သီးခြားလွတ်လပ်သော တပ်မတော်တစ်ခု (သို့မဟုတ်) အင်အားကြီးမား လာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း (၁)
မြန်မာနိုင်ငံမြောက်ပိုင်းတစ်လျှောက်တွင် ပဋိပက္ခတိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေစဉ်မှာပင် တရုတ်နိုင်ငံ မှ ကျောထောက်နောက်ခံပြုထားသော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (United Wa State Army) အနေဖြင့် နိုင်ငံ၏ရှုပ်ထွေးလှသော လူမျိုးစုနိုင်ငံရေးပြဿနာများအကြားတွင် မိမိကိုယ်ကို အင်အားကြီး ပလေရာ တစ်ခုအဖြစ် ထင်ထင်ရှားရှားရပ်တည်လျက်ရှိသည်။
၂၀၁၅ခုနှစ် အောက်တိုဘာလအလယ်ပိုင်းကာလတွင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ထဲမှ ၈ ဖွဲ့သည် ကာလကြာရှည့်စွာစောင့်ဆိုင်းခဲ့ရသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို
နေပြည်တော်တွင် အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အဓိကအင်အားကြီး လက်နက်ကိုင်အဖွဲ့အများစုက လက်မှတ်မထိုးခဲ့သဖြင့်နိုင်ငံ၏ဧရိယာအချို့တွင် ပဋိပက္ခ တိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ တရားဝင်မဟုတ်သည့်တိုင်အောင် အဆိုပါလက်မှတ်တွင် ပါဝင်ရေးထိုးခဲ့ခြင်းမရှိသော လက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်၍တောင့်ခံထားသည်မှာ ၀ တပ်မတော်ပင်ဖြစ်သည်။
နေပြည်တော်တွင် အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အဓိကအင်အားကြီး လက်နက်ကိုင်အဖွဲ့အများစုက လက်မှတ်မထိုးခဲ့သဖြင့်နိုင်ငံ၏ဧရိယာအချို့တွင် ပဋိပက္ခ တိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ တရားဝင်မဟုတ်သည့်တိုင်အောင် အဆိုပါလက်မှတ်တွင် ပါဝင်ရေးထိုးခဲ့ခြင်းမရှိသော လက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်၍တောင့်ခံထားသည်မှာ ၀ တပ်မတော်ပင်ဖြစ်သည်။
ဝ တို့အနေဖြင့် မြန်မာ့တပ်မတော်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ် ၂ ခုရေးထိုးထားပြီးဟူသော အကြောင်းပြချက်ဖြင့် ကာလကြာရှည်နေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရန်ဆွေးနွေးမှုကို မသိကျိုးကျွံပြုခဲ့ သည်။ ၀ နှင့် မြန်မာတပ်မတော်တို့သည် ၁၉၈၉ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက် တွင်တစ်ကြိမ် အပစ်အခတ်ရပ်ဆဲရေးစာချုပ် ၂ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် အဆိုပါ စာချုပ်နှစ်ခု ကိုလက်ကိုင်ထားပြီးဖြစ်၍ တတိယစာချုပ်တစ်ခုလက်မှတ်ရေးထိုးရန် မလိုအပ်တော့ဟု ဆိုခဲ့သည်။
တရားဝင်ပြောဆိုစရာမရှိအောင် ရိုးရှင်းသောအချက်တစ်ခုမှာပြီးခဲ့သော ၂၀ ကျော်ကာလတွင် တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ၀ တပ်ဖွဲ့သည် အီရန်နိုင်ငံမှ ထောက်ပံ့ပေးထားသောHezbollahနှင့် အာမေး နီးယားနိုင်ငံမှ ထောက်ပံ့ပေးထားသော Nagorno-Karabakh အဖွဲ့တို့ကဲ့သို့ပင် အရှေ့အာရှဒေသတွင် အင်အားအကြီးမားဆုံးသော နိုင်ငံမဟုတ်သည့် စစ်တပ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
၎င်းတို့အနေဖြင့် အစိုးရက မြောက်ပိုင်းရှမ်းပြည်နယ်အတွင်း အထူးဒေသအဖြစ် ဖွဲ့စည်းပေးထားသည့် အခြေအနေအား ပြည်နယ်တစ်ခုအဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။ သို့သော် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အ၀ပေးထားပြီးဖြစ်၍ ယခုကဲ့သို့ ဘောင်ကျော်တောင်းဆိုမှုကို ဆွေးနွေးမှုမပြုလုပ်ရန် အစိုးရက တုံ့ပြန်ခဲ့သည်။
ဥပမာအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ဒေသခေါင်းဆောင်ပိုင်းနှင့် စစ်အင်အားကြီးမားလာမှုက တပ်မတော်၏ ရေရှည်ရည်မှန်းချက်တစ်ခုဖြစ်သည့် နိုင်ငံ၏ပိုင်နက်နယ်မြေအား ဗဟိုအစိုးရ၏ကွပ်ကဲမှုအောက် သို့ ရောက်ရှိရေးကို အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လျက်ရှိသည်။
ဝ အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးတွင်ငြင်းဆိုခဲ့သည့်အပြင် ပြီးခဲ့သော ၂ နှစ်တာကာလတွင်လည်း တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ နောက်တန်းအခြေစိုက်စခန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
၂၀၁၅ ခုနှစ် မေလထုတ် အစိုးရပိုင်Global New Light of Myanmar သတင်းစာတွင် ၀ သည် ခွဲထွက်ရေး လမ်းကြောင်းကို ဦးတည်နေသည့်ပုံစံဖြင့် ပြစ်တင်ရေးသားထားပြီး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ အားစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် စိန်ခေါ်မှုကို အဆုံးသတ်ရန်ရေးသားဖော်ပြခဲ့သည်။
တရုတ်နယ်စပ်အနီး ၀မြို့တော် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ရေး
ဆွဲရေးညီလာခံတစ်ခုတွင်မူ တပ်မတော်နှင့် ၀၏ မဟာမိတ်တပ်ဖွဲ့များ အကြား ပဋိပက္ခတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကို လွန်စွာစိုးရိမ် မိကြောင်း ၀ခေါင်းဆောင်ပိုင်းက ပြောကြားခဲ့သည်။
ဆွဲရေးညီလာခံတစ်ခုတွင်မူ တပ်မတော်နှင့် ၀၏ မဟာမိတ်တပ်ဖွဲ့များ အကြား ပဋိပက္ခတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကို လွန်စွာစိုးရိမ် မိကြောင်း ၀ခေါင်းဆောင်ပိုင်းက ပြောကြားခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် တရုတ်အကူအညီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အထောက်အပံ့များသည်လည်း ၀ ၊ ရှမ်း ၊ ကိုးကန့်တရုတ်နှင့် ကချင်အဖွဲ့ စသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများကိုပါ ထောက်ပံ့ပေးခဲ့သည်။ ၀ခေါင်းဆောင်အနေဖြင့် ထိုစဉ်က မြန်မာနိုင်ငံ၏မြို့ကြီးများတွင် ဒီမိုကရေစီရရှိရေးလှုပ်ရှားသူများ၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်ရလျက်ရှိသော တပ်မတော်အစိုးရနှင့် အလျင်စလိုပင် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။
တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ခဲ့ခြင်းကြောင့် အပြန်အလှန်အားဖြင့် ကွန်မြူနစ်ခေါင်းဆောင်ဟောင်းအဖွဲ့များနှင့် အခြားသောတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းင်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့များကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို အထူးဒေသများ တရားဝင်ဖွင့်လှစ်ခြင်းနှင့်နိုင်ငံတ၀ှမ်းနေရာအနှံ့အပြား စီးပွားရေးလုပ်ကိုင်ခွင့်များကို ရရှိခဲ့သည်။
သို့သော် ဆယ်စုနှစ်များစွာအတွင်း ရှင်းပြည်အထူးဒေသ (၂) ရှိ UWSA အဖွဲ့သာလျင် အပစ် အခတ်ရပ်စဲရေးအဖွဲ့များအကြားတွင် ၎င်းင်းတို့၏တပ်ဖွဲ့များနှင့် ထိန်းချုပ်သည့်ဧရိယာတို့ကို အမှန်တကယ် တိုးချဲ့ နိုင်ခဲ့သော အဖွဲ့ဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် UWSA အဖွဲ့၏အင်အားမှာ ၁၀၀၀၀ နီးပါးသာရှိပြီး ကွန်မြူနစ် တပ်ဖွဲ့ဝင်အချို့နှင့် ပေါင်းပါက ၁၅၀၀၀ နီးပါးရှိသည်။ ယနေ့အချိန်တွင် UWSA ၌လေ့ကျင့်ပြီး အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ နီးပါးရှိသည်။
၁၉၈၉ခုနှစ်တွင် အတည်ပြုခဲ့သော UWSA အဖွဲ့၏ထိန်းချုပ်နယ်မြေမှာ သံလွင်အရှေ့ခြမ်းဒေသ၊ ပန်ဆန်းမြို့မြောက်ပိုင်းနှင့် တရုတ်နယ်စပ် အရှေ့တောင်ဒေသတစ်လျှောက်တို့ဖြစ်သည်။ သို့သော် ၁၉၉၀ ပြည့်လွန် နှစ်များတွင် ထိုင်းနယ်စပ်ပေါ်ရှိ ဘိန်းချုပ် ခွန်ဆာ၏ Shan Mong Tai Army နှင့် တိုက်ခိုက်မှုတွင် ၀ တပ်ဖွဲ့အား ကိုယ်စားပြု(Proxy Force) တပ်ဖွဲ့တစ်ခုအဖြစ် အသုံးပြုခဲ့သည်။
၁၉၉၆ခုနှစ် အစောပိုင်းကာလတွင် ခွန်ဆာမှ လက်နက်ချအညံ့ခံခဲ့ပြီးနောက် ၀ ခေါင်းဆောင် ပေါက်ယူချမ်းသည် တောင်ဘက်သို့ တပ်ဖွဲ့များရွှေ့ပြောင်း၍ နယ်မြေတိုးချဲ့မှုများပြုလုပ်ခဲ့သည်။
စပါးစိုက်ပျိုးရန် ခက်ခဲသော ၀ တောင်တန်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာများကို ဖြေရှင်းရန်အတွက်ဟု အကြောင်းပြ ၍ထိုဒေသသို့ ပြည်သူ ၇၀၀၀၀ မှ ၁၀၀၀၀၀ နီးပါးကိုလည်း ရွှေ့ပြောင်းခဲ့သည်။
ရလဒ်အဖြစ် ထိုင်းနယ်စပ်တစ် လျှောက်တွင် ၀ တို့အနေဖြင့် မဟာဗျူဟာမြောက်စစ်အင်အားတိုးချဲ့လာနိုင်ခဲ့သည်။ ၎င်းင်းတို့ထုတ်လုပ်သော မူးယစ်ဆေးဝါးဈေးကွက်မှာလည်း လျင်မြန်စွာကြီးထွားလာစေခဲ့သည်။
ရလဒ်အဖြစ် ထိုင်းနယ်စပ်တစ် လျှောက်တွင် ၀ တို့အနေဖြင့် မဟာဗျူဟာမြောက်စစ်အင်အားတိုးချဲ့လာနိုင်ခဲ့သည်။ ၎င်းင်းတို့ထုတ်လုပ်သော မူးယစ်ဆေးဝါးဈေးကွက်မှာလည်း လျင်မြန်စွာကြီးထွားလာစေခဲ့သည်။
တပ်မတော်အတွက် ၀ တပ်ဖွဲ့မှာ ရှမ်းသောင်းကျန်းသူ လွှမ်းမိုးသောဒေသများတွင် ကုန်ကျစရိတ်အနည်း ဆုံးတန်ပြန်နိုင်ရန် အထောက်အကူပြုခဲ့သည်။ သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင်
ဝ နှင့် တပ်မတော်တို့အကြား ဆက်ဆံရေးမှာတင်းမာလာခဲ့ပြီး ၀ တို့၏အင်အားကို ကန့်သတ်ရန်ကြိုးပမ်းရာမှ နေပြည်တော်အစိုးရအား ခြိမ်းခြောက်သည့် အင်အားစုတစ်ခုဖြစ်လာခဲ့သည်။
ဝ နှင့် တပ်မတော်တို့အကြား ဆက်ဆံရေးမှာတင်းမာလာခဲ့ပြီး ၀ တို့၏အင်အားကို ကန့်သတ်ရန်ကြိုးပမ်းရာမှ နေပြည်တော်အစိုးရအား ခြိမ်းခြောက်သည့် အင်အားစုတစ်ခုဖြစ်လာခဲ့သည်။
ပန်ဆန်းမြို့တွင် အခြေစိုက်သော UWSA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အင်အားအကြီးမားဆုံးသော လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာမက ဖွဲ့စည်းပုံအကောင်းဆုံးသော အဖွဲ့လည်းဖြစ်သည်။ ပန်ဆန်းတွင် စစ်ဦးစီးသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ထားသလို မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသ ၀ နယ်မြေများတွင် လည်း လေ့ကျင့်ရေးစခန်းများကိုလည်း တည်ဆောက်ထားသည်။ အခြေခံလေ့ကျင့်ရေးသင်တန်းမှာ ၆ လကြာ ပြီး တရုတ်မက်ဒရင်း ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြသည်။
၂၀၀၇ခုနှစ်တွင် အဓိကစစ်ဘက်ပြုပြင်ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပြီး အစောပိုင်းတပ်မအခြေခံဖွဲ့စည်းပုံ အား တပ်မဟာဖွဲ့စည်းပုံသို့ပြောင်းလဲခဲ့သည်။
UWSA တပ်မဟာ၏ အတည်ပြုဖွဲ့စည်းပုံမှာ စစ်သည်အင်အား ၂၅၀၀ မှ ၃၀၀၀ အကြားဖြစ်သည်။ ပန်ဆန်းရှိ ၀ စစ်ဌာနချုပ်အနေဖြင့် ပထ၀ီအနေအထားအရ နှစ်ပိုင်းကွဲပြား နေသော တရုတ်နယ်စပ်ရှိ ၀ ၏အဓိက နယ်မြေအခြေစိုက်မြောက်ပိုင်းဒေသတပ်ဖွဲ့များနှင့် ထိုင်းနယ်စပ်တစ်လျှောက်အခြေစိုက် တောင်ပိုင်းတပ်ဖွဲ့များကို ကွပ်ကဲအုပ်ချုပ်သည်။
ဆက်လက်ဖော်ပြပါမည်။
( မည်သည့်အဖွဲ့အစည်းမှမစော်ကားပါ JDR 1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို ဗဟုသုတအနေနဲ့ဘာသာပြန်ဖော်ပြခြင်းသာဖြစ်သည်။ ))))
)