Quantcast
Viewing all articles
Browse latest Browse all 1811

အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း (၂)


သီးခြားလွတ်လပ်သော တပ်မတော်တစ်ခု(သို့မဟုတ်) အင်အားကြီးမား လာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း(2)

မြောက်ပိုင်းတပ်ဖွဲ့တွင် အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၁၄၀၀၀ ခန့်ရှိပြီးခြေလျင်တပ်မဟာ ၄ ခု ဖွဲ့စည်း ထားပါသည်။ ကိုးကန့်ဒေသ(အထူးဒေသ-၁)နှင့်နယ်နိမိတ်ထိစပ်လျက်ရှိသော မြောက်ပိုင်း ၀ တောင်တန်း ဒေသရှိ
Namteuk တွင် အမှတ်(၃၁၈)တပ်မဟာ၊ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ အစိုးရတပ်များရှိရာ Tangyan မြို့နှင့် မျက်နှာချင်းဆိုင်အထူးဒေသ(၂)တွင် အမှတ်(၄၁၈)တပ်မဟာ၊ ပန်ဆန်းအရှေ့တောင်ဘက် Mong Pawk အခြေစိုက် အမှတ်(၄၆၈)တပ်မဟာနှင့် သိပ်မကြာသေးမီကမှ ပန်ဆန်း၏အနောက်တောင်ဘက်တွင် အမှတ်(၄၁၉)
တပ်မဟာကိုလည်း ဖွင့်လှစ်ထားသည်ဟုယူဆရသည်။ ခြေလျင်တပ်မဟာများအား ပန်ဆန်းအခြေစိုက် အမြောက်တပ်ရင်းကြီးနှင့် Mong Hpenအရှေ့ဘက် အခြေစိုက်ဗဟိုအစောင့်တပ်ရင်းကြီးက 
အကူပေးသွားမည်ဖြစ်သည်။


၁၉၉၇ခုနှစ်တွင် ထိုင်းနယ်စပ်တွင်အခြေစိုက်သည့် အမှတ် (၁၇၁) စစ်ဒေသကို ဖွင့်လှစ်ခဲ့ပြီး ၎င်းင်းတောင်ပိုင်း တပ်ဖွဲ့တွင် အင်အား ၅၀၀၀ ကျော်ရှိပြီး ၀ါရင့် UWSA ခေါင်းဆောင်ဖြစ်သူ ဝေရှောက်ခန်က ကွပ်ကဲအုပ်ချုပ် သည်။ ကူမင် တန်တပ်များနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းသို့ ၀င်ရောက်လာသည့် တရုတ်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက် ခွန်ဆာ၏ MTAအဖွဲ့နှင့်ပူးပေါင်းခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုတွင် ကာလကြာရှည်ပါဝင်ခဲ့ သူဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန်တရားရုံးတစ်ခုကလည်း ဝေရှောက်ခန်ကို မူးယစ်ဆေးဝါးရောင်းဝယ် မှုဖြင့် အဝေးရောက်စွဲချက်တင်တရားစွဲခဲ့သည်။ သူ့အနေဖြင့် UWSA အဖွဲ့၏ အဓိကအကျဆုံးသော ဘဏ္ဍာရေး
ရှာဖွေပေးသူအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထိုင်းနယ်စပ်နှင့် ၂၀ ကီလိုမီတာအကွာ Mong Ton မြို့ Hwe Aw အခြေစိုက် အမှတ်(၁၇)စစ်ဒေသတွင် တပ်မဟာ ၃ ခုရှိပြီး အခါ၊ လားဟူနှင့် ၀ တောင်တန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုများမှ စစ်သည်များစုဆောင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းင်းတပ်မဟာ ၃ ခုမှာ Mong Jawd အခြေစိုက် အမှတ်(၇၇၂) တပ်မဟာ၊ Hwe Aw အခြေစိုက် အမှတ်(၇၇၅)တပ်မဟာနှင့် Khailong အခြေစိုက် အမှတ်(၇၇၈)တပ်မဟာတို့ဖြစ်သည်။

အခြားထင်ရှားသည့် ၀ လူမျိုးစုတပ်မဟာ ၂ ခုမှာ ၀ တောင်တန်းဒေသများမှ တောင်ဘက်သို့ ရွှေ့ပြောင်း ခဲ့သည့် အမှတ်(၅၁၈) နှင့် အမှတ် (၂၄၈) တပ်မဟာတို့ဖြစ်သည်။ အမှတ် (၂၄၈) တပ်မဟာသည် Hopang-Hoyawd ဒေသတွင် အခြေစိုက်ပြီး အမှတ် (၅၁၈) တပ်မဟာမှာမူ ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများမှ အသစ်တည် ဆောက်ခဲ့သည့်မိုင်းယောင်းမြို့တွင် အခြေစိုက်သည်။

အင်အားအရင်းအမြစ်များ UWSA  တပ်ဖွဲ့တိုက်စွမ်းရည်မြင့်မားလာခြင်း၏ အခြားသော အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် မတွေ့ရသည့် အဓိကအချက် များရှိပါသည်။

ပထမတစ်ချက်မှာ ၁၉၈၉ခုနှစ်တွင် အလုပ်မဖြစ်တော့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မော်ဝါဒီအတွေး အခေါ်အယူ
အဆကို ငြင်းပယ်ခဲ့သည့်တိုင် အထူးဒေသ(၂)အနေဖြင့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက သာ တစ်ပါတီ စနစ်ဖြင့်အုပ်ချုပ်ခဲ့ပြီး လက်ရှိအသက်ရွယ်ကြီးမြင့်နေပြီဖြစ်သော ဥက္ကဌ ပေါက်ယူချန်က စစ်ဘက် အကြီးအကဲ အဖြစ်လည်းတာဝန်ယူထားသည်။ ထိုကဲ့သို့ စစ်ဘက်အုပ်ချုပ်ရေးစနစ်က ဆင်းရဲသော ပြည်သူလူထုအား တင်းကျပ်စွာအုပ်ချုပ်ရန်နှင့် တပ်သားသစ်စုဆောင်းရန်လွယ်ကူချောမွေ့စေခဲ့သည်။

ယောင်္ကျားလေး ၂ ဦးရှိ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးမှာ အခြေခံစစ်သင်တန်းတက်၍စစ်ဘက်တွင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ သားယောင်္ကျား ၃ ဦး သို့မဟုတ် ၎င်းင်းထက်ပိုပါက စစ်သား ၂ ယောက် ပေးရမည်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှာပင် တပ်သားသစ်အဖြစ် စုဆောင်းပြီး UWSA အဖွဲ့က စားနပ်ရိက္ခာများထောက်ပေးကာ စစ်သင်တန်းများကို သင်ကြားပါသည်။

လယ်သမားစစ်သားများကို အခြေခံ၍ ပြည်သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ၎င်းင်းတွင်စစ်မှုထမ်းဟောင်းများ အများစုပါဝင်ကြသည်။ ၎င်းင်းတို့ကို အရန်အင်အားအဖြစ် လက်နက်တပ်ဆင်လေ့ ကျင့်ပေးထားပြီး စစ်ဖြစ်ပွားပါက အနည်းဆုံးအင်အား ၁၀၀၀၀ မှ ၁၅၀၀၀ နီးပါး အရန်တပ်ဖွဲ့ဝင်များက
အမြဲ တမ်းတပ်ဖွဲ့ဝင်များကို အင်အားဖြည့်အကူပေးနိုင်ရန်  စီစဉ်ထားသည်။

UWSA အဖွဲ့၏အင်အားကြီးမားလာခြင်း၏ ဒုတိယအချက်မှာ ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ခြင်းမှ ၀င်ငွေအမြောက် အများရရှိခဲ့မှု ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဝေရှောက်ခန့်၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ်လုပ်ခဲ့ပြီး မှောင်ခို လမ်းကြောင်းမှ တစ်ဆင့်ရောင်းဝယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်မျးတွင် UWSA
ထိန်းချုပ်နယ်မြေ တွင် amphatamine အမျိုးအစားစိတ်ကြွဆွေးပြားများကို အဓိကထုတ်လုပ်ခဲ့ပြီး ထိုင်းနှင့်လာအိုတို့အပြင် ကမ္ဘော ဒီးယား၊ဗီယက်နမ်၊ တရုတ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသသို့ တင်ပို့ခဲ့သည်။

၂၀၀၂ ခုနှစ် Time မဂ္ဂဇင်းတွင် ဖော်ပြချက်တစ်ခုအရ UWSA အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းမှ တစ်နှစ်လျှင် ဒေါ်လာသန်း ၅၅၀ အထိ ရရှိခဲ့ကြောင်းသိရသည်။ တစ်ချိန်တည်းမှာပင် UWSA
အဖွဲ့သည် တရားဝင်စီးပွားရေးလုပ်ငန်းမျိုးစုံမှလည်း ၀င်ငွေရရှိအောင်ကြိုးပမ်းခဲ့သည်။ အထူးဒေသ(၂)တွင် ရော်ဘာပင်များ စိုက်ပျိုးရေးနှင့် ရှားပါး rare သတ္တုတူးဖော်ရေးမိုင်းလုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ခဲ့သလို ဝေရှောက်ခန်ဦးဆောင်သော Hong Ban ဆောက်လုပ်ရေးကုမ္ပဏီအုပ်စုကိုလည်း တည်ထောင်ခဲ့သည်။

စီးပွား ရေးတိုးတက်လာသည်နှင့်အမျှ လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ခြင်းနှင့် မြို့ပြဧရိယာတိုးချဲ့ ခြင်းတို့ကို တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ရာ ၎င်းင်းတို့၏တိုးတက်မှု အဆင့်အတန်းမှာ မြန်မာနိုင်ငံအတွင်း မည်သည့် နေရာထက်မဆို သာလွန်ခဲ့သည်။ တရုတ်ယွမ်ငွေ၊ တရုတ် ဖုန်းကွန်ယက်တို့ကို အသုံးပြုသော အထူးဒေသ(၂)အနေဖြင့် တရုတ်မြို့ငယ်တစ်ခုအလား တိုးတက်ခဲ့သည်။

လက်နက်ဝယ်ယူမှုများ

UWSA အနေဖြင့် တရုတ်တို့နှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်လက်နက်ပစ္စည်းများစွာကို တိုးချဲ့ဝယ်ယူခဲ့သည်။ ဘေဂျင်းအစိုးရအနေဖြင့်လည်း အရေးကြီးသောနယ်စပ်ဒေသများတွင် စီးပွားရေးနှင့် မဟာဗျူဟာလုံခြုံရေးကို အာမခံပေးနိုင်သူအဖြစ် ရပ်တည်နေသော တပ်မတော်အား တန်ပြန်နိုင်ရန်
အင်အားစု တစ်ခုဟု ယူဆထားခဲ့သည်။

တရုတ်နှင့်မြန်မာနိုင်ငံတို့၏ ချော့ချည်တစ်ခါ၊ ရိုက်ချည်တစ်လှည့်ဆက်ဆံရေးပုံစံအရ လည်း ဘေဂျင်း
အစိုးရ၏ အရေးပါသော စီးပွားရေးလုပ်ငန်းများ၊ သံတမန်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားတို့ အတွက်UWSA အဖွဲ့၏တုတ်တစ်ချောင်းအဖြစ် အရေးပါမှုမှာ လျော့နည်းသွားဖွယ်မရှိပေ။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ များအဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုကလည်း ဆက်ဆံရေး အခြေအနေများ ဆိုးဝါးလာစေခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်အသွင်ပြေင်းရန် ငြင်းဆန်လျက်ရှိသောအဖွဲ့များနှင့် တင်းမာမှုများဖြစ်ပွားနေစဉ်မှာပင် ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းတွင် တပ်မတော်တပ်ဖွဲ့များသည် ကိုးကန့်အထူးဒေသ (၂)ကို ၀င်ရောက်တိုက်ခိုက်ခဲ့ သည်။ ထိုအချက်က BGF အဖြစ်အသွင်ပြေင်းရန် ခေါင်းမာနေသော အခြားအဖွဲ့များကို သတိပေးမှုတစ်ခုလည်း ဖြစ်သည်။

နေပြည်တော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုများက ဘေဂျင်းအစိုးရကိုလည်း သွယ်ဝိုက်သောအားဖြင့် သက်ရောက်မှုရှိစေခဲ့သည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် မြန်မာအစိုးရသစ်သည် China Power Investment Corporation က အကြီးအကျယ်ရင်းနှီးမြှုပ်နှံ
ထားသော ကချင်ပြည်နယ်ရှိ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းကို ရုတ်တရက် ဆိုင်းငံ့ခဲ့သည်။ တစ်ချိန်တည်းမှာပင်မြန်မာနိုင်ငံသည် အနောက်အုပ်စုနှင့် သံတမန်ရေးနှင့်စီးပွားရေးပူးပေါင်း
ဆောင်ရွက်မှုပိုမို တိုးချဲ့ရန် ကြိုးပမ်းလာခဲ့သည်။ မြစ်ဆုံဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ်စေသည့် မဟာဗျူဟာတိမ်းစောင်းမှုတစ်ခုလည်း ဖြစ်စေခဲ့သည်။

ဘေဂျင်းအစိုးရ၏စိုးရိမ်ပူပန်မှုများ မြင့်တက်လာလေလေ UWSA အဖွဲ့၏ အဆင့်မြှင့်တင်မှုနှင့် အင်အား တိုးချဲ့မှုသည်လည်း ယခင်ကထက် လျင်မြန်စွာ အရှိန်မြှင့်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၉၀ပြည့်လွန် နှစ်များ အစောပိုင်းကာလတကည်းကပင် UWSA တို့သည် တရုတ်နယ်စပ်မှတစ်ဆင့် စက်သုံးဆီနှင့် အင်ဂျင်ဝိုင် များအပါအ၀င် ခြေလျင်တပ်ဖွဲ့သုံးလက်နက်အမျိုးမျိုးကို ၀ယ်ယူနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလ တွင် ခေတ်ဟောင်းတရုတ်လုပ် ပုံစံ-၅၉ ၇.၆၂ မမ သေနတ်များကို မြောက်ပိုင်းတပ်ဖွဲ့များတွင် တပ်ဆင် အသုံးပြုခဲ့ပြီး ခေတ်မီ ပုံစံ-၈၁ ရိုင်ဖယ်များကိုလည်း အသုံးပြုခဲ့သည်။

ယခင်ကွန်မြူနစ်တပ်ဖွဲ့သုံး ခြေလျင်လက် နက်များကိုလည်း အစားထိုး၍ လက်နက်သစ်များကို အသုံးပြုလျက်ရှိသည်။ ၎င်းင်းတို့တွင် ပုံစံ-၆၉ အာရ်ပီဂျီ ၊ ၁၂.၇မမ နှင့် ၁၄.၅မမ စက်သေနတ်များ၊ ZU-23-2 လေယာဉ်ပစ်အမြောက်၊ ပုံစံ-၆၉ ၅၇မမ နှင့် ပုံစံ-၅၂ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နှင့် စိန်ပြောင်းမျိုးစုံမှသည် ၁၂၀မမ အမြောက်အထိပါဝင်သည်။

၂၀၁၄ခုနှစ်ထုတ် IHS Jane's စာစောင်တွင် UWSA တပ်ဖွဲ့ဝင်များသည် ပုံစံ-၉၆ ၁၂၂ ဟောင်ဝစ်ဇာ နှင့်လေ့ကျင့်နေသော ဓါတ်ပုံအထောက်အထားများကို ဖော်ပြခဲ့သည်။ ၎င်းင်းမှာ ဆိုဗီယက်ပုံစံဟောင်း D-30 အမြောက်ကို Norinco ကုမ္ပဏီက ကော်ပီယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ UWSA အနေဖြင့် ပုံစံ-၅၉ ၁၃၀မမ အမြောက်ကိုလည်း တပ်ဆင်အသုံးပြုနိုင်ခြင်း ရှိ^မရှိကိုတော့ အတည်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အလားတူစွာပင် ထိုင်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကလည်း UWSA အဖွဲ့သည် တရုတ်လုပ် ပထမ မျိုးဆက် HN-5 စီးရီး ပုခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း စတင်အသုံးပြုလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ အမြောက်စနစ်နှင့် ပုခုံးထမ်းဒုံးပစ်လောင်ချာများ ပစ်ခတ်နိုင်ရန်အတွက် PLA မှ နည်းပြများမှ လာရောက်လေ့ကျင့်ပေး
ခဲ့ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ လွန်ခဲ့သော ၃ နှစ်မှ ၅ နှစ်တာကာလအတွင်း UWSA အဖွဲ့၏ အဆင့်မြှင့်တင် မှု
အထောက်အထားများမှာ အတော်လေးသိသာလာခဲ့ပြီဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် အရည်အသွေးနှင့် အရေအတွက် နှစ်ခုစလုံးကို အဆင့်မြှင့်တင်လျက်ရှိသည်။ PLA မှ နည်းပြများက UWSA ဌာနချုပ်တွင် လာရောက် တွဲဖက်၍လေ့ကျင့်သင်ကြားပေးလျက်ရှိနေသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိသေးပေ။ သို့သော် သမိုင်း ကြောင်းဆိုင်ရာ ရင်းနှီးမှုများအရ ထိုကဲ့သို့ ဆောင်ရွက်ပေးပါကလည်း အံ့သြစရာအကြောင်းမရှိပေ။

လက်နက်ငယ်မျးအဆင့်တွင် UWSA အဖွဲ့သည် PLA စံပြုချေမှုန်းရေးရိုင်ဖယ် ၅.၈မမ Bull-pup ပုံစံ QBZ-95 နှင့် CS/LSO 6 9 စက်ကလေးနှင့် ယှဉ်တွဲအသုံးပြုနေပြီဖြစ်သည်။ အထက်ပါလက်နက်နှစ်မျိုးနှင့် RPG လက်နက်သစ်များအား ၂၀၁၅ခုနှစ် အစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည့် အမှတ်(၄၁၉)တပ်မမှ တပ်ဖွဲ့ဝင်များစစ်ရေးပြအခမ်းအနားဓါတ်ပုံတွင်မြင်တွေ့နိုင်ပါသည်။ အစောပိုင်းတွင် ပြောကြားခဲ့သည့် ပုံစံ-၈၁ ချေမှုန်းရေးရိုင်ဖယ်များကို ခေတ်ဟောင်း ပုံစံ-၅၉ များနေရာတွင် အစားထိုးနေခြင်းမှာ အဆင့်မြှင့်တင်မှုတစ်ခုကို စတင်နေသည့် အမှတ်အသားတစ်ခုဖြစ်ပြီး လာမည့်နှစ်များအတွင်းအခြားရှေ့တန်း တိုက်ခိုက်ရေးဖွဲ့စည်းပုံများကို တိုးချဲ့ဖွဲ့စည်းဖွယ်ရာလည်း ရှိနေပါသည်။

၎င်းင်းတို့၏ HN-5 ပုခုံးထမ်းဒုံးများကို တတိယမျိုးဆက် FN-6 စနစ်၏စွမ်းဆောင်ရည်နီးပါးအထိ ရောက် ရှိအောင် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ဆီးရီးယားစစ်ပွဲအတွေ့အကြုံအရ FN-6 သည် Mil Mi-24 'Hind' Gunship၊ K8 Karakoram တိုက်လေယာဉ်နှင့် အနိမ့်ပျံသန်းလာသော MiG-29 Fulcrum တို့အတွက် သတိထားရမည့် လက်နက်တစ်ခု ဖြစ်သည်။ သံချပ်ကာချေမှုန်းရေးစွမ်းရည်အတွက်လည်း Type-69 RPG-7 နှင့် တရုတ်လုပ် HJ-8 မျက်မြင်ပဲ့ထိန်း စနစ်သုံး တင့်ဖျက်ပဲ့ထိန်းဒုံးတို့ကို ပိုင်ဆိုင်ထားပါသည်။ HJ-8 သည် အကွာအဝေး မီတာ ၃၀၀၀ မှ ၄၀၀၀ အထိ ပစ်ခတ်နိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။( မည်သည့်အဖွဲ့အစည်းမှမစော်ကားပါ JDR1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို ဗဟုသုတအနေနဲ့ဘာသာပြန်ဖော်ပြခြင်းသာဖြစ်သည်။ )



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...