ဦးဝိရသူရဲ့ မွတ်ဒေါင်းကိစ္စကို မကျေမနပ်ဖြစ်ပီး ကြံ့ဖွံ့အစိုးရ ဘင်္ဂါလီငါးသိန်းကို White Card ပေးတယ်ဆိုပီး Diversion လုပ်ခြင်းပဲဖြစ်ပါတယ်..... အဲ့ဒိမှာလွဲနေတာ ဘင်္ဂါလီ ငါးသိန်းကို White Card ပေးလိုက်တာ စစ်အစိုးရပဲ ဖြစ်ပါတယ်..... စစ်အစိုးရမှာတုန်းက ပါတဲ့လူတွေမို့လို့ အခုလက်ရှိ အစိုးရနဲ့လည်း သက်ဆိုင်တယ်ဆိုရင်ဖြင့် တစ်ခုလေးပဲ မေးချင်ပါတယ်...... မဆလ ပါတီကို ဖျက်သိမ်းပြီး ပါတီစုံဖွဲ့ခွင့် ပြုလိုက်ချိန်မှာ မဆလ ဗဟိုကော်မတီဝင်ကြီးတွေ အလားအလာကောင်းတဲ့ ပါတီတွေကို အလုအယက် ဝင်ခဲ့ရာမှာ ယနေ့ နာမည်ကြီးနေတဲ့ NLD ပါတီဟာ တစည ပြီးရင် အများဆုံးပဲ ဖြစ်ပါတယ်...... ဒီအတွက် မဆလ လူကြီးတွေပဲ ပါနေလို့ NLD လည်း မဆလနဲ့ အတူတူပဲလို့ ထောက်ပြရင် ဘယ်လိုဖြေကြမလဲ သိချင်မိပါတယ်......
နောက်တစ်ခုက White Card ပေးခြင်း မပေးခြင်းက အဓိက ပြဿနာမဟုတ်ပါဘူး..... နိုင်ငံသား မဟုတ်တဲ့ ကိုယ့်နိုင်ငံထဲ ရောက်နေတဲ့ ဘင်္ဂါလီတွေကို ဟိုဘက်ခြမ်းက လူတွေနဲ့ မရောထွေးရအောင် အသိအမှတ်ပြု ကဒ်ပြားတစ်ခုခု ပေးထားရမှာပဲ ဖြစ်ပါတယ်..... အဓိက ပြဿနာဟာ White Card တွေကို ပေးတဲ့ အခွင့်အရေးပဲ..... စစ်အစိုးရ၊ တိတိပပ ပြောရမယ်ဆိုရင် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့တဲ့ ဦးသန်းရွှေဟာ သူစနစ်တကျ ဆုတ်ခွာနိုင်ရန် လွှတ်တော်မှာ သူလူတွေ များနေစေဖို့ နေရာစုံမှာ အရွေးခံရအောင် ကြံရွယ်တဲ့အထဲက နိုင်ငံအပေါ် သစ္စာဖောက်မှုဖြစ်တဲ့ White Card တွေကို မဲပေးပိုင်ခွင့်ကို သူ့ရဲ့ ရုပ်သေးအဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ မလှိမ့်တပါတ်နဲ့ လုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်......
အခုလက်ရှိ စစ်အစိုးရ White Card ပေးခဲ့တဲ့ ပြဿနာကိုပဲ ထိုးပြနေတဲ့ လူအများစုဟာ White Card တွေရဲ့ အခွင့်အရေးဖြစ်နေဆဲ ဖြစ်နေတဲ့ မဲ ပေးပိုင်ခွင့်နဲ့ ပါတ်သက်လို့ ပြတ်ပြတ်သားသား ငြင်းဆိုကြတာ မတွေ့ရပါဘူး..... ထို့အတူပဲ White Card များမဲပေးပိုင်ခွင့်ကနေ လွှတ်တော်ထဲ ရောက်နေတဲ့ ဘင်္ဂါလီ အမတ်တွေကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ကြတာ မတွေ့ရပါဘူး....... နိုင်ငံသားမဟုတ်တဲ့ အဆိုပါ White Card ကိုင်ဆောင်ထားသူတွေရဲ့ အခွင့်အရေးကိုပဲ ကန့်သတ်ရမှာဖြစ်ပါတယ်.....
အခုလက်ရှိ White Card ကိစ္စကို ထောက်ပြနေသူတွေရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါတယ်...... တစ်အချက်က White Card တွေကို လုံးဝပယ်ဖျက်ရေး၊ နောက်တစ်ချက်က White Card မဲပေးပိုင်ခွင့်ကို လူတွေ သတိမထားမိရေးပဲ ဖြစ်ပါတယ်...... White Card ဟာ ပယ်ဖျက်လို့မရပါ...... အဆိုပါ White Card တွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်သူနဲ့ လက်ရှိနိုင်ငံအတွင်း ရောက်ရှိနေသူတွေကို ခွဲခြားနိုင်လို့ပဲ ဖြစ်ပါတယ်....... လက်ရှိမှာ တရားဥပဒေ တိတိပပ စိုးမိုးနိုင်မယ်ဆိုရင် White Card ကိုင်ဆောင်သူတွေကို စနစ်တကျ ထိမ်းချုပ်နိုင်ပါလိမ့်မယ်.....
နောက်တစ်ချက်က White Card တွေကို ဖျက်သိမ်းဖို့ ဇောင်းပေး ဆော်သြနေပီး White Card တွေရဲ့ မဲပေးပိုင်ခွင့်ကို မသိမသာ မေ့လျော့လာအောင် လုပ်လာတဲ့ အချက်.....အခုလက်ရှိ နိုင်ငံရေးပါတီအများစု တိတိပပ ဆိုရမယ်ဆိုရင်တော့ NLD ပါတီမှ ခေါင်းဆောင်ပိုင်းနဲ့ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေမှာ White Card ကိုင်ဆောင်သူတွေစီက မဲကို သဲ့ယူမယ့် အပြောအဆိုတွေ အတွေ့များလာရခြင်းဟာလည်း ရခိုင်လူမျိုးတွေအတွက် စိုးရိမ်ပူပန်စိတ်ကို ဖြစ်ပေါ်စေတာ ငြင်းလို့မရပါဘူး..... ဒါကြောင့် နိုင်ငံအပေါ်မှာ ချစ်မြတ်နိုးစိတ် ရှိသူတိုင်းဟာ White Card ကိုင်ဆောင်သူတွေရဲ့ အခွင့်အရေးကို ကန့်သတ်ရမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာ ဖြစ်ပါတယ်...... လူ့အခွင့်အရေး အပြည့်အဝ မရသေးတဲ့ ကိုယ့်နိုင်ငံသား ရခိုင်လူမျိုးတွေကို မစာနာပဲ နိုင်ငံသား မဖြစ်သေးတဲ့ ဘင်္ဂါလီတွေကို လူ့အခွင့်အရေးခေါင်းစဉ် တပ်နေခြင်းဟာ “မြေးကအရင်း၊ သားကအဖျားဖြစ် လေပြီ” ဆိုတဲ့ ကျန်စစ်သားမင်း ထီးမွေ နန်းမွေကို သားတော် ရာဇကုမာရ်အား မပေးပဲ မြေးတော် အလောင်းစည်သူအား ပေးလိုက်ရသကဲ့သို့ ဖြစ်နေတာ သတိချပ်ဖို့ လိုပါတယ်......
နောက် အခုလက်ရှိ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုအပေါ် လူထုရဲ့ မေးခွန်းထုတ်လာရခြင်းဟာ မည်သူမည်ဝါမျှ ဖန်တီးခြင်းမရှိပဲ ဘယ်သူမပြု မိမိမှုဆိုသလို ဒေါ်စုရဲ့ အဖြစ်အပျက်တွေအပေါ်မှာ သုံးသပ်တဲ့ စကားအပေါ် အခြေခံတယ်ဆိုတာ ငြင်းမရပါဘူး..... ဒေါ်စုကို အဲ့ဒိလိုသုံးသပ်ပါ၊ အဲ့ဒိလို ပြောပါလို့ ဘယ်သူကမှ ဖိအားပေးနိုင်တာ မဟုတ်ပါဘူး...... ပြဿနာဖြစ်မှ ဆင်ဝှေ့ရန်ရှောင် လုပ်လို့မရပါ...... နိုင်ငံရေး လောကထဲကို ဝင်ရောက်လာချိန်မှာ အကျပ်အတည်းကာလတွေ များစွာ ကျော်ဖြတ်ရမှာပါ..... အကျပ်အတည်းတွေ့တိုင်းမှာ မည်သူမည်ဝါ ဖန်တီးတယ်ဆိုတာထက် အဆိုပါ အကျပ်အတည်းတွေရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ဖြေရှင်းကျော်ဖြတ်ဖို့ ကြိုးစားရမှာပါ..... အထူးသဖြင့် နိုင်ငံ့အကျပ်အတည်းလို့ ပြောလို့ရတဲ့ အနောက်ဘက်က ဘင်္ဂါလီ ကိစ္စမျိုးဟာ လူ့အခွင့်အရေး ခေါင်းစဉ်တစ်ခုတည်းနဲ့ သုံးသပ်လို့မရပဲ National Interest ၊ ကိုယ့်နိုင်ငံသား ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးပါ ထည့်သွင်း စဉ်းစားရပါလိမ့်မယ်.....
နိုင်ငံမှာ ပြဿနာတွေ ကြုံတိုင်းမှာ လူတွေဟာ ဘာကြောင့် အတိုက်အခံတွေရဲ့ အသံ၊ အတိုက်အခံတွေရဲ့ အမြင်ကို သိချင်၊ ကြားချင်ကြသလဲ...... အဖြေကရှင်းပါတယ်...... အတိုက်အခံကို အားကိုးလို့ပဲ ဖြစ်ပါတယ်...... တိတိပပ ဆိုရမယ်ဆိုရင်တော့ လက်ရှိ အစိုးရထက်၊ လုပ်နိုင်ခွင့် ရှိသူတွေထက် အတိုက်အခံကို ပိုမို အားကိုးလို့ပဲ ဖြစ်ပါတယ်....... ဒါကြောင့် ထစ်ခနဲရှိ အတိုက်အခံကို လာမေးရသလား ဆိုတာဟာ မိမိအပေါ် အားကိုးသူ ပြည်သူလူထုကို စော်ကားရာ ရောက်ပါတယ်..... ရေနစ်သူရဲ့ အားကိုးရာ ကောက်ရိုးတမျှင်မဖြစ်ပဲ ရေနစ်သူကို ကူထိုးပလိုက်တဲ့ ဝါးလုံးလိုပါပဲ......
အတိုက်အခံရဲ့ သဘောတရားကလည်း အစိုးရတစ်ရပ် မလုပ်နိုင်တာ၊ လုပ်တာ ကိုင်တာ ထိရောက်မှု မရှိတာတွေကို စနစ်တကျ ထောက်ပြသုံးသပ် လုပ်ဆောင်သွားဖို့ လိုပါတယ်....... အတိုက်အခံတွေပါဝင်တဲ့ စနစ်ကျတဲ့ ထောက်ပြမှုတွေအဖြစ် ရခိုင်ကော်မတီ အစီရင်ခံစာ၊ လက်ပံတောင်း အစီရင်ခံစာတွေကို ကြည့်ရင် သိနိုင်ပါတယ်...... မြန်မာပြည်မှာ အဲ့ဒိလို ထိရောက်တဲ့ အစီရင်ခံစာတွေနဲ့ အစိုးရတစ်ရပ်ကို ထောက်ပြ ဝေဖန်နိုင်တဲ့ အတိုက်အခံတွေ များစွာ ပေါ်ထွန်းဖို့ လိုနေသေးပါတယ်...... အထူးသဖြင့် အနောက်ဘက်ကမ်းက ဘင်္ဂါလီ အရေးကိစ္စဟာ မြန်မာနိုင်ငံအတွက်သာမက ရခိုင်လူမျိုးတွေအတွက် ဆူးအကြီးကြီးတစ်ခု အဆူးခံနေရတာ ဖြစ်ပါတယ်........
အဲ့ဒိဆူးကို အနာသက်သာစွာနဲ့ ဖယ်ထုတ်ပြီး ကုနိုင်ဖို့က လက်ရှိအစိုးရ၊ အတိုက်အခံ ညီညာပါမှ ဖြစ်ပါလိမ့်မယ်....... ဆူး ဆူးနေသမျှ နာကျင်နေရတဲ့ ဒေသခံ ရခိုင်လူမျိုးတွေကိုလည်း ငဲ့ညှာဖို့လိုသလို အဲ့ဒိဆူးကြီးကြောင့် မလိုအပ်ပဲ တိုင်းပြည်ရဲ့ သယံဇာတတွေ လေလွင့်နေတာကိုလည်း ထိမ်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်...... ပြည်သူ ပြည်သားတွေလိုချင်တဲ့ ခေါင်းဆောင်မျိုး နိုင်ငံရေး ပါတီမျိုးဟာ သူ့ကြောင့်၊ ငါ့ကြောင့် အပြန်အလှန် လက်ညှိုးထိုးနေသူတွေ မဟုတ်ပါဘူး.......ဒါကြောင့် အတိုက်အခံ၊ အစိုးရ၊ အတိုက်အခံ ဘက်တော်သား၊ အစိုးရဘက်တော်သား အပြန်အလှန် လက်ညှိုးထိုးနေကြမယ့်အစား တိုင်းပြည်မျက်နှာအတွက် ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်......