Quantcast
Viewing all articles
Browse latest Browse all 1811

စာရေးသူများ နှင့် စာဖတ်သူများ

Image may be NSFW.
Clik here to view.

by Htet Hninse (Notes) on Sunday, May 19, 2013 at 4:18am
           
                                                

           စာရေးသူများ.....


ဖေ့ဘုတ်တွင် စာရေးသူအမျိုးမျိုး ရှိကြပါသည်။

တချို့ ကအပျော်အပြက် ရေးတတ်တယ်။
တချိုံ့ ကအပျင်းပြေ သဘောရေးကြတယ်။
တချိုံ့ က အတည်အခန့် ဆန်ဆန်ရေးကြတယ်.။
တချိုံ့ က စိတ်ဖြေရာ ရေးကြတယ်။
တချိုံ့ က တိုင်တည်ရာ ပုံစံမျိုး ရေးတတ်ကြပါတယ်။


မည်သို့ပင် ရေးသားကြစေကာမူ ရေးသားမှုသဘောတွင်
မိမိ၏ အတ္တ၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ စေတနာသဘောများ
အနည်းနှင့်အများဆိုသလို ပါဝင်နေတတ်ပါတယ်။

စီးပွားရေးဆန်ဆန် ရေးသားခြင်းမဟုတ်သောကြောင့်လည်း
စာရေးသူများမှာ မိမိစိတ်ကြိုက်သဘော ဖန်တီးနိုင်စွမ်းရှိကြပါတယ်..။

ဒီနေရာတွင် ပြောစရာ အကြောင်းက ရှိလာပါတယ်..။ စာရေးသူများ၏ မျှော်လင့်ချက်ပါ။
တခြားသော ရည်ရွယ်ချက်များနဲ့ ရေးသားခြင်းများသည် အကြောင်းမဟုတ်သော်လည်း..
အတည်အခန့် ဆန်ဆန် ရေးသားကြသော စာရေးသူများအတွက် စာဖတ်သူများ၏ နားလည်နိုင်စွမ်းနှင့်အတူ
နှစ်သက်မှု၊ ထောက်ခံအားပေးမှုကို မျှော်လင့်လာတတ်ကြပါတယ်။ အပြန်အလှန်ငြင်းခုံမှုနဲ့ အတူ တဆင့်တက်
ဆွေးနွေးမှုကိုလည်း လိုလားတတ်ကြပါတယ်....။


စာဖတ်သူများ...


စာဖတ်သူများမှာ စာရေးသူများထက် ပိုများလေသောကြောင့် အမျိုးအစားများစွာ စုံလင်လှပါတယ်..
တချိုံ့ က အပျော်ဖတ်များ ရွေးဖတ်တတ်ကြပါတယ်..။
တချိုံ့  က ရသဆန်ဆန် ခံစားမှုစာများ ဖတ်လိုကြတယ်.. (ကဗျာ၊ စာညွန့်၊ ဝတ္ထုဆန်ဆန်)
တချိုံ့  က အတင်းအဖျင်း သတင်းပလင်းများကို စိတ်ဝင်စားတတ်ကြတယ်..။
တချိုံ့ က ဘာသာရေး ဆုံးမစာများ သင်ယူလိုကြတယ်..။
တချိုံ့ က စီးပွားရေး သင်ခန်းစာများ ဆည်းပူးချင်ကြတယ်.။
တချိုံ့ က နိုင်ငံရေးအကြောင်းများ နားလည်ချင်ကြတယ်..။
တချိုံ့ က အလှအပနဲ့ ဈေးဝယ်တာကို အားသန်ကြတယ်..။
တချိုံ့ က ရုပ်ရှင်နဲ့ ဂီတ အနုပညာလောကကို မျက်ခြေမပြတ်ချင်ကြဘူး..။
တချိုံ့ က ပညာရပ်ဆန်ဆန် စာပေများ လေ့လာချင်ကြတယ်..။

စာဖတ်သူများတွင် အရွယ်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ အလုပ်အကိုင် ပညာသင်ကြားမှု အကြောင်းအမျိုးမျိုးကြောင့် ရည်ရွယ်ရာ ဦးတည်ရာ မတူသော်ငြားလည်း၊ မိမိတို့စိတ်ဝင်စားရာကို မိမိတို့ အသိဥာဏ်ရှိသလောက် ရှာဖွေလေ့ရှိကြပါတယ်..။

မိမိတို့ ကျင်လည်ရာဘဝ၊ အတွေ့အကြုံ၊ ပညာအရည်အချင်း သာမက အလုပ်အကိုင်ပေါ်မူတည်ပြီး နားလည်နိုင်စွမ်းအားသည်လည်း အထိုက်အလျောက် ကွာခြားလာတတ်ကြပါတယ်..။ ဘာသာစကားတူသော်ငြားလည်း အရာအားလုံးကို နားလည်နိုင်စွမ်းရှိဖို့ဆိုတာ.. လူအားလုံးအတွက် မဖြစ်နိုင်ပါဘူး.။ တချိုံ့ က တဝက်မက နားလည်သော်လည်း အများစုမှာ မိမိတို့နှင့် သက်ဆိုင် ဆက်စပ်ရာကိုသာ နားလည်နိုင်စွမ်း ရှိကြပါတယ်....။


စာရေးသူများနှင့် စာဖတ်သူများ.....


စာရေးသူများသည် မိမိတို့ပို့စ်များအား စာဖတ်သူများ LIKE လုပ်လေသောအခါ မိမိတို့ရေးသားသမျှကို နားလည်ပြီး ထောက်ခံအားပေးသည်ဟု လွဲမှားစွာ ယူဆကြလေသည်။ တခြားသော ရည်ရွယ်ချက်နှင့် ရေးသားသူများအတွက် မထူးခြားနားလှသော်လည်း..အတည်အခန့် ရေးသားသော ပညာရပ်ဆိုင်ရာစာပေများနှင့် ဘာသာရေးစာပေများ အတွက်မူ များစွာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်..။

အချို့ သောစာဖတ်သူများသည် လူချင်းခင်မင်မှု စိတ်ဝင်စားမှု သဘောနှင့်သာ LIKE လုပ်ကြပြီး တခါတရံ ပို့စ်ကို တောင် မဖတ်ကြဘဲ သူထက်ငါ ဦးအောင် LIKE လုပ်တတ်ကြတာကို စာရေးသူများ သိသင့် သဘောပေါက်သင့်ပါတယ်..။

ထိုစာဖတ်သူများထဲမှ တကယ်တမ်း သိချင်သူ တတ်ချင်သူ တချို့တလေသာလျှင် မေးခွန်းထုတ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်တတ်ကြပါတယ်.... ၄င်းတို့တွင်လည်း တကယ် တတ်ကျွမ်းသဖြင့် အပြန်အလှန်ဆွေးနွေးသူများ ရှိသကဲ့သို့၊ မသိ မတတ်ကျွမ်းပေမဲ့ နားလည်ချင်လို့ တတ်ကျွမ်းချင်လို့ မေးမြန်းသူများ ရှိနိုင်လေသောကြောင့်.. တခါတရံ မေးခွန်းဦးတည်ချက် လွဲတတ်သည်များအား စာရေးသူများ သည်းခံနားလည်ပေးသင့်ပါတယ်..။

တချို့သော စာရေးသူများအနေနှင့် မိမိအား ပညာစမ်းလေသလား၊ မိမိ ပညာမာနကို ထိခိုက်သည်ဟူသော ထင်မြင်ယူဆချက်များသည် စာရေးသူနှင့် စာဖတ်သူများအကြား ကြီးမားသော နားလည်မှု လွဲချော်မှုပင် ဖြစ်နေပါသည်။

ထို့အတူ စာဖတ်သူများဖက်မှလည်း.. အမှန်တကယ် ရိုးသားမှုရှိစွာနှင့် စာရေးသူအား ထိခိုက်မှု ရှိစေချင်သော ရည်ရွယ်ချက်မျိုးမပါဘဲ၊ မနာလို ဝန်တိုမှုကင်းစွာ မိမိသိချင်သည်များအား မေးမြန်းဆွေးနွေးသင့်ပါသည်။


မည်သို့ပင် ဆိုစေကာမူ.. ဖေ့ဘုတ်သုံးစွဲသူများ၏ အတ္တ ၊  ရည်ရွယ်ချက်ပေါ် မူတည်လျက် . အနှစ်သာရ အမျိုးမျိုး ကွာခြားနိုင်သော်လည်း... စာရေးသူ များ နှင့် စာဖတ်သူများသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှိ ပုံစံမျိုးနှင့်သာ အစဉ်အမြဲ ဆက်ဆံနေရမည်သာ ဖြစ်ပေလိမ့်မည်။။။။။။။။။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>