( ဒီဆောင်းပါးကို 9/11 ( ၁၁.၀၉.၀၁ ) တိုက်ခိုက်မှုကြီး ပြီးခါစ (၁၄.၁၀.၀၁ ) Newsweek International ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးရှင် ဖရိဇာခါရိယားဟာ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ( The Future of Freedom, The Post-American World ) စတဲ့ကမ္ဘာကျော်စာအုပ်တွေကိုလဲ ရေးသားခဲ့သူဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၂၁ ရာစုရဲ့ အရေးအပါဆုံး ၂၁ ဦးစာရင်းမှာဖော်ပြခံခဲ့ပြီး ၂၀၀၇ ခုနှစ်မှာလဲ ထိပ်ဆုံး ၁၀၀ စာရင်းထဲပါခဲ့ပြန်ပါတယ်။ အမေရိကန် ယေးလ်တက္ကသိုလ်က ဘီအေဘွဲ့ကိုရရှိခဲ့ပြီး ဟားဗတ်တက္ကသိုလ်က ဒေါက်တာဘွဲ့ကိုဆွတ်ခူးခဲ့တဲ့အပြင် ဂုဏ်ထူးဆောင်ဘွဲ့တွေကိုလည်းတက္ကသိုလ်ပေါင်းများစွာက ချီးမြှင့်ခဲ့ကြပါတယ်။ လက်ရှိမှာ နယူးယောက်မြို့မှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။ -- ဒီဆောင်းပါးမှာ ဂျာနယ်လစ်တာဝန်ကျေစွာနဲ့ မျှတတဲ့ သုံးသပ်ချက်အမြင်ကိုတင်ပြပြီး အစိုးရနဲ့ ပြည်သူကိုရှေ့ဆောင်လမ်းပြ ခေါ်ယူသွားတာကို တွေ့မြင်နိုင်ပါတယ်။)
အကြမ်းဖက်သမားတွေက ကျွန်တော်တို့ကို ဘာကြောင့်မုန်းတာလဲလို့ မေးလိုက်ရင် အမေရိကန်တွေက ဒါများ ဘာအရေးစိုက်နေစရာလိုလဲ၊ ဘာကြောင့်မုန်းမုန်းပေါ့လို့ ပြန်ဖြေကောင်းဖြေကြပါလိမ့်မယ်။ ဒါဟာ အပြစ်မဲ့အသက်ပေါင်း ၅၀၀၀ ဆုံးရှူံးထားရတာမို့ စိတ်ထိခိုက်နေလို့ပါ။ တကယ်တမ်း ဝေဖန်ဆန်းစစ်ထားတဲ့ အဖြေမဟုတ်ပါဘူး။
ဒေါသတစ်ခုထဲကတော့ ရေရှည်ဆင်နွှဲရမယ့် အခက်အခဲအကြပ်အတည်းကြီးကလွန်မြောက်အောင် လုပ်ပေးနိုင်မယ်မဟုတ်ပါဘူး။ဒါကြောင့်မို့ ကျွန်တော်တို့အတွက် အဖြေတွေလိုအပ်ပါတယ်။
အခုထိကြားနေရတာတွေကတော့ ကြားနေကျ နှစ်သိမ့်စကားတွေပါပဲ။
ကျွန်တော်တို့က လွတ်လပ်မှုအတွက် ရပ်တည်တယ်။ သူတို့က ဒါကို မုန်းတယ်။
ကျွန်တော်တို့ကချမ်းသာတယ်။ သူတို့ကအားကျမနာလိုဖြစ်တယ်။
ကျွန်တော်တို့က အင်အားကြံ့ခိုင်တယ်။ သူတို့က ဒါကိုခါးသီးတယ်။
ဒါတွေအားလုံးမှန်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ ဆင်းရဲပြီး အားနည်းတဲ့၊ ဖိနှိပ်ခံထားရတဲ့ လူပေါင်း သန်းထောင်နဲ့ချီရှိနေပါတယ်။
သူတို့ကတော့ လေယာဉ်ပျံတွေကို ဗုံးတွေဖြစ်အောင် လုပ်မပစ်ကြဘူးလေ။
အရပ်သားထောင်နဲ့ချီ သေရလေအောင် သူတို့အသေခံ ဗုံးမခွဲကြပါဘူး။
အားကျလွန်ပြီး မနာလိုလို့အကြမ်းဖက်ရကြေးဆိုရင် Beverly Hills, Fifth Avenue, Mayfair နေရာတွေဟာ ရေခဲတိုက်ဖြစ်ကုန်တာကြာပြီပေါ့။ တကယ်တော့ ဆင်းရဲမွဲတေခြင်း၊ မနာလိုဖြစ်ခြင်း ဆိုတာတွေထက် ပိုလွန်ပြီး သူများကိုသတ်ရုံမက ကိုယ့်ကိုယ်ကိုပါ သတ်သေရလောက်အောင် နှိုးဆော်နေတဲ့ အကြောင်းတရားတစ်ခု နောက်ကွယ်မှာ ရှိနေပါတယ်။
အိုစမာဘင်လာဒင်မှာတော့ အဖြေရှိပါတယ်။ ဘာသာရေးပါ။ သူနဲ့သူ့တပည့်တွေအတွက် ဒါဟာ အစ္စလမ်နဲ့ အနောက်ကမ္ဘာကြားက မြင့်မြတ်သောဘာသာရေးစစ်ပွဲပါ။ မူဆလင်အများစုကတော့ ဒါကိုသဘောမတူကြပါဘူး။ ကမ္ဘာပေါ်က အစ္စလာမ်နိုင်ငံအားလုံးက 9/11 ဖြစ်စဉ်ကြီးကို ရှူံ့ချကြပါတယ်။ အများစုကတော့ ဘင်လာဒင်ဟာ အသေခံဗုံးခွဲသမားတွေကို မွေးထုတ်ပြီး အစုလိုက် အပြုံလိုက်သေကြေပျက်စီးစေတဲ့နည်းလမ်းနဲ့ အစွန်းရောက်ဘာသာရေးလှူံ့ဆော်သူလို့ သိထားကြပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စိတ်ဟာ ငရဲပန်းကို ရွှေပန်းထင်ပြီး လူသားမဆန်တဲ့ အတွေးကောက်ကောက်တွေရှိနေတတ်ပါတယ်။
ဒါပေမဲ့လည်း ဘင်လာဒင်နဲ့ အပေါင်းအပါတွေဟာ သီးခြားကြီး ဘွားကနဲထွက်လာတာမဟုတ်ပါဘူး။သူတို့ရဲ့ အနောက်နိုင်ငံနဲ့ အမေရိကားအပေါ် မယုံကြည်မှု၊ ဆန့်ကျင်မှုနဲ့ မုန်းတီးမှုတွေကို ပံ့ပိုးထောက်ကူပေးနေတဲ့ ဓလေ့ထုံးစံယဉ်ကျေးမှုတစ်ခုထဲကနေ ပေါ်ထွန်းလာကြတာဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုဟာ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပေမဲ့ အစွန်းရောက်မှုကိုတော့ အသည်းစွဲစေပါတယ်။ ဒါကြောင့်လဲ အယ်ကေဒါးဆိုတာ ဒီယဉ်ကျေးမှုရဲ့ အမှားကနေထွက်ပေါ်လာတဲ့ နောက်ဆက်တွဲအုပ်စုပါ။ တိုက်ခိုက်မှုအပြီးမှာ အာရပ်သတင်းစာတွေကို ဖတ်ကြည့်ပါ။ ဘင်လာဒင်ကို အထင်ကြီးအားကျနေတာတွေ့ရပါမယ်။ ပါကစ္စတန်သတင်းစာမှာဆိုရင် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုသက်သက်အတွက်သာမဟုတ်ပဲ တုန့်ပြန်လက်စားချေမှု၊ သွေးကြွေးဆပ်မှုတောင်ဖြစ်ပါတယ် လို့ရေးသားထားပါတယ်။ အမေရိကားရဲ့ တန်ပြန်အရေးယူမှုဟာ အစ္စလာမ်တွေရဲ့ နောက်ပြန်ကန်ခံရမှာကို ဘာကြောင့်စိုးရိမ်နေရပါသလဲ။ပါကစ္စတန်ဟာ လေတပ်စခန်းကို ၀ါရှင်တန်အတွက် သုံးခွင့်မပြုတော့ပဲ ဖြစ်သွားနိုင်ပါတယ်။ ဆော်ဒီကလည်း လူသိရှင်ကြားကူညီဖို့ စိုးရွံ့သွားနိုင်ပါတယ်။ အီဂျစ်ကတော့ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုကို နည်းနိုင်သမျှ နည်းဖို့ တောင်းဆိုပါတယ်။ အိုစမာဘင်လာဒင်တစ်ယောက်ထဲက အမေရိကန်ကိုတိုက်တဲ့ ဘာသာရေးစစ်ပွဲလို့ယုံနေတာ ပြသနာမဟုတ်ပါဘူး။ အစ္စလာမ်ကမ္ဘာက သန်းနဲ့ချီတဲ့လူတွေက ဒါကိုသဘောတူပုံပေါက်နေတာကသာတကယ့်ပြသနာပါ။
တချို့အနောက်တိုင်းသားတွေကတော့ စာအုပ်တွေဖုန်ခါလို့ ဟောကိန်းအဟောင်းကြီးဖြစ်တဲ့ယဉ်ကျေးမှုများတိုးတိုက်မိခြင်းဆိုတာကို ဆွဲထုတ်လာပါတယ်။ သမိုင်းဆရာ ပေါဂျွန်ဆန်ကတော့ အစ္စလာမ်ဟာ သည်းခံမှုနည်းတဲ့ ခပ်ကြမ်းကြမ်းဘာသာလို့ ဆိုပါတယ်။ အခြားပညာရှင်တွေကတော့ ဒါကို သဘောမတူပဲ အစ္စလာမ်ဟာ အပြစ်မဲ့တွေကို သတ်ခွင့်လည်းမရှိ၊ ကိုယ့်ကိုယ်ကို သတ်သေခွင့်လည်း မရှိပါဘူးလို့ ထောက်ပြကြပါတယ်။
အစ္စလာမ်ဘာသာအစစ်ကဘာလဲ၊ ကိုရမ်ကျမ်းကိုးကဘာလဲဆိုတာတွေကို ရှာဖွေနေရုံနဲ့တော့ အဖြေထွက်မှာမဟုတ်ပါဘူး။ ကိုရမ်ဆိုတာက ကဗျာအဖွဲ့အနွဲ့တွေ၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်အမြင် တွေပါနေတဲ့ ခရစ်ယာန်ဘိုင်ဘယ်လိုပဲ ကျမ်းစာအုပ်တစ်အုပ်ပါ။ အဲဒီထဲမှာ စစ်ကိုရှူံ့ချတာ၊ ရုန်းကန်ကြိုးပမ်းမှုကို အားပေးတာ၊ သည်းခံမှုရဲ့ အလှအပနဲ့ မယုံကြည်သူများကို တုပ်နှောင်တာတွေကို တွေ့ရမှာပါ။ ဒီစာအုပ်ထဲက စာပိုဒ်တွေကို ကိုးကားတာမျိုးတွေဟာ တကယ်တော့ အစ္စလာမ်အကြောင်းထက် ကိုးကားသူရဲ့ စိတ်ထား၊ ရည်ရွယ်ချက်၊ အကြိုက်တွေကိုသာ ပြောပြနိုင်တာဖြစ်ပါတယ်။ ဘာသာတရားတိုင်းဟာ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံး၊အဆိုးဆုံးတွေအားလုံးနဲ့ ညီညွတ်မျှတမှုရှိပါတယ်။
သမိုင်းစာအုပ်လှန်တာလည်း အတိုင်းအတာတစ်ခုအထိပဲရပါမယ်။ ၁၁ ရာစုကနေ ၁၅ ရာစု၊ အဲဒီကမှ ၂၀ ရာစုအစပိုင်းအထိ အစ္စလာမ်နဲ့ အနောက်တိုင်းဟာ မကြာခဏစစ်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ ဒီတင်းမာမှုဟာ ရာစုနှစ်ပေါင်းများစွာတည်တံ့နေပြီး ကြားကာလတွေမှာတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေခဲ့ကြပါတယ်။ ၁၉၅၀ အထိ ဂျုးနဲ့ ခရစ်ယာန်တွေဟာ မူဆလင်အုပ်ချုပ်မှုအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့တာပါ။ တကယ်တော့ အစ္စလာမ်သမိုင်းပညာရှင် ဘားနတ်လူးဝစ်ပြောခဲ့သလိုပဲ ဘာသာကွဲ လူနည်းစုတွေဟာ ခရစ်ယာန်အုပ်စိုးသူလက်အောက်မှာထက် မူဆလင်အုပ်စိုးသူအောက်မှာ ကောင်းကောင်းမွန်မွန်နေခဲ့ကြပါတယ်။ ဒါတွေအားလုံး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပြောင်းလဲသွားပါပြီ။ ဒါကြောင့်မို့ အခုအချိန်မှာ လိုအပ်တဲ့မေးခွန်းကတော့ ဘာကြောင့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေကြရတာလဲ ဆိုတာပါ။ အစ္စလာမ်ကမ္ဘာမှာ ဘာတွေမှားယွင်းကုန်ပါသလဲ။
အစ္စလာမ်ကမ္ဘာအတွင်းထဲကို ၀င်ကြည့်ရအောင်ပါ။ အကြီးဆုံးမူဆလင်နိုင်ငံများမှာ ဒီလိုအမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေနည်းပါးပါတယ်။ အင်ဒိုနီးရှားဟာ အာရှစီးပွားရေးဈေးကွက်မပြိုလဲခင်အထိ ၀ါရှင်တန်ရဲ့အကြံဥာဏ်တွေကိုလိုက်နာနေပြီး ရလာဒ်ကောင်းတွေရှိထားပါတယ်။ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ဆိုရင်လဲ အစ္စလာမ်နဲ့ ခေတ်မှီခြင်းတို့ရောယှက်နေပြီး အောင်မြင်မှုနည်းနည်းရှိပါတယ်။ နိုင်ငံနှစ်ခုလုံးဟာ ဆင်းရဲမွဲတေပေမဲ့လည်း အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်ဖြစ်အောင် မဲထည့်တဲ့နေရာမှာ အနောက်နိုင်ငံတွေနဲ့ အတူတူပါပဲ။ တူရကီနိုင်ငံဟာလည်း ဒီမိုကရေစီကို ကျင့်သုံးနေပြီး နေတိုးအဖွဲ့ဝင်အဖြစ် အနောက်နဲ့ နီးစပ်နေပါတယ်။
ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်းဒေသကို ကိုယ်တိုင်ရောက်ဖူးတော့မှပဲအီရန်၊ အီဂျစ်၊ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ပါရှန်းပင်လယ်ကွေ့ စတဲ့ဒေသအားလုံးမှာ အခြေခံရှေးရိုးစွဲ အစ္စလာမ်ဝါဒကို ကြောက်စရာကောင်းလောက်အောင် အဆိပ်ခတ်ထားပြီး တဖက်သတ်အမေရိကန်ဆန့်ကျင်ရေးဝါဒကလဲ ပျံ့နှံ့နေပါတယ်။ ကျွန်တော်တို့ အာဖဂန်နစ္စတန်ကိုတိုက်တယ်ဆိုတာ အာဖဂန်တစ်ဦးတစ်လေတောင်မှ အမေရိကန်ကိုတိုက်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ မပတ်သက်ဖူးဆိုတာ မမေ့ဖို့လိုပါတယ်။ အာဖဂန်ဆိုတာ တကယ်တော့ အာရပ်စစ်တပ်က အမေရိကားကိုတိုက်ချင်လို့ လေ့ကျင့်ကွင်းလုပ်ထားတဲ့နေရာပါ။
ဒါတောင်မှ အာရပ်တို့ရဲ့ဒေါသဟာ သိပ်ကြာလှသေးတာမဟုတ်ပါဘူး။
၁၉၅၀-၁၉၆၀ လောက်တုန်းကဆိုရင် အာရပ်နဲ့ အမေရိကန်တို့ဟာ ယဉ်ကျေးမှုစစ်ပွဲနဲ့ အဆုံးသတ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ အီဂျစ်ရဲ့ သြဇာအရှိဆုံးဂျာနယ်လစ် မိုဟန်ဟိုက်ကယ်ကဆို အမေရိကားဟာ တောက်ပထွန်းလင်းနေပြီး ဗြိတိန်နဲ့ ပြင်သစ်ကတော့ မှိန်ဖြော့နေပါတယ်။ ဆိုဗီယက်ကတော့ မိုင်၅၀၀၀ ကွာဝေးပြီး ကွန်မြူနစ်ဝါဒဟာ မူဆလင်ဘာသာအတွက် ကျိန်စာပါ။ အမေရိကားကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ချမ်းသာလာပြီး အာဏာရှိလာတဲ့နိုင်ငံပါ တဲ့။
ကျွန်တော် ၁၉၇၀ လောက်က အရှေ့အလယ်ပိုင်းကိုရောက်တော့ အမေရိကားပုံရိပ်က ပိုလို့တောင်ကောင်းနေပါသေးတယ်။ ကားအသစ်တွေ၊ ဟီလတန်ဟိုတယ်တွေနဲ့ ကိုကာကိုလာ စတဲ့ အမေရိကန်ပစ္စည်းတွေ အာရပ်မှာခေတ်စားနေပါတယ်။ ဒါကြောင့် အမေရိကန်ဆန့်ကျင်ရေး အရှေ့အလယ်ပိုင်းမှာ ဘယ်လိုဖြစ်လာသလဲသိဖို့ဆိုရင် နှစ် ၃၀၀ သမိုင်းထက် နှစ် ၃၀ သမိုင်းကို ကြည့်ဖို့လိုပါတယ်။ ( ဆက်ရန် )
အကြမ်းဖက်သမားတွေက ကျွန်တော်တို့ကို ဘာကြောင့်မုန်းတာလဲလို့ မေးလိုက်ရင် အမေရိကန်တွေက ဒါများ ဘာအရေးစိုက်နေစရာလိုလဲ၊ ဘာကြောင့်မုန်းမုန်းပေါ့လို
ဒေါသတစ်ခုထဲကတော့ ရေရှည်ဆင်နွှဲရမယ့် အခက်အခဲအကြပ်အတည်းကြီးကလွန်
အခုထိကြားနေရတာတွေကတော့ ကြားနေကျ နှစ်သိမ့်စကားတွေပါပဲ။
ကျွန်တော်တို့က လွတ်လပ်မှုအတွက် ရပ်တည်တယ်။ သူတို့က ဒါကို မုန်းတယ်။
ကျွန်တော်တို့ကချမ်းသာတယ်။ သူတို့ကအားကျမနာလိုဖြစ်တယ်။
ကျွန်တော်တို့က အင်အားကြံ့ခိုင်တယ်။ သူတို့က ဒါကိုခါးသီးတယ်။
ဒါတွေအားလုံးမှန်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ ဆင်းရဲပြီး အားနည်းတဲ့၊ ဖိနှိပ်ခံထားရတဲ့ လူပေါင်း သန်းထောင်နဲ့ချီရှိနေပါတယ်။
သူတို့ကတော့ လေယာဉ်ပျံတွေကို ဗုံးတွေဖြစ်အောင် လုပ်မပစ်ကြဘူးလေ။
အရပ်သားထောင်နဲ့ချီ သေရလေအောင် သူတို့အသေခံ ဗုံးမခွဲကြပါဘူး။
အားကျလွန်ပြီး မနာလိုလို့အကြမ်းဖက်ရကြေးဆိ
အိုစမာဘင်လာဒင်မှာတော့ အဖြေရှိပါတယ်။ ဘာသာရေးပါ။ သူနဲ့သူ့တပည့်တွေအတွက် ဒါဟာ အစ္စလမ်နဲ့ အနောက်ကမ္ဘာကြားက မြင့်မြတ်သောဘာသာရေးစစ်ပွဲပ
ဒါပေမဲ့လည်း ဘင်လာဒင်နဲ့ အပေါင်းအပါတွေဟာ သီးခြားကြီး ဘွားကနဲထွက်လာတာမဟုတ်ပါဘူး။
တချို့အနောက်တိုင်းသားတွေကေ
အစၥလာမ္ဘာသာအစစ္ကဘာလဲ၊ ကိုရမ္က်မ္းကိုးကဘာလဲဆိုတာေ
သမိုင်းစာအုပ်လှန်တာလည်း အတိုင်းအတာတစ်ခုအထိပဲရပါမယ်
အစ္စလာမ်ကမ္ဘာအတွင်းထဲကို ၀င်ကြည့်ရအောင်ပါ။ အကြီးဆုံးမူဆလင်နိုင်ငံများ
ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်းဒေသကို ကိုယ်တိုင်ရောက်ဖူးတော့မှပဲ
ဒါတောင်မှ အာရပ်တို့ရဲ့ဒေါသဟာ သိပ်ကြာလှသေးတာမဟုတ်ပါဘူး။
၁၉၅၀-၁၉၆၀ လောက်တုန်းကဆိုရင် အာရပ်နဲ့ အမေရိကန်တို့ဟာ ယဉ်ကျေးမှုစစ်ပွဲနဲ့ အဆုံးသတ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ အီဂျစ်ရဲ့ သြဇာအရှိဆုံးဂျာနယ်လစ် မိုဟန်ဟိုက်ကယ်ကဆို အမေရိကားဟာ တောက်ပထွန်းလင်းနေပြီး ဗြိတိန်နဲ့ ပြင်သစ်ကတော့ မှိန်ဖြော့နေပါတယ်။ ဆိုဗီယက်ကတော့ မိုင်၅၀၀၀ ကွာဝေးပြီး ကွန်မြူနစ်ဝါဒဟာ မူဆလင်ဘာသာအတွက် ကျိန်စာပါ။ အမေရိကားကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ချမ်းသာလာပြီး အာဏာရှိလာတဲ့နိုင်ငံပါ တဲ့။
ကျွန်တော် ၁၉၇၀ လောက်က အရှေ့အလယ်ပိုင်းကိုရောက်တော