မတ် ၁၆၊ ၂၀၁၆
=
ရန်ကုန်
=
Military Culture
=
စစ်မှုထမ်းသားသမီးတွေက အရွယ်ကြီးပြင်းလာတဲ့အခါ
အခြားသူတွေ၊ အခြားနယ်ပယ်တွေ၊ နေရာတွေမှာ ကျင်လည်
လာရတဲ့အခါ တော်ရုံတန်ရုံနဲ့ အသားမကျတတ်ဘူး။ သို့ပေသိ၊
စစ်မှုထမ်း သားသမီးဖြစ်တဲ့သူအချင်းချင်းကျတော့ ခုမှတွေ့ဖူး၊
မြင်ဖူးတဲ့သူတွေဖြစ်ဦးတော့၊ ချက်ချင်းကို အလွမ်းသင့်၊ ခင်မင်
ရင်းနှီးလွယ်ကြတယ်။ စစ်တန်းလျားမှာ သူတို့ တို့ထိ၊ ခံစား၊
ရတဲ့ taste က အရပ်ဘက်ဝန်းကျင်နဲ့ ဘယ်လိုမှ မတူဘူးကိုး။
အခြားမကြည့်နဲ့ ။ တပ်မိသားစုတွေ shopping ထွက်တာနဲ့
အခြား မိသားစုတွေ shopping ထွက်တာချင်း မတူတတ်ဘူး။
စစ်မှုထမ်းတွေရဲ့ သားယောင်္ကျားတွေ ဆိုရင် ငယ်စဉ်ကတည်း
က ဆံပင်ညပ်တာမှအစ တပ်တွင်း ဆံသဆိုင်မှာ။ ဒီတော့
ကေသာက စစ်ကေပဲဖြစ်နေတယ်။ တကယ်တော့ စစ်တန်းလျား
ထဲမှာ နေထိုင်၊ သက်ရှင်၊ ပျော်ရွှင်မှုတွေက homogeneous
culture ပဲ၊ အရပ်ဘက်ဝန်းကျင်က သူတို့အတွက် foreign လိုလို
တောင် ဖြစ်သေးတယ်။ ဒါပေမယ့်၊ စစ်မှုထမ်းသားသမီးဖြစ်တာချင်း
အတူတူ၊ တပ်တွင်း စာသင်ကျောင်းမှာ စာသင်ပြီးကြီးလာတဲ့
ကလေးနဲ့ ပြင်ပကျောင်းတွေမှာ စာသင်ပြီး ကြီးလာတဲ့ ကလေး
အချင်းချင်းတောင် ကွာခြားမှု ရှိတတ်တယ်။ ပြင်ပကျောင်းမှာ
တက်တဲ့ ကလေးတွေကတော့ အရပ်ဘက်ဝန်းကျင်မှာ
ကျင်လည်တဲ့အခါမှာ ပိုပြီး အသား ကျ လွယ်တာပေါ့။
=
Value and Patriotism
=
နိုင်ငံချစ်စိတ်က တစ်ဦးနဲ့ တစ်ဦး မတူကြဘူး။ ချစ်ပုံချစ်နည်းလည်း
ကွာတတ်သေးတယ်။ စစ်တန်းလျားမှာ ကြီးပြင်းလာတဲ့ သူတွေ
သည် အခြားသောသူတွေထက် နိုင်ငံချစ်စိတ်က ပြင်းထန်လေ့ရှိ
တယ်။ ဒီအချက်က သုတေသနတစ်ခုအရ သိရတာ။ အမေရိကန်မှာ
စစ်တန်းလျးမှာ ကြီးလာတဲ့သူ၊ နိုင်ငံရပ်ခြားမှာ ကြီးလာတဲ့သူ၊
သာသနာပြုကျောင်းမှာ ကြီးလာတဲ့သူ၊ အရပ်ဘက်မှာ ကြီးလာတဲ့သူ
ဆိုပြီး လေးမျိုးခွဲပြီး နိုင်ငံချစ်စိတ်ကို တိုင်းတာ အကဲဖြတ်တဲ့အခါ
စစ်တန်းလျားမှာ ကြီးပြင်းလာတဲ့ military brat က အမြင့်ဆုံးဖြစ်
နေတယ်တဲ့။ ဒီလိုဖြစ်လာတာက တပ်တွင်းမှာ ပြုလုပ်နေကျဖြစ်တဲ့
ritual ကြောင့်ပဲ။ ဒိမှာတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊
တပ်မတော်နေ့ ( တော်လှန်ရေးနေ့ ) တွေလိုပေါ့။
နိုင်ငံချစ်စိတ်ကို အလွယ်တကူနဲ့ စမ်းလို့ရတာက နိုင်ငံတော်အလံ
အပေါ်ကို ဘယ်လောက်အလေးထားသလဲ။ နိုင်ငံတော်သီးချင်းကို
လည်း ဘယ်လောက် အလေးထားသလဲ။ ၁၉၈၉ ခုနှစ်မှာ
လုပ်ထားတဲ့ သုတေသနအရ တပ်တွင်း လုပ်ငန်းဆောင်တာ တစ်နေ့
တာပြီးရင် အလံတင်၊ အလံချ လုပ်ရတယ်။ အလံချတဲ့အချိန်၊ နိုင်ငံ
တော်သီချင်း၊ဒါမှမဟုတ် ဘင်ခရာ တီးတဲ့အချိန်ဆို တပ်ထဲမှာ
စစ်မှုထမ်းကော၊ မိသားစုဝင်တွေပါ လုပ်လက်စကို ရပ်၊ အချို့
အလေးပြု၊ အချို့ ရင်ဘတ်နား လက်သီးဆုပ်၊ သတိဆွဲ လေ့ရှိတယ်
ဖော်ပြထားတယ်။ ဒါကို ပြောပြတဲ့သူက ဘာနဲ့ ဥပမာပေးသလဲ
ဆိုရင် မွတ်စလင်တွေ မက္ကာဘက်ကို ဦးလှည့် ၀တ်ပြုသလို
ပေါ့ဗျာ။ နိုင်ငံတော်သီးချင်း၊ သံစဉ် ရပ်သွားပြီဆိုမှ လုပ်လက်စ
အလုပ်ကို ပြန်လုပ်တယ်တဲ့။ ၂၀၀၆ ခုနှစ်မှာ ပူးတွဲစစ်ဦးစီးချုပ်
အဖြစ်တာဝန်ယူခဲ့တဲ့ မရိန်းဗိုလ်ချုပ်ကြီး Peter Pace က
စစ်မှုထမ်း သားသမီးတွေအတွက် အိတ်ဖွင်ပေ့းစာ၊ ဂုဏ်ပြုသ၀ဏ်လွှာ
ပေးပို့ခဲ့တယ်။
=
You [military children] are American patriots and role models for us all."တဲ့။ အတုယူသင့်တဲ့ အချက်ပါ။
=
http://archive.defense.gov/news/newsarticle.aspx?id=15422
=
discipline
စစ်အေးတိုက်ပွဲကာလ မှာ အမေရိကန် စစ်မှုထမ်းတွေက သူတို့မိသားစု
ဝင် ကလေးတွေကိုပျိုးထောင်တဲ့နေရာမှာ အလွန်တင်းကျပ်
တယ်လို့ဆိုတယ်။ သားသမီးကို အလိုမလိုက်ဘူး။ စည်းနဲကမ်းနဲ့
အုပ်ချုပ်တယ်။ အမေရိကန် စစ်မှုထမ်းတွေရဲ့ သားသမီးတွေကလည်း
သူတို့တွေလုပ်ရပ် အကောင်း၊ အဆိုးတွေက အမေရိကန် စစ်တပ်ရဲ့
ပုံရိပ်ကို ကောင်းစေနိုင်သလို၊ ရုပ်ပျက်စေနိုင်တယ်ဆိုတာကိုလည်း
သဘောပေါက်နားလည်း ထားကြတယ်။ သူတို့ဆီမှာက အရပ်သား
တစ်ဦးတစ်ယောက်ရဲ့ သားသမီး ဆိုးသွမ်းမိုက်မဲတာထက် စစ်မှုထမ်း
တစ်ဦးဦးရဲ့ သားသမီး ဆိုးသွမ်းမိုက်မဲတာကို တော်တော် ဂရုစိုက်ကြ
ရတယ်။ တကယ်လို့ စစ်မှုထမ်းတစ်ဦးဦးရဲ့ သားသမီးက အမှုအခင်း
ဖြစ်လို့ရှိရင်၊ သက်ဆိုင်ရာ အာဏာပိုင်တွေက မိဘကို တန်းအကြောင်း
မကြားဘူး။ မိဘဖြစ်သူ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်း
က အကြီးအကဲကို တပ်ရင်းမှူးးကို အကြောင်းကြားတယ်။ ဒီလိုဖြစ်
စဉ်တွေ ဖြစ်လာရင် အဲဒီစစ်မှုထမ်းရဲ့ record ထဲမှာ ထည့်တယ်။
ဒီတော့ ကိုယ့်သားသမီးက ပြောမရ၊ ဆိုမရ ဖြစ်နေရင် အဲဒီစစ်မှုထမ်း
က ရာထူးတက်ဖို့ နှောင့်နှေးမယ်။ အခန့်မသင့်ရင် ရှေ့တန်းတောင်
အပိုခံရနိုင်တယ်။ ဒီတော့ စစ်မှုထမ်းတွေရဲ့ ဇနီး၊ မယားတွေက
သူတို့ သားသမီးတွေကို ဖိဖိစီးစီး၊ကြပ်ကြပ်မတ်မတ် ဆုံးမ ရတယ်။
ဒီတော့ မတ်လဆန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်တဲ့
ပို့စ်တင်တဲ့ ငနဲသားရဲ့ ဖြစ်စဉ်မျိုး အမေရိကန်မှာ ဆိုရင် ဘယ်လို
action လုပ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့ ။
စစ်မှုထမ်းသားသမီးတွေက ဘာကြောင့် အရပ်သားသမီးတွေထက်
လိမ္မာရေးခြားရှိရတာလဲဆိုတာနဲ့ပတ်သက်ပြီး လူမှုဗေဒ ပညာရှင်
Phoebe Price က hypothesis သုံးခု ထုတ်ပြတယ်။ ပထမ
အချက်က စစ်မှုထမ်းတွေက သူတို့သားသမီးတွေကို အလိုလိုက်
တာ နည်းတယ်။တင်းတင်းကျပ်ကျပ် အုပ်ချုပ်တယ်။ ဒုတိယအချက်က အဲဒီစစ်မှုထမ်းတွေရဲ့ ကလေး အချို့မျာ Attention
Deficit hyperactivity disorder ရှိလိုတဲ့။ နောက်ဆုံးအချက်က
ရိုးရိုးလေး။ သူတို့မဟုတ်တာ လုပ်ရင် သူတို့ဖခင် စစ်မှုထမ်း၊ မိခင်
စစ်မှုထမ်းတွေရဲ့ တာဝန်၊ ဂုဏ်သိက္ခာကို ထိပါးနိုင်တယ်ဆိုတာ
နားလည် ထားကြလို့ပဲတဲ့။
=
စစ်မှုထမ်း သားသမီးတွေ ဆယ်ကျော်သက် ရောက်လာရင်၊
ကြီးကောင်ဝင်လာတဲ့အချိန်မှာ ချုပ်ချယ်မှုတွေ ဖောက်ထွက်ချင်
လာတယ်။ ကန့်သတ်မှုတွေကို ကျော်လွှားချင်လာတယ်။ ဒါက
ဆယ်ကျော်သက်ရဲ့ သဘာဝပဲ။ သို့ပေမယ့်၊ သူတို့နေထိုင်ရတာက
စစ်တန်းလျား။ ဒီလို တင်းကျပ်တဲ့ အသိုင်းအ၀ိုင်းမှာ နေလာရတဲ့
ကလေးက ဗွေဖောက်ပြီဆိုရင် သာမန်ထက်ကျော်လွန်ပြီး အစွန်း
ရောက်သွားအောင်လည်း ဆိုးသွမ်းမိုက်မဲသွားတတ်တယ်လို့
စိတ်ပညာရှင်တွေက ထောက်ပြကြတယ်။ စစ်အေးတိုက်ပွဲအပြီး
စိတ်ကုဆေးခန်းတစ်ခုကို လာပြတဲ့ လူနာ ကိုးဆယ်ရာခိုင်နှုန်း
ကျော်ရဲ့ မိဘတွေက စစ်မှုထမ်းတွေတဲ့။ ဆိုလိုတာ တင်းကျပ်မှု
နဲ့ မိသားစုကို အုပ်ချုပ်ခဲ့တဲ့ အကျိုးဆက်ပေါ့လေ။
တင်းကျပ်တဲ့စည်းကမ်းက တစ်ခါတရံ မလိုလားအပ်တဲ့
အကျိုးဆက်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ စစ်မှုထမ်း သားသမီးတွေက
သူ့ပတ်ဝန်းကျင်မှာ စံပြဖြစ်ဖို့ အတွက် အတွင်းစိတ်ထဲမှာ ဖိစီးမှုတွေ
ကို တွန်းလှန် ချိုးနှိမ်ခဲ့ရတာချည်းပါပဲ။
=
Military Classim
=
တပ်မတော်တိုင်း အရာရှိနဲ့ စစ်သည်ကြားမှာ ရာထူးအဆင့်အတန်း
အရ ခံစားခွင့်က ကွာတယ်။ တပ်ရင်းတိုင်းမှာ အရာရှိရိပ်သာဆိုတာ
ရှိတယ်။ တပ်ရင်းတစ်ရင်းမှာ ထဲမှာ အတူပေါင်းသင်းနေတဲ့ စစ်မှုထမ်း
သားသမီးတွေရဲ့ ကလေးဘ၀အပေါ်မှာ သူတို့မိဘတွေရဲ့ ရာထူး၊
အဆင့်အတန်းကလည်း လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။
အမေရိကန်စစ်တပ်မှာတော့ တပ်မတော်အရာရှိတစ်ဦးက အခြားအဆင့်
စစ်သည်နဲ့ လိုတာထက် ရောရောထွေးထွေး မနေရဘူးဆိုတဲ့ စည်းမျဉ်း
ရှိတယ်။ သွေးသောက်ညီအစ်ကို ဖွဲ့လို့မရဘူး ပေါ့။ ဒါက အမေရိကန်
စစ်မှုထမ်းတွေရဲ့ သားသမီးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
=
စစ်မှုထမ်းသားသမီးတွေက သူတို့ မိဘတွေ တာဝန်ထမ်းဆောင်တဲ့
တပ်ရင်းက တစ်နိုင်ငံလုံးမှာ အကောင်းဆုံးတပ်ရင်း ဆိုတဲ့ ဂုဏ်ယူ
ပြောဆိုတတ်ကြတယ်။ မပြောရင်တောင် သူတို့စိတ်ထဲဝယ်
ကိန်းအောင်းနေတတ်တယ်။ ဒါပေမယ့်၊ သူတို့တွေ အရွယ်ရောက်
လာတဲ့အခါ ထလရ ကတို့၊ နေဗီးကတို့၊ အဲယားဖိုးစ်က တို့ ဆိုတဲ့
ဂုဏ်ယူမှုက မှေးမှီန်ပြီး ငါတို့အားလုံးက စစ်မှုထမ်း သားသမီးတွေပဲ
ဆိုတဲ့ ဖြစ်တည်မှု အမှတ်အသားသရုပ်ပေါ်မှာ စုပေါင်းမိသွားတတ်
ကြတယ်။
=
Anti-Racism
=
၁၉၄၈ ခုနှစ်မှာ သမ္မတ ထရူးမင်းက Executive Order 9981
ကိုလက်မှတ်ထိုး ထုတ်ပြန်တယ်။ စစ်တပ်အတွင်း ခွဲခြားဆက်ဆံမှု
တွေ မလုပ်ဖို့ အတွက် ထုတ်တာ။ နောင် ဆယ်ငါးနှစ်ကြာတော့
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက Directives 5120.36 ကို
ထုတ်ပြန်ခဲ့တယ်။ အဓိကက တပ်တွင်း လူမျိုးရေးခွဲခြားမှု မလုပ်ဖို့
အတွက် ထုတ်ပြန်ထားတာပါ။ အမေရိကန် တပ်တွင်းမှာ လူမျိုးရေး
ခွဲခြားမှုက တဖြည်းဖြည်း ပပျောက်အားနည်းလာတယ်။
နောက်ပိုင်း စစ်မှုထမ်း သားသမီးတွေက လူမျိုးခွဲခြားမှုကို ဆန့်ကျင်
တဲ့သူတွေထဲမှာ အတတ်ကြွဆုံးတွေ ဖြစ်နေတတ်တယ်။
Growing up in military
=
စစ်မှုထမ်းတွေက အနည်းဆုံး သုံးနှစ်က လေးနှစ်
အထိ တပ်ရင်း တစ်ခုမှာ တာဝန်ထမ်းဆောင်ရတယ်။
ဆိုလိုတာက သုံးနှစ်၊ လေးနှစ်ကို တစ်ကြိမ်လောက်ကို
တပ်ရင်း ပြောင်းရွေ့တာဝန်ထမ်းဆောင်မှုကို လုပ်ရတယ်။
ဒီတော့ စစ်မှုထမ်း သားသမီးတွေကလည်း သုံးနှစ်၊ လေးနှစ်
ကို တစ်ကြိမ် နေရာသစ်ကို ရောက်တယ်။ နေရာတစ်ခုမှာ
အသားကျမယ် ကြံခါ ရှိသေး၊ နောက်ထပ် နေရာသစ်ကို
ပြောင်းရွေ့နေထိုင်ရတယ်။ ဒီတော့ သူတို့သည် အမြဲတမ်း
လူစိမ်းပဲ။ ဒေသခံဘယ်တော့မှ မဖြစ်တော့ဘူး။ အရွယ်
ကြီးပြင်းလာလို့ သက်ကြီးပိုငိးရောက်တဲ့အထိ နေရာဒေသတစ်ခုမှာ
ခေါင်းချမယ်ဆိုရင်တောင် သူတို့ကိုယ်သူတို့ လူစိမ်းတစ်ယောက်လို့
မှတ်ယူလေ့ရှိတယ်။ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ငယ်စဉ်
အတွေ့အကြုံကြောင့် ဘယ်နေရာပဲရောက်ရောက်၊ လူမျိုး၊
ဘာသာ၊ နိုင်ငံသား မရွေး လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်ကြ
တယ်။
=
တပ်တွင်း စာသင်ကျောင်းမှာ ဆိုရင် ဖခင်ဖြစ်သူရဲ့ Posting အရ
အမြဲတမ်းပြောင်းနေတော့ တပ်တွင်းစာသင်ကျောင်းမှာ သူငယ်တန်း
ကစလို့ တက္ကသိုလ်ဝင်တန်းအထိ တောက်လျှောက်တက်တဲ့ကလေး
ဆိုတာ မရှိဘူး။ ကျောင်းတွင်းပြဿ နာတစ်ခုက သူတို့ ဘယ်တော့မှ
ပြဿ နာတစ်ခုကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလေ့ မရှိဘူး။
ကလေးများအတွက် ဧပြီလ
----
အမေရိကန် ကာကွယ်ရေးဌာနက ဧပြီလတိုင်းကို စစ်မှုထမ်းသားသမီးတွေအတွက် အထူးလအဖြစ် သတ်မှတ်ပေးထား တယ်။ စစ်မှုထမ်းသားသမီးတွေအတွက် အထူးအစီအစဉ်၊ ပညာရေးအစီအစဉ်၊ လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးကို ဖန်တီးပေးတယ်။ ကျွန်တော်တို့ဆီမှာတော့ နွေရာသီကျောင်းပိတ်ရက်၊ သင်္ကြန်ကာလဖြစ်တော့၊ ကလေးတော်တော်များများက ဘာသာရေးဆိုင်ရာ သင်တန်းတက်တာများတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆို ယဉ်ကျေးလိမ္မာ သင်တန်းတို့၊ ဓမ္မစကူးလ်တို့၊ ခရစ်ယာန်ဘာသာဝင် ကလေးတွေဆိုရင် camp ၀င်တာတို့ ရှိတယ်။ အခြားဘာသာဝင် ကလေးတွေတော့ မသိဘူး။ နွေရာသီ ခရီးထွက်တာ၊ ဘုရားဖူးထွက်တာ၊ လေ့လာရေး ခရီးထွက် တာမျိုး၊ အခြား သင်တန်းတွေ တက်တာမျိုးတော့ လုပ်ပေးနိုင်ပါတယ်။
=
စစ်မှုထမ်းသားသမီးတွေက အရွယ်ရောက်လာတဲ့အခါမှာ သူတို့လို့ စစ်မှုထမ်းသားသမီးတွေဖြစ်ခဲ့ဖူးတဲ့ သူတွေနဲ့ ပြန်လည် စုဆုံဖို့ ကြိုးစားလေ့ရှိတယ်။ Military Brats: Issues and Associations in Adulthood ဆိုတဲ့ လေ့လာမှုတစ်ခုမှာ ဒီလို ဘ၀တူတွေကို ပြန်လည်ရှာဖွေရခြင်းရဲ့ အကြောင်းက a sense of euphoria ကြောင့်တဲ့။
=
ကိုယ့်နဲ့ရင်ခုန်သံချင်းတူတဲ့သူတွေကို လိုက်ရှာတဲ့သဘောပါ။ နောက်တစ်ခုက ဒီလို ပြန်လည်ရှာဖွေရတာက ငယ်ပေါင်း သူငယ်ချင်းတွေကို ပြန်တွေ့ချင်လို့။ လူမျိုးမတူရင် နေပါစေ၊ ဘာသာ မတူရင်လည်း နေပါစေ။ ဒီလို စစ်မှုထမ်းသားသမီး ဖြစ်ခြင်း တူနေရင် ရင်ခုန်သံက တူနေပြီလို့တောင် သူတို့အချင်းချင်းကြားမှာ အဲဒီလောက် ခင်တွယ်နိုင်မှုက ခိုင်မာလေ့ရှိတယ်။ စစ်မှုထမ်းသားသမီးတွေရဲ့ ခံစားချက်နဲ့ပတ်သက်လို့ Growing up inside the Fortress ဆိုတဲဆိုတဲ့ စာအုပ်မှာ ရေးသားတင်ပြထားတယ်။ စစ်မှုထမ်း သားသမီး ရှစ်ဆယ်လောက်ကို ကျကျနန မေးမြန်း သုတေသနပြုထားတဲ့ စာအုပ်လည်းဖြစ်တယ်။ ရေးသူကိုယ်တိုင်လည်း စစ်မှုထမ်းတစ်ဦးရဲ့ သမီးဖြစ်တယ်။

တလောက လူမှုကွန်ရက်မှာ အောင်ဆန်းသူရိယလှသောင်းကျောင်း ဆင်း ဘော်ဒါများ ဆိုပြီး page လုပ်ထားတာ တောင်ရှိတယ်။
တလောက လူမှုကွန်ရက်မှာ အောင်ဆန်းသူရိယလှသောင်းကျောင်း ဆင်း ဘော်ဒါများ ဆိုပြီး page လုပ်ထားတာ တောင်ရှိတယ်။
=
ကျဆုံးခြင်း၊ ကွယ်လွန်ခြင်း
=================
စစ်မှုထမ်း သားသမီးအတွက် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုက ကိုယ့်ဖခင်က တိုက်ပွဲမှာ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အချက်။ ဘယ်သူမဆို သေမျိုးချည်းပဲ။ ဒါက မဆန်းဘူး။ သာမန်ရောဂါနဲ့ဆုံးပါးသွားတဲ့ ဖခင်တွေရဲ့ သားသမီးတွေ ခံစားရတဲ့ ပရိဒေ၀ ဝေဒနာမီးနဲ့ တိုက်ပွဲမှာ ကျဆုံးသွားတဲ ဖခင်တွေရဲ့ သားသမီးတွေရဲ့
ပရိဒေ၀ဝေဒနာမီး ကမတူကြဘူး။ ဆောက်တည်ရာမရဖြစ်ခြင်း၊ ပြောမပြတတ်လောက်အောင် သိမ်ငယ် ၀မ်းနည်းသွားခြင်းတွေကို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ရင်ဆိုင်ရလေ့ရှိတယ်။
=====
ပြောရရင် သူတို့တွေရလိုက်တဲ့ truma က အရမ်းကြီးတယ်၊ အရမ်းနက်တယ်။ အရမ်းပြင်းထန်တယ်။ အခန့်မသင့်ရင် သွက်သွက်ခါ ရူးသွားနိုင်တယ်။
တိုက်ပွဲမှာ ကျဆုံးတာမဟုတ်ပေမယ့်၊ စစ်မှုထမ်းတွေဆိုတာ စစ်မြေပြင် တာဝန်မဟုတ်တဲ့ အခြားတာဝန်တွေကို ထမ်းဆောင်ရင်းလည်း အသက်ဆုံးရှုံးသွားနိုင်တာပဲ။ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စမ်းသပ်ပျံသန်းမောင်းနှင်နေတဲ့ တပ်မတော် (လေ)က အင်ဂျင်လေးလုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်။ ငါးဦးသေဆုံးခဲ့တယ်။
http://www.mmtimes.com/…/18911-four-feared-dead-in-myanmar-…
=
ဒီပျက်ကျမှုက သတင်းစာမျက်နှာမှာ အတော်လေး hot ခဲ့တယ်။ ဆိုလိုတာက တိုက်ပွဲကာလမှာ စစ်သည်၊ အရာရှိ ကျဆုံးမှုတွေက ဖြစ်ရိုးဖြစ်စဉ်မို့ သိပ်ပြီး highlight မလုပ်ခံရဘူး။ သို့ပေသိ၊ စစ်ပွဲ၊ တိုက်ပွဲကြောင့်မဟုတ်ဘဲ သာမန် တာဝန်ထမ်းဆောင်ရင်း စစ်မှုထမ်းတွေသေဆုံးမှုကတော့ လူချက်ချင်းသိတယ်။ ကျန်ရစ်သူမိသားစုဝင်ကိုလည်း အချိန်ကာတစ်ခုအထိ ဖုံးကွယ်ထားတာမျိုး လုပ်လို့မရဘူး။
=
တပ်ထဲမှာ အစဉ်အလာရှိပါတယ်။ ဥပမာ တိုက်ပွဲမှာ စစ်မှုထမ်းတစ်ဦးဦး ကျဆုံးသွားပြီဆိုရင် ကျန်ရစ်သူမိသားစုဝင်တွေကို တပ်က တာဝန်ရှိသူတစ်ဦးဦးက သွားသတင်းပို့ရတယ်။ ဒီလိုသတင်းပို့ရတဲ့သူအဖို့အတွက် ဒီအလုပ်ကလည်း သိပ်မလွယ်ဘူး။ တစ်ခါသား၊ ဒီလို သတင်းလာပို့တဲ့သူကို အိမ်ပေါက်ဝကနေ လှမ်းမြင်နေရတဲ့ ကျန်ရစ်သူ ဇနီးတွေရဲ့ အကြည့်က သွေးရူးသွေးတန်း၊ ဆောက်တည်ရာမရတဲ့ အကြည့်တွေ၊ အော်ဟစ်မှုတွေ ( မကောင်းဆိုးဝါးတစ်ကောင်ကို ကိုယ့်အိမ်ထဲကို ၀င်လာသလိုမျိုး ) နဲ့ တုံပြန်လေ့ရှိ တယ်။ ဒီဖြစ်စဉ်ကို မြင်တွေ့သွားတဲ့ ကလေးသူငယ်တွေအပေါ်မှာ သေရာပါ စိတ်ဒဏ်ရာတောင် ပေးနိုင်တယ်။
=
ရှေ့တန်း ထွက်ချိန်
============
ဖခင်ဖြစ်သူက ရှေ့တန်းထွက်ပြီဆိုရင် နောက်တန်းမှာရှိနေတဲ့ မိသားစုဝင်တွေအတွက် ဖိစီးမှု၊ စိုးရိမ်မှုက ၀င်ကိုဝင်တယ်။ ရှေ့တန်းကို သွားတော့မယ့် ရဲဘော်နဲ့ လိုက်ပို့တဲ့ ဇနီးနဲ့ ကလေး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ မြင်ဖူးတယ်။ ဓာတ်ပုံထဲက ရေစာမှာတောင် သမီးလေးကို ဂရုစိုက် ဆိုတဲ့စာသား။ သေမင်းနဲ့ သွားစစ်ခင်းမယ့် ရဲဘော်က သူကိုယ်သူတောင် ဂရုမစိုက်ဘဲ၊ နောက်တန်းမှာ အေးအေးချမ်းချမ်း နဲ့ ကျန်ရစ်မယ့် သူ့သမီးအပေါ်ကိုစိတ်မချနိုင်တဲ့ ဖခင်တစ်ယောက်လည်းဖြစ်တဲ့ စစ်သားတစ်ယောက် ဘ၀ကို ဖော်ကျူးလိုဟန်တူ တယ်။ ဒီပုံကို မြင်လိုက်ရတဲ့ လူတွေအတွက် သိပ်ကို touch ဖြစ်ပါတယ်။ ဒါတောင် ဓာတ်ပုံပဲရှိပါသေးတယ်။ တကယ့် လက်တွေ့မှာ ကြုံကြိုက် ဖြတ်သန်းလာရတဲ့သူတွေအတွက် ဒီဓာတ်ပုံကို ကြည့်ပြီး ခံစားလိုက်ရတဲ့သူတွေထက် အပုံကြီး သာပါတယ်။
=
ရှေ့တန်းထွက်တဲ့ကာလမှာဆိုရင် သားသမီးတွေရဲ့
အပြုအမူက ပြောင်းလဲလာတယ်။ မိခင်ဖြစ်သူရဲ့ စကားကို
နားမထောင်တာမျိုး၊ စိတ်ဖိစီးတာ၊ ၀မ်းနည်းတာ၊ အထီးကျန်တာ၊
သိမ်ငယ်တာတွေ ဖြစ်တတ်တယ်။
=
ရှေ့တန်းကနေ ပြန်ရောက်လာတဲ့ ဖခင်က နောက်တန်းကို ပြန်
ရောက်လာရင်လည်း စိမ်းနေတာမျိုး ရှိတတ်တယ်။
=
တကယ်တော့ စစ်မှုထမ်း သားသမိးတွေရဲ့ ဘ၀က
LOST TRIBE ဒါမှမဟုတ် Sub culture လို့ပဲ။
စစ်မှုထမ်း တွေထဲမှာ အခြားအဆင့်တွေရဲ့
သားသမီးတွေရဲ့ ဘ၀ အခါးသက်ဆုံးပဲ။
ကိုဇန်