"မျက်နှာမွဲနိုင်ငံရေးသမားများဒုက္ခ"
- မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလွန်းတော့ ဆင်သွားမှလမ်းဖြစ်တဲ့ ပြဿနာရှိနေတယ်..။ ပုဂ္ဂိုလ်ခင်မှ တရားမင်တာမျိုးက မြန်မာ့နိုင်ငံရေးအမှန်တရားတစ်ခုလိုပဲ…။
- အမှန်တကယ်က… အခုဖြစ်ထွန်းနေတဲ့ အစိုးရနဲ့ အတိုက်အခံလမ်းကြောင်းမျိုးကို G7 အုပ်စုလို့ ခေါ်တဲ့ ရှေးဦး NLD အုပ်စုက ၁၉၉၀ နှောင်းပိုင်းမှာဖေါ်ဖို့ ကြိုးစားခဲ့ဖူးတာပဲ..။ ခုလို ၂၆ နှစ်ကြာမှဖြစ်လာတာကလည်း မျက်နှာမွဲပြောရင် အမှန်မထင်ကြတဲ့ ဓလေ့ကြောင့်..။
- ခုလည်း KIA, SSA, UWSA စတဲ့ပြဿနာတွေအားလုံးရဲ့ အဖြေက ဖက်ဒရယ်ပဲ..။ ဒီမှာလည်း ရှမ်း၊ကချင်တို့ မြင်တဲ့ ဖက်ဒရယ်ဆိုတာထက်…အမေရိကန်လို ဖက်ဒရယ်တိုင်းပြည်ကြီးရဲ့ နမူနာအတိုင်း တိုင်းနဲ့ ပြည်နယ်တွေရဲ့ နာမည်ကို ပထ၀ီဝင်နာမည်ပေးခြင်းကနေစရမယ်…။ ဒါတွေကိုလုပ်ဖို လိုအပ်တယ်ဆိုတာကို NLD ခွဲထွက် NDF အုပ်စုကပဲ အသံထွက်လာတာတွေ့ ရပြီး ဒေါ်စု ကတော့အရေးကြီးတယ်လို့ ယူဆပုံမပေါ်..။
- ဒီလူမျိုးစွဲအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့  PR က တစိတ်တပိုင်းအကျိုးပြုနိုင်တာပဲ..။ အနဲဆုံးတော့ အမျိုးသားလွှတ်တော်အတွက်…ဒီစံနစ်ကို ကျင့်သုံးသင့်တာပဲ..။ ဒါကိုလည်း PR စံနစ်ကို မသင့်တော်သေးလို့ ပြောကြပေမယ့်…ပေးကြတဲ့အဖြေက ဒီစံနစ်က ရှုပ်ထွေးလို့ တဲ့…။ မိုးကြိုးပစ်ထန်းလက်ကာ။ …..ဒီကနေ့ လို အိုင်တီခေတ်ကြီးမှာ ဒီမဲပေးစံနစ်က ရှုပ်ထွေးလွန်းသတဲ့လား။…ဒီစံနစ်မှာ နားလည်ဖို့ အများကြီးအားထုတ်စရာမလိုတဲ့ ပုံစံတွေရှိနေတာပဲ..။ …အမေရိကန်ဟာ သမ္မတကို တိုက်ရိုက်ရွေးခြယ်လို့  ဒီစံနစ်ကို သုံးဖို့ မလိုတာ..။..အင်္ဂလန်လို ဘိုးအေ ဒီမိုကရေစီကြီးရဲ့ unitary state ကိုရောလိုက်လို့ ဖြစ်မတဲ့လား...။ တကယ့်တကယ် ဒီစံနစ်ကို ဆန့် ကျင်ကြတဲ့ အကြောင်းက Non-NLD ဒီမိုအုပ်စုကတင်ပြလာလို့ ပဲ…။NLD သာလျှင် ကယ်တင်ရှင်အဖြစ်မြင်နေကြတဲ့အမြင်ကို ကျော်လွှားဖို့ ဆိုတာ ကြံ့ဖွံ့ အမတ်တွေ လွှတ်တော်ထဲက ထွက်သွားနိုင်အောင်လုပ်ဖို့ လောက် ခက်နေတယ်…။
-၂၀၀၈ ကိုပြင်ဖို့ ဆိုတာ ဒေါ်စုသမ္မတဖြစ်ဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်အပြင်တခြားမရှိတော့ဘူးလား..။ အခြေခံဥပဒေဆိုတာ ပြင်တိုင်းရောကောင်းတဲ့အရာလား..။ ဖက်ဒရယ်တိုင်းပြည်တစ်ခုရဲ့ အခြေခံဥပဒေဟာ စိတ်မထင်တိုင်း ထပြင်နေရရင်ဖြင့် ခတ်ကွင်းပြင်နေတာနဲ့ ပဲ ရွာသစ်ကြီးကိုကျော်သွားတော့မယ်..။
- ၂၀၂၀ လောက်ရောက်ရင်တော့ NLD နဲ့ ဒေါ်စု သာကယ်တယ်ရှင်ဖြစ်စေချင်ကြတဲ့အမြင်ဟာ တိုင်းပြည်အတွက် ပေးဆပ်စရာတစ်ခုလို့ မြင်လာကြမယ်ထင်တယ်…။