Quantcast
Viewing all articles
Browse latest Browse all 1811

" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၈ "


၁၉၉၀ မေ၂၇ ရက်နေ့ …
ရန်ကုန်မြို့ ရဲ့ ညနေခင်းလေထုဟာ…..
ဆူညံအော်ဟစ် စိတ်လှုပ်ရှားသံတွေနဲ့ ပြည့်နှက် နေပါတယ်…
ရွေးကောက်ပွဲ မဲအနိုင် အရှုံးကို …..
စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးရဲ့ အသံကြားထဲမှာ……
မဲစာရင်း ကြေငြာနေတဲ့ ရုပ်မြင်သံကြားက အသံဟာ ……
တစ်ချက်တစ်ချက်မှ သဲ့သဲ့ပဲ ထိုးဖောက်နိုင်ပါတယ်……
ဒီ..မဲ အနိုင်အရှုံး စာရင်းဟာ…….
အနာဂတ်မြန်မာ့သမိုင်းမှာ …….
တပ်မတော်ကို တစ်ချိန်လုံး ဖိအားပေးခံရမယ့် ဆုံးဖြတ်ချက်တစ်ခုရဲ့  ……
သနေ တည်ရာအစလည်း ဖြစ်သလို ……
တိုင်းပြည်ကို ချွတ်ခြုံကျသွားစေမယ့် ……
စီးပွားရေးပိတ်ဆို့ မှုအများအပြားရဲ့ …..
မြစ်ဖျားခံရာလည်း ဖြစ်ပါတယ်…….။

၁၉၈၈ နိုဝင်ဘာ ၂၅ ရက်နေ့ မှာ …..
အတိုက်အခံပါတီကို တည်ထောင်သူ သုံးဦးထဲက တစ်ဦးဟာ….
ပါတီတွင်း ကွန်မြူနစ်ဝါဒ စိမ့်ဝင်လွှမ်းမိုးနေမှုနဲ့ ပတ်သက်လို့ ….
ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ရာက….
ပါတီတွင်း သဘောထားကွဲလွဲမှုတွေ …..
အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်…….
ဒီဖြစ်ရပ်ဟာ တင်ပြသူအပါအ၀င် ……
ဗဟိုကော်မတီဝင် ၁၃ ဦး နူတ်ထွက်ခဲ့ရုံသာ ထင်ရပေမယ့် …..
ဗမာပြည် ကွန်မြူနှစ်ပါတီရဲ့ …..
အနှစ်လေးဆယ် ရန်သူတော်ကြီး တပ်မတော် အတွက်တော့ …..
အင်မတန်အနရာယ်ကြီးတဲ့……..
ခြိမ်းခြောက်မှုကြီးတစ်ခုလို ရှုမြင်ခဲ့ပြီး ……
အတိုက်အခံပါတီအပေါ် …….
သတိကြီးကြီးနဲ့ စောင့်ကြည့်တဲ့ …..
အနေအထားကို ဖြစ်ပေါ်စေခဲ့ပါတယ်……။

၁၉၈၈ နောက်ပိုင်း …..
တပ်မတော်အပေါ် ……
ယုံကြည်မှုကင်းမဲ့ ခဲ့တဲ့ အတိုက်အခံပါတီကြီးဟာ ……
တပ်မတော်ကလဲ သူ့ အပေါ်…..
အယုံအကြည် မရှိတော့စေမယ့် ……
လှုပ်ရှားမှု အများအပြားကို ဆောင်ရွက်ခဲ့ ပါတယ်….
သူတို့ ရဲ့ ……
မြေအောက်အဖွဲ့ အစည်း …..
တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်း အများအပြားနဲ့  ဆက်သွယ်ဆောင်ရွက်မှုတွေကို …….
တပ်မတော်အနေနဲ့ ကတော့ …….
သူတို့ ကို ပူးပေါင်းဖြိုခွဲဖို့ ပြင်ဆင်နေတယ်လို့ ပဲ ရှုမြင်ခဲ့ပြီး…….
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းမှာ…..
ပါတီခေါင်းဆောင်တွေ ရဲ့ ……..
တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုခဲ့တဲ့  ဖြစ်ရပ်တွေဟာ ……
ဒီ သံသယကို……
ပိုမိုခိုင်မာလာစေခဲ့ပါတယ်…….။

ပါတီထဲကို ဥဒဟို ၀င်ထွက်နေတဲ့ ……
နိုင်ငံခြားတိုင်းပြည်တွေက သံတမာန် တွေနဲ့ …….
အဖွဲ့ အစည်းအတော်များများဟာ …….
တံခါးပိတ် ၀ါဒကို ၂၆ နှစ် ကျင့်သုံးလာပြီး ……
နိုင်ငံခြားတိုင်းပြည်တွေနဲ့ …….
လုံးဝ နီးပါး အဆက်အဆံမရှိခဲ့ တဲ့ စစ်တပ်တစ်ခုအဖို့ တော့……
ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ……
ပြည်ပ စွက်ဖက်မှု ပါဝင်နေပြီလို့ ……
အသေအချာ ကောက်ချက်ချစေခဲ့ ပါတယ်…..။

၁၉၉၀ ခုနှစ်ရဲ့  မငြိမ်မသက် ကာလတစ်ချို့ မှာ….
ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဟာ……
ပြည်တွင်းနိုင်ငံရေးသမား အချို့ နဲ့ …….
ပြည်တွင်း ပြည်ပ သံတမာန်အများအပြား …….
ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ………
ခြိမ်းခြောက်မှုတစ်ခုကို …….
ခပ်ပြောင်ပြောင်ပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်……

သံတမာန်တွေရဲ့  နိုင်ငံရေး အတွေ့ အကြုံအရ…...
ရွေးကောက်ပွဲ ကိုတာဝန်ယူကျင်းပပေးနေပြီး ……
အထက်အောက် အမိန့် နာခံမှု အလွန်အားကောင်းတဲ့  ……
ဧရာမ လက်နက်ကိုင် အဖွဲ့ အစည်းကြီး ရဲ့  ခေါင်းဆောင်တွေအပေါ် …….
ပါတီအာဏာရရှိခဲ့ ရင် ……
အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အပြောမျိုးဟာ……
သမိုင်းမှာ အကြာဆုံး ပြည်တွင်းစစ်ဖြစ်နေပြီး ….
စစ်ဖက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သိပ်မြင့်မားတဲ့  …….
မြန်မာနိုင်ငံလို တိုင်းပြည်မျိုး အတွက်တော့…..
အင်မတန် မိုက်မဲပြီး ……
အဆင်အခြင်ကင်းမဲ့ တဲ့လုပ်ရပ်တစ်ခုလို့  ……
ရှုမြင်ပုံရကြပါတယ်……။

ဒီ အဖြစ်အပျက်တွေရဲ့  အကျိုးဆက်ဟာ …..
၁၉၉၀ မေလ ၂၇ ရက်နေ့ …
ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့…..
စပြီး……
အသက်ဝင်လှုပ်ရှားလာခဲ့ပါပြီ……..။

( အပိုင်း ၉ ဒီနေ့ ပဲ ဆက်တင်ပါမည် )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...