ဒီနေ့ညနေ…
ညစာအတူစားဘို့ …အဘိုးမူတူးကို
သွားခေါ်တဲ့အခါ…
ယခင်က …တစ်ကြိမ်မျှမဆုံဘူးသည့်……
ရိုးရှင်းသောမျက်နှာပိုင်ရှင် …
အဘိုးအရွယ်တစ်ယောက်နှင့် ဆုံခွင့်ရခဲ့ပါတယ် ။
ညစာအတူစားဘို့ …အဘိုးမူတူးကို
သွားခေါ်တဲ့အခါ…
ယခင်က …တစ်ကြိမ်မျှမဆုံဘူးသည့်……
ရိုးရှင်းသောမျက်နှာပိုင်ရှင် …
အဘိုးအရွယ်တစ်ယောက်နှင့် ဆုံခွင့်ရခဲ့ပါတယ် ။
ရောက်သည်နှင့် ခရီးမဆိုက်…
အဘိုးမူတူးက မိတ်ဆက်ပေးသည်က…
ဗမာကြီးရေ…
ဒါ… တို့တွေရဲ့ ဖလူးစခန်းမှာ… ကျောင်းအုပ်ကြီးလုပ်ခဲ့တဲ့
ဆရာကြီး… စောအောင်မြတ်သိန်း… ဘဲ…
အဘိုးမူတူးက မိတ်ဆက်ပေးသည်က…
ဗမာကြီးရေ…
ဒါ… တို့တွေရဲ့ ဖလူးစခန်းမှာ… ကျောင်းအုပ်ကြီးလုပ်ခဲ့တဲ့
ဆရာကြီး… စောအောင်မြတ်သိန်း… ဘဲ…
သူကတော့… ကိုငွေစိုး… တဲ့
KNU ရဲ့အခုလျှောက်နေတဲ့ …ငြိမ်းချမ်းရေးခရီးမှာ
စကတည်းကနေ… အခုထိပါဝင်ပေးနေတဲ့သူ…
ကိုယ်ကတော့ …
ဗမာကြီးလို့ဘဲခေါ်တယ်လို့ …
အပြန်အလှန် မိတ်ဆက်ပေးပါတယ် ။
KNU ရဲ့အခုလျှောက်နေတဲ့ …ငြိမ်းချမ်းရေးခရီးမှာ
စကတည်းကနေ… အခုထိပါဝင်ပေးနေတဲ့သူ…
ကိုယ်ကတော့ …
ဗမာကြီးလို့ဘဲခေါ်တယ်လို့ …
အပြန်အလှန် မိတ်ဆက်ပေးပါတယ် ။
ကျနော်က…မြန်မာပြည်ရဲ့ အဝေးမှာရောက်နေပေမဲ့
ကရင်တွေရဲ့…အရေးနဲ့ မဝေးပါဘူး…
ခင်ဗျားဓါတ်ပုံကို…
ကျနော်ခဏခဏမြင်ဘူးနေပါတယ်…
ကရင်တွေကြားထဲမှာ…
ထူးခြားနေတဲ့အသွင်ပြင်နဲ့မို့
ဘယ်သူလဲ … ဘာလုပ်နေတာလဲ… ဆိုတာ
မေးမြန်းထားလို့…
ကျနော့်ကိုသိနေပါတယ်ဆိုတော့…
ဘာရယ်မဟုတ်… ကျေနပ်မိနေတာတော့
အမှန်ဖြစ်ခဲ့ပါတယ်ခင်ဗျာ ။
ကရင်တွေရဲ့…အရေးနဲ့ မဝေးပါဘူး…
ခင်ဗျားဓါတ်ပုံကို…
ကျနော်ခဏခဏမြင်ဘူးနေပါတယ်…
ကရင်တွေကြားထဲမှာ…
ထူးခြားနေတဲ့အသွင်ပြင်နဲ့မို့
ဘယ်သူလဲ … ဘာလုပ်နေတာလဲ… ဆိုတာ
မေးမြန်းထားလို့…
ကျနော့်ကိုသိနေပါတယ်ဆိုတော့…
ဘာရယ်မဟုတ်… ကျေနပ်မိနေတာတော့
အမှန်ဖြစ်ခဲ့ပါတယ်ခင်ဗျာ ။
၁၉၈၇ခုနှစ် တပ်မတော်ရဲ့ထိုးစစ်
ဖလူးစခမ်းကိုပြုလုပ်တဲ့အချိန်မှာ…
ကျောင်းဆရာဖြစ်သူ…
ဖထီးစောအောင်မြတ်သိန်းလဲ …
တပည့်တွေနဲ့အတူ နောက်ပိုင်းလုံခြုံရေးအတွက်
ကာကွယ်ရေးတာဝန်ယူခဲ့ရပါသတဲ့…
ဖလူးစခမ်းကိုပြုလုပ်တဲ့အချိန်မှာ…
ကျောင်းဆရာဖြစ်သူ…
ဖထီးစောအောင်မြတ်သိန်းလဲ …
တပည့်တွေနဲ့အတူ နောက်ပိုင်းလုံခြုံရေးအတွက်
ကာကွယ်ရေးတာဝန်ယူခဲ့ရပါသတဲ့…
တပ်မတော်စစ်ကြောင်းက…
မထင်မှတ်ထားတဲ့ …အနောက်မျက်နှာစာက
ရုတ်တရက်ရောက်လာတော့…
ဆရာကြီးနဲ့တပည့်ကျောင်းသားတွေလဲ
ထိုင်းနိုင်ငံဘက်ခြမ်းကို…
ပြေးဝင်ကြရတာပေါ့…
မထင်မှတ်ထားတဲ့ …အနောက်မျက်နှာစာက
ရုတ်တရက်ရောက်လာတော့…
ဆရာကြီးနဲ့တပည့်ကျောင်းသားတွေလဲ
ထိုင်းနိုင်ငံဘက်ခြမ်းကို…
ပြေးဝင်ကြရတာပေါ့…
ကံဆိုးလှစွာနဲ့ဘဲ…
တပ်မတော်ဘက်က …ပစ်တဲ့လက်နက်ကြီးကျည်
အနားမှာကျလေတော့…
ဘယ်ဖက်ခြေထောက်မှာ …အပြင်းအထန်ဒဏ်ရာရခဲ့ပြီး
ခြေတစ်ဘက် …ဆုံးရှုံးသွားခဲ့ပါတော့တယ်။
တပ်မတော်ဘက်က …ပစ်တဲ့လက်နက်ကြီးကျည်
အနားမှာကျလေတော့…
ဘယ်ဖက်ခြေထောက်မှာ …အပြင်းအထန်ဒဏ်ရာရခဲ့ပြီး
ခြေတစ်ဘက် …ဆုံးရှုံးသွားခဲ့ပါတော့တယ်။
တပ်မတော်ဘက်က…
ဖလူးစခမ်းကို …အဲ့ဒီတစ်ကြိမ် တိုက်ခဲ့တုန်းက
တပ်စွဲမထားဘဲ …
ပြန်ဆုတ်သွားတာမို့…
ဆေးရုံကဆင်းတဲ့အခါ…
ဂျိုင်ထောက်တစ်ဘက်နဲ့ခြောက်နှစ်လောက်
မူလကျောင်းဆရာအလုပ်ကို
ဆက်လုပ်နေခဲ့ပါသတဲ့လေ…
ဖလူးစခမ်းကို …အဲ့ဒီတစ်ကြိမ် တိုက်ခဲ့တုန်းက
တပ်စွဲမထားဘဲ …
ပြန်ဆုတ်သွားတာမို့…
ဆေးရုံကဆင်းတဲ့အခါ…
ဂျိုင်ထောက်တစ်ဘက်နဲ့ခြောက်နှစ်လောက်
မူလကျောင်းဆရာအလုပ်ကို
ဆက်လုပ်နေခဲ့ပါသတဲ့လေ…
နောက်ထပ်တစ်ကြိမ်…
တပ်မတော်က… ဖလူးစခမ်းကိုတိုက်ခိုက်ပြီး
တပ်စွဲနေလိုက်တဲ့အခါမှာတော့…
ဒုက္ခသည်စခမ်းထဲမှာ…
စာသင်ပြပေးရတဲ့ …့ကျောင်းဆရာဘဝ
ဖြစ်သွားရပြန်တယ်… တဲ့
တပ်မတော်က… ဖလူးစခမ်းကိုတိုက်ခိုက်ပြီး
တပ်စွဲနေလိုက်တဲ့အခါမှာတော့…
ဒုက္ခသည်စခမ်းထဲမှာ…
စာသင်ပြပေးရတဲ့ …့ကျောင်းဆရာဘဝ
ဖြစ်သွားရပြန်တယ်… တဲ့
ဒုက္ခသည်စခမ်းမှာ… ၅နှစ်ကျော်နေခဲ့ပြီး…
တစ်နေ့တခြားပြောင်းလဲလာနေတဲ့…
စိုးရိမ်ဘွယ်အခြေအနေတွေကြောင့်…
ဒုက္ခသည်စခမ်းကော်မတီက …ရွေးပို့လိုက်တာနဲ့
အခုတော့…
ကနေဒါနိုင်ငံမှာအခြေကျနေပါပြီ…… တဲ့ …လေ
တစ်နေ့တခြားပြောင်းလဲလာနေတဲ့…
စိုးရိမ်ဘွယ်အခြေအနေတွေကြောင့်…
ဒုက္ခသည်စခမ်းကော်မတီက …ရွေးပို့လိုက်တာနဲ့
အခုတော့…
ကနေဒါနိုင်ငံမှာအခြေကျနေပါပြီ…… တဲ့ …လေ
လက်နက်ကြီးထိမှန်ြပီး…
သွေးအိုင်ထဲမှာ… လဲနေတဲ့အခိုက်
သူဟာ …သူ့ဘဝရဲ့…အရေးကြီးဆုံး
အသိအမြင်တစ်ခုကို… ရလိုက်ပါတယ်…
သွေးအိုင်ထဲမှာ… လဲနေတဲ့အခိုက်
သူဟာ …သူ့ဘဝရဲ့…အရေးကြီးဆုံး
အသိအမြင်တစ်ခုကို… ရလိုက်ပါတယ်…
အသက်ကိုလုပြီး …ပြေးလွှားနေကြရတဲ့
ပါတ်ဝန်းကျင်ကလူတွေကို… မြင်နေပေမဲ့လဲ
မသိမမြင်တော့သလို…
နေလိုက်ပါတယ်…
ပါတ်ဝန်းကျင်ကလူတွေကို… မြင်နေပေမဲ့လဲ
မသိမမြင်တော့သလို…
နေလိုက်ပါတယ်…
ပထမဦးဆုံး…
သူ့မိသားစုကို… ဘုရားသခင်မှစောင့်ရှောက်ပါလို့
ဆုတောင်းမိတယ်…
ပြီးတော့မှ…
ဒါဏ်ရာများနဲ့သူ့ခန္ဓာကိုလည်း
ဘုရားသခင်ထံ ဆက်ကပ်လိုက်ပါသတဲ့…
သူ့မိသားစုကို… ဘုရားသခင်မှစောင့်ရှောက်ပါလို့
ဆုတောင်းမိတယ်…
ပြီးတော့မှ…
ဒါဏ်ရာများနဲ့သူ့ခန္ဓာကိုလည်း
ဘုရားသခင်ထံ ဆက်ကပ်လိုက်ပါသတဲ့…
နောက်ဆုံးအနေနဲ့ကတော့…
သူ့ကိုဒဏ်ရာရအောင်ပစ်လိုက်တဲ့
သူ့ရန်သူဖြစ်တဲ့… သေနတ်သမားဟာလဲ
သူ့ကိုမုန်းတီးလို့…
ရည်ရွယ်ပစ်တာမဟုတ်…
တာဝန်အရပစ်လိုက်တာမို့…
အပြစ်မယူပါဘူး ခွင့်လွှတ်ပါတယ်… လို့
နှစ်နှစ်ကာကာ
ဆုတောင်းလိုက်တဲ့ အခိုက်မှာ…
သူ့ကိုဒဏ်ရာရအောင်ပစ်လိုက်တဲ့
သူ့ရန်သူဖြစ်တဲ့… သေနတ်သမားဟာလဲ
သူ့ကိုမုန်းတီးလို့…
ရည်ရွယ်ပစ်တာမဟုတ်…
တာဝန်အရပစ်လိုက်တာမို့…
အပြစ်မယူပါဘူး ခွင့်လွှတ်ပါတယ်… လို့
နှစ်နှစ်ကာကာ
ဆုတောင်းလိုက်တဲ့ အခိုက်မှာ…
ရှူရှိုက်ရတဲ့ …အသက်တစ်ချက်ဟာ
တန်ဘိုးပိုရှိသလို…ခံစားရပြီး
လတ်တလော ငရဲကျသလိုဆူညံပွက်နေတဲ့
ပါတ်ဝန်းကျင်ကို
အားလုံးကိုမေ့ပျောက်ကာ…
ဘာကိုမျှ… မကြောက်လန့်တော့ဘဲ
အရာရာအေးငြိမ်းသွားပါလေရောတဲ့ ။
တန်ဘိုးပိုရှိသလို…ခံစားရပြီး
လတ်တလော ငရဲကျသလိုဆူညံပွက်နေတဲ့
ပါတ်ဝန်းကျင်ကို
အားလုံးကိုမေ့ပျောက်ကာ…
ဘာကိုမျှ… မကြောက်လန့်တော့ဘဲ
အရာရာအေးငြိမ်းသွားပါလေရောတဲ့ ။
(ကုတင်ပေါ်က ထိုင်ကြည့်နေသူဟာ…… အဲ့ကာလတစ်လျှောက်
တိုက်ပွဲတွေမှာ တပ်ရင်းမှူးအဖြစ်ပါခဲ့သူ ဖထီးစောရွှေမောင်းပါဘဲ)
တိုက်ပွဲတွေမှာ တပ်ရင်းမှူးအဖြစ်ပါခဲ့သူ ဖထီးစောရွှေမောင်းပါဘဲ)