Quantcast
Viewing all articles
Browse latest Browse all 1811

ဘုရားသားနှင့် ကျားကွက် ကစားမည်လော.


ဘုရားသားနှင့် ကျားကွက် ကစားမည်လော......

မြန်မာနိုင်ငံရေးမှာ လူအများစု သုံးသပ်တာ သား ၃ သား....... အခုလက်ရှိ ပစ်မှတ်ထားတာလည်း ဒီ သား ၃ သား...... ဒါတွေကတော့ ဘုရားသား၊ စစ်သား၊ ကျောင်းသား....... ဒီသား ၃ သားမှာ Instution ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတာ စစ်သားနဲ့ ဘုရားသား..... ဒီအထဲမှာမှ ဘုရားသားဟာ ကျန်တဲ့ သား ၂ သား လေးစားရတဲ့အထဲမှာ ပါတယ်...... ဒါတွေဟာ နိုင်ငံရေးသမားတွေအတွက် အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာကိုင်လှုပ်ချင်တဲ့ တနည်းအားဖြင့် ကိုယ်လိုချင်ရာ ပုံသွင်းဖို့ ကြံရွည်တဲ့ နိုင်ငံရေးသမားတွေရဲ့ ချက် ကစားကွက် ခုံပေါ်က တားဂက် သုံးခုပဲ.......

မြန်မာနိုင်ငံရေးမှာ သား ၃ သား တကယ်ကစားခဲ့တာ၊ အခုအချိန်ထိ ကစားနေတာ လက်ခံတယ်..... ဒါပေမယ့် ဒီသား ၃ သားဟာ ပြည်သူလူထု ဆိုတဲ့ နောက်ခံပံ့ပိုးမှုမပါရင် ပုံလျက်သား လဲကျမယ့် သား ၃ သားပဲ...... ဒီအတွက် ပြည်သူလူထု ပံ့ပိုးမှု အများဆုံး သား ဟာ ဘယ်သူလဲ စဉ်းစားလာကြချိန်မှာ စ တွေ့လာကြတာက ဘုရားသား..... ဘာကြောင့်လဲ ကိုးကွယ်ရာ၊ အားထားရာ၊ ရတနာမြတ် ၃ ပါးမှာ ပါတဲ့အတွက် ပြည်သူလူထု အာရုံစိုက်မှု အထူးရတယ်....... ဒီအတွက် ဘုရားသားတွေနဲ့ ပါတ်သက်လို့ ကိုင်လှုပ်ဖို့ ကြိုးစားလာကြတယ်....

ကိုင်လှုပ်တယ် ဆိုတဲ့နေရာမှာ ကောင်းသော ကိုင်လှုပ်ခြင်း မကောင်းသော ကိုင်လှုပ်ခြင်းဆိုတာ ရှိတယ်..... အခုလက်ရှိ မြင်နေတာကတော့ မကောင်းသော ကိုင်လှုပ်ခြင်းပဲ..... ဘာကြောင့်လဲ စ ပြောရရင်တော့ ၉၆၉ လှုပ်ရှားမှုက စမယ်...... ၉၆၉ လှုပ်ရှားမှုဟာ မွတ်စလင်တွေ ဗုဒ္ဓဘာသာဝင်တွေအပေါ် ဘာသာခြင်းမတူမှုကြောင့် ကန့်သတ်ခြားနား ဆက်ဆံရာကနေ မိမိလူမျိုးခြင်း အားပေးရန်၊ မိမိလူမျိုးများ စီးပွားရေး တောင့်တင်းရန် ဦးတည် လှုံ့ဆော်လာတဲ့ Self Defense အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်တယ်.... သို့သော် ၉၆၉ လှုပ်ရှားမှုမှာ ဘာသာခြားအပေါ် အကြမ်းဖက်ရန် စိုးစဉ်းမျှ ဖော်ပြထားခြင်း မရှိပေမယ့်လည်း မွတ်စလင် ဆန့်ကျင်ရေးအဖြစ် ပုံဖော်လာခဲ့ကြတယ်..... ပုံလည်း ဖော်ခဲ့တယ်.... ဘယ်လိုလူတွေ၊ ဘယ်လိုပုံလေ့ကျင့်ထားသူတွေ ၉၆၉ ကို ခုတုံးလုပ်ပီး ပုံဖော်လာသလဲကို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုကြည့်ရင် သိသာနိုင်တယ်......

သို့သော် Online, Offline, Printed Media အပါအဝင် အတင်းအဖျင်းတွေ ကနေတစ်ဆင့် ဦးဝိရသူရဲ့ ၉၆၉ ကို တားဂက်ထား ခေါင်းစဉ်တပ် တရားခံရှာခဲ့ခြင်း ခံခဲ့ရတယ်........ ၉၆၉ နဲ့ လက်ရှိ အကြမ်းဖက်မှုတွေ ပါဝင်ပါတ်သက်မှုကို ရေရေရာရာ သက်သေပြနိုင်ခြင်း မရှိပေမယ့် ခွေးလှေးပျား တောအနှံ့ ပျံ့နှံ့သွားတဲ့ ၉၆၉ စတစ်ကာတွေကို အသုံးချပီး တရားခံ ခေါင်းစဉ်တပ်ခဲ့ကြတယ်..... ဒါပေမယ့် နောက်ကွယ်က လက်သည်တရားခံကို ခုထိရှာလို့မတွေ့သေးဘူး.....လိမ္မာပါးနပ်စွာ ဦးဝိရသူကို ခေါင်းစဉ်တပ်ခဲ့ကြတဲ့ လူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်း သံဃာ အများစုရဲ့ ၉၆၉ အပေါ်ထားတဲ့ စိတ်ထားကို နားလည်မှုအတော်ရှိခဲ့ကြတယ်....... ဒီအတွက် သား ၃ သားက ကျန်တဲ့ သား ၂ သားနဲ့၊ မိဘ ပြည်သူ ကိုးကွယ်ရာဖြစ်တဲ့ ဘုရားသားကို ကိုင်လှုပ်ဖို့ ကြိုးစားလာတယ်.....

အခုလက်ရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့ မျိုးစောင့် ဥပဒေ၊ ဘာသာကူးပြောင်းခြင်း ဥပဒေ၊ နှစ်ခုစလုံး (မူကြမ်း) တွေနဲ့ ပါတ်သက်ပြီး တဖြည်းဖြည်း ပုံဖော်လာတယ် ဦးဝိရသူ...... တားဂက်ထားလာတယ် ဦးဝိရသူ..... ဒီ ကနေမှတစ်ဆင့် ပုံဖော်ခြင်းခံရတာကတော့ ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ဘူးဆိုတဲ့ ကိစ္စ....... ဘုန်းကြီးအလုပ် ဘုန်းကြီး မလုပ်ဘူးဆိုရင် ရွှေဝါရောင်မှသည် လက်ပံတောင်း ကိစ္စ ဘာမှန်းညာမှန်းမသိ သံဃာများ မတရားခံခဲ့ရသည်ဟုသာ နားလည်သည့် သံဃာအများစုအတွက် နားထဲမှာ သံရည်ပူ လောင်းခံရသည်ဟု ယူဆလာမှာ မလွဲပါ....

ပြင်ပလောကမှာ မွတ်စလင်များအား အကြမ်းဖက်ရန်၊ ဆန့်ကျင်တိုက်ခိုက်ရန် ဟုပုံဖော်လာသည့် ဦးဝိရသူသည် အခြားသော ရဟန်း သံဃာများအတွက် အာဇာနည်တစ်ပါးဟု မှတ်ထင်ယူလာကြသည်..... အဘယ့်ကြောင့်မူ လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကြောင့်ပင်....... အခြားတစ်ဖက်က ဖန်တီး လှုံ့ဆော်ယူနေသည့် ဦးဝိရသူအား အကြမ်းဖက်ခေါင်းဆောင်၊ အစွန်းရောက် ဗုဒ္ဓဘာသာ ရဟန်းဟုသော ပုံဖော်မှုသည် ကျန်သည့် ရဟန်းသံဃာတို့အတွက် ခါးသီးမှုတစ်ခု...... တနည်းအားဖြင့် ရဟန်းအလုပ် ရဟန်းမလုပ်ဟု ခြုံငုံပြောခြင်းအတွက် သောတပန် မရောက်သေးသည့် ရဟန်းပျိုတို့အဖို့ နာကျဉ်းဖွယ် ကိစ္စရပ်......

တိုက်ဆိုင်သည်က အချိန်ကိုက် ဘေးတီးပေးသည့် နိုင်ငံခြား မီဒီယာများ အထူးသဖြင့် လူ့အခွင့်အရေးအား အမြဲ စဉ်းစားလေ့ရှိသည့် ဒေါ်စုသည် ထင်ရှားသည့် အတိုက်အခံ နိုင်ငံရေးသမားများထဲတွင် ပထမဆုံး ပစ်မှတ်....... မည်သည့် ကိစ္စမဆို အမျိုးသားရေးကို မစဉ်းစားပဲ လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် ဒေါ်စုသည် ရဟန်းပျိုတို့၏ အမြင်တွင် အားကိုးရားမဲ့လာသော ပုံရိပ်တစ်ခု....... အခြားတစ်ဖက်မှ ကြည့်ပြန်လျင် အမျိုးဘာသာအတွက် အကြမ်းမဖက် ဆန့်ကျင်နေသည့် ဦးဝိရသူသည် အကြမ်းဖက် ဗုဒ္ဓဘာသာဝင်ဟု ပုံဖော်ခံနေရသည်မှာ ရဟန်းတော်များအတွက် ခံပြင်းမှုတစ်ခု........

ရဟန်း သံဃာတော်များအား ခြုံငုံ စော်ကားသဖြင့် သို့လော သို့လော စဉ်းစားရာမှ မကျေမနပ်ဖြစ်လာသည့် သား ၃ သားတွင် မပါဝင်သည့် ပြည်သူလူထု၊ အလုပ်သမား၊ လယ်သမား လူတန်းစား........ အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည့် လူထုခေါင်းဆောင်မှ ရပ်တည်ပေးမှု မရှိလာသည့်အခါ............... စဉ်းစားစရာ အများကြီး ဖြစ်သွားပါပီ...... သား ၃ သားမှ အဓိက လူထု ကိုးကွယ်မှုကို ခံယူနေသည့် ရဟန်း၊ သံဃာဖြစ်သည့် ဘုရားသား...... အဆိုပါ သား ၃ သားအား ပံ့ပိုးနေသည့် အခြေခံ လူတန်းစား........ စေ့စေ့တွေးကြည့်လျင်တော့ တိုက်ကွက်က ကြောက်စရာကောင်းသည်....... အမျိုးသားရေးနှင့် လူ့အခွင့်အရေးကို လွန်ဆွဲခိုင်း၍ နွံ့ထဲ ဆင်းခိုင်းနေတာနဲ့ အလားသဏ္ဍန်တူနေပါပီ.......

အခုဖြစ်နေသည့် ကိစ္စတွေကတော့ ချက်ခြင်းလက်ငင်း ပြဿနာတက်မည်ဟု မမြင်ပါ.... သို့သော် ၂၀၁၅ လူထု ရွေးချယ်သည်ဟု ခေါင်းစဉ်တပ်လာသည့် တက်လာမည့် အစိုးရလက်ထက်တွင်မူ မှိုင်းအပြည့်အဝ တိုက်ထားသည့် မီးပုံးပျံသဖွယ် လောင်စာများကြောင့် ပျံတက်ရန် အသင့်ဖြစ်နေသည့် မီးပုံပျံကား ပြဿနာစရန် ဖြစ်လာမှာ အသေအခြာပင်....... ၂၀၁၅ တွင် ရည်မှန်းထားသလို ဖြစ်လာစေရန် အခုကတည်းက ပုံဖော်ထားသည်မှာ လက်ရှိတွင် မြင်နေရခြင်း........ စည်းစိမ်၊ ဥစ္စာ၊ အာဏာအတွက် သူ့လူကိုယ့်ဘက်သား မြှောက်ပင့်ပေးနေမှု၊ ကိုယ့်ဘက်သားပုံစံ ချွန်တွန်းလုပ်နေမှုတွေနဲ့ ၂၀၁၅ ရွေးကော်ပွဲအလွန်အတွက် ပုံဖော်နေသည်မှာ မြင်ရတာ မသက်သာသကဲ့သို့ အလွန်ဆိုးပါတယ်........

အထူးသဖြင့် အခြေခံ လူထု တစ်ရပ်လုံးအား သိမ်းကြုံးလှုပ်ခါနိုင်စွမ်းရှိသည့် ဘုရားသားများအား အခြေပြု၍ မြန်မာနိုင်ငံအရေးအား ဆွဲလှုပ်တုန်ခါရန် ကြိုးပန်းမှုကို ဆရာတော်ကြီးများမှ နားလည်မှု ရှိရန် လိုအပ်ပါတယ်..... ဦးဝိရသူကို ခေါင်းစဉ်တပ်လာတဲ့ အကြမ်းဖက် ဟုသော စကားလုံးအား လက်ပံတောင်းနှင့် ရွှေဝါရောင်တွင် ဝင်ရောက်လှုပ်ရှားခဲ့သည့် သံဃာတု သံဃာယောင်များမှ ပုံဖော်သွားမည်ကို စစ်မှန်သည့် ဘုရားသားတော်များက ကာကွယ်သွားဖို့ လိုပါတယ်........

နိုင်ငံရေး ကျားကွက်အပေါ်တွင် ပုံစံချ ကစားလာမည့် ကိစ္စများနှင့် ပါတ်သက်ရင်တော့ ကျွန်တော်အပါအဝင် သာမညပြည်သူများအနေဖြင့် သဘောထားကို ပြတ်ပြတ်သားသား အသိပေးချင်ပါတယ်...... ၁ အချက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်သမ္မတ ဖြစ်ထိုက်သည်ဖြစ်စေ၊ မဖြစ်ထိုက်သည်ဖြစ်စေ ၂၀၁၅ ရွေးကောက်ပွဲမှ အစပြု၍ နိုင်ငံ၏ အဓိကနေရာတွင် အမှန်တကယ် အလုပ်လုပ်နိုင်မည့်နေရာတွင်ရှိနေရန် လိုလားကြပါတယ်....... ၂ အချက်အနေနဲ့ ဦးဝိရသူကို မဏ္ဍိုင်ပြု စော်ကား၍ ကျုံးသွင်းလာသည့် ရဟန်းသံဃာများအပေါ် အပုတ်ချမှုများနှင့် နိုင်ငံရေးအတွင်းသို့ ဆွဲခေါ်လာမှုများအား ဆန့်ကျင် ကန့်ကွက်သွားရန် ဆန္ဒရှိကြပါတယ်......

ထပ်မံ၍ သတိပေးလိုပါသည်...... မြန်မာနိုင်ငံရေးအား ကိုင်လှုပ်မည့် လူတန်းစားတွင် သား ၃ သားသာမက အောက်ခြေ ပြည်သူလူထု လူတန်းစားလည်း ရှိသည်ကို မမေ့ပါနဲ့လို့ ဆိုချင်ပါတယ်..........

Photo Credit to Internet

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>