■ ဆလိုင်းဝုမ်ဇပြောင်အနေနဲ့ ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကို ဝင်မပြိုင်ဘဲနဲ့ ဘာလို့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် စေခဲ့တဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ကျွန်တော် လေ့လာဆည်းပူးခဲ့ တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်တွေကို အသက်အရွယ်ကောင်းတုန်းမှာ ချင်း ပြည်နယ်အတွက် စွမ်းစွမ်းတမံ လုပ် ပေးချင်လို့ ပြည်နယ်လွှတ်တော်ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အား ကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီလို အချိန်၊ ဒီလိုအသက်အရွယ်မှာ ချင်း ပြည်နယ်အတွက် အများကြီးလုပ် ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။
နောက် ကျွန်တော်တို့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရေတိုအတွက် မဟုတ်ဘူး။ ရေရှည်ကို မျှော်မှန်းပြီး လုပ်တာ။ ပထမငါးနှစ် ဘာလုပ် မယ်၊ ဒုတိယငါးနှစ်မှာ ဘာလုပ် မယ်၊ တတိယငါးနှစ်မှာ ဘာလုပ် မယ်၊ ဘာမှ မလုပ်နိုင်တော့မယ့် စတုတ္ထငါးနှစ်မှာ နိုင်ငံရေးမျိုးဆက် သစ်တွေကို ဘယ်လို ပျိုးထောင် လက်ဆင့်ကမ်းမလဲဆိုတဲ့အထိကို မျှော်မှန်းပြီး သွားမှာဖြစ်တယ်။
တကယ်လို့ ချင်းပြည်နယ်လွှတ် တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားရင် ချင်းပြည်နယ်ရဲ့ အုပ်ချုပ် ရေးယန္တရား၊ ဥပဒေပြုရေးယန္တရား တွေနဲ့ပတ်သက်လို့ အတွင်းကျကျ၊ ခရေစေ့တွင်းကျ သိလာမယ်။ အဲဒီ ငါးနှစ်အတွေ့အကြုံတွေကို အဆီ အနှစ်ထုတ်ယူပြီး ဒုတိယသက်တမ်း မှာ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျွန်တော့ရဲ့ နိုင်ငံရေးခရီးရှည် ချီတက်ပွဲကို ဆက်လက်လျှောက်လှမ်း ဖို့ ရေရှည်အစီအမံ ရှိတယ်။
အခု ချင်းပြည်နယ်လွှတ်တော် ကို ဦးတည်ပြီး ဝင်တာက ပြည်ထောင် စုလွှတ်တော်ကို သွားဖို့အတွက် ပထမခြေလှမ်းပါ။ အားကောင်း မောင်းသန်ဖြစ်နေတဲ့အချိန်မှာ ချင်း ပြည်နယ်အတွက် စွမ်းစွမ်းတမံ လုပ် ပြီး ဒုတိယမြောက်သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်မှာ မူဝါဒ ချမှတ်တာ၊ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အတွက် အခုလို ချင်းပြည်နယ်လွှတ် တော်အဖြစ် ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်တာပါ။
■ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဖြစ်သွားရင် ချင်းပြည်နယ်အစိုးရ ကို ဘယ်လိုထိန်းကျောင်းမလဲ။
စဉ်းစားရမယ့်အချက် နှစ်ချက်ရှိ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေကို တိုက်ရိုက် တာဝန်ပေး ထားတာ မရှိသော်လည်းပဲ တာဝန် ပေးတာရှိတယ်။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) မှာ အတိ အလင်း ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) မှာ ပါတဲ့ အချက်တွေအားလုံးဟာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ လုပ် ရမယ့်အရာတွေ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ Main Responsiblity က Law Making နဲ့ Policy Making ပဲဖြစ် တယ်။ ကျွန်တော့အနေနဲ့ ချင်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်သွားပြီးဆိုရင် ဖွဲ့စည်း ပုံအခြေခံဥပဒေက ပေးထားချက် ဇယား (၂)ပါ အချက်အလက်တွေနဲ့ ကိုယ်တာဝန်ယူရတဲ့ တာဝန်ခံရတဲ့ ပြည်နယ်ရဲ့ ရေခံမြေခံ၊ ကာလအခြေ အနေအပေါ်မူတည်ပြီး Policy တွေ၊Law တွေကို ချိန်ဆခင်းကျင်း ပုံဖော် ထုဆစ်သွားပါမယ်။
■ အဲဒီလို ပုံဖော်ထုဆစ်သွားမယ့် မူဝါဒတွေမှာ ထိပ်တန်းဦးစားပေးတွေ က ဘာတွေပါလဲခင်ဗျာ။
ထိပ်တန်းဦးစားပေးလို့ မေးတဲ့ အခါမှာ ဇယား(၂)ကို ပြန်ပြောရမယ်။ ဇယား(၂)က ဖွံ့ဖြိုးရေးနဲ့ပတ်သက် တာတွေပဲ။ ဒါနဲ့ဆက်စပ်ပြီး ပြောရ မှာက ဇယား(၅)။ ဇယား(၅)မှာက အခွန်အခနဲ့ပတ်သက်တာ၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက ဆောင်ရွက်ရမယ့်အရာတွေ ဖြစ်တယ်။
ကျွန်တော်က ဇယား(၂) ကို သေသေချာချာ study လုပ်ထား တယ်။ ချင်းပြည်နယ်ရဲ့ ၄ ရာခိုင် နှုန်းက စိုက်ပျိုးမြေ ဖြစ်နေသေး တယ်။ တစ်ဖက်မှာ စိုက်ပျိုးလို့ လုံးဝမဖြစ်နိုင်တဲ့ ဧရိယာက ချင်းပြည် နယ်ရဲ့ ၃၂ ရာခိုင်နှုန်း။ ဒီတော့ ချင်းပြည်နယ်ဟာ စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသော်လည်း စိုက်ပျိုးရေးကို အခြေခံပြီးတော့ လင်းလက်တဲ့ အနာဂတ်ကို ဘယ်လိုမှ ပုံမဖော်နိုင် ဘူး ဖြစ်နေပြန်တယ်။ စိုက်ပျိုးရေးကို လျစ်လျူရှုရမယ်လို့ မဆိုလိုဘူး။
ချင်းပြည်နယ်က Land Lock ဆိုတဲ့ ကုန်းတွင်းပိတ်၊ ပလက်ဝဘက်၊ ကုလားတန်မြစ်တို့က လွဲလို့ပေါ့။ ကုန်းတွင်းပိတ် ပြည်နယ်တစ်ခု ဖြစ်နေတယ်။ ရခိုင်တို့၊ တနင်္သာရီ တို့လည်း ရေကြောင်းထွက်ပေါက်လည်း မရှိဘူး။ မြေအောက်သယံဇာတ ကလည်း ကောင်းကောင်းမရှိဘူး။ ကုန်းတွင်းပိတ်ဒေသတစ်ခု ဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ ပေါ်လစီ တော်တော် ကောင်းမှဖြစ်မှာ။ ပေါ်လစီကို အကောင် အထည်ဖော်တဲ့ နေရာမှာလည်း နောက်ပိုင်းမှာ MNE လို့ ခေါ်တဲ့ Monitoring and Evaluation လည်း ကောင်းကောင်း လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးတော့ လုပ်တယ်။
ဒါပေမယ့် အရည်အသွေး မပြည့်ဝတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဖြစ်နေတယ်။ ဒါက MNE ကို ကောင်းကောင်းမလုပ်လို့။ ကျွန်တော် လွှတ်တော်ထဲ ရောက်သွားရင် ဒါကို ကောင်းကောင်းလုပ်မယ်။ ကားလမ်း တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အဆောက်အအုံတွေကို ကြည့်လိုက် ရင် MNE က တော်တော် လိုအပ် တယ်။ အဲဒီအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်သာ လွှတ်တော်ထဲရောက် ရင် ညင်ညင်သာသာ၊ ထိထိရောက် ရောက်နဲ့ Check and Balance လုပ်မယ်။ ပြီးတော့ ပြန်လည်ကုစား ခြင်းတွေ လုပ်မယ်။ ပေါ်လစီပိုင်း၊ ဥပဒေပိုင်းမှာပေါ့။
ချင်းပြည်နယ်ရဲ့ စီးပွားရေးအခြေ အနေကို ပြန်သုံးသပ်ရရင် အလား အလာကောင်းတာက Border Trade နယ်စပ်ကုန်သွယ်ရေးပဲ။ ကျွန်တော့ ရဲ့  Research Paper အရဆိုရင် Border Trade က ချင်းပြည်နယ် မှာ ဂျီဒီပီ ၂၅ ရာခိုင်နှုန်းလောက်ရှိ တယ်။ အရမ်းအံ့သြဖို့ ကောင်းတယ်။ ရိဒ်ရှိတယ်။ ထန်တလန်ရှိတယ်။ ကျွန်တော်က ဖွင့်စေချင်တာက တွန်းဇံ ဘက်၊ ပလက်ဝတို့ဘက်ကိုပေါ့။
ပြည်တွင်း BorderTrade လည်း ရှိတယ်။ ဥပမာ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီးတို့ပေါ့။ ပြည်တွင်း Border Trade တွေပေါ့။ ဒီ Trade တွေ လည်း အားကောင်းအောင် ကျွန်တော် အားပေးမယ်။
ချင်းပြည်နယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင် မကဘူး။ သုံးမယ့်သူနဲ့ ထိန်း သိမ်းမယ့်လူက ပိုအရေးကြီးတယ်။ Human Capital၊ Human Resource တွေ၊ ပညာရေး အားကောင်းအောင် လုပ်မယ်။
ဖွံ့ဖြိုးရေးက ၁ဝ နှစ်အတွင်း အများကြီးလုပ်လို့ရတယ်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် နှစ် ၂ဝ လောက် တောက်လျှောက် တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်။
■ လွှတ်တော်ထဲ ရောက်သွားလို့ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေအပေါ်ကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်မလဲ။
ဘယ်လိုအခြေအနေပဲ ရောက် ရောက် တပ်မတော်သားဆိုတဲ့အပေါ် မှာ တစ်ပြားမှ အမုန်းမရှိခဲ့ဘူး။ ဟိုတုန်းကလည်း မရှိခဲ့ဘူး။ ဒီကနေ့ လည်း မမုန်းဘူး။ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကိုလည်း မမုန်းဘူး။ တပ်မတော်သားဆိုတဲ့လူကိုလည်း ကျွန်တော်မမုန်းဘူး။ တပ်မတော် ဆိုတဲ့ အင်စတီကျူးရှင်းက မြန်မာ နိုင်ငံအတွက် မရှိမဖြစ် လိုအပ်တယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးတဲ့အတွက် မရှိမဖြစ် လိုအပ်တယ်။
သို့သော် တကယ် လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကတော့ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးတွေမှာ တပ်မတော်က အဓိကပေါ့။ အခု လာမယ့် ဒုတိယသက်တမ်းမှာ တပ် မတော်က အဓိကလည်း ဖြစ်ချင်ဖြစ် မယ်။ သာမညလည်း ဖြစ်ချင်ဖြစ် မယ်။ လွှတ်တော်မှာ နိုင်ငံရေးအခန်း ကဏ္ဍမှာ တပ်မတော်ကို လိုအပ်တယ် လို့ ကျွန်တော်မမြင်ပေမယ့် ရှိပြီး သားအခြေအနေအပေါ်မှာ မူတည် ပြီး ကျွန်တော် အကောင်းဆုံးအပြု သဘော ချဉ်းကပ် ဆောင်ရွက်သွား မှာပါ။
သူတို့လည်း နိုင်ငံအတွက် အများကြီး အလုပ်လုပ်ချင်တဲ့သူ တွေ ဖြစ်တယ်။ တကယ်လို့များ ဘုံသဘောတူညီချက်၊ ဘုံပန်းတိုင် ကနေ အစလုပ်လိုက်ရင် မဖြစ်နိုင် ဘူးလား။
ကျွန်တော်တို့ ချဉ်းကပ်မှုက မှား နေတာလား။ Common Goal ကို မတည်ဆောက်နိုင်ဘဲနဲ့ ငါတို့လိုချင် တာသည် ဒီဘက်၊ တပ်မတော်က လိုချင်တာသည် ဟိုဘက်ဆိုပြီး တော့ နှစ်ပိုင်းကွဲနေတဲ့အခါမှာ ခြေလှမ်း က အစ မတူတော့ဘူး။ ပြီးတော့ လမ်းခရီးက မတူညီတော့ဘူး။ အဲဒီ တော့ ကမောက်ကမ ဖြစ်တာပေါ့။
ကျွန်တော်တို့နဲ့ သူတို့နဲ့ ပြည်သူ့ အတွက် အရင်ဆုံး ရှာရမှာကCommon Goal ပဲ။ တပ်မတော်ရဲ့ အခန်းကဏ္ဍက External Actor ၊ ကျွန်တော်တို့ Internal Actor တွေ။ ဒီ Actor နှစ်ခုက ဆန့်ကျင်ဘက် မဟုတ်ဘဲနဲ့ ပူးပေါင်းဖို့သာလျှင်ဖြစ် တယ်။ ပူးပေါင်းမယ်ဆိုရင် common goal တွေ အရင်ရှာဖို့ ကြိုးစား ရမယ်။
■ ပြိုင်ဘက်တွေကိုရော ဘာတွေ အကြံပေးချင်သလဲ။ ကိုယ့်ရဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေကိုရော ဘာပြော ချင်ပါသလဲ။
ပြည်သူတွေကို ပြောချင်တာက ခရစ်ယာန်ရှုထောင့်ကနေပဲ ကြည့် ပေးပါ။ အသင်းတော်တစ်ပါးအတွက် သင်းအုပ်ဆရာအဖြစ် အမှုတော် ထမ်းရွက်နိုင်ဖို့ အနည်းဆုံး ဓမ္မ ပညာကို လေးနှစ်လေးမိုး ပညာသင် ယူရတယ်။ ဒီလို အသင်းတော်လေး တစ်ပါးကို အုပ်ချုပ်ဖို့အတွက်တောင် ဒီလိုလေးနှစ်လေးမိုး သင်ယူရတယ် ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံ ရေးသမားလို့ ကိုယ့်ကို ယူဆသော သူများ နိုင်ငံရေးပညာကို အနည်းဆုံး ဒီပလိုမာအဆင့်လောက် သင်ယူပြီး မှ ပြိုင်စေချင်ပါတယ်။
နိုင်ငံရေးပညာကို (ပညာ၊ လက်တွေ့) တစိုက်မတ်မတ် လေ့လာ ဆည်းပူးနေတဲ့သူတွေကို မဲပေးကြ ပါ။ ဒါဟာ ချင်းပြည်နယ် တိုးတက် ရေး၊ ချင်းပြည်နယ် ကောင်းစားရေး၊ ချင်းပြည်နယ်ကို ပြန်လည်ကုစားရေး မှာ အရေးကြီးဆုံးသော ရွေးချယ် ဆုံးဖြတ်မှု ဖြစ်ပါတယ်။
နယ်တွေမှာ ဆေးပညာ မသင် ဘဲနဲ့ လူနာတွေကို ကုသနေတဲ့ ရမ်းကု တွေကြောင့် ရောဂါတွေက ခေတ္တ ခဏပျောက်ပေမယ့် လူတိုင်းက သူတို့ကို ခေါ်တာ ရမ်းကုလို့ ခေါ်ကြ တယ်။ ရေရှည်တော့ ရောဂါမပျောက် ဘူး။ သူတို့လည်း မကုသပေးနိုင် ဘူး။ အဲဒီလိုလူတွေကို အပြစ်ပြော နေတာ မဟုတ်ဘူး။ လိုအပ်လို့၊ လိုအပ်နေလို့သာ သုံးနေကြတယ် ဆိုတာကို လက်ခံတယ်။ နားလည် ပေးပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံ ရေးမှာလည်း မြန်မာ့နိုင်ငံရေး ရောဂါဝေဒနာတွေကို ပြန်လည် ကုစားနိုင်ဖို့က ရမ်းကုတွေ မဟုတ် တော့ဘဲနဲ့ နိုင်ငံရေးအထူးကုတွေ လိုအပ်ပါတယ်။ နိုင်ငံရေးပြဿနာ တွေကို တကယ်ကုသ၊ ကုစားနိုင် မယ့် နိုင်ငံရေးအထူးကုတွေကို ပြည် သူတွေ ရွေးချယ်ပေးကြပါလို့ ပြော ချင်ပါတယ်။
ကိုဇန်
http://www.thetradetimesmedia.com/?p=17439 မှ ကူးယူဖော်ပြပါသည်။