Quantcast
Viewing all articles
Browse latest Browse all 1811

ကျမရဲ့ အဘွား၊ ပါဝါ ၅၄ နဲ့ အမေစု

ကျမရဲ့ အဘွား၊ ပါဝါ ၅၄ နဲ့ အမေစု
ကျမ ကလေး ဘဝက ကိုလေးဖြူ က ပါဝါ ၅၄ ဆို ပြီး အခွေ ထွက်ဖူးတယ်၊ ဒါပေမဲ့ ထွက်ပြီး မကြာဘူး၊ဆင်ဆာ အဖွဲ့က ၅၄ ကိုဖြုတ်ပြီး ပါဝါလို့ ပြောင်းပြီး ထုတ်လိုက်ရတယ်၊ ၅၄ က တက္ကသိုလ်ရိပ်သာလမ်းက အမေစု ရဲ့ အိမ်နံပတ်နဲ့ တူနေလို့ လို့ပြောတာပဲ၊ အဲဒီ အိမ်ရှေ့ကို ကျမ ကလေးဘဝက အကြိမ်ပေါင်းများစွာ ကျမ အဘွားနဲ့အတူ ရောက်ခဲ့ဖူးပါတယ်၊ ရောက်လိုတိုင်း ပါဝါတွေ အပြည့်နဲ့ ပြန်လာရတာချည်းပါပဲ။
ကျမတို့ အဘွားက အဲဒီတုန်းက ၇၀ ကျော် ၈၀၊ ကျမက ဆယ်နှစ်ဝန်းကျင်၊ အမေစုက ၅၀ ဝန်းကျင် အဘွားက စနေ၊တနင်္ဂနွေ ဆို မြေးအငယ်မ လက်ကိုဆွဲ ပြီး လမ်းလျှောက်ပြီး ပါဝါ၅၄ ကိုသွားတာပါပဲ။ ဗဟန်း ဗဟန်းချင်း တူပေမဲ့ မြို့နယ်ကကြီးတော့ ကလေးတစ်ယောက်အဖို့ တော်တော်လေး လျှောက်ယူရပါတယ်၊ အဘွားအတွက်တော့ သူ့ငယ်ငယ်က ဘိုးမွေ၊ဘွားမွေ ယာတွေ ပတ်ပြီး ကြည့်သလောက်ပါပဲ၊ ဒါပေမဲ့ ၇၀ကျော် ၈၀နားရောက်တော့ တော်တော်လေး သွားယူရပါတယ်၊ အဲဒီ တရားပွဲရောက်ရင် လူတွေက ဘယ်လောက်များများ စည်းကမ်းရှိကြတာလည်း တွေ့ရတယ်၊ ပြီးတို့ ကျမတို့ မြေးအဘွားကို သက်ကြီးရွယ်အိုနဲ့ ကလေးဆိုပြီး ဦးစားပေးပြီး နေရာကောင်းကို လည်း ပေးကြတယ်၊ အဘွားက အဲဒီ တရားပွဲကို အပတ်တိုင်းသွားပြီး တစ်ပတ်လုံးကို ပြောလို့မပြီးနိုင်အောင် ပြန်ပြောလေ့ရှိတယ်၊ ကျမ မပါတဲ့ အခေါက်တွေ လည်းကျမက အမေစု ဟောခဲ့တာတွေကို စကားလုံးက အစ အဘွားဆီက ပြန်သိရတယ်၊
 
တစ်နှစ်က အမေစု မွေးနေ့ပွဲကို ကျမကို ခေါ်ပြီး အဘွားက သွားတယ်၊ အဲဒီမှာ အမေစုက အဘွားလက်ကို ကိုင်ပြီးစကားပြောလိုက်ပြီး ကျမက အမေစုကို ပန်းစည်းလက်ဆောင်ပေးလိုက်ရတယ်၊ အဲဒီအကြောင်းက အဘွားမသေခင် တစ်သက်လုံး သတိတရရှိနေ တဲ့ အရာပါပဲ၊ အဘွားက ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးသွားတယ်၊ အဘွားက မသေ ခင်က မှတ်ဉာဏ်တော်တော်လေး အားနည်းသွားပေမဲ့ အမေစုနဲ့ ကျမကို တော့ အမြဲတမ်းသိပါတယ်၊ အဘွားမဆုံးခင် အမေစုက လွတ်လာတော့ ကျမက နိုင်ငံခြားက နေ ဖုန်းဆက်ပြီး အမေစုလွတ်တဲ့ အကြောင်း ပြောပြတော့ အဘွားရဲ့ ပြုံးပျော်နေမဲ့ပုံကို ကျမ ဖုန်းထဲကနေကို မြင်ယောင်မိပါတယ်၊ ဒါပေမဲ့ မကြာဘူး အဘွားက ဆုံးသွားတော့ နောက်ပိုင်းကိစ္စတွေ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေ နိုင်ငံတကာမှာ ဝင်ဆန့်လာတာတွေ အဘွားက မသိလိုက်တော့ပါဘူး၊
အဘွားဆုံးတော့ ကျမက နိုင်ငံခြားမှာ ပြန်မလာနိုင်ပါဘူး၊ ပြီးခဲ့တဲ့နှစ်က ပြန်လာလာချင်း အမေစုရဲ့ ပါဝါ ၅၄ ကို ကျမအရင်ဆုံး သွားပါတယ်၊ အဘွားကို ပဲ အရင်ဆုံး သတိရလွမ်းဆွတ်မိပါတယ်၊ အဘွားချစ်တဲ့ အမေစုအိမ်ရှေ့မှာ ချိတ်ထားတာက အဘွား တစ်ခါမြင်ဖူးလိုက်တဲ့ အမေစုရဲ့အဖေ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှာစကားလေးပါ၊
"လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" တဲ့။
အမေစု မွေးနေ့အကြို အနေနဲ့ အမေစု အိမ်ရှေ့မှာ မနှစ်က ရောက်ခဲ့ စဉ်က အမှတ်တရဓာတ်ပုံ လေး တင် လိုက်ပါတယ်။
 
မေပုပ္ပား
၂၀၁၃ ဇွန်လ ၁၈ရက်
facebook က နေ flowerbook ဖြစ်သွားတာတော့ နားလည် ပေးကြပါ၊ ကျမရဲ့ မျက်နှာ ပန်းပွင့်လေး လန်းဆန်းနေသလို အဘွားရှိနေသေးလို့ ပါဝါ၅၄ ရှေ့ရောက်ရင် အဘွားမျက်နှာက လည်းပန်းလေးလို လန်းဆန်းနေမှာပါ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>