေးလုပ်ငန်းအုပ်စုကို အများပိုင် အဖြစ် ပြုပြင်ပြောင်းလဲမည်ဟု ဖြေကြားခဲ့ဖူးသည်။ ဤအချက်သည် စီးပွားရေး အခန်းကဏ္ဍတွင် တပ်မတော်၏ ပါဝင်မှုကို လျော့ကျရန် လမ်းစတစ်ခုပင် ဖြစ်သည်။
လောက်ကိုင်ဒေသအတွင်း ကိုး ကန့်စစ်မီးလျှံနေသည့်တိုင် ကေအိုင် အိုအဖွဲ့ နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများ ရှိသည့်တိုင် ငြိမ်းချမ်းရေးအပေါ် တပ်မတော်၏ ချဉ်းကပ်မှု များစွာ တိုးတက်လာကြောင်း NCCT ၏ ထိပ်တန်းခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
”အရင်နဲ့ လုံးဝမတူဘူး။ ခြောက် ကြိမ်မြောက် (ငြိမ်းချမ်းရေးဆွေးနွေး ပွဲ) တုန်းနဲ့စာရင် အမြင်တွေက အများကြီး ကွာလာတယ်။ တပ်နဲ့ အစိုးရပိုင်းဆိုတာလည်း အမြင်တွေ အများကြီး နီးစပ်တယ်လို့တော့ မြင် တယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တပ်မတော်၏ချဉ်းကပ်မှု၊ ဆွေးနွေး တင်ပြမှုများသည် ယခင်က အခြေ အနေထက် အဆပေါင်းများစွာ ကွာ ခြားသွားသည့်တိုင် အပစ်အခတ်ရပ် စဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကလည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတို့အပေါ်တွင် မူတည်နေပြန် သည်။
Image may be NSFW.
Clik here to view.
Clik here to view.

တပ်မတော်၏ တိုးတက်ပြောင်းလဲမှုတစ်ခုမှာ အမျိုးသမီးဗိုလ်လောင်းများကို ခေါ်ယူခြင်းဖြစ်သည်။ ဓာတ်ပုံ- သက်ဦးမောင်
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလနှောင်း ပိုင်းနှင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလပိုင်း တို့တွင် တပ်မတော်နှင့် ကေအိုင်အေ ကြားဖြစ်ပွားသည့် တိုက်ပွဲများ ရပ် တန့်ရန် သမ္မတက ပြောကြားခဲ့သော် လည်း ယခုထိတိုင် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲသံက မစဲနိုင်သေး။
”သမ္မတဦးသိန်းစိန်က သူပြော ချင်၊ သူဖြစ်ချင်တာတွေကို ပြောခွင့်၊ပြောနိုင်ပေမယ့် တကယ်တမ်း အပစ် ရပ်ဖို့ တပ်မတော်ကို အမိန့်ပေးနိုင် တဲ့သူက တပ်ချုပ်ပဲ”ဟု မြန်မာ့ အရေးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဘားတင်းလင့်တနာက The Trade Times ၏ မေးမြန်းချက်ကို ဤသို့ ဖြေကြားခဲ့သည်။
သို့ရာတွင် တပ်ချုပ်သည် ငြိမ်း ချမ်းရေးကို လိုချင်ကြောင်းကို မီဒီယာ များနှင့် လက်ခံတွေ့ဆုံမှုများတွင် မကြာခဏ ဖြေကြားလေ့ရှိသည်။
”ကျွန်တော့အမြင်အရတော့ တပ်ချုပ်ကလည်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တာပေါ့နော်။ သူနဲ့ လည်း သွားပြီးတော့ စကားပြောတာ ရှိတောပေါ့။ ဒါပေမယ့် နှစ်ဖက်စလုံး မှာက မယုံသင်္ကာတွေ ရှိနေတော့ ဘယ်လို အလုပ်စလုပ်ရမှာလဲဆိုတာ ကိုတော့ အဖြေရှာနေဆဲပဲ။ သူလည်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်။
တိုင်းပြည်တိုးတက်တာကိုလည်း လိုချင်တယ်။ အခြေအနေတွေ ပိုပြီး ဆိုးရွားသွားမှာကိုလည်း တစ်ဖက် က စိုးရိမ်တာတွေလည်း ရှိတာပေါ့” ဟု တပ်ချုပ်နှင့် ငြိမ်းချမ်းရေးကိစ္စရပ် များကို သွားရောက်ဆွေးနွေးခဲ့သူ များတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသား တပ်ဦး၏ တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဒေါက်တာရွှေခါးက ပြော သည်။
သတ္တမကြိမ်မြောက် ငြိမ်းချမ်း ရေးဆွေးနွေးပွဲသည် ယခင် ခြောက် ကြိမ်မြောက်ဆွေးနွေးပွဲနှင့် များစွာ ကွာခြားသွားသည်အထိ တိုးတက် လာသည်ဟု ပြောသော်လည်း လာမည့် သုံးနှစ်မှ ငါးနှစ်အထိ တပ်ပိုင် စီးပွားရေးလုပ်ငန်းအုပ်စုကို အများ ပိုင်အဖြစ်ပြောင်းလဲမည်ဟု တပ်ချုပ် ကိုယ်တိုင် ပြောကြားခဲ့ဖူးသော်လည်း ယခု မြန်မာ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအခြေအနေသည် အားရ ကျေနပ်ဖွယ်ကောင်းသည့် အဆင့် ကို မရောက်သေးဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးညွန့်ဝင်းက ပြောသည်။
”စစ်တပ်ဟာ တိုင်းပြည်ရဲ့ နိုင်ငံ ရေးမှာ ဆက်လက်ပါဝင်မယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်မယ်။ သို့သော်လည်း အတိုင်းအတာတစ်ခု အထိ စီမံကိန်းနဲ့ပဲ ခြေလှမ်းတစ်လှမ်း ဆုတ်တယ်။ သူတို့က လုံးဝ ဆုတ်သွား တာ မဟုတ်ဘူး။ သူတို့မှာ အခိုင်အမာ ယူထားပြီးသားပဲ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်တယ်ဆိုတဲ့နေရာမှာ အရေးမကြီးတဲ့အပိုင်းတွေကို သူတို့ ပြင်ကောင်းပြင်နိုင်လိမ့်မယ်။ အရေး ကြီးတဲ့အပိုင်းတွေကိုတော့ ပေးပြင်မှာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းရခြင်းက သူတို့အတွက် သူတို့ပြဋ္ဌာန်းတာလေ”ဟု ၎င်းက ဆက်လက်ပြောသည်။
Image may be NSFW.
Clik here to view.![တပ်မတော်သည် နိုင်ငံရေးစင်မြင့်မှ စစ်တန်းလျားသို့ပြန်သွားရေးသည် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်နိုင်သည်ဟု အများစုက သုံးသပ်ကြသည်။ ဓာတ်ပုံ- သက်ဦးမောင်]()
Clik here to view.

တပ်မတော်သည် နိုင်ငံရေးစင်မြင့်မှ စစ်တန်းလျားသို့ပြန်သွားရေးသည် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်နိုင်သည်ဟု အများစုက သုံးသပ်ကြသည်။ ဓာတ်ပုံ- သက်ဦးမောင်
သို့သော် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တပ်မတော် သည် လိုအပ်သည်ထက် နိုင်ငံရေး တပ်ဦးမကျွံဟု သုံးသပ်ချက်များ လည်း ရှိသည်။ နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦးဖြစ်သူက ¤င်း၏ ဆောင်းပါးတစ်ခုတွင် တပ်မတော် သည် အနေအထိုင်တတ်လွန်းသည် ဟုပင် ရေးသားဖော်ပြခဲ့ဖူးသည်။
”တပ်မတော်က အုပ်ချုပ်ရေး အာဏာနဲ့ သီးခြားကင်းလွတ်တဲ့ တပ်မတော်ဖြစ်အောင် အုပ်ချုပ်ရေး အာဏာနဲ့ ကင်းနိုင်သလောက် နေခဲ့ တယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်ပိုင်းဆိုင်ရာမှာ ရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်တွေ လွှတ်တော်ထဲမှာ ရောက်နေတာကလွဲလို့ အုပ်ချုပ်ရေး ကိစ္စတွေမှာ ဝင်ပြီး စွက်ဖက်တာကို မတွေ့ ရဘူး”ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော် မင်းဆွေက အရပ်သားအစိုးရသစ် လက်ထက် လေးနှစ်တာကာလအတွင်း တပ်မတော်အပေါ် ထားရှိသည့် ၎င်း အမြင်ကို ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် စစ်တန်းလျားသို့ ပြန်ရောက်နိုင်ရေး သို့မဟုတ် အရပ်ဘက် အုပ်ချုပ် အောက်သို့ စစ်တပ်ပြန်လည်ရောက် ရှိရေးအတွက် နှောင့်နှေးနေရသည့် အကြောင်းရင်းများက အကြောင်း ရင်း ခိုင်ခိုင်လုံလုံ ရှိနေသည်။
”အရေးကြီးဆုံးအချက်က တပ် မတော်ရဲ့ Intellectual ပဲ။ တပ်မတော် ရဲ့ Intellectual မြင့်မားလာရင်၊ လူတွေကို သေနတ်နဲ့ မအုပ်ချုပ်ဘဲ နှလုံးသားနဲ့ အုပ်ချုပ်မှ အုပ်ချုပ်မှု အစစ်ဖြစ်တယ်လို့ သဘောပေါက်လာ ရင် အရပ်ဘက် အုပ်ချုပ်မှုအောက်ကို တပ်မတော် ရောက်သွားပါလိမ့်မယ်” ဟု Gender and Development Initiative-Myanmar \ Executive Director ဆလိုင်းအိုက်ဇက်ခင်က သုံးသပ်ပြောကြားသည်။
”ဒီမိုကရေစီ အထိုင်ကျတဲ့ အချိန်မှာ တပ်မတော်က သူ့ဟာသူ အစီအစဉ်ရှိပြီးသားလို့ ထင်ပါတယ်။
နောက်မျှော်မှန်းတာကတော့ ၂ဝ၂ဝ နောက်ပိုင်းမှာ တပ်မတော်ရဲ့အဓိက အလုပ်တစ်ခုကို အပီအပြင် သွားရ မယ့်အနေအထားတွေ သိသိသာသာ မြင်လာရမယ့် အချိန်ကျရင် ဖြစ်လာ မယ်လို့ ကျွန်တော်ထင်တယ်။ တပ် မတော်မှာ ရှေ့ဆက်သွားရမယ့်လမ်း ကြောင်းကို သူ့ဟာသူ ပြင်ထားပြီး သားလို့ ထင်တယ်။ ကျွန်တော်ယူဆ တာက ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်း မှာ သိသိသာသာ (စစ်တန်းလျားကို ပြန်မည့်ခြေလှမ်း) ခြေလှမ်းတွေ မြင် လာရမယ်လို့ ထင်ပါတယ်” ဟု ဦးကျော်မင်းဆွေက ပြောသည်။
တပ်မတော်အနေဖြင့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းသည် လုံခြုံ စိတ်ချရသည်ဟု မယူဆမချင်း၊ တပ်မတော်၏ စိုးရိမ်ပူပန်မှုကို မလျှော့ ချနိုင်မချင်း၊ ငြိမ်းချမ်းရေးကို မတည် ဆောက်နိုင်မချင်း၊လူထုလှုပ်ရှားမှုများ တွင် အနှစ်သာရအားဖြင့် တည်ငြိမ်မှု မသက်မဝင်နိုင်သမျှ ကာလပတ်လုံး စစ်တပ်သည် စစ်တန်းလျားသို့ ပြန်ရန် အခက်အခဲများ ရှိနေဦးမည်ဖြစ်သည် ဟု လေ့လာသူများက ဆိုကြသည်။
နိုင်ငံရေးရင့်ကျက်မှုနှင့် စစ်တန်း လျား ပြန်ဖို့အရေးသည် အညမည ဆက်စပ်နေသော်လည်း တပ်ဆုတ်ခွာ ရေး roadmap အတွက် timeframe သည် မရှိသေး။
နိုင်ငံရေးသတင်းအဖွဲ့
http://www.thetradetimesmedia.com/?p=13027 မှ ကူးယူဖော်ပြပါသည်။