Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အသက်ကိုနှင်း၍

$
0
0
by Maung Maung Than (Notes) on Monday, May 27, 2013 at 9:12am
အသက်ကိုနှင်း၍

မြ၀တီပျက်လုံးပါ
မရှက်တမ်းဝန်ခံရရင် ပြက်လုံးကို မြ၀တီမှာလဲကြည့်ရတယ် အပြင်မှာ တကယ်ကတာလဲ ကြည့်ရတယ် လေးကြိမ်လောက်ကြမှ သဘောပေါက်တော့တယ်

မင်းသမီးကို ပိုးတာ၊ သီချင်းကြိုက်တဲ့မင်းသမီးဆိုတော့ သီချင်းလေးတွေ ဆိုဆိုပြတယ်၊ ပိုးတဲ့လူပျက်က အသံမကောင်းတော့ ဓါတ်စက်ကြီး သယ်လာပြီး ဖွင့်ပြရတယ်။


ဓါတ်စက်ကြီးက နောက်လူပျက်လုပ်ပါတယ် မြင်းကြီးလို့ နာမည်ပေးထားတဲ့ လူပျက်၊ နာမည်မေ့နေပြီ၊ မြ၀တီ အော်ရီဂျင်နယ်တွေပဲ

ပထမပိုင်းတော့ သီချင်းအကောင်းလေးတွေဆိုနေတာ၊ ဆိုနေရင်းနဲ့ အသံက ညောင်နာနာ ဖြစ်သွားတယ်၊

ဒီခေတ်လူငယ်တွေကတော့ ကြားဘူးတော့မှာမဟုတ် သံပတ်လျော့သွားတဲ့အသံကိုး၊ ဓါတ်စက်ကြီးက ရှေးခေတ်က သံပါတ်နဲ့ လည်တာဆိုတော့ သံပါတ်လျော့သွားရင် အသံကျသွားပြီး သံပတ်တင်းပေးရလေရဲ့ ၊ ဒီခေတ်ဆိုရင်တော့ ဘက်ထရီအားနည်းသွားတဲ့ အသံပေါ့၊

အဲဒီမှာကို ကျနော်တို့ ရီနေကြပါပြီ၊
သီချင်းအကောင်း ၃ပုဒ်လောက်ဆိုပြပြီးမှ ဘယ်ရောက်သွားလဲဆိုတော့ တွံတေးသိန်းတန်ရဲ့ အသီးတရာ အညှာတစ်ခု

ပထမပုဒ်ကို အရင်အတိုင်းပဲ ပျက်နေတာ သံပတ်ကျသွားတယ် ပြန်တင်းပေးတယ် လျောလျောရှုရှုပဲ

အဲ လာပါပြီ စစ်ချီတေးနဲ့ 

ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းရေ ရဲရဲတောက် တိုက်စစ်ဆင်ခါနေ

အဲဒီမှာ ရဲရဲတောက် ရဲရဲတောက်ဆိုပြီး အသံကျသွားလိုက်တာ ခါတိုင်းထက် သုံးဆလောက်ကို သံပတ်တင်းပေးတော့မှာ ပုံမှန်အသံထွက်လာပါတော့တယ်

ဆက်ပြီးဆိုပါပြီ၊ တောင်ကြားတောင်ကြား မရှောင်ရှား အများအတွက်ဖြင့် အသက်ကို စွန့် လို့ နေ

အသက်ကိုစွန့် လို့ အသက်ကိုစွန့် လို့ ဆိုပြီး သံပတ်ကျလိုက်တာ နောက်ဆုံးဘယ်လိုမှ တင်းလို့ မရတော့ပဲ ထောင်းကနဲ သံပတ်ပြတ်ထွက်သွားပြီး ဓါတ်စက်ကြီးကို ထမ်းပြီး ဇာတ်ခုံနောက် ဆွဲသွင်းသွားကြပါတော့တယ်ခင်ဗျား


ကျနော်တကယ့်ကို ၀န်ခံပါတယ် ပိန်းချက်၊ ဆိုလိုရင်းကို လေးခါလောက်ကြည့်ပြီးမှပဲ သဘောပေါက်လေရဲ့ 

အလေးနီပြုပါတယ် မြင်းကြီးတို့ အုပ်စုခင်ဗျား


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>