Quantcast
Viewing all articles
Browse latest Browse all 1811

" တပ်မတော် …..ဘာလဲ….ဘယ်လဲ…- ၇ "


၁၉၈၉ ခု ဇူလိုင် ၂၀ ရက်နေ့  နံနက် မှာ ……
ရန်ကုန်မြို့ မှာရှိတဲ့ …….
အဓိက အတိုက်အခံ ပါတီခေါင်းဆောင်ရဲ့ နေအိမ်ခြံဝင်းကို …….
တပ်မတော်ထောက်လှမ်းရေးက ဦးစီးတဲ့ ……
လုံခြုံရေးတပ်ဖွဲ့ ဝင်များက ၀င်ရောက်စီးနင်းခဲ့ပါတယ်……..
ဒီစီးနင်းမှုဟာ …….
၁၉၈၈ စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကိုင်းမြို့ မှာ ပြုလုပ်ခဲ့တဲ့ ……
ဗကပ ယူဂျီတစ်ချို့ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေပြီး ……
တလစပ် ဖြစ်လာတဲ့ စစ်အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲများကလဲ ……
ဒီစီးနင်းမှုကို အချိန်စောစောဖြစ်ပေါ်စေခဲ့ပါတယ်………။


အရေးအခင်း ပြီးကာစ ကာလ ... ဗကပ ဗဟိုကော်မတီဟာ …….
စစ်ကိုင်းမြို့ ကပေးပို့ လာတဲ့ …..
နောက်ထပ် နိုင်ငံရေး အုံကြွမှု ဖြစ်ချိန်နဲ့  အချိန်ကိုက်…….
မြို့ တွေပေါ်မှာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့  …….
DPA ( Democratic Patriotic Army ) ဒီမိုကရေစီမျိုးချစ်တပ်မတော် ..တည်ထောင်ရမယ်…..
တပ်ဖွဲ့ ဝင်တွေကို ယူဂျီတွေကတစ်ဆင့် စုဆောင်းပြီး ……..
ဗဟိုမှာ သင်တန်းပေးမယ်……
တစ်ချိန်တည်းမှာ….
မြေပေါ် နိုင်ငံရေးပါတီများအတွင်းမှာလဲ…….
အမာခံတွေကို စနစ်တကျ မြုပ်နှံထားပြီး …….
အချိန်ကျတာနဲ့ တစ်ပြိုင်တည်း ……..
ဟန်ချက်ညီ ဖောက်ခွဲတိုက်ခိုက်ရမယ်ဆိုတဲ့ ……
၃၂၈ မုန်တိုင်းစစ်ဆင်ရေး နဲ့ …..
၁၁၁ စစ်ရေး စီမံကိန်း စီမံချက်များကို ……
ချက်ချင်းပဲ အတည်ပြုပေးခဲ့ပါတယ်………..
အဲဒီ စီမံချက်အရ ၁၂.၂.၈၉ ရက်နေ့ မှာ …….
မန်းလေး တက္ကသိုလ်က ယူဂျီ ဆရာတစ်ဦးခေါင်းဆောင်တဲ့ ……
ကျောင်းသားလူငယ်၄၆ ဦးဟာ ....
ဗကပ ဗဟိုမှာ …….
ဖောက်ခွဲရေးနဲ့ စစ်ပညာသင်တန်းကို စတင်တက်ရောက်ခဲ့ပြီး …….
၁၉၈၉ ဇွန်လ ၂၀ ရက်မှာ…….
မိမိတို့  နေရပ်ဒေသအသီးသီးကို …..
ပြန်လည်ရောက်ရှိ စိမ့်ဝင်ခဲ့ပါတယ်…….။


၁၉၈၉ မတ်လရဲ့ နောက်ပိုင်းရက်တွေမှာ….
ဒီမိုကရေစီ ကိုချေမှုန်းဖို့ ……
တပ်မတော်က အာဏာသိမ်းခဲ့တယ်လို့ ယူဆသူ ကျောင်းသားလူငယ်တွေနဲ့  ……
ဆူပူမှုတွေ ဖြစ်ပွားအောင်လုပ်ပြီး …….
တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်နေတယ်လို့ ယူဆသူ တပ်မတော် အကြား …….
ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ် ……..
အဲဒီထဲက ….ဘုန်းမော် နှစ်ပတ်လည်နေ့ နဲ့ ……
တံတားဖြူ နှစ်ပတ်လည်နေ့ အရေးအခင်းတွေကို ……
တပ်မတော်က ဖြိုခွဲပြီးခဲ့ ချိန်မှာတော့ …….
ပါတီဝင် လူငယ်အတော်များများ ထိန်းသိမ်းခံခဲ့ရတဲ့အတွက် …….
တပ်မတော်နဲ့ အဓိက အတိုက်အခံပါတီကြား ယုံကြည်မှုဟာ …….
အတော်ကို ဆိုးဆိုးရွားရွား ပျက်ယွင်းခဲ့ရပါပြီ…….။


တပ်မတော်အနေနဲ့ ……
ဆူပူမှုတွေ မဖြစ်ပွားဖို့ .....
ရည်ရွယ်ပြီးထုတ်ပြန်ခဲ့ တဲ့ အမိန့် ကြေငြာချက်တွေဟာ ……
ဒီမိုကရေစီမကျတဲ့ အတွက် …….
လိုက်နာစရာမလိုဘူးဆိုတဲ့ အယူအဆတစ်ရပ်ဟာ …….
ပြည်သူလူထုကြား အတော်ကို ရေပန်းစားလာခဲ့ပြီး ……..
၂၁.၆.၈၉ ရက်နေ့ မှာတော့ …….
အဓိက အတိုက်အခံပါတီကြီးက ထုတ်ဝေတဲ့ စာရွက်စာတမ်းတိုင်းမှာ ……
အများသဘောမတူတဲ့ အမိန့် အာဏာ ဟူသမျှ .....
တာဝန်အရ ဖီဆန်ကြ ဆိုတဲ့  ဆောင်ပိုဒ်ဟာ ……
အမြဲလိုလို နေရာယူလာခဲ့ပါပြီ ………
ဒါဟာ ....လက်ခုပ်သံတစ်ဖြောင်းဖြောင်း ဆူညံသွားစေခဲ့ပြီး ……..
ပါတီအပေါ် လူထုထောက်ခံမှု အမြောက်အများ ရရှိခဲ့ ပေမယ့် …….
တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ခဲ့တာ တစ်နှစ်ပဲရှိသေးပြီး …….
အခြေအနေကိုတည်ငြိမ်အောင် ......
မနည်းထိန်းသိမ်းနေရတဲ့ အစိုးရ တစ်ရပ်အဖို့ တော့ …….
အတော့်ကို စိတ်ပျက်ဖို့ ကောင်းတဲ့ .....
အယူအဆ တစ်ခုလည်းဖြစ်ပါတယ်……..
အဲဒီနောက်ပိုင်းမှာတော့ …တပ်မတော် အနေနဲ့ ……
ဒီ အတိုက်အခံပါတီဟာ …..
သူတို့ ကို ....
ထိပ်တိုက်ရင်ဆိုင်ရေး(Confrontation) နည်းလမ်းတွေပဲသုံးပြီး…..
အမြဲဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်နေတယ်လို့ …..
ယူဆစပြုလာပါပြီ….........။

တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဟာ….
၂၀.၇.၈၉ ရက်နေ့ စီးနင်းမှုအပြီးမှာ….
ခြံဝင်းတွင်းနေထိုင်သူ ၄၀ ကို ခေတ္တ ထိန်းသိမ်းခဲ့ပြီး….
သိမ်းဆည်းရမိသမျှ စာရွက်စာတမ်း အမြောက်အများကိုလဲ….
သူတို့ မှာ နဂိုရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ …..
တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်……
အဲဒီထဲကမှ ....
ကေအန်ယူ ဗဟို ဥက္ကဌ ဗိုလ်ချုပ်မြ က ....
အတိုက်အခံ ခေါင်းဆောင်တွေထံ လိပ်မူရေးသားထားတဲ့ စာ နဲ့ .....
ဗကပ ဗဟိုကော်မတီ ရဲ့ ကြေငြာချက် စာတမ်း အတော်များများကို တွေ့ ရှိရခြင်းဟာ ....
တပ်မတော် ကို တော့ .....
အတော့်ကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ပါတယ်….....။


ဒီမိုကရေစီ အရေးအတွက် .....
စစ်အစိုးရနဲ့ ဆန့် ကျင်ဖက် ဘယ်အဖွဲ့ အစည်းနဲ့ မဆို .....
မိတ်ဆွေ အဖြစ် ဆက်သွယ်ရမယ် ဆိုတဲ့အယူအဆဟာ .....
အပြင် အရပ်သားတစ်ယောက် အနေနဲ့ တော့ .....
ဘာမှ သိပ်မထူးခြားလှပေမယ့်….
စစ်သား တစ်ယောက်အတွက်တော့ ....
၁၉၄၈ ကတည်းက …..
တဂျိမ်းဂျိမ်း တိုက်ခဲ့ရတဲ့ စစ်ပွဲတွေမှာ.....
သူတို့ စစ်သည်တွေရဲ့ အသက် အမြောက်အများကို ချွေယူခဲ့တဲ့ ....
ရန်သူတွေနဲ့  အဆက်အသွယ်လုပ်နေတယ် ဆိုတဲ့ အဖြစ်ဟာ…
ခါးသီးဖို့ ကောင်းလှတဲ့ ......
ဧရာမ နာကျည်းစရာ ကိစ္စ ကြီး တစ်ခု ဖြစ်နေခဲ့ပါတယ်….
ပြသနာကို ပိုမိုဆိုးရွားစေခဲ့တာကတော့ ….
ထိန်းသိမ်းခဲ့သူ ၄၀ ထဲက တစ်ဦးဟာ….
တောတွင်းကရောက်ရှိနေပြီး .....
နိုင်ငံခြားသံရုံးများနဲ့ အဆက်အသွယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ….
ABSDF က တာဝန်ခံ စိုးမြတ်သူ ဆိုသူ ဖြစ်နေတာပါပဲ……..။

( အပိုင်း ၈ နောက်ရက်ဆက်တင်ပါမည် )
— with James Mint and 39 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...