Image may be NSFW.
Clik here to view.
အထစ် ၄၀ မြောက်မှာ ရပ်လိုက်သည်။
အပေါ်ကြည့်တော့ တက်စရာ လှေကားထစ်တွေ ကျန်သေးသည်။ သူငယ်ချင်းတချို့ ပျော်ရွှင်စွား ပြေးတက်ရင်း လှေကားထစ်များ ရေတွက်နေကြသည်။
နောက်ဘက်ပြန်ကြည့်လိုက်တော့ ခရီးသည်တချို့ တက်လာစဲ။
ဘိုးဘွားသက်ကြီးရွယ်အိုများကို တွဲ၍တက်လာသူများ၊ မောပမ်း၍ ထိုင်နားနေသူများလဲ တွေ့ရသည်။
ကျွန်တော်တစ်ထစ်ခြင်း ဆက်တက်ခဲ့သည်။
ဘုရားရင်ပြင်ပေါ်ရောက်တော့ ရင်ထဲမှာကြည်လင်အေးချမ်းသွားသည်။ ခေါင်းလောင်းသံ၊ ဆည်းလည်းသံများ ကြားနေရသည်။
ဘုရားရင်ပြင်ဝယ် ဟိုမှ ဒီမှ သွားလာနေသူများ၊ နားခိုနေသူများ၊ ဘုရားဝတ်ပြုနေသူများ မျိုးစုံနေအောင်တွေ့ရသည်။ ကျွန်တော် ဘုရားရှိခိုးပြီး ဘုရားဆောင်းတန်းများရှိ ဘုရားရှင် အောင်ခြင်း ရှစ်ပါးအကြောင်း ရုပ်ကြွများကြည့်ရင်း မိမိကိုယ်၊ မိမိစိတ်အား အစိုးရသော ဘုရားရှင်အား ကြည်ညို ၀ပ်တွားမိပြန်သည်။
ဓါတ်လှေကားမှ လူတချို့ထွက်လာသည်။ သူတို့ကတော့ မောပမ်းပုံမပြကြ။ လှမ်းမတက်ခဲ့ရလို့ဖြစ်မည်။ ရင်ပြင်ပေါ်မှတစ်ဆင့် အဝေးကိုကြည့်မိတော့ အပြာရောင်ကောင်းကင်နှင့် ရန်ကုန်မြို့တော်ကြီးသည် လှပထည်ဝါနေသည်။
“ ကဲ အချိန်တန်ပြီ ပြန်ကြမယ်။ ဈေးဝယ်စရာတွေလဲရှိသေးတယ် ”
သူငယ်ချင်းတစ်ဦးက လောဆော်လာသည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စု ဘုရားမှပြန်ခဲ့ကြသည်။
လှေကားထစ်အတိုင်း တစ်ထစ်ခြင်း ပြန်ဆင်းခဲ့သည်။ လှေကားခြင်းတော့မတူတော့ အရှေ့ဘက်မုခ်ပေါက်မှ တက်ခဲ့ပြီး တောင်ဘက်မှ ဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
………………………………………………………………..
“ လှေကားဆိုတာ သူကိုယ်တိုင်အမြင့်တော့ မရောက်သလို အောက်ကိုလည်းမရောက်ဘူးကွ။ အဲဒီလှေကားအတိုင်း အပေါ်ကိုတက်ချင်လည်း ရတယ်။ ဆင်းချင်လည်းရတယ်။ ”
“ တိုက်ပေါ်ကို လှေကားထောင်တက်လို့ရသလို တွင်းထဲဆင်းချင်လဲ လှေကားချပြီးဆင်းလို့ရတယ်။”
“ အေးမင်းတို့မှတ်ထားရမှာက ဆင်းသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ လှေကားတစ်ထစ်ခြင်းအတိုင်း တက်ဖို့လိုတယ်။ ကျော်လွှာပြီး တက်ဖို့လဲမစဉ်းစားနဲ့ ခုန်ဆင်းဖို့ကိုလည်း မတွေးနဲ့။ ပုံမှန်လေးတစ်ထစ်ခြင်းစီ နင်းတက်၊ နင်းဆင်း၊ မင်းတို့ဘ၀အတွက် အမြင့်ရောက်ဖို့လှေကားတွေရှိသလို ခြောက်ထဲကျဖို့လှေကားတွေ လည်းအများကြီးပဲကွ။ ဆင်းမလား၊ တက်မလားဆိုတာ မင်းတို့ဘာသာရွေးပေါ့ကွာ ”
“ နောက်ပြီး မင်းတို့တစ်ခု သတိထားရမှာက အမြင့်ရောက်ပြီဆိုပြီး သိပ်မ၀င့်ဝါချင်နဲ့ဦး။ တက်ပြီး ဆင်းရတတ်တယ်ဆိုတာလည်း သတိရကြ ”
သူငယ်ချင်းကျောင်းဆရာတစ်ဦးက သူ့တပည့်များကို သြ၀ါဒပေးနေခြင်းပင် ဖြစ်သည်။ တပည့်တွေ ပြန်သွားအပြီး ကျွန်တော်က သူ့ကိုပြောသည်။
“ မင်းပြောတဲ့လှေကားသဘောကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဘုရားမှာတန်းကလို တက်ခဲ့သမျှ ဘုရား ရှင်ကိုကြည်ညိုလိုက်ရလို့ အမောပြေသွားရင်ကောင်းသလို အမြင့်ရောက်ပြီးမှ အမောစို့သွားရင် မကောင်းဘူး ပေါ့ကွာ။ နောက်ပြီး မင်းမြင်တဲ့အတိုင်းအမြင့်ကို မမောမပမ်းပဲ ဓါတ်လှေကားနဲ့ တက်လာတဲ့သူတွေလည်း ရှိတတ်တယ်ကွ ”
သူက
“ အေးကွ မင်းပြောသလို ဓာတ်လှေကားနဲ့ မမောမပမ်းပေမယ့် မောမောပမ်းပမ်းတက်ခဲ့ပြီး ဖူးတွေ့ရလိုက်တဲ့ ကြည်နူးမှုကိုတော့ သူတို့ရမှာမဟုတ်ဘူး။ တက်နေရင်း မီးပြတ်လို့ ဒုက္ခရောက်သူတွေလဲ ကြုံတွေ့ခဲ့ရဘူး ပါတယ် ”
သူကပြောပြာတော့ ကျွန်တော်အတွေးနယ်ချဲ့မိပါတော့သည်။
………………………………………………………………
မောင်ပိုင်
— with Seaman Nayminthu and 2 others.Clik here to view.