Quantcast
Viewing all articles
Browse latest Browse all 1811

ထား….သြော်…ထားရယ်

Image may be NSFW.
Clik here to view.
Photo: ထား….သြော်…ထားရယ် …………..   ၂၀၁၁ ခုနှစ် တောင်ကြီးတက္ကသိုလ်ကထုတ်တဲ့ တောင်ပြာတန်းကကျောင်းမဟာ မဂ္ဂဇင်းကိုဖတ်ရတယ်။  အဲဒီအထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျွန်တော်မသိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိ လိုက်ရပါတယ်။  အဲဒီအချိန်မှာ ဆရာကတောင်ကြီးကောလိပ်ရဲ့ ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်စဉ်ကပေါ့။  ဆရာဟာ စာအုပ်တွေများစွာထွက်ပြီး ဆရာစာအုပ်တွေဟာ အင်မတတန်ရောင်းကောင်းပြီး ခေတ်စားနေချိန်ပေါ့။  အဖြစ်အပျက်ဖြစ်စဉ်အချိန်က “တပြည်သူမရွှေထား” စာအုပ်ထွက်ပြီးချိန်ပါ။  ဆရာကြီးရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်သူတွေရှိသလို မုဒိတာမပွားနိုင်ပဲ ရန်ဆောင်နေသူတွေလည်း ရှိတယ်။ စာရေးဆရာတစ်ဦးက စာရေးဆရာချင်း သိကျွမ်းရင်းနှီးပါလျက် မဖွယ်မရာ စိန်ခေါ်မှုတစ်ခုပြုခဲ့ပါတယ်။ အဲဒီစာရေးဆရာက ၀တ္ထုတစ်ပုဒ်ကောင်းနဲ့ အောင်မြင်ခဲ့သူပါ။(ဘယ်သူဆိုတာတော့ မပါဘူးခင်ဗျ) (သိချင်ပေမယ့်လည်း ပုဂ္ဂိုလ်ရေးရာထိခိုက်နိုင်မှာဆိုးပါတယ်။ သိတဲ့သူတွေ တိုးတိုးတိတ်တိတ် ပြောပေးပါဦးဗျို့)  “ ကိုဘုန်းနိုင် ၀တ္ထုချင်းပြိုင်မယ်။ အသစ်ချင်းပြိုင်မယ်။ ခင်ဗျားလည်း အသစ်တစ်ပုဒ်ရေး ကျွန်တော်လည်း အသစ်တစ်ပုဒ်ရေးမယ်။ စောင်ရေ ပိုများများရောင်းရသူ အနိုင်၊ ရောင်းရစောင်ရေ ပိုနည်းတဲ့သူအရှုံး၊ ရှုံးသူ လက်ဖြတ်တမ်း ”  လို့ စိန်ခေါ်ခဲ့တယ်။  ဆရာကြီးက အေးဆေးစွာလက်ခံခဲ့ပါတယ်။  စိန်ခေါ်သူဆရာရဲ့ ၀တ္တုသိပ်မကြာခင်ထွက်လာပါတယ်။ သူ့ဝတ္ထုက စောင်ရေတစ်ရာပြည့်အောင်ပင်မရောင်းရတော့ ထုတ်ဝေသူတွေ ၀က်ဝက်ကွဲသွားပါတယ်။  တောင်ကြီးကောလိပ်မှာရေးတဲ့ “ နွေကန္တာဦး ” ဆိုတဲ့ ၀တ္ထုကြီးလည်းထွက်လာပါတယ်။  နှစ်လအတွင်း စောင်ရေ နှစ်သောင်းကျော်ကုန်အောင် စာဖတ်ပရိတ်သတ်အားပေးခြင်းခံခဲ့ရပါတယ်။  စိန်ခေါ်ခဲ့သူဟာ ရှုံးနိမ့်သွားပြီး ကိုယ့်လက်ကို ဖြတ်မဖြတ်တော့မသိပါဘူး။ မေတ္တာတရားလက်ကိုင်ထားတဲ့ ဆရာကတော့ လက်မဖြတ်ခိုင်းခဲ့ပါဘူး။  ဒီအဖြစ်အပျက်က ၁၉၆၈-၆၉ လောက်ကဖြစ်ပွားခဲ့တာပါ။  အကယ်၍သာ ဆရာရှုံးခဲ့ပါက စိန်ခေါ်သူက ဒီစိတ်မျိုးထားနိုင်ပါ့မလား။ လက်မဖြတ်ဘူးလို့ ပြောနိုင်ပါ့ မလား။  ကျွန်တော်ကတော့ ဆရာဘုန်းနိုင်ရဲ့ ၀တ္တုတွေကို အင်မတန်ကြိုက်နှစ်ခဲ့ရသူပါ။  ကျွန်တော်စာရေးရင် တောင် ဆရာရဲ့ ရေးဟန်လေးတွေပါပါသွားတတ်ပါတယ်။  ၀တ္တုတွေထဲက ဇာတ်ကောင်ရဲ့ စိတ်သဘောထားတွေကိုကြိုက်နစ်သက်ခဲ့သလို ၀တ္ထုထဲကဇတ်ကောင်ကို ဖန်တီးတဲ့ ဆရာစိတ်ကိုလည်း လေးစားခဲ့ရသူပါ။  ဒီအဖြစ်အပျက်လေးကို ဖတ်မိလိုက်တော့ ဆရာ့ကို(မမြင်ဘူးပေမယ့်) အရမ်းသတိရမိသလို လေးစားဖို့ကောင်းလိုက်တာဆရာရယ်လို့ ရွတ်ဆိုမိပါတယ်။  ဆရာစကားနဲ့ပြောရရင်တော့  ဆရာ…သြော်…ဆရာရယ်။  ထား….သြော်…ထားရယ်လို့သာ။  ၁၅-၆-၂၀၁၃။

…………..

၂၀၁၁ ခုနှစ် တောင်ကြီးတက္ကသိုလ်ကထုတ်တဲ့ တောင်ပြာတန်းကကျောင်းမဟာ မဂ္ဂဇင်းကိုဖတ်ရတယ်။
အဲဒီအထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျွန်တော်မသိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိ လိုက်ရပါတယ်။
အဲဒီအချိန်မှာ ဆရာကတောင်ကြီးကောလိပ်ရဲ့ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်စဉ်ကပေါ့။
ဆရာဟာ စာအုပ်တွေများစွာထွက်ပြီး ဆရာစာအုပ်တွေဟာ အင်မတတန်ရောင်းကောင်း ပြီး ခေတ်စားနေချိန်ပေါ့။ အဖြစ်အပျက်ဖြစ်စဉ်အချိန်က “တပြည်သူမရွှေထား” စာအုပ်ထွက်ပြီးချိန်ပါ။
ဆရာကြီးရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်သူတွေရှိသလို မုဒိတာမပွားနိုင်ပဲ ရန်ဆောင်နေသူတွေလည်း ရှိတယ်။ စာရေးဆရာတစ်ဦးက စာရေးဆရာချင်း သိကျွမ်းရင်းနှီးပါလျက် မဖွယ်မရာ စိန်ခေါ်မှုတစ်ခုပြုခဲ့ပါတယ်။ အဲဒီစာရေးဆရာက ၀တ္ထုတစ်ပုဒ်ကောင်းနဲ့ အောင်မြင်ခဲ့သူပါ။(ဘယ်သူဆိုတာတော့ မပါဘူးခင်ဗျ) (သိချင်ပေမယ့်လည်း ပုဂ္ဂိုလ်ရေးရာထိခိုက်နိုင်မှာဆိုးပါတယ်။ သိတဲ့သူတွေ တိုးတိုးတိတ်တိတ် ပြောပေးပါဦးဗျို့)
“ ကိုဘုန်းနိုင် ၀တ္ထုချင်းပြိုင်မယ်။ အသစ်ချင်းပြိုင်မယ်။ ခင်ဗျားလည်း အသစ်တစ်ပုဒ်ရေး ကျွန်တော်လည်း အသစ်တစ်ပုဒ်ရေးမယ်။ စောင်ရေ ပိုများများရောင်းရသူ အနိုင်၊ ရောင်းရစောင်ရေ ပိုနည်းတဲ့သူအရှုံး၊ ရှုံးသူ လက်ဖြတ်တမ်း ” လို့ စိန်ခေါ်ခဲ့တယ်။
ဆရာကြီးက အေးဆေးစွာလက်ခံခဲ့ပါတယ်။ စိန်ခေါ်သူဆရာရဲ့ ၀တ္တုသိပ်မကြာခင်ထွက်လာပါတယ်။ သူ့ဝတ္ထုက စောင်ရေတစ်ရာပြည့်အောင်ပင်မရောင်းရတော့ ထုတ်ဝေသူတွေ ၀က်ဝက်ကွဲသွားပါတယ်။
တောင်ကြီးကောလိပ်မှာရေးတဲ့ “ နွေကန္တာဦး ” ဆိုတဲ့ ၀တ္ထုကြီးလည်းထွက်လာပါတယ်။ နှစ်လအတွင်း စောင်ရေ နှစ်သောင်းကျော်ကုန်အောင် စာဖတ်ပရိတ်သတ်အားပေးခြင်းခံခဲ့ရပါတယ်။
စိန်ခေါ်ခဲ့သူဟာ ရှုံးနိမ့်သွားပြီး ကိုယ့်လက်ကို ဖြတ်မဖြတ်တော့မသိပါဘူး။ မေတ္တာတရားလက်ကိုင်ထားတဲ့ ဆရာကတော့ လက်မဖြတ်ခိုင်းခဲ့ပါဘူး။ ဒီအဖြစ်အပျက်က ၁၉၆၈-၆၉ လောက်ကဖြစ်ပွားခဲ့တာပါ။
အကယ်၍သာ ဆရာရှုံးခဲ့ပါက စိန်ခေါ်သူက ဒီစိတ်မျိုးထားနိုင်ပါ့မလား။ လက်မဖြတ်ဘူးလို့ ပြောနိုင်ပါ့ မလား။
ကျွန်တော်ကတော့ ဆရာဘုန်းနိုင်ရဲ့ ၀တ္တုတွေကို အင်မတန်ကြိုက်နှစ်ခဲ့ရသူပါ။ ကျွန်တော်စာရေးရင် တောင် ဆရာရဲ့ ရေးဟန်လေးတွေပါပါသွားတတ်ပါတယ်။
ဝတ္တုတွေထဲက ဇာတ်ကောင်ရဲ့ စိတ်သဘောထားတွေကိုကြိုက်နစ်သက်ခဲ့သလို ၀တ္ထုထဲကဇတ်ကောင်ကို ဖန်တီးတဲ့ ဆရာစိတ်ကိုလည်း လေးစားခဲ့ရသူပါ။
ဒီအဖြစ်အပျက်လေးကို ဖတ်မိလိုက်တော့ ဆရာ့ကို(မမြင်ဘူးပေမယ့်) အရမ်းသတိရမိသလို လေးစားဖို့ကောင်းလိုက်တာဆရာရယ်လို့ ရွတ်ဆိုမိပါတယ်။
ဆရာစကားနဲ့ပြောရရင်တော့ ဆရာ…သြော်…ဆရာရယ်။
ထား….သြော်…ထားရယ်လို့သာ။
 
မောင်ပိုင်
၁၅-၆-၂၀၁၃။
— with Ye Moe and 2 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...