Quantcast
Viewing all articles
Browse latest Browse all 1811

တန်ဖိုးတက်လာတဲ့ မြန်မာ့ငွေကြေး

Image may be NSFW.
Clik here to view.

by NayHtet HtetAung (Notes) on Monday, September 5, 2011 at 5:34pm
ယနေ့မြန်မာငွေနှင့် ဒေါ်လာလဲလှယ်ရာမှာ မြန်မာငွေတန်ဖိုး တရိပ်ရိပ် တက်လာနေပါသည်။ မြန်မာငွေတန်ဖိုးတက်လာပေမယ့် ကုန်စည်ဈေးနှုန်းတွေဘာလို့မကျတာလဲလို့မေးတော့ ပတ်ဝန်းကျင်မှာရှိတဲ့စီးပွားရေးသမား တွေက ပြောကြပါတယ်။ ဗမာငွေတက်တာမဟုတ်ဘူး၊ ဒေါ်လာဈေးကျတာတဲ့။အဲဒီအဖြေဟာမှန်ပါသလား။ မှန်သည်ဟုယူဆလိုက်ပါ။ ဒါဆိုရင် ဒေါ်လာလို အင်အားကြီးတဲ့ ငွေမာတွေတောင်တန်ဖိုးကျတဲ့အချိန်မှာ ဗမာငွေက ဘာလို့ မကျဘဲနေတာလဲဆိုရင်ရော အဖြေကဘာလဲ။ ဗမာငွေတန်ဖိုး တက်နေလို့သာတန်ဖိုးကျမသွားတာ ဆိုတဲ့ အဖြေပဲ ဖြစ်လာရပါတယ်။ ထပ်ပြီးသုံးသပ်စရာတခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။
ယခင်က ဒေါ်လာဈေးနှင့်ယွမ်ဈေးများတက်တယ်လို့ ပြောကြတုန်းကရော ....  အဲဒီငွေကြေးတွေက တက်တာလား၊ ဗမာငွေက ကျတာလား။ မြန်မာငွေနဲ့ ကန်ဒေါ်လာချိတ်ဆက်မှု၊ မြန်မာငွေနဲ့ ယွမ်ငွေချိတ်ဆက်မှုမှာ မြန်မာငွေတန်ဖိုးကျစဉ်တုန်းက ဒေါ်လာနဲ့ ယွမ်လဲနှုန်း၊ ဒေါ်လာနဲ့ ဘတ်လဲနှုန်း၊ ဒေါ်လာနဲ့ Singapore Dollar လဲနှုန်းတွေဟာ မပြောင်းလဲဘဲ ရှိနေကြတဲံအတွက် မြန်မာငွေကျတာ ထင်ရှားပါတယ်။ ယခုအချိန်မှာ မြန်မာငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲရာမှာတင်မကဘဲ ယွန်နဲ့ လဲရာမှာပါ တန်ဖိုးတက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသောအိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုးတက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးသမားများ မ၀န်ခံချင်လည်း မြန်မာငွေတန်ဖိုးတက်နေတာဟာထင်ရှားပါတယ်။ ဒီလိုဆိုရင်လိုရင်းကို ပြောကြပါစို့။
      မြန်မာငွေသည် ဒသမနောက်က အစွန်အဖျားလေးကျသွားခဲ့တာနဲ့ တပြိုင်နက် ကုန်စည်ဈေးနှုန်းတွေ ဒုန်းကနဲ ဒိုင်းကနဲ အားရပါးရ ခုန်တက်ခဲ့သလောက် မြန်မာငွေတန်ဖိုး တရိပ်ရိပ်တက်နေသော်လည်း import ကုန်စည်ဈေးများမကျဘဲ တင်းခံနေခြင်း၊ ချပေးတော့လည်း မဖြစ်စလောက် အနည်းငယ်မျှသာဖြစ်နေခြင်း တွေဟာ ဘာ့ကြောင့်ပါလဲ။ importတင်သွင်းလာသော ကုန်သည်ကြီးများနှင့် export ကုန်သည်ကြီးများကလည်း မြန်မာငွေတန်ဖိုးတက်လာသဖြင့် ငြီးငြူနေကြပါသည်။ ဒေါ်လာစားနှင့် FEC စားများကလည်း ညီးတွားနေကြပါသည်။ ဒါဆိုရင်မြန်မာငွေတန်ဖိုးတက်လာတာဟာ တိုင်းပြည်အတွက်အကျိုးမရှိဘူးဟု ယူဆနေကြပါ သလား။
     မြန်မာငွေတန်ဖိုးကျလို့ ကုန်စည်နဲ့ အခြေခံစားသောက်ကုန်တွေ မတန်တဆ ဈေးတွေမြင့်တက်ပြီး ငွေဖောင်းပွမှုတွေဖြစ်စဉ်တုန်းက
ပြင်ပ ၀န်ထမ်းတွေရဲ့ လစာတွေ တိုးတက်မှု တစုံတရာမရှိခဲ့ပါဘူး။ နဂိုလုပ်ခ လစာအနေအထားနဲ့ပဲ ကုန်ဈေးနှုန်းတက်မှုဒဏ်ကို ခါးစည်းပြီး ခံခဲ့ကြရပါတယ်။ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်ချိန်မှာ ၀င်ငွေတိုးမလာမှုဒဏ်တွေနဲ့ ပတ်သက်ပြီး မိသားစု စားဝတ် နေရေးမပြေလည်မှု သားသမီးတွေရဲ့ ပညာရေးအသုံးစရိတ်မလုံလောက်မှုတွေ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုစရိတ် မသုံးစွဲနိုင်ကြမှုတွေနဲ့ ပတ်သက်တဲ့ ငိုညည်းသံတွေက ခပ်သဲ့သဲ့ ထွက်လာရှာပါတယ်။
     မြန်မာငွေတန်ဖိုးတက်လို့ ကုန်စည်ဈေးတွေ မဖြစ်စလောက်ကျတဲ့အတွက်ကြောင့် လူတစ်စုဆီက ပေါ်လာတဲ့ ညည်းတွားသံတွေက ကျယ်လောင်လွန်းလှပါတယ်။ ယခင်တုန်းက စာမျက်နှာတွေပေါ်မှာ ငွေဖောင်းပွမှု Inflation Rateနှင့်ပတ်သက်ပြီးငွေတန်ဖိုးကျလည်း ဘာလုပ်ရမှာလည်း၊ ပို့စရာ Exportမှ မရှိတာ၊ အကျိုးမရှိလှပါဘူး။လို့ ရေးခဲ့ပြောခဲ့ကြတဲ့ လူတွေက ခုလိုမြန်မာငွေတန်ဖိုးတက်ချိန်မှာ လက်ခုပ်တီးပြီး ခပ်ရဲရဲ လေး ကြိုဆိုပေးကြရင်ကောင်းမယ်ထင်ပါတယ်။ ခုချိန်မှာမြန်မာငွေ တန်ဖိုးတက်လို့ ကုန်စည်ဈေးတွေကျသင့်သလောက်မကျတာတွေ၊ ပြည်သူတွေအကျိုးရှိသင့်သလောက်မရှိတာတွေနဲ့ ပတ်သက်ပြီး များများလေး ရေးစေပြောစေချင်ပါတယ်။ ပြည်သူတွေရဲ့ခံစားချက်နဲ့ တိုင်းပြည်အတွက် ရေရှည် အဆိုးအကောင်းကို ဝေဖန်ထောက်ပြပြီး ရေးပေးကြပါ။ လူတစ်စုရဲ့ ဆန္ဒနဲ့ခံစားချက်ကို သိပ်ဦးစားပေးပြီး ရေးလွန်းဖော်ပြပေးလွန်းလို့ မသင့်တော်ဘူးထင်ပါတယ်။
     ယခင်တစ်ဒေါ်လာဈေးနှုန်းမြန်မာငွေ (၁၃၅၀) ကျပ်ခန့်ရှိစဉ်က ဒေါ်လာနဲ့ တွက်ပြီးရောင်းချနေကြတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက ဒီနေ့ တစ်ဒေါ်လာဈေး (၇၅၀) ကျပ်နီးပါးဖြစ်နေချိန်မှာ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ၄၀ရာခိုင်နှုန်းလောက် ဘာလို့ မကျတာလဲ။ မြတ်တုန်းက အမြတ်ယူပြီး ရှုံးတော့ကျ အရှုံးမခံနိုင်လို့ မရပါဘူး။ ဒီလိုသာလုပ်နေကြရင် ပီပြင်တဲ့ဈေးကွက်စီးပွားရေးစံနစ် Market Economy ဖြစ်မလာနိုင်ပါဘူး။ ယခုဆိုလျှင် Loreal cosmetic company က တစ်ဒေါ်လာကိုမြန်မာငွေ (၁၄၀၀) ကျပ်နီးပါးပေါက်ခဲ့စဉ်က ပစ္စည်းဈေးနှုန်းများကို ယခုအခါမှာ ၅၀ရာခိုင်နှုန်းလျှော့ပြီး ဈေးတင်ရောင်းချခြင်းမျိုးကို ကြိုဆိုရပါမယ်။
     မြန်မာငွေတန်ဖိုးတက်ရတဲ့ အဓိကအကြောင်းအရင်း (၃)ချက်ရှိပါတယ်။
၁။     Government ကနိုင်ငံရေးအလှည့်အပြောင်းကြီးကို တည်ငြိမ်စွာကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် မြန်မာ့နိုင်ငံရေး အလားအလာ ကောင်းတွေ ပေါ်ထွက်လာခြင်းရဲ့ ရလဒ်ကလည်း တစ်ခုဖြစ်ပါတယ်။
၂။     သဘာဝ ဓာတ်ငွေ့တွေ ပိုမိုတွေ့ရှိမှုနှင့် တင်ပို့နိုင်မှုတွေ များပြားလာတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။
၃။     နိုင်ငံတော်က ကျင့်သုံးနေတဲ့ စီးပွားရေးဆိုင်ရာ Fiscal Policy ပိုင်းမှာContractionary Monetary Policy ဘက်ခြမ်းကို ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းဆိုတာတွေကြောင့်ဖြစ်ပါတယ်။
     မြန်မာငွေတန်ဖိုးတက်ခြင်းဟာ မြန်မာ့စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကနေရာကနေ ပါဝင်နေသလို သန်းပေါင်းများစွာသော ပြည်သူတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီး အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါလိမ့်မယ်။ ငွေတန်ဖိုးကျ ကုန်စည်ဈေးနှုန်းတွေတက်ပြီး ငွေဖောင်းပွမှုတွေဖြစ်နေတုန်းက ဝေဖန်ခဲ့သူတွေဟာ ခုလို ငွေတန်ဖိုးတက်ချိန်မှာ သတ္တိရှိရှိနဲ့ ထောက်ခံပေးစေချင်ပါတယ်။
     ယခုလက်ရှိအနေအထားဟာ ဆင်တစ်ကောင်လုံးမျက်စေ့ရှေ့ရောက်နေတာကို ဆင်ခြေရာဘယ်မှာလဲ၊ ဆင်ဖြစ်ကြောင်းဘာနဲ့ သက်သေ ပြမှာလဲလို့ ၀ိုင်းပြောနေကြသလိုပါပဲ။ မြန်မာငွေတန်ဖိုးကို ရေရှည်ခိုင်မာအောင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် တိုင်းပြည် စီးပွားရေးဖြစ်ထွန်းတိုးတက်မှု Economic Development ရအောင်ကြိုးစားပေးရမှာဖြစ်ပါတယ်။ လက်တစ်ဆုပ်စာငွေကြေးအင်အားကြီးသူ လူတစ်စုရဲ့ စီးပွားဖြောင့်အောင်၊ အခြေအနေကောင်းအောင် ဦးစားပေးကယ်တင်ခြင်း၊ လုပ်ကိုင်ပေးခြင်းတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး ကြီးထွားလာရုံ Economic Growth လောက်ပဲဖြစ်လာမှာကို သတိပြုရပါမယ်။ မြန်မာငွေ တန်ဖိုးတက်ပြီး ကုန်စည်ဈေးနှုန်းတွေကျဆင်းခြင်းဟာ လစာနည်း၊ ၀င်ငွေနည်းလူတန်းစားသန်းပေါင်းများစွာကို အလိုအလျောက်လုပ်ခလစာ တိုးပေးနေသကဲ့သလို့ ဖြစ်နေတယ်ဆိုတာကိုပါ သတိပြုမိကြစေလိုပါတယ်။

နေထက်ထက်အောင် (Mandalay Times Journal)



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>