ရှေ့ပိုင်းကျနော်ရေးသားခဲ့သော statusများ၌…
KNUနှင့်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက်
အောင်မြင်စေလိုသောစိတ်ကြောင့် …
ယခင်အတွေ့အကြုံရှိသူများနှင့်… လိုက်လံတွေ့ဆုံပြီး…
အတွေ့အကြုံများရယူခဲ့သည်ကို… မှတ်မိကြမည်လို့
ထင်မိပါတယ် ။

တစ်ကယ့်တစ်ကယ်မှာတော့…
တွေ့ဆုံမေးမြန်းသိရှိရသည်များထဲက…
အောင်မြင်ရေးအတွက် …လမ်းစနဲ့စိတ်ကူးတွေချည်းဘဲ
ရရှိခဲ့တာမဟုတ်ပါဘူး…
ဆိုးဝါးတဲ့အဖြစ်ဟောင်းတွေနဲ့ …အချိန်မရွေးပေါက်ကွဲနှိုင်တဲ့
ပင်ဖြုတ်ပြီးသား… ဗုံးအဟောင်းတွေကိုလဲ
ကိုယ့်ဟာကိုယ်… တူးဖော်ကိုင်ထားမိသလို
ဖြစ်နေတာတွေလဲရှိပါတယ်…

ဒီ့အတွက်… ဒါမျိုးသာဖြစ်လာခဲ့ရင်ဆိုပြီး…
ကိုယ့်ဟာကိုယ်ဖေါ်ထုတ်ထားတဲ့သင်ခန်းစာဟာ…
ကျနော့်ကိုရင်တမမ …ဘယ်လောက်ထိဖြစ်စေခဲ့သလဲဆိုတာ
ရေးသားတင်ပြချင်ပါတယ်…

ကျနော့်ရဲ့တွေ့ဆုံမေးမြန်းသည်များမှ…
ပညာရှာဖွေရာမှာ… ကျနော်ဟာ ငြိမ်းချမ်းရေးအကျိုးဆောင်များထံမှသာမက
KNU ဘက်မှတွေ့ဆုံဆွေးနွေးရေးအတွေ့အကြုံရှိသူများထံမှလည်း…
ရယူပါတယ်…
ကျနော်ကသိလိုသည်များကို …မေးယူ… တွေးယူသလို
ကျနော်သိလို… တည်ဆောက်လို …အဖြေထုတ်လိုသည်များရဲ့
အဖြေတော်တော်များများကို…
ကျနော့်လုပ်ဖေါ်ကိုင်ဘက်… ဦးကိုကိုမောင်က… သယ်လာပြီး
ဖေါက်သည်ချပေးတတ်လေတော့…
ကျနော့်မှာ… ပိုပြီးဥာဏ်ကွန်မြူးနှိုင်ခဲ့တယ်လို့… ဝန်ခံပါတယ်…

သူကအရပ်သားစစ်စစ်…
သူ့ရဲ့ပေါင်းသင်ဆက်ဆံတတ်မှု… စိတ်ရှည်သီးခံတတ်မှုတို့ကြောင့်
တစ်ကယ်အသုံးပြုရမဲ့ကြိုကြိုကြားကြားသတင်းတွေကို…
သူကအစဆွဲဆွဲလာတတ်ပါတယ်…
အဲ့ဒီအစကို… ဆက်ဆွဲရမလား… ဖြန့်ကြည့်ရမလား
ခေါက်ထားရမလာကိုကျတော့… ကျနော့်အတွေ့အကြုံက …နဲနဲသိပါတယ်
အဲဒီလို… Team-Work ကောင်းနေတယ်ပေါ့ဗျာ…

အဲဒီလိုမေးမြန်းသိရှိရသည်များထဲက…
အများသိခဲ့ပြီးသော… သတင်းvideo file တစ်ခုကို…
ကျနော်အထူးပြုပြီး… ပညာရှာခဲ့ပါတယ်…
အဲ့ဒါကတော့…
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့မွေးနေ့ Video file ကိစ္စဖြစ်ပါတယ်
အဲ့ဒီတုန်းက… သူကိုယ်တိုင်ရန်ကုန်အထိရောက်ခဲ့ပြီး…
တာဝန်ရှိသူများနဲ့……လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါလျက်ကယ်နဲ့…
ဘယ်လိုဆွေးနွေးချက်တွေက… အဟန့်အတားဖြစ်ခဲ့တာလဲ
ဘာတွေကို… လက်မခံနှိုင်တာလဲ…
ဘယ်လောက်အထိတော့… ဘယ်ကိစ္စတွေမှာ… သဘောတူညီမှုရခဲ့ကြသလဲ
အဲဒီနေရာကို… နှစ်ဘက်စလုံးအလွယ်ပြန်ရောက်နှိုင်ရင်…
ခရီးမတွင်ပေဘူးလားလို့…
ကျနော်က …သေသေချာချာမေးမြန်းတည်ဆောက်… ကြည့်တဲ့အခါ

မိတ်ဆွေတို့ …မထင်မှတ်ထား …မမျှော်လင့်ထားတဲ့အဖြေကို…
ကျနော်ကမြင်လိုက်ရပါတယ်…
ဒီလိုထင်မြင်ယူဆချက်ဟာ… ပြီးပြည့်စုံတယ်လို့တော့
ကျနော်မပြောလိုပါ…
သို့သော်…
တစ်ကယ်လို့များ …တာဝန်ရှိခဲ့သူထောက်လှမ်းရေးတယ်ဖွဲ့ဝင်ဟောင်း
တစ်ဦးဦးကဖတ်မိပြီး …လုံခြုံမှုအဆင့်မလိုအပ်တော့ဘူးဆိုပြီး
ဒီအချက်ပေါ်မှာကွန့်မန့်လေးတစ်ခုရှိခဲ့ပါက… ဘက်သုံးဖက်
အမြင်ဖြစ်သွားပြီမို့……
တစ်ကယ်မှန်တယ်လို့…သတ်မှတ်လိုက်နှိုင်ပါပြီ…
အခုတော့ …ဘက်နှစ်ဖက်ကရတဲ့အချက်တွေရဲ့…
အဖြေတွေက…

ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ Video file ထွက်ခဲ့သည့်…
KNU နှင့်တွေ့ဆုံဆွေးနွေးရေး… ခရီးစဉ်သည်…
သူတို့အဖွဲ့အား… ထိုင်းနိုင်ငံသို့သွားရောက်ခေါ်ယူသော…
တပ်မတော်လေယာဉ်ပေါ်သို့… ထိုပုဂ္ဂိုလ်များ မတက်မီကပင်…
ပျက်ပြယ်သွားခဲ့ပြီး…
လာစရာကို …မလိုတော့သည့်အခြေအနေကို…
ရောက်သွားခဲ့ပြီးသား … ဖြစ်ပါတယ်… ဆိုတာပါဘဲ…

ထိုကိစ္စအပေါ် …ဘယ်လိုမှဘဝင်မကျနှိုင်သောကျနော့်ကို…
ထိုစဉ်က… ထိုင်းစစ်ဘက်ထောက်လှမ်းရေးတာဝန်ရှိခဲ့သော
ဗိုလ်ချုပ်တစ်ဦးမှ…… ချင်းမိုင်ရှိသူ့ရဲ့ခြံထွက်သရက်သီးများ
ခွဲကျွေးရင်း ……အေးဆေးပြောပြချိန်မှာတော့…
ကျနော်… အကြီးအကျယ်ခံစားတုန်လှုပ်မိပါတော့တယ် ။

ကျနော့်ရဲ့ …ဖော်ထုတ်ချက်ကို ပြောပြပါရစေ…
KNUနှင့်တွေ့ဆုံဆွေးနွေးရေးကိစ္စသည်…
ဘယ်လောက်အထိ… ကြိုးစားတည်ဆောက်ခဲ့ကြပါစေ…
မယုံကြည်ရဘူးဆိုတာ… တစ်ခုခုဖြစ်ခဲ့ရင်…
ဒါမှမဟုတ် … ဘာကြောင့်ဘဲဖြစ်စေ…
စတောင်မှမစရသေးဘဲ… အချိန်မရွေးပျက်သွားနှိုင်တယ်
ဆိုတာပါဘဲခင်ဗျား ။

ဟုတ်ကဲ့ပါဗျာ…
ကျနော့်ဟာကျနော်… ဖော်ထုတ်သိရှိထားသော… သင်ခန်းစာဟာ
ကျနော့်ကို… ရူးသွားချင်လောက်အောင်တော့
လာဖြစ်အောင်ကို… လာပါသေးတယ်…
ကျနော်ရင်တမမနေခဲ့ရတဲ့ရက်အကြောင်းဆက်ပါ့မယ်…

ဆရာမကြီးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ KNU
အဆင့်မြင့်ကိုယ်စားလှယ်၂၄ဦးတို့ကို…
ရန်ကုန်မြို့သို့ဖိတ်ကြာ့းခေါ်ယူပြီး …အစည်အဝေးများ…
စတင်ကျင်းပရန်စီစဉ်နေချိန်ရောက်ပါပြီ…

ထိုအဖွဲ့ကြီးအားလုံးကို… ထိုင်နိုင်ငံဘက်သို့သွားကြိုရန်ကားစီစဉ်သည်မှအစ
ရန်ကုန်မြို့ရောက်ရှိ SEDONA HOTEL ၌ တည်းခိုနေထိုင်ပြီး…
အစည်းဝေးခန်းများစွာ… အခန်အနားများစွာအတွက်…
လိုအပ်သမျှအားလုံးကို… ကျနော်တို့ COMPANY မှတာဝန်ယူနေရတာဖြစ်လို့…
ဘယ်လောက်ထိ… ရှုတ်ထွေးပွေလီပြီးခေါင်ချောက်နေမည်လဲ…
စဉ်းစားသာကြည့်ပါတော့ဗျာ…
ကျနော့်သူငယ်ချင်းများဖြစ်ကြတဲ့
ကိုတိုနီ ကိုခင်မောင်ထွေး ကိုအေးထွန်းတို့သာ
ကျနော့်ကို မကူညီခဲ့ပါရင် ကျနော်ရူးသွားလောက်ပါတယ်
ဒီ့အတွက်
သူတို့အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။

ဆိုပါစို့ဗျာ …ဒီလိုနဲ့ဘဲ…
ကားတန်းကြီးကိုဦးဆောင်ပြီး မဲဆောက်မြို့က ချိန်းဆိုထားသော
အိမ်ဝင်းတစ်ခုကို ကျနော်တို့ကရောက်ရှိစောင့်ဆိုင်းနေကြပါတယ်
ဦးအောင်မင်တို့က ကော့ကရိတ်မြို့မှစောင့်ကြိုနေကြမှာဖြစ်လို့
အပြန်အလှန်သတင်းလေးတွေလှမ်းဖလှယ်ရတာ…
ခုပြန်စဉ်းစားတော့လဲ… ကြည်နူးစရာတော့ကောင်းသားဗျ…

ချိန်းထားတဲ့ဆုံရပ်နေရာကို…
KNU ဘက်ကလဲ… တစ်ဖွဲဖွဲရောက်လာကြတဲ့အချိန်မှာ
ကျနော်တို့က …ခရီးဦးကြိုဆိုပြီး …ကားတွေပေါ်နေရာချထားပေး
ပစ္စည်းတွေရွှေ့ပြောင်းပေးနဲ့ … မင်္ဂလာရှိသောခရီးအတွက်…
ကျနော်တို့ကပျော်ရွှင်တက်ကြွနေသလောက်…
KNU ဘက်မှလူများက… တစ်ရေးမှမအိပ်ရသေးသည့်ပုံများနှင့်
သံပါတ်ပေးအရုပ်… သံပါတ်ကုန်ခါနီးပုံမျိုးဖြစ်နေကြပါတယ်…

အဖွဲ့ဝင်များထက်ဝက်ကျော်လောက်ရောက်မှ …
ဆရာမကြီးနော်စီဖိုးရာစိန်ရောက်လာပါတယ်…
ဆရာမကြီးပုံစံလည်း …အတော့်ကိုနွမ်းနေပြီး …
အိပ်ရေးလဲအတော်ပျက်ထားပုံပေါ်နေပါတယ်…

အရင်ချိန်တွေဆုံရင်…
Hi ……Good Morning ငါ့တူလေးလို့ … နှုတ်ဆက်လေ့ရှိသူကြီးကလဲ…
ဘောင်းဘီတိုကြီးနဲ့ရှူတည်တည်ဖြစ်နေတာမို့…
အန်ကယ်စောရော်ဂျာခင်ကို… ကွယ်တဲ့နေရာခေါ်ပြီး…

အန်ကယ်ရေ… တစ်ခုခုတော့ဖြစ်နေတယ်ထင်တယ်…
ကျနော်ထင်တာ… မှန်လားဗျ ……ဆိုတော့…
ဘောင်းဘီတိုနဲ့တစ်ယောက်ကိုမေးငေ့ပြရင်း…
မနေ့က meetingထဲမှာသူပြောတာဆိုတာ… အရမ်းကြမ်းသွားတယ်ဗျာ
စီဖိုးရာက… သူမသွားတော့ပါဘူး…
အဘိုးကြီး (အဘိုးမူတူးစေးဖိုးကိုသူတို့အခေါ်)ကြီးဘဲ… ဦးဆောင်ပြီးသွားပါလုပ်လို့
ကျနော်တို့တော်တော်အလုပ်များသွားတယ်ဗျာ… တဲ့…

ဒုက္ခနဲ့လှလှတော့တွေ့နေပြီလေဗျာ…
ဒါ့နဲ့ကျနော်လဲ… ဆရာမကြီးနားသွားပြီးရောက်တတ်ရာရာတွေပြောနေရတာပေါ့
အရေးထဲဗျာ …ကျနော်ကလျှာချော်မိသေးတယ်…
မနေ့ညတုန်းက… ဒီနေ့ခရီးစဉ်အတွက်စဉ်းစားရင်း… အိပ်မပျော်ဘူးအစ်မကြီး… လို့
ပြောမိတော့…
ကျမလဲခုထိမအိပ်ရသေးဘူး…
ကျမငိုထားတာသိပ်သိသာနေလား…… တဲ့…လေ

တကယ်လို့များ…
ထိုနေ့က…
KNU အတွင်းရေးမှူးချုပ်ဖြစ်သူ… ဆရာမကြီး နော်စီဖိုးရာစိန်ရောက်မလာခဲ့ရင်
ကျနော်ဘယ်လိုလုပ်ရပါ့မလဲ…
ပြီးတော့…
အထက်မှာကျနော်ရေးသားတင်ပြခဲ့တာတွေကို…
ဘာမှမသိထားရင်လဲကောင်းသား…… လေဗျာ

ဒါ့ကြောင့်ပြောတာပါ…
ကျနော်ရင်တမမဖြစ်ခဲ့ရပါတယ်……လို့ပြောတာအတွက်…
ပိုတယ်လို့မဆိုပါနဲ့ခင်ဗျား ။

(ထိုခရီးစဉ်အတွက်ကျနော်က မြဝတီမြို့ မှာကျနော်ဖြစ်ချင်.. လုပ်ချင်တာတွေ..
အမျိုးပေါင်းတစ်ရာမက တောင်းဆိုသမျှ… တစ်ခုမငြင်း …အားလုံးဖြစ်စေခဲ့သော
အစ်ကိုကြီးကိုမြင့်တင်နဲ့ညီလေး …သိန်းဇော်ကံတို့ကို… အထူးကျေးဇူးတင်ပါတယ်)