Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဒီမိုကရေစီရေး အကူးအပြောင်း

$
0
0
နိုင်ငံရေးအကြောင်း ဒီမိုကရေစီရေး အကြောင်းများပြောကြမယ်ဆိုရင် ၁ အစိုးရရဲ့မူဝါဒပိုင်းဆိုင်ရာ အမှားတွေကို ထောက်ပြပြောဆိုကြမယ်။
၂ လွှတ်တော်နှစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ကြမယ်။
၃ တပ်မတော်ရဲ့ ရပ်တည်မူ့ကို သံသယ ဖြစ်ကြမယ်။
၎ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို ဝေဖန်ပြောဆိုကြမယ်။
ဒါတွေ အပြင် အရေးကြီးဆုံး ဖြစ်တဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ဆန်းစစ်ပြီး ဘာတွေလိုသလဲ မေးခွန်းထုတ်ကြဖို့ ကျန်နေသေးတယ်လို့ အောက်မေ့မိပါတယ်။

ဒီမိုကရေစီရေးရာ ကျွမ်းကျင်သူ ပညာရှင်တွေကတော့ ရင့်ကျက်ခိုင်မာသွားတဲ့ ဒီမိုကရေစီစနစ် ရောက်ဖို့ အဆင့်သုံးဆင့် ကျော်ဖြတ်ရတယ်လို့ ဆိုပါတယ်။
ထိန်းချုပ်မူ့များဖြေလျှော့လာသသည့်အဆင့်

ကူးပြောင်းရေးအဆင့်

ခိုင်မာရေး ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
အခု ကျနော်တို့ လက်ရှိဖြတ်သန်းနေရတာက လစ်ဘရယ်လိုက်ဇေးရှင်း ခေါ်တဲ့ ဖြေလျှော့ရေးအဆင့်ပဲ ရှိပါသေးတယ်။အဲဒီအဆင့်မှာ အလိုအပ်ဆုံးအရည်အချင်းကတော့ နှစ်ဦးနှစ်ဘက်လုံး ပညာနဲ့ယှဉ်တဲ့ အပြန်အလှန်သည်းခံမူ့ တရားလို့ထင်ပါတယ်။

အပြောင်းအလဲတစ်ုခုပြုလုပ်ရာမှာ ပြောင်းလဲလိုတဲ့စိတ်နဲ့ အပြောင်းအလဲနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည် အဲဒီအရည်အချင်းနှစ်ခု ရှိမှ အောင်မြင်နိုင်မှာပါ။

နယ်ဆင်မင်ဒဲလားနဲ့ အတူ တောင်အာဖရိက အပြောင်းအလဲတွေကို ပုံဖော်ခဲ့သူတစ်ဦး ဖြစ်တဲ့ ဒီကလပ်ကတော့ တကယ်လို့သာ အင်အားစုအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ အခြေခံကျတဲ့ အပြောင်းအလဲလိုအပ်နေပြီလို့ သဘောပေါက်နားလည်လာမယ်ဆိုရင်ု ဒါဟာခောတ်ဟောင်း စနစ်ဟောင်းနဲ့ အဆက်ဖြတ်နိုင်မယ့်ပွိုင့်လို့ ဆိုပါတယ်။လက်ရှိကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကြီးမှာ ပါဝင်လိုစိတ် မရှိလိုသူတွေကို MEDIAတွေအပါအဝင်ပြည်သူအားလုံးက ထုတ်ဖော်ပြောဆို ရေးသားကြဖို့ လိုပါလိမ့်မယ်။ဘောလုံးကစားနည်းနဲ့ ပြောရရင်တော့ ဂိုးသွင်းချင်စိတ်မရှိတဲ့ တိုက်စစ်မှုးတွေကို လူစားလဲနိုင်ဖို့ နည်းပြဖြစသူကို အော်ဟစ်အသံပေးရပါမယ်။

ရာစုနှစ်ဝက်လောက် တင်းကြပ်လှတှဲ့အုပ်စိုးမူ့ ပိတ်ဆိုထားတဲ့ အမှောင်ခောတ်ကိုပဲ ဖြတ်သန်းခဲ့ရတော့ ကျနော်တို့အားလုံးမှာ အပြောင်းအလဲနဲ့ လိုက်လျောညီထွေရှိမယ့် အရည်အချင်းမျိုးကတော့ သဘာဝကျစွာပဲ ကင်းမဲ့နေကြပါတယ်။အဲဒီအတွက် ပြောင်းလဲချင်စိတ် အပြည့်နဲ့ အပြောင်းအလဲနဲ့ ကိုက်ညီမယ့် အရည်အချင်းလည်း ဖြည့်ဆည်းဖို့ ကြိုးစားနေကြ သူတွေကိုတော့ အချိန်တစ်ခုပေးပြီး သည်းခံစောင့်ကြည့် ရပါလိမ်မယ်။ဂိုးသွင်းချင်စိတ်လည်းရှိပြီုးဂိုးသွင်းနိုင်မယ် အရည်အချင်းမျိုး ဖြည့်ဆည်းဖို့ ကြိုးစားနေသူတစ်ယောက်ဟာ ပွဲမပြီးခင်မှာပဲ လှပတဲ့ ဂိုးတွေသွင်းပြပါလိမ့်မယ်။

ကျနော်တို့ သက်တမ်းတလျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးခဲ့တဲ့ အပြောင်းအလဲဆိုတဲ့ ရွှေရောင်အခွင့်အရေး လက်လွှတ်ဆုံးရူံ့း မသွားဖို့ ပညာနဲ့ ယှဉ်တဲ့ အပြန်အလှန် သည်းခံခြင်းဆိုတဲ့ တရားတစ်ပါး ဒီနေ့ ဒီချိန် အခါသမယမှာ အရေးတကြီး လိုနေပြီလို့ ကျနော်က ထင်မြင်နေမိပါတယ်။။့

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>