Quantcast
Viewing all articles
Browse latest Browse all 1811

ကြုံဖူးတဲ့ အဖြစ်တွေပါ...



·       
ကြုံဖူးတဲ့ အဖြစ်တွေပါ။
      ခရစ်ယန်ရွာ တစ်ရွာနားမှာ စခန်းကုန်း နှစ်ခုကို ခေတ္တတာဝန်ယူရတယ်။
ရွာထဲမှာ ဗုဒ္ဓဘာသာအိမ် နှစ်အိမ်၊ ရွာပြင် ကမ်းနားမှာ သုံးအိမ်။ စုစုပေါင်း ငါးအိမ်ရှိတယ်။
ကျန်တစ်ရွာလုံးက စနေအသင်းရယ်၊ အများစု တနင်္ဂနွေအသင်းရယ်ပေါ့။

တပ်ထွက် ဗမာ အငြိမ်းစား အရာခံဗိုလ်တစ်ယောက် ရဟန်းပြုတယ်။ တောင်ယာတစ်ခုမှာ ကျောင်း သင်္ကန်းဆောက်ပြီး ဗုဒ္ဓဘာသာတွေစုပြီး ကိုးကွယ်တယ်ပေါ့ဗျာ။
သူတို့ အတွက် ဘုန်းကြီးကျောင်းနဲ့ ကိုးကွယ်ရာ ရဟန်းတစ်ပါး နီးနီးနားနားရလို့ သာရေး၊ နာရေးအဆင်ပြေတယ်ပေါ့ဗျာ။


တစ်ရွာလုံးက တိုင်းရင်းသားများတယ်။ ပြည်သူ့စစ်အသွင် ဖွဲ့ထားလို့ အိမ်တိုင်းနီးပါး တူးမီးသေနတ်တွေရှိတယ်။ မကြာမဏ ဆပ်ကြေးလာကောက်တဲ့ အဖွဲ့ရှိတယ်။ ရှိသာရှိတာ သူတို့ အချင်းချင်း အဆင်ပြေနေပုံပဲ ဘယ်သူမှ လာသတင်းပို့တယ်။ တိုင်တယ် မရှိဘူး။ သူတို့ဖာသာ ကျိတ်ပေးနေတာဖြစ်မယ်။ အရင်က ကိုယ့်တပ်ဖွဲ့ ကိုလာချောင်းပစ်တာတွေရှိလို့သာ ကိုယ့်တပ်ကိုယ် ဂရုစိုက်နေရတယ်။

တစ်ရက် ဆရာတော်က ကိုရင်တစ်ပါးလွှတ်ပြီး ခေါ်ခိုင်းလိုက်တယ်။ ကျောင်းကို ရွာသားတွေ ဝိုင်းထားတယ်။ ဘုန်းကြီးနဲ့ ရှင်းစရာရှိတယ်လို့ ပြောတယ်။ ဘာပြသနာတွေဖြစ်ပြီလဲ။ အနီးနား ဗုဒ္ဓဘာသာ အိမ်က ဒကာကို ဝင်ခေါ်ပြီး သွားရင်းလမ်းမှာ ဖြစ်စဉ်ကို မေးရတော့တာပဲ။

ရွာထဲက ကျွန်းပင်ကြီးသုံးပင်ကို ခုတ်ပြီး တနင်္ဂနွေအသင်းက ဘုရားကျောင်းဆောက်မယ်။ လူနည်းစု စနေအသင်းတော်က လူတွေက မကျေနပ်ဘူး။ ရွာထဲက ဗုဒ္ဓဘာသာဝင်တွေက ဘုန်းကြီးကို လျောက်တယ်။ ဘုန်းကြီးက သုံးဘာသာရှိတာ။ သုံးဘာသာလုံးနဲ့ဆိုင်တယ်။ တစ်ဘာသာ တစ်ပင်ယူဖို့ ပြောတယ်။

နောက်တစ်ခု ရွာနားကဘူတာမှာ မြေဖြူနဲ့ ရေးထားတယ်။ "လူမှန်လျင် အမှိုက်မပစ်ရ" တဲ့။ ခရစ်ယန်တွေက အဲ့ဒါကို မကျေနပ်ဘူး။ ဒီနားမှာ သူတို့ပဲအနေများတာ။ သူတို့ကို သက်သက်စော်ကားတာ။ အဲ့ဒါနဲ့ ဘုန်းကြီးနဲ့ရှင်းမယ် လို့ ချီတက်လာတော့တာဘဲ။ "ဘုန်းကြီး ဒါဘာသဘောလဲ။ ဘာအဓိပ္ပါယ်နဲ့ ရေးတာလဲ"။

မေးရင်း မြန်းရင်း ဘုန်းကြီးကျောင်းနားရောက်လာတယ်။ လှမ်းမြင်နေရပြီ။ ကျောင်းဝင်း အတွင်း/အပြင်၊ လှေကားထစ်၊ ကွပ်ပစ် ရွာသားတွေ မနည်းမနော။ ကိုယ်ခေါ်လာတာက စစ်သည်လေးနှစ်ယောက်။ ဒီပြသနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့စိတ်ရယ်။ ကိုယ့် စည်းရုံးရေးနယ်မြေလဲ ဖြစ်နေတာကြောင့် သေနတ်တောင် ယူမလာဘူး။ ခေါင်းထဲမှာ အချက်အလက်ကို အမြန်စီလိုက်တယ်။ ဘာသာရေးပြသနာ မဖြစ်စေရဘူး။ ရပ်ရွာအေးချမ်းမှု အထိခိုက်စေရဘူး။

ဖိနပ်ကို ကျောင်းဝင်း အပြင်မှာချွတ်လို့ ကျောင်းပေါ် ခပ်တည်တည်ပဲ တက်သွားတယ်။ သေသေခြာခြာ ဦးသုံးကြိမ်ချတယ်။ ရွာသားတွေက ကြည့်နေတယ်။ ဘုန်းကြီးကို
အရှင်ဘုရား…အရှင်ဘုရားဟာ သင်္ကန်းရုံထားတဲ့အတွက် ဘုရားသားတော် ဖြစ်နေပါပြီ
ဘုရားရဲ့ တရားတော်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသားတော်ကို ပြစ်မှား စော်ကားမိရင်
အဲ့ဒီလူတွေမှာ အပြစ်ဖြစ်ရပါတယ်။ အရှင်ဘုရားရဲ့ အပြုအမူတွေကြောင့် ဘာသာခြားတို့ကို အပြစ်မဖြစ်စေချင်ကြောင်း
နောက်ပြီး ဒီဒေသဟာ အညာအရပ်ကဲ့သို့ မဟုတ်ကြောင်း၊ အညာအရပ်ဒေသမှာ ရဟန်းတော်များဟာ
တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အခွင့်အာဏာများကို ရရှိသူများကဲ့သို့ ပြုမူတတ်ကြောင်း
သူ့အရပ် သူ့ဒေသ ဆရာဒကာ ညီညွှတ်ကြရင် ပြသနာမရှိသော်လည်း
လက်မခံတတ်တဲ့ အရပ်ဒေသမှာ မိမိအပြုအမူဟာ သူတပါး ထိခိုက်တတ်ကြောင်း……
အစချီ၍ ဆယ့်ငါးမိနစ်ခန့် လက်အုပ်လေးချီပြီး ဘရိဖင် ပေးနေသော်အခါ…..
ဘာသာခြား မိမိတိုင်းရင်းသားများမှ မည်သို့ ခံယူသွားကြသည်မသိ အသီးသီး ပြန်သွားပြီးနောက်
မည်သည့် ပြသနာမှ ထပ်ဖြစ်ခြင်းကို မကြားမိတော့ပါ။

တခါက အင်မတန်လှပသော မြစ်ဝထိပ် ပင်လယ်ကမ်းစပ် သောင်ပြင်လေးမှာ နေရာအားဖြင့် ရှုခင်းအရမ်းကောင်းပါတယ်။
တစ်ရက်တော့ ထူးထူးခြားခြား တဲများထိုး၊ လူအင်မတန်စည်ကားနေလို့ စုံစမ်းရာ….
ဘုရားတည်နေသည်လို့ သိရှိရတယ်။
ဗုဒ္ဓဘာသာဝင်ပီပီ အကုသိုလ်များ လျော့ပါးစေလိုတာတစ်ကြောင်း၊ သဒ္ဓါအရ လှူတန်းချင်တာကြောင့်…..
အရှင်ဘုရား အဘယ်အကြောင်းကြောင့် ဘုရားတည်ပါသလဲ…..
ရိုးရိုးမလှူ….စပ်စုတာ ဝါသနာပါသောကြောင့်….
သဒ္ဓါတရားပိုမို ပွားလို့ရအောင်ပါဘုရား…..လို့ အစချီပြီ မေးပြီ။
အတန်အသင့် စေတီက ရုပ်လုံးပေါ်နေပြီ။ ကျောက်ဆောင်ပေါ်မှာ ငါးရုပ်၊ ငါးရုပ်အပေါ်မှာ စေတီ။
အဘယ်အကြောင်းကြောင့် ငါးရုပ်အထက်မှာ စေတီတည်ရပါလဲ အရှင်ဘုရား…

ဒါက ဒီလိုရှိတယ်။ ရှင်မောက်ဂလန် ကိုယ်တော်ကြီးကြားဖူးလား၊ တန်ခိုးအရာမှာ ဧတဒတ်လေ…
အဲ့ဒီကိုယ်တော်ကြီးကို ဘုရားရှင်က တန်ခိုးမပြရဘူးလို့ တားမြစ်ထားတယ်။ ကိုယ်တော်ကလည်း တန်ခိုးမပြရရင် မနေနိုင်ဘူး။
ဒါနဲ့ ဘုရားရှင်ကို အရှင်ဘုရား သမုဒ္ဒရာဟာ အဆုံးအစရှိပါသလား…..
အို ချစ်သား သမုဒ္ဒရာတို မည်သည် အဆုံးအစမရှိ….
ဒါနဲ့ ကိုယ်တော်ကြီးဟာ ဘုရားရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး ကျီးကန်းယောင်ဆောင်ကာ သမုဒ္ဒရာကို ဖြတ်ကူးပါသတဲ့…..

စိတ်က အတော်ဒေါဖောင်းနေပြီ။ ဒီဘုန်းကြီးတော့ မဟုတ်တာက စပြီ။

ဒီလိုနဲ့ သမုဒ္ဒရာက ကျယ်လွန်းတော့ ကျီးကန်းက အတောင်ညောင်းလာပြီး ဒုက္ခရောက်ပါလေရော။
အဲ့ဒီမှာ ပင်လယ်ထဲက ငါးမင်းက ဒီကျီးကန်း ငါမကယ်ရင် သေတော့မယ်ဆိုပြီး…
ပင်လယ်ရေပြင်ထက် ထက်လာပြီး ကျွန်းသဏ္ဍန်လုပ်၊ ကျီးကန်းက နား…..
အဲ့ဒီကျီးကန်းကို ဒီနေရာကို ခေါ်လာလို့ ရှင်မောက်ဂလန်ကိုယ်တော်ကြီး ချမ်းသာရာရခဲ့ပါလေရော။
အဲ့ဒီသမိုင်းကို ကိုယ်တော်က သိစေချင်လို့ ဒီစေတီကို တည်တာပဲ။

စိတ်မထိန်းနိုင်အောင် ပေါက်ကွဲနေပြီ။ ငါ့ ဘာသာ အဲ့လောက်တောင် ပေါက်ကရဖြစ်နေပြီလား။
ဒီသမိုင်းကြာရင် အတည်ဖြစ်။ ရဟန္တာက တိရိစ္ဆာန်ဟန်ဆောင်၊ ရဟန္တာကို တိရိစ္ဆာန် ငါးက ကယ်။
လောက….လောက….အို အသင်လောက

ကိုယ်တော် …တပည့်တော်တော့ ကျမ်းဂန် မနှံ့စပ်လို့ မသိပါ ဘုရား…
တပည့်တော်ရှာဖွေ ဖတ်ရှုနိုင်အောင် လမ်းညွှန်တော်မူပါဘုရား…
ရှိတယ်ကွယ့်။ ဒါကျမ်းဂန်ထဲမှာရှိတယ်။
ရှိရင် အတိအလင်း ဘယ်ကျမ်းဂန်၊ ဘယ်အပိုဒ်၊ ဘယ်ဇာတ်နိပါတ်လဲ သေခြာဟောပါ…..
ခင်ဗျားက ဆရာကြီးလား..ဗိုလ်ကြီးလား…..
ဆရာကြီး၊ ဗိုလ်ကြီးက အရေးမကြီးဘူး။ တပည့်တော်မေးတာသာ ဖြေပါ။
မဖြေတော့ဘူးဗျာ။ မြို့နယ်သံဃာမဟာနာယက က တံဆိပ်နဲ့ ခွင့်ပြုကြောင်း မိတ္တူတွေပဲ ထုတ်ပြနေတော့တယ်။
ကျွန်တော်လည်း စိတ်နှလုံး ကြီးစွာ မချမ်းမသာဖြစ်ပြီး ဂတိအတိုင်းလှူ၍သာ ပြန်လာပါတော့သည်။

ပါးစပ်ရာဇဝင် စေတီအမြောက်အမြား မြန်မာပြည်တွင် ဖြစ်ထွန်းလျက်၊
ယင်းစေတီများ၏ သမိုင်းအား မည်သူမျှ အကုသိုလ် အဖြစ်ခံ စမ်းစစ်ခြင်းမပြုကြပဲ
တန်ခိုးကြီးဘုရား၊ ဆုတောင်းပြည့် ဘုရားများအဖြစ်
ဘုရားဖူးထွက်ကြခြင်း၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သည်း ကျင်းပခြင်းဖြင့်
ဗုဒ္ဓသာသနာ ထွန်းလင်းအောင် ကြိုးပမ်းလျက်ရှိကြပေသည်။
(စာကြွင်း။ ။ လီဆယ်ခြင်း အလျင်းမရှိ….မိမိကိုယ်တွေ့အား အသက်နှင့် ထပ်တူအာမခံပါသည်။)

သက်ထွေးအောင်
၂၀-၆-၂၀၁၃


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>