မင်း ဗုဒ္ဓဘာသာဝင်လား ဆိုတော့ ဟုတ်တယ်လေ။
ပိဋကတ်သိလားဆိုရင် ကြားဖူးတယ်ဘဲ ဖြေရမယ်။
ငါးပါးသီလ လုံလားမေးရင် အမြဲမလုံဘူးလို့ ဝင်ခံတယ်။
ကိုရင်သုံးခါ ဝတ်ဖူးတယ်။ ရဟန်းတစ်ခါခံတယ်။
ဘုရားအမြဲ မရှိခိုးဘူး။
မင်းဟာက အမည်ခံ ဗုဒ္ဓဘာသာဝင်ဘဲလို့ ဆိုက ဆိုနိုင်တယ်။
သစ္စာတရားလေးပါး ဟောတဲ့ မြတ်ဗုဒ္ဓကို ယုံလို့၊ တရားကိုယုံလို့ ကိုးကွယ်တာ။
မင်းဟာက မိဘကို ချစ်တယ်။ ရိုသေတယ်။ ဆရာကို လေးစားတယ်ဆိုသေး
မိဘ/ဆရာစကား နားမထောင်တဲ့ ကလေးနဲ့ တူတယ်လို့ အပြစ်တင်နိုင်တယ်။
ဒါပေသည့် ကျုပ်မိဘက၊ ကျုပ်မိဘဘဲ။ ဆရာကလည်း ဆရာဘဲ။
ပြောင်းလဲမသွားဘူး။
သားဆိုး၊ တပည့်ဆိုးလို့တော့ ပြောနိုင်တယ်။
ဘုရားတရားတော်တွေ အဆုံးအမတွေနဲ့ ညီတဲ့ ပုဂ္ဂိုလ်များကို အရိယာသူတော်စင်လို့ ကျုပ်လက်ခံပါတယ်။
သူတော်စင်လည်းနည်းမှာပါ။ အရူးက တစ်မူးသာ လာလုပ်နေတာပဲ များမှာပါ။
ဝိနည်းတွေ၊ ကျမ်းတွေနဲ့ ကိုင်ပေါက် စလုပ်တိုက်ရင်
အဖိတ်အစင်တွေဘဲ များမယ်ထင်ပ။
ဘုန်းကြီးကျောင်းအချို့မှာ ကိုရင်တွေ၊ ဘုန်းကြီးတွေ တီဗွီကြည့်တယ်။
ကောင်မလေးတွေ ကျောင်းထဲရေလာခပ်ရင် ဟိဟိနဲ့ ရေသွားဆွဲပေးတယ်။
ဆွမ်းခံလို့ မုန့်ဆွမ်းကောင်းလေးတွေပါလာရင်
နေ့လယ်စားဖို့ ကျောင်းဝန်းထဲမဝင်ခင် ခြံစည်းရိုးကျော်ပစ်ထားတယ်။
ညဘက် သင်းပိုင်ကြိုးပဲ ချန်ပြီး အဝတ်လဲ အပြင်ခိုးထွက်တယ်။
ပန်းခြံတွေထဲ နေ့ခင်းကြောင်တောင် အတွဲတွေလိုက်ကြည့်တယ်။
အချို့ အရက်နံ့တွေရတယ်။
အများကြီး အများကြီး……
ဒါလားကွ ဗုဒ္ဓဘာသာ…ဒါလားကွဘုန်းကြီး….ဘာလဲ ဝိနည်း….ဘာ ဘုရားသားတော်…
အဲ့ဒီလိုတွေ သွား အဘိဇာပွားနေရင်
လောင်စာရှိလို့ မီးတောင်းတာ ပေါ့။
ယူလိုက်လေ အတုံးလိုက် အတစ်လိုက်။
ကိုယ်တွေလည်း မီးသွားကူးမိတာ အကြိမ်ကြိမ်
ဘုန်းကြီးက အရဟတ္တဖိုတွက်ကျင့်ရမှာ၊ တဏှာကင်းရမှာ
ဘာမဟုတ်တဲ့ ဆေးလိပ်နဲ့ ကွမ်းတောင် မစွန့်လွှတ်နိုင်ဘူး
စသည် စသည်…….
ကိလေသာဆိုတာ မီးတဲ့
လောင်တတ်တယ်…..ကူးတတ်တယ်…..ပူလောင်တယ်
အဲ…
ဘာဝနာဆိုတာ ဆီမီးလိုပဲ….
ဆီမီးတိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ကူးပေးလိုက်လို့ မူလတန်ဖိုးမယုတ်လျော့သွားဘူးတဲ့….
များများဖြန့်ဝေ၊ ပွားများတဲ့။
ဒီမီးကိုပဲ အမျိုးမျိုးဥပမာပေးနေတယ်လို့ ရွှေဥာဏ်စူးရောက် မကျေမချမ်းဖြစ်ရင်
မောင်ရင့်ဆီ ဒေါသ၊ မောဟ ကိလေသာမီးတွေ ဒလဟော ဝင်ပြီဗျ။
လူတွေ လောဘရှိလို့ ပညာသင်၊ အလုပ် လုပ်နေကြတာမဟုတ်လား
လောဘမရှိရင် ခေတ်မီတိုးတက်ဖို့ မဖြစ်နိုင်ဘူး….
လောဘကြောင့် အလုပ် လုပ်၊ လိုချင်မှုကြောင့် လှူ…..
အကုန်လုံးတရားနဲ့သာ နေ၊ ဝိပဿနာပွားနေကြရင်
ဘုန်းကြီးတောင် ဆွမ်းစားရမှာမဟုတ်ဘူး…..
ထို…ထို…ပညာဥာဏ်တွေနဲ့ စောတက တက်ရင်…
ပြောချင်တာက ကျမ်းဂန်တွေ ကျုပ်မတတ်ပါဘူး။
ဒါပေသည့် တရားဓမ္မ၊ လောကုတ္တရာဥာဏ်ဟာ
လောကီ အမြင်တွေနဲ့ ဆင်ခြင်လို့မရဘူးဆိုတာပါ။
နေ့စဉ်မရိုးနိုင်အောင် ငြင်းချက်/ဆဲချက်တွေထုတ်နေတာများ မြင်ရတော့
သာမန်လူသား ကျွန်တော့်အဖို့ ခုန်ရှောင်ပေသည့် မလွတ်ဘူးဗျ။
မီးခဏ ခဏ ဟပ်ခံရတယ်။
ဟုတ်တယ်၊ မဟုတ်ဘူး၊ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး….
မောင်ရင်တို့ မမယ်မတို့ ငြင်းခုန်နေကြတာဖြင့်
လောင်စာကောင်းလို့ မီးတောင်းတဲ့ အဖြစ်မရောက်အောင်ပါ။
သူများတွေဆီလည်း မီးကူးတယ်ဗျ။
အဲ့ဒီ ဘာဝနာမျိုးတော့ မလုပ်သင့်ဘူးထင်တယ်။

ဒါလားကွ ဗုဒ္ဓဘာသာ…ဒါလားကွဘုန်းကြီး….ဘာလ
အဲ့ဒီလိုတွေ သွား အဘိဇာပွားနေရင်
လောင်စာရှိလို့ မီးတောင်းတာ ပေါ့။
ယူလိုက်လေ အတုံးလိုက် အတစ်လိုက်။
ကိုယ်တွေလည်း မီးသွားကူးမိတာ အကြိမ်ကြိမ်
ဘုန်းကြီးက အရဟတ္တဖိုတွက်ကျင့်ရမှာ၊ တဏှာကင်းရမှာ
ဘာမဟုတ်တဲ့ ဆေးလိပ်နဲ့ ကွမ်းတောင် မစွန့်လွှတ်နိုင်ဘူး
စသည် စသည်…….
ကိလေသာဆိုတာ မီးတဲ့
လောင်တတ်တယ်…..ကူးတတ်တယ်…..ပူလေ
အဲ…
ဘာဝနာဆိုတာ ဆီမီးလိုပဲ….
ဆီမီးတိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ကူးပေးလိုက်လို့ မူလတန်ဖိုးမယုတ်လျော့သွားဘူးတဲ့
များများဖြန့်ဝေ၊ ပွားများတဲ့။
ဒီမီးကိုပဲ အမျိုးမျိုးဥပမာပေးနေတယ်လို့ ရွှေဥာဏ်စူးရောက် မကျေမချမ်းဖြစ်ရင်
မောင်ရင့်ဆီ ဒေါသ၊ မောဟ ကိလေသာမီးတွေ ဒလဟော ဝင်ပြီဗျ။
လူတွေ လောဘရှိလို့ ပညာသင်၊ အလုပ် လုပ်နေကြတာမဟုတ်လား
လောဘမရှိရင် ခေတ်မီတိုးတက်ဖို့ မဖြစ်နိုင်ဘူး….
လောဘကြောင့် အလုပ် လုပ်၊ လိုချင်မှုကြောင့် လှူ…..
အကုန်လုံးတရားနဲ့သာ နေ၊ ဝိပဿနာပွားနေကြရင်
ဘုန်းကြီးတောင် ဆွမ်းစားရမှာမဟုတ်ဘူး…..
ထို…ထို…ပညာဥာဏ်တွေနဲ့ စောတက တက်ရင်…
ပြောချင်တာက ကျမ်းဂန်တွေ ကျုပ်မတတ်ပါဘူး။
ဒါပေသည့် တရားဓမ္မ၊ လောကုတ္တရာဥာဏ်ဟာ
လောကီ အမြင်တွေနဲ့ ဆင်ခြင်လို့မရဘူးဆိုတာပါ။
နေ့စဉ်မရိုးနိုင်အောင် ငြင်းချက်/