Quantcast
Viewing all articles
Browse latest Browse all 1811

ချစ်လိုက်ရတဲ့ မြန်မာပြည်ရယ်(၂)

Image may be NSFW.
Clik here to view.
Photo

-------------------

ကျွန်တော့်နာမည် မောင်ပိုင်ပါ မြန်မာပြည်မှာနေပါတယ်။
ကျွန်တော့်အဖေ မြန်မာပြည်မှာ ပရိဘာဂလုပ်ပါတယ်။
ကျွန်တော့်အမေ အလုပ်မဲ့လို့ မှီခိုလို့ဆိုပါတယ်။
မြန်မာပြည်ကို ချစ်ကြောင်းရေးမလို့စိတ်ကူးရတုန်း မျိုးကျော့မြိုင်ရဲ့ သီချင်းလေးသတိရရင်း စာသားလေးတွေ အလဲအလှယ်လုပ် ဆိုကြည့်မိတာပါ။
ပထမ ချစ်လိုက်ရတာ မြန်မာပြည်ရယ်ရေးတော့ like သူတော့နည်းပါတယ်။ မြန်မာပြည်ကို စိတ်နာများ နေကြသလားလို့တောင်တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မြန်မာပြည်ကို ဆက်ချစ်နေဦးမှာပါပဲ။
သီချင်းလေးကိုရွတ်ကြည့်တော့ ကျွန်တော့်အဖေနဲ့ အမေကို သတိရမိတယ်။ အဖေက လက်သမားလုပ်တယ်။ မြို့ကြီးပြကြီးက တခမ်းတနားပရိဘောဂဆိုင်ကြီးတွေလိုမဟုတ်ပါဘူး။ တောဓလေ့မို့ ဘီရိုလေး၊ စားပွဲလေး၊ ကုတင်လေး လာအပ်သူရှိမှ လုပ်ရတာပေါ့။ အဖေ့ရဲ့အဖေကလည်း ဒီအလုပ်ပဲလုပ်ခဲ့လေတော့ ကျွန်တော့အဖေကလည်း ဒီအလုပ်ပဲလုပ်ဖြစ်ခဲ့တယ် တူပါတယ်။
အလုပ်က ရှိတလှည့်မရှိတလှည့်ပေါ့။ သမ္မာအာဇီဝဆိုပေမယ့် အပ်ထည်များလို့ သစ်မရှိတဲ့အခါ သစ်သမားတွေနဲ့ ချိတ်ဆက်ရတယ်။ အဲ ဒါကိုပဲ ရဲကတစ်ခါတစ်ခါ လိုင်စင်မဲ့သစ်ဆိုပြီး ဖမ်းပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်တော်တို့ မောင်နှမသုံးယောက် ကျောင်းထားပေးခဲ့တယ်။ သူအိုး၊ သူ့အိမ်နဲ့ ဖြစ်အောင်ရှာဖွေကျွေးမွေးခဲ့တယ်။ အမေကလည်း အဖေ့ရဲ့ပါရမီဖြည့်ဖက်ဖြစ်သလို သားသမီးအတွက် တကယ့် ကျွန်မကြီးတစ်ယောက်လို သူပြုစုခဲ့တယ်။
ကျွန်တော်တို့ အသက် ၂၅ ၃၀ တွေဖြစ်လာပေမယ့် အမေက သားသမီးတွေရဲ့ အ၀တ်ကိုလျှော်လိုက်ရမှ ကျေနပ်နေတတ်တာပါ။
ဟ မောင်ပိုင်ရ မြန်မာပြည်ကိုချစ်ကြောင်းနဲ့ ခုမင်းမိဘတွေရဲ့အကြောင်း ဘာဆိုင်လဲကွဆိုရင်ဖြင့်။
ဒီလိုပါ ကျွန်တော်တို့ လူနေမှုစရိုက်မှာ ငယ်စဉ်ကတည်းက သားသမီးဝတ်၊ မိဘ၀တ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်တွေနဲ့ ကြီးပြင်းလာရသလို မင်္ဂလာတရားတွေနဲ့ နေထိုင်လာခဲ့ကြတာပါ။
လူကြီးမိဘအပေါ် ရိုသေရမှန်း၊ ချစ်ရမှန်းကို ခပ်ငယ်ငယ်ကတည်းက သွန်သင်ခံခဲ့ရတာပါ။ ၁၈ နှစ်ပြည့်လို့ လွတ်လပ်ခွင့်ရပြီ မိဘနဲ့ခွဲနေလို့ရပြီဆိုတာ မြန်မာပြည်မှာမရှိပါဘူး။ ကျွန်တော်ထင်တယ် မြန်မာပြည်ကမိသားစုရဲ့ နွေးထွေးမှု၊ တစ်ဦးပေါ်တစ်ဦး နားလည်မှု၊ သံယောဇဉ်တွေဟာ တခြားသော တိုင်းပြည်တွေနဲ့မတူနိုင်ဘူးလို့ ထင်ပါတယ်။
“ မိဦးဘဦး ဆရာဦးကို ခူး၍အလျှင် မစားနှင့် ” စားသောက်တာကအစ၊ လူကြီးမိဘဦးချစားဖို့.
“ လူကြီးသူမရှေ့ ဦးခေါင်းကို ညွန့်၊ ခါးကိုကိုင်းသွား” လို့ သွားမှုလာမှု၊ နေထိုင်မှုတွေပါ ကျွန်တော်တို့သင်ကြားခဲ့ရတယ်။
“လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမီဝဲနဲ့ ကင်းအောင်နေ ” စတဲ့ မင်္ဂလာတရားတွေကို သင်ကြားခဲ့ရတယ်။
မိဘမေတ္တာတရားကြီးမားပုံ၊ ဆရာသမားကျေးဇူးကြီးမားပုံ နောက်ဆုံးကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ ဘုရား၊ တရား၊ သံဃာတွေအပေါ် ကြည်ညိုဝပ်တွားရတာကအစ ကျွန်တော်မြန်မာပြည်ကြီးက ချစ်စရာကောင်းတဲ့ လေးစားစရာကောင်းတဲ့ အလေ့အထတွေအများကြီးရှိတယ်။
ဒီလိုယဉ်ကျေးအောင်၊ ဒီလိုနေထိုင်တတ်အောင်က မြန်မာပြည်မှာ လူလာဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ခံစားနေရတာပါ။
ဒီတော့ ကျွန်တော်ကတော့ဖြင့် ချစ်လိုက်ရတဲ့ မြန်မာပြည်ရယ်လို့…။
(ချစ်စရာကောင်းတဲ့မြန်မာပြည်အကြောင်းနဲ့ မြန်မာပြည်ရဲ့ တကယ့်ရတနာများကို ဆက်လက်တူးဖော်ပါဦးမည် )
 
 
မောင်ပိုင်
၂၀-၆-၂၀၁၃။
— with William Tuntunko and 4 others.

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>