by Athenian Ahnyarthar (Notes) on Saturday, May 11, 2013 at 1:37pm
မတူကွဲပြားသောဖွံဖြိုးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်ချဉ်းကပ်နည်းများသည် တစုံတရာသော ဖွံ့ ဖြိုးမှုဆိုင်ရာပေါ်လစီများနှင့် ချိတ်ဆက်နေလေ့ရှိသည်။ အမှန်တကယ်တော့ ဖွံ့ ဖြိုးမှု သီအိုရီနဲ့ ပေါ်လစီတို့ သည် အငြင်းပွားရဆုံးသော အကြောင်းအရာများလည်းဖြစ်၏။တကယ့်မြေပြင်ပေါ်ရှိ ဖွံ့ ဖြိုးမှု ပေါ်လစီများသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာသော လူတို့၏ဘ၀များပေါ် အကျိုးသက်ရောက်နေပေရာ ဖွံ့ ဖြိုးမှုနှင့်ပတ်သက်သော ဝေဖန်ဆွေးနွေးမှုများသည်ဤပေါ်လစီများနှင့်ဆက်စပ်ပတ်သက်ခြင်းမရှိပါက အချည်းနှီးသော ငြင်းခုန်မှုများသာဖြစ်နေပေလိမ့်မည်ကိုလည်း သတိချပ်ရပေမည်။
ဇတ်ကောင်များ (Actors in Development)
ဖွံ့ ဖြိုးမှုကိုချဉ်းကပ်သည့် နည်းလမ်းမျိုးစုံတို့ တွင် အမျိုးမျိုးသော ဇတ်ကောင်များပါဝင်နေ၍ ရွေးချယ်ကျင့်သုံးသောချဉ်းကပ်နည်းအပေါ်မူတည်လျှက် ဇတ်ဆောင်ရွေးချယ်မှုလည်း ကွာခြားနိုင်ပေသည်။ ဤဇတ်ဆောင်တို့အကြား အခွင့်အာဏာဖြန့် ဖြူးမှု (power distribution) သည် ၎င်းတို့ ၏ ပါဝင်ဆောင်ရွက်မှုနှင့် အနေအထား (agency)ကိုပြဋ္ဋာန်းပေးသည်။ တနည်းအားဖြင့် လူတစ်ဦး (သို့ ) လူအုပ်စုတစ်စုသည် ၎င်းတို့ ၏ရွေးချယ်မှုဖြင့်ဆုံးဖြတ်နိုင်ခွင့် မည်ရွေ့ မည်မျှရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ သည် အဓိကဇတ်ဆောင်ဟုတ်မဟုတ်နှင့်၎င်းတို့ ၏ ပါဝင်ဆောင်ရွက်မှုအနေအထား (agency) သိနိုင်ပေသည်။ အခြားသောအစွန်းတဖက်တွင်မူပါဝင်ဆောင်ရွက်မှုအနေအထား (agency) ကင်းမဲ့ခြင်းဟူသည် လွတ်လပ်သောစိတ်ဆန္ဒ (freewill) အလျင်းမရှိဟု ဆိုလို၍ လူတစ်ဦး၏ အပြုအမူကို အခြားသောဇတ်ကောင်များက ထိမ်းချုပ်ထားသည်ဟုအဓိပ္ပါယ်ရပေသည်။
ဖွံ့ ဖြိုးမှုတွင်ဇတ်ဆောင်တို့  ပါဝင်သော အတိုင်းအတာမှာ တသီးပုဂ္ဂလတစ်ဦးချင်းစီမှသည် ကုလသမဂ္ဂကဲ့သို့ ကြီးမားလှသည့်နိုင်ငံတကာအဖွဲ့ ကြီးများထိ စကေးနယ်ပယ်ပြန့် ပြောလှပေသည်။ ဤ၌ သတိပြုရမည့်အချက်မှာ စကေးနယ်ပယ်ကြီးမားခြင်းနှင့်အြဇာသက်ရောက်နိုင်မှုနယ်ပယ် တိုက်ရိုက်ဆက်စပ်မှုမရှိခြင်းပင်။ ဥပမာအားဖြင့်စကေးအားဖြင့် အနိမ့်ဆုံးဖြစ်သည့် တသီးပုဂ္ဂလတစ်ဦးသည်ပင် ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးအနေအထားကြောင့် မယုံနိုင်လောက်စွာ အြဇာရောက်လွှမ်းမိုးသည့်နယ်ပယ်ကျယ်ပြန့် နိုင်၏။ အခြားတဖက်တွင်လည်းတစ်စုံတစ်ယောက်သောသူသည် ၎င်း၏မိသားစုအတွင်း၌ပင် များစွာအြဇာညောင်းခြင်းမရှိသည်ကိုတွေ့ ရနိုင်ပေသည်။ဥပမာ- အမေရိကန်ပြည်ထောင်စု၏ သမ္မတနှင့် ကီလီမန်ဂျာရိုးတောင်ပေါ်မှ အမျိုးသမီးလယ်သမားတစ်ဦးတို့ သည် စကေးအားဖြင့်အနိမ့်ဆုံးဖြစ်သည့် တစ်ဦးချင်းအဆင့်များသာ။ သို့ ရာတွင် အဖြစ်အပျက်များအပေါ် ၎င်း တို့၂ ဦး၏ အြဇာသက်ရောက်နိုင်မှုနှင့် ၎င်းတို့ ၏ ဘ၀ရွေးချယ်ပိုင်ခွင့်များများစွာကွာခြားကြမည်မှာ သိသာထင်ရှားလှတော့၏။
ဖွံဖြိုးမှုဇတ်ကောင်များကိုဖေါ်ပြရသော်- တစ်ဦးချင်း (individual)၊ အိမ်ထောင်စု (Household)၊ ရပ်ရွာ(Community)၊ အစိုးရ (Government)၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ(Non-Governmental Organizations, NGOs)၊ ပုဂ္ဂလိက ကုမ္မဏီများ (Private Companies) နှင့်ကုလသမဂ္ဂ/ကမ္ဘာ့ဘဏ်/ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ တို့ ကဲ့သို့  (Multi-lateralOrganizations) များစသည်တို့ ဖြစ်သည်။
ချဉ်းကပ်နည်း (Approaches to Development)
ဖွံဖြိုးမှုအကြောင်း ငြင်းခုန်မှုများမှာ ရှုပ်ထွေးပွေလီလှသလို သီအိုရီတို့ မှာလည်း များလှသောင်းသောင်းပင်ဖြစ်၏။ သို့ သော်လည်း တကယ်လက်တွေ့ တွင်ကား အာဏာပါဝါပိုရှိသောဇတ်ဆောင်များမှ ထောက်ခံအားပေးသော သီအိုရီ အချို့ တို့ ကိုသာ ကျယ်ကျယ်ပြန့် ပြန့် ကျင့်သုံးတတ်ကြသည်ကိုတွေ့ ရလေသည်။ စင်စစ် များပြားလှစွာသော ဖွံ့ ဖြိုးမှုအိုင်ဒီယာများသည်အတူတကွတည်ရှိခဲ့ကြပြီး အချင်းချင်းလည်း ပဋ္ဋိပက္ခဖြစ်တတ်ကြပြီးလျှင် အငြင်းပွားဖွယ်အချက်များဖြင့်လည်းအတိပြီးကြ၏။ သို့ ပင်ဖြစ်လင့်ကစား ဖွံ့ ဖြိုးမှုသို့ ချဉ်းကပ်ခဲ့ပုံနည်းလမ်းအသွယ်သွယ်ကို အောက်ပါအတိုင်းသက္ကရာဇ်အလိုက်စဉ်၍ တကြောင်းတည်းသောလမ်းဖြင့် တစတစ ပေါ်ထွန်းလာသကဲ့သို့  လေ့လာနိုင်ပေသည်။
(၁၉၅၀ နှစ်များ)။ ။
၁၊ “မော်ဒန်ပြုခြင်း သီအိုရီများ(Modernization Theories)” ==> တိုင်းပြည်အားလုံးသည် ဥရောပ မော်ဒယ်ကို လိုက်နာသင့်သည်။
၂၊ “အဆောက်အအုံသီအိုရီများ(Structuralist Theories)” ==> တောင်ကမ္ဘာခြမ်းတိုင်းပြည်များ အနေဖြင့် ပြည်တွင်းစီးပွားရေးကြီးထွားမှုဖြစ်စေရန်ကမ္ဘာ့စီးပွားရေး (global economy) တွင်ပါဝင်ပတ်သက်ခြင်းကို ကန့် သတ်ရန်လိုအပ်သည်။
(၁၉၆၀ နှစ်များ)။ ။
၁၊ “Modernization Theories”
၂၊“ မှီခိုရမှု သီအိုရီများ(Dependency Theories)” ==> တောင်ကမ္ဘာခြမ်းတိုင်းပြည်များ ဆင်းရဲရခြင်းမှာ မြောက်ခြမ်းတိုင်းပြည်များ၏ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများကြောင့်ဖြစ်သည်။
(၁၉၇၀ နှစ်များ)။ ။
၁၊ “Dependency Theories”
၂၊ “အခြေခံလိုအပ်ချက်ဖြည့်ဆည်းရေး (BasicNeeds Approaches)” ==> အစိုးရနှင့် နိုင်ငံတကာအကူအညီပေါ်လစီများသည် ကမ္ဘာ့ဆင်းရဲသားတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရေးကို ဦးတည်ရမည်။
၃၊ “မာလသူးလက်သစ် သီအိုရီများ(Neo-Malthusain theories)” ==> စီးပွားရေးနှင့် ဂေဟဗေဒ ဘေးဒုက္ခများကိုရှောင်ရှားနိုင်ရန်စီးပွားရေးကြီးထွားမှု၊ ရင်းမြစ်သုံးစွဲမှုနှင့် လူဦးရေးတိုးနှုန်းတို့ ကို ထိန်းချုပ်ရမည်။
၎၊ “ အမျိုးသမီးများနှင့်ဖွံ့ ဖြိုးမှု(Women and Development)” ==> ဖွံ့ ဖြိုးမှုသည် ကျား/မ မတူမှုအပေါ်ကွဲပြားစွာ သက်ရောက်သည်ကို သိရှိနားလည်လာသည်။
(၁၉၈၀ နှစ်များ)။ ။
၁၊ “လစ်ဘရယ်လက်သစ် သီအိုရီများ(Neo-liberalism Theories)” ==> က) လွတ်လပ်သောဈေးကွက်ကို ဖန်တီးရန်စီးပွားရေးအပြုအမူများတွင် အစိုးရပါဝင်မှုမှ ဆုတ်ခွာရမည်။ ခ) အောက်ခြေအဆင့်(grass-root level) ၌ဒေသအခြေအနေ (local context) နှင့် ရိုးရာအသိပညာတို့ (indegineous knowledge) အား ထဲ့သွင်းစဉ်းစားရမည်။ ဂ) ရေရှည်တည်တံ့သောဖွံ ဖြိုးမှု (Sustainable Development) အလို့ ငှာ အနာဂတ်မျိုးဆက်တို့၏ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုများမဖြစ်စေရန် လက်ရှိမျိုးဆက်တို့ ၏ လိုအပ်ချက်များအားချိန်ဆ၍ သုံးစွဲရမည်။
၂၊ “လိင်ခွဲခြားခြင်း နှင့်ဖွံဖြိုးမှု(Gender and Development)” ==> လိင်ခွဲခြားမှုနှင့် ဖွံ့ ဖြိုးမှုအဆက်အစပ်ကို ပိုမိုသိရှိနားလည်လာသည်။
(၁၉၉၀ နှစ်များ)။ ။
၁၊ “Neo-liberalism”
၂၊ “ဖွံ့ ဖြိုးမှုလွန် (Post-development)”==> ဖွံ့ ဖြိုးမှုကိုယ်၌သည်ပင်လျှင်ကိုလိုနီဝါဒ (colonialism) နှင့် ဥရောပ ဗဟိုပြုဝါဒ (Eurocentrism)ကို ကိုယ်စားပြုနေသဖြင့်၎င်းကို အောက်ခြေအဆင့်မှ စိန်ခေါ်တွန်းလှန်သင့်သည်။
၃၊ (SustainableDevelopment)
၎၊ “ယဉ်ကျေးမှုနဲ့ ဖွံ့ ဖြိုးမှု (Cultureand Development)” ==> ဖွံ့ ဖြိုးမှုဖြစ်စဉ်ဖြစ်ရပ်များသည် မတူကွဲပြားသော လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အုပ်စုများအပေါ် ကွဲပြားစွာ သက်ရောက်သည်ကို ပိုမိုသိရှိနားလည်လာသည်။
(၂၀၀၀ နှစ်များ)။ ။
၁၊ “Neo-liberalism” ==> ကမ္ဘာလုံးပြုခြင်း(globalization)သဘောတရားများ ဖြင့်ပိုမိုဆက်စပ်ပတ်သက်လာသည်။
၂၊ (Sustainable Development)
၃၊ (Post-development)
၎၊ Grassroots Approaches
--------------------------------------------------------------------------------------------------
KatieWillis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices ofDevelopment” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူးမျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။