Quantcast
Viewing all articles
Browse latest Browse all 1811

ရိုက်ခတ်သည့်လှိုင်း

Image may be NSFW.
Clik here to view.
Photo: ရိုက်ခတ်သည့်လှိုင်း   လှိုင်းက ခြေဖျားကိုညင်ညင်သာသာလေး ရိုက်ခတ်ထိတွေ့လာသည်။  မြစ်ပြင်ကိုကြည့်တော့ လှိုင်းလေးတွေက ညီညီညာညာ ယိမ်းယိမ်းနွဲ့နွဲ့ ကနေကြသလိုပင်။  ကြည့်နေရင်းနဲ့ပင်..  အဲဒီ လှိုင်းလေးတွေရဲ့နောက်က နည်းနည်းပြင်းထန်တဲ့လှိုင်းက ကပ်ပါလာသည်။ မြစ်ပြင်မှ ဖြတ်သွားသော သင်္ဘောတစ်စီးကြောင်း လှိုင်းထသွားခြင်းဖြစ်သည်။  လှိုင်းလေးတွေ ပုံမှန်လှုပ်ရှားနေကြပြန်သည်။  လှိုင်း… တစ်ခုခုကြောင့် ဖြစ်ပေါ်ရတဲ့လှိုင်း။  လေကြောင့်လှိုင်း၊ ခဲလေးတစ်လုံးကြောင့် ၀ဲဂယက်ထသွားတဲ့လှိုင်း ….  တိုက်တာအိုးအိမ်တွေ ဖျက်စီးတဲ့လှိုင်း၊ ညင်ညင်သာသာလှိုင်း … လှိုင်းတွေအကြောင်း… ……………….  “ စဉ်းစားကြည့်ပါဦးအစ်ကိုရာ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ သူတို့ချင်းဖြစ်တဲ့ သူတို့ရှင်းပေါ့။ ကျွန်တော့်ကို လာပြီး မထိခိုက်သင့်ပါဘူး ”  ပြသနာတစ်ခုကြောင့် ဖြစ်လာသည်ကို သူပြောပြနေသည်။ “ အေးပေါ့ကွာ ရှောင်နိုင်သလောက်တော့ရှောင်ပေါ့ ” ဟု ပြောခဲ့ရသည်။  နောက်တစ်ဦးက “ တောက် တော်တော်ဆိုးတဲ့ကံပဲဗျာ တကယ်ပါ လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်ဆိုတာ သိပ်မှန်တယ်။ ဖြစ်လေသမျှ တလွှဲ၊ လုပ်လိုက်တော့ တချော်၊ ကံလိုက်မလားလို့ ဥာဏ်လေးသုံးတော့ ကံမရှိဥာဏ်ရှိတိုင်း မွဲတော့တာပါပဲ ”  သူကတော့ အရင်းအနှီးရှုံးခဲ့သူတစ်ဦး။ နောက်တစ်ဦးကတော့ မီးရဲ့ ၀ါးမြို့မှုကြောင့် အိမ်တစ်လုံးလုံး ပြာဖြစ်သွားတဲ့သူ။   “ ဘိုးဘွားတွေပိုင်သမျှ၊ အဖေအမေတွေ ပိုင်သမျှ အားလုံး အားလုံး ကုန်ရော။ အစကတော့ ရွှေပေါ် မြတင်ပေါ့။ ခုတော့ ဒီမီးကြောက် မြက်ပေါ်ရွှံ့တင်ဖြစ်ရပြီဗျာ ”  အားလုံး လှိုင်းတွေရဲ့ရိုက်ခတ်မှုဒဏ်ခံလာရသည်။  ဒုက္ခရောက်စေတဲ့ လှိုင်းတွေ။ …………………………………………………………………  တချို့ လှိုင်းတွေကြားမှာ ပျော်ရွှင်နေကြတာမြင်ရသည်။ လှိုင်းတွေကြောင့် ပျော်ရွှင်နေကြသည်။  လှိုင်းတွေပေါ်မှ ရေလွှာလျှောစီးသူ၊ ကမ်းခြေလှိုင်းစီးသူ သူတို့ကတော့ လှိုင်းကိုကြောက်သည့်ပုံ မပေါ်ကြ။  လောကဓံလှိုင်းသည် ဘ၀တစ်ခုလုံးကိုလည်း ဖျက်စီးပစ်တတ်သည်။  အောင်မြင်မှုအတွက်ကြိုးစားရင်း အခက်အခဲလှိုင်းတွေ မိမည်။  မိမိကြောင့် သူများကို လှိုင်းခတ်စေမည်။ သူတစ်ပါးကြောင့် မိမိမှာ လှိုင်းရိုက်ခတ်လာနိုင်သည်။  မြစ်ပြင်ကို ငေးကြည့်ရင်း သင်္ဘောတစ်စင်းဖြတ်သွားသည်။  သင်္ဘောကိုမောင်းနှင်နေသော မာလိန်မှူးကတော့ ဘယ်လှိုင်းမဆိုသူ ကြောက်လိမ့်မည်မဟုတ်။  စကားပုံတစ်ခုအတွေးထဲပေါ်လာသည်။ “ လှိုင်းကြီး လှေအောက် ”  တွေ့ကြုံလာသည့် မည်သည့်လောကဓံလှိုင်းမဆို မိမိရဲ့ ပိုင်နိုင်စွာ ထိန်းချုပ်ထားသည့် ဘ၀လှေအောက်ကို ရောက်အောင်ကြိုးစားရပေမည်။  သို့မဟုတ်က လှိုင်းသည် မိမိဘ၀တစ်ခုလုံးကို ၀ါးမြိုသွားပေလိမ့်မည်။      မောင်ပိုင်     ၂၇-၅-၂၀၁၃


လှိုင်းက ခြေဖျားကိုညင်ညင်သာသာလေး ရိုက်ခတ်ထိတွေ့လာသည်။
မြစ်ပြင်ကိုကြည့်တော့ လှိုင်းလေးတွေက ညီညီညာညာ ယိမ်းယိမ်းနွဲ့နွဲ့ ကနေကြသလိုပင်။
ကြည့်နေရင်းနဲ့ပင်..
အဲဒီ လှိုင်းလေးတွေရဲ့နောက်က နည်းနည်းပြင်းထန်တဲ့လှိုင်းက ကပ်ပါလာသည်။ မြစ်ပြင်မှ ဖြတ်သွားသော သင်္ဘောတစ်စီးကြောင်း လှိုင်းထသွားခြင်းဖြစ်သည်။
လှိုင်းလေးတွေ ပုံမှန်လှုပ်ရှားနေကြပြန်သည်။
လှိုင်း… တစ်ခုခုကြောင့် ဖြစ်ပေါ်ရတဲ့လှိုင်း။
လေကြောင့်လှိုင်း၊ ခဲလေးတစ်လုံးကြောင့် ၀ဲဂယက်ထသွားတဲ့လှိုင်း ….
တိုက်တာအိုးအိမ်တွေ ဖျက်စီးတဲ့လှိုင်း၊ ညင်ညင်သာသာလှိုင်း … လှိုင်းတွေအကြောင်း…
……………….
“ စဉ်းစားကြည့်ပါဦးအစ်ကိုရာ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ သူတို့ချင်းဖြစ်တဲ့ သူတို့ရှင်းပေါ့။ ကျွန်တော့်ကို လာပြီး မထိခိုက်သင့်ပါဘူး ”
ပြသနာတစ်ခုကြောင့် ဖြစ်လာသည်ကို သူပြောပြနေသည်။
“ အေးပေါ့ကွာ ရှောင်နိုင်သလောက်တော့ရှောင်ပေါ့ ” ဟု ပြောခဲ့ရသည်။
နောက်တစ်ဦးက
“ တောက် တော်တော်ဆိုးတဲ့ကံပဲဗျာ တကယ်ပါ လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်ဆိုတာ သိပ်မှန်တယ်။ ဖြစ်လေသမျှ တလွှဲ၊ လုပ်လိုက်တော့ တချော်၊ ကံလိုက်မလားလို့ ဥာဏ်လေးသုံးတော့ ကံမရှိဥာဏ်ရှိတိုင်း မွဲတော့တာပါပဲ ”
သူကတော့ အရင်းအနှီးရှုံးခဲ့သူတစ်ဦး။ နောက်တစ်ဦးကတော့ မီးရဲ့ ၀ါးမြို့မှုကြောင့် အိမ်တစ်လုံးလုံး ပြာဖြစ်သွားတဲ့သူ။

“ ဘိုးဘွားတွေပိုင်သမျှ၊ အဖေအမေတွေ ပိုင်သမျှ အားလုံး အားလုံး ကုန်ရော။ အစကတော့ ရွှေပေါ် မြတင်ပေါ့။ ခုတော့ ဒီမီးကြောက် မြက်ပေါ်ရွှံ့တင်ဖြစ်ရပြီဗျာ ”
အားလုံး လှိုင်းတွေရဲ့ရိုက်ခတ်မှုဒဏ်ခံလာရသည်။ ဒုက္ခရောက်စေတဲ့ လှိုင်းတွေ။
…………………………………………………………………
တချို့ လှိုင်းတွေကြားမှာ ပျော်ရွှင်နေကြတာမြင်ရသည်။ လှိုင်းတွေကြောင့် ပျော်ရွှင်နေကြသည်။
လှိုင်းတွေပေါ်မှ ရေလွှာလျှောစီးသူ၊ ကမ်းခြေလှိုင်းစီးသူ သူတို့ကတော့ လှိုင်းကိုကြောက်သည့်ပုံ မပေါ်ကြ။
လောကဓံလှိုင်းသည် ဘ၀တစ်ခုလုံးကိုလည်း ဖျက်စီးပစ်တတ်သည်။
အောင်မြင်မှုအတွက်ကြိုးစားရင်း အခက်အခဲလှိုင်းတွေ မိမည်။
မိမိကြောင့် သူများကို လှိုင်းခတ်စေမည်။ သူတစ်ပါးကြောင့် မိမိမှာ လှိုင်းရိုက်ခတ်လာနိုင်သည်။
မြစ်ပြင်ကို ငေးကြည့်ရင်း သင်္ဘောတစ်စင်းဖြတ်သွားသည်။
သင်္ဘောကိုမောင်းနှင်နေသော မာလိန်မှူးကတော့ ဘယ်လှိုင်းမဆိုသူ ကြောက်လိမ့်မည်မဟုတ်။
စကားပုံတစ်ခုအတွေးထဲပေါ်လာသည်။
“ လှိုင်းကြီး လှေအောက် ”
တွေ့ကြုံလာသည့် မည်သည့်လောကဓံလှိုင်းမဆို မိမိရဲ့ ပိုင်နိုင်စွာ ထိန်းချုပ်ထားသည့် ဘ၀လှေအောက်ကို ရောက်အောင်ကြိုးစားရပေမည်။
သို့မဟုတ်က လှိုင်းသည် မိမိဘ၀တစ်ခုလုံးကို ၀ါးမြိုသွားပေလိမ့်မည်။

မောင်ပိုင်
၂၇-၅-၂၀၁၃


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...