Quantcast
Viewing all articles
Browse latest Browse all 1811

မောင်ပိန်လို မလုပ်ကြေး

 မြသွေးနီ's photo.


တစ်ခါက မောင်ပိန်လို့ခေါ်တဲ့ အရက်သမားတစ်ယောက်ရှိတယ်။ တစ်နေ့ သူက အရက်လေး တထွေထွေနဲ့ သူတို့ရပ်ကွက်နားက ဘုရားကို ရောက်သွားတယ်။ 

ဘုရားစောင်းတန်းတလျှောက် လှေကားကတက်လာရင်း ဘေးဘီ ၀ဲယာနံရံပေါ်မှာ သရုပ်ဖော်ထားတဲ့ ပုံတွေကိုလည်း ကြည့်လာတယ်။ ငါးပါးသီလကို ကျူးလွန်မိရင် ငရဲမှာ ဘယ်လို ၀ဋ်ခံရတယ်ဆိုတာ ပန်းချီဆရာကြီးများက သီလတစ်ပါးခြင်းစီအတွက်ကို ဘုရားဖူးတွေ သိရလေအောင် နံရံပေါ်မှာ သေချာသရုပ်ဖော် ထားတယ်။

မောင်ပိန်လည်း စောင်းတန်းတစ်လျှောက် တက်လာရင်း နံရံက သရုပ်ဖော်ပုံတွေနဲ့ စာတွေကို စိတ်ဝင်တစား ကြည့်ရင်း၊ ထုံးစံအတိုင်း သူ့ရဲ့အသံ ကျယ်လောင်ကျယ်လောင်နဲ့ အသံထွက် ဖတ်လာမိတယ်။

“ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ” – အင်း.. သူ့အသက်မသတ်ရဆိုတာကို သတ်တာကိုး၊ ခံ..ခံ ..၊ ဒီလိုကံမျိုး ကျူးလွန်သူတွေ ငရဲမှာခံရ.. နည်းတောင်နည်းသေး၊ ကိုယ့်အသားပဲ ကိုယ်ဆိတ်ကြည့်ဦး.. နာတတ်ကြသေးတာ၊ သူများအသက် တစ်ချောင်းကို မဆင်မခြင် ရက်ရက်စက်စက် သတ်တာ.. ငရဲကျတာ နည်းတောင်နည်းသေး..”

ဘုရားဖူးလာသူတွေက မောင်ပိန်အသံ ကျယ်လောင်ကျယ်လောင်ကို ကြားတော့ မနေနိုင်တော့ပဲ စောင်းငဲ့ကြည့်ကြတယ်။ ဒါက သူ့ကို လူတွေ စိတ်ဝင်စားလေအောင် အမြဲထွင်လေ့ရှိတဲ့ မောင်ပိန်ရဲ့ အကွက်ရိုးကြီးပေါ့။

“ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ” – သြ… သူတစ်ပါးပစ္စည်း အချောင်လိုချင်၊ ခိုးချင်သူတွေ၊ ဒီလိုငရဲမျိုး ကျမယ်ဆိုတာ မသိသား ဆိုးဝါးနိုင်လိုက်တာ …၊ ကိုယ့်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ဘူး။ သူများပစ္စည်းလိုချင်မျက်စိရှိတော့ စာရိထ္ထက ပျက်စီးပြီပေါ့၊ ကိုယ်စရိတ်နဲ့ ကိုယ်သွားပေရော့..”

မောင်ပိန်ကတော့ အာပေါင်အာရင်း သန်သန်နဲ့ စွတ်တင်နေလေတယ်။ သူ့အနားမှာ ရှိနေတဲ့ ဘုရားဖူးတွေက မောင်ပိန်ဆီက ပျံ့လွင့်လာတဲ့ အရက်နံ့ တစ်ထောင်းထောင်းကို နှာခေါင်းအုပ်လျှက်က မောင်ပိန်ရဲ့ တတိယမှတ်ချက်ကို စိတ်ဝင်တစားဖြစ်လာကြတယ်။ မျက်နှာတွေကတော့ ပြုံးစေ့စေ့နဲ့ပေါ့။

“ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ” – သူများသားမယား ပြစ်မှားချင်သေးတယ်၊ လူ့စည်းဘီလူးစည်း နားမလည်ကြဘူး..၊ အော့နှလုံးနာလိုက်တာ၊ ဒီလိုလူမျိုးတွေ ငရဲကျတာ မဆန်းဘူး၊ နည်းတောင်နည်းသေး ...”

ဘုရားဖူးတွေက နီးစပ်ရာအချင်းချင်း လက်တို့နေကြလေပြီ။
မောင်ပိန်လည်း သူ့ကို လူတွေ ၀ိုင်းကြည့်လေတော့ စိတ်တွေ တက်ကြွလာပြီး အသံကို မူလကထက် ပိုမြှင့်လိုက်တယ်။

“မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ” – အိုး.. ဟိုး လိမ်ညာပြောလို့ ငရဲမှာတန်းစီ နေရသူတွေ အောတိုက်ပါလား၊ ကိုယ့်သိက္ခာ ကိုယ်မငဲ့.. ကိုယ့်လိပ်ပြာ ကိုယ်မလုံ လျှာအရိုးမရှိတိုင်း လိမ်ချင်သူတွေ ငရဲအိုးထဲ ကျ.. ကျ….ခေါင်းစိုက်ပြီးကို ကျပါစေဗျာ..”

ဘုရားဖူးလာသူတွေရဲ့ အာရုံစူးစိုက်မှုက မောင်ပိန်ကို သွေးနထင်
ရောက်သွားစေတော့တယ်။ ဒီလိုနဲ့ ပုံတွေကြည့်၊ စာတွေဖတ်၊ ပါးစပ်က တောပြောတောင်ပြောနဲ့ အော်လာလိုက်တာ ငါးပါးသီလရဲ့ နောက်ဆုံးသီလကို သရုပ်ဖော်ထားတဲ့ ပုံနေရာလည်း ရောက်ရော၊ သူ့နံဘေး ပတ်ဝန်းကျင်ကို တစ်ချက် အကဲခပ်လိုက်တယ်။ ပြီးမှ….

“ သူရာမေရယ …ယ…ယ….မဇ္ဇပ္ပမာဒဌာနာ …..
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ..မိ..မိ…”

“““““…ဘာ….”””””

“ သေရည်သေရက်ကို ရှောင်ကျဉ်ရမယ်.. ဟုတ်လား..၊
ဟေ့..ဟေ့…ဒီမှာ ငပိန့်ကို အချဉ်မှတ်လို့လား၊ ငပိန့်ကို ဆရာလာမလုပ်ကြနဲ့၊ မွေးထဲက အရက်ပုလင်း ဖက်မွေးလာတာ၊ ငရဲလဲ ငါမမှုဘူး.. သောက်ချင်ရာ သောက်မယ်ကွ… ဂေ့ ….. ”

မောင်ပိန်ရဲ့ ဂေ့ခနဲ လေချဉ်တက်သံလည်း ဆုံးရော၊ ဘုရားဖူးတွေရဲ့ ၀ါးခနဲရယ်လိုက်သံတွေက ဘုရားစောင်းတန်းမှာ နားနေတဲ့ ခိုတစ်အုပ်တောင် လန့်ပျံသွားတော့တယ်။

ငါတကောကောနေကြသူများနဲ့ သူများမျက်ချေးသာမြင်တတ်ပြီး၊ ကိုယ့်မျက်ချေးကိုယ်မမြင်တတ်သူ မောင်ပိန်လို လူစားမျိုးတွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့မြင်နေရလေတိုင်း ဒီပုံပြင်လေးထဲက ဘုရားဖူးပရိသတ်တွေလိုပဲ မရိုးနိုင်ပဲ မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ဖြစ်မိပါတယ်။ 

ကျွန်မတို့ ပတ်ဝန်းကျင်မှာ မောင်ပိန်လို လူစားတွေ အများကြီးပဲရှင့်.. 


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>