July 10, 2013 at 12:27amImage may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
ဥပမာ ပန်းထိန်ဆရာတစ်ယောက်ဟာ ရွှေတစ်စကို မူရင်းတန်ဖိုး ငွေ တစ်သိန်းနဲ့ ၀ယ်တယ် ဆိုပါစို့ ။ သတ်မှတ်ထားတဲ့ VAT က ၂၀ % ဆိုပါစို့ ။ ဒါဆိုရင် ပန်းထိန်ဆရာဟာ တကယ်ပေးလိုက်ရတာက တစ်သိန်း နှစ်သောင်းဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ရွှေရောင်းသူဟာ မူရင်းတန်ဖိုး တစ်သိန်းနဲ့တင် ပန်းထိန်ဆရာကို ရောင်းလိုက်မှာ မဟုတ်ပါဘူး ။ သူ့အနေနဲ့ ရောင်းလိုက်တဲ့ ပစ္စည်း ( ရွှေ ) ရဲ့ တန်ဖိုးကို လိုက်ပြီး အစိုးရကို အခွန်ပေးရပါတယ် ။ အဲဒီအခွန်ကို သူဟာ ရောင်းသူပေါ်က ကောက်ပြီး ပေးရတာပါ ( မဟုတ်ရင် သူစိုက်နေရမှာပေါ့ ) ။ အဲဒီလို မူရင်းဈေးအပေါ်မှာ ၀ယ်သူက ထပ်ပြီး ပေးလိုက်ရတာကို VAT လို့ ခေါ်ပါတယ် ။ စားသုံးသူ (သို့) ၀ယ်သူက ပေးရတဲ့အတွက် comsumption tax လို့လည်း ခေါ်ပါတယ် ။
Image may be NSFW.
Clik here to view.
Clik here to view.
Image may be NSFW.
Clik here to view.![]()
Clik here to view.![]()
Clik here to view.![]()
VAT တွက်နည်း ။
--------------------
***ရစရာ Credit ကနေ ပေးစရာ Debit ကို နှုတ်လိုက်ရင် ကျန်တဲ့ငွေဟာ အစိုးရကို သွင်းရမယ့် VAT ပါဘဲ ။ ***
Image may be NSFW.
Clik here to view.![]()
Image may be NSFW.
Clik here to view.![]()
VAT မပေးရတဲ့ sales မျိုး ရှိသလား ။
----------------------------------------
Image may be NSFW.
Clik here to view.![]()
Clik here to view.![]()
Clik here to view.![]()
Image may be NSFW.
Clik here to view.![]()
Image may be NSFW.
Clik here to view.![]()
Clik here to view.![]()
Clik here to view.![]()
VAT ရဲ့ အားနည်းချက်
Clik here to view.![]()
Clik here to view.![]()
Image may be NSFW.
Clik here to view.![]()
Image may be NSFW.
Clik here to view.![]()
Death, taxes and childbirth! There's never any convenient time for any of them.
သေခြင်းတရားရယ် ၊ အခွန်ရယ် ၊ ကလေးမွေးဖွားရခြင်းရယ်အတွက် ဘယ်တော့မှ သက်သာတဲ့အချိန်ဆိုတာ မရှိပါ ဘူး တဲ့ ။
ဒါပေမယ့် ခါးသီးတဲ့အမှန်တရားကလည်း အစိုးရတွေဟာ ပိုက်ဆံမရှိဘဲ တိုင်းပြည်ကို လည်ပတ်လို့ မရပါဘူး ။ လိုတဲ့ပိုက်ဆံကို ရဖို့နည်းအမျိုးမျိုးနဲ့ရှာရတဲ့အထဲမှာ Tax ဆိုတာ အဓိက ၀င်ငွေလာရာအရပ်တစ်ခုပါဘဲ ။ ( ကြည့်....ပြောလေ...ကဲလေ )
*****************တကယ်လို့******************
( ဟူး....မောလိုက်တာ .....ပြောလည်း တပြောဘဲ ရှိမယ်နဲ့ တူပါတယ် :3 >:o )
Image may be NSFW.
Clik here to view.
Clik here to view.

- ဒီလောကမှာ သေချာတာဆိုလို့ သေခြင်းတရားနဲ့ အခွန်ဘဲ လို့ အနောက်ကမ္ဘာကလူတွေ ပြောလေ့ရှိသတဲ့ ။ ဒါဆိုမြန်မာပြည်မှာရော အခွန်မရှိဘူးတဲ့လား ။ ရှိသမှ ဟိုဘက်တောင် လွန်သေး......အချိန်တန်ရင် မြေခွန် ၊ ရေခွန် ၊ အိမ်ခွန် ၊ လူခွန် စသည်ဖြင့် ရောက်လာတာဘဲ ။ မရှိတာက အဲဒီ အခွန်စနစ်ကြီးကို ဒေါင့်စေ့သေချာအောင်လည်ပတ်နိုင်ခြင်း မရှိဘူး ၊ ထိရောက်အောင်လိုက်နာစေခြင်း မရှိဘူး ။ ပြီးရင် အဲ့အခွန်တွေ ဘယ်နားရောက်သွားသလဲ ဆိုတာ ပြည်သူကို ချပြတာမရှိဘူး ။ ဘယ်လို သုံးပစ်လိုက်သလဲဆိုတာလည်း မသိရဘူး ။ အခုသုံးလေးနှစ်အတွင်းမှာ အခွန်ရုံးတွေ computerize ဖြစ်လာတာကို သတိထားမိတယ် ။ ဆိုလိုတာက အရင်ထက် အခွန်တင်းကြပ်လာပြီဆိုတဲ့သဘော ။ လူတစ်ယောက်ရဲ့အခွန်သမိုင်းကို လွယ်လွယ်မြန်မြန်လိုက်နိုင်ပြီဆိုတဲ့သဘော ။ ဒါပေမယ့် တစ်ဖက်က အခွန်သာကောက်တာ ။ ပြည်သူဆီက အခွန်ယူပြီးရင် ပြည်သူအတွက် ပြန်လုပ်ပေးရမယ် ဆိုတာလည်း မောင်မင်းကြီးသားတွေ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် သတိရကြပါစေလို့ ဆုတောင်းရင်း နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေတဲ့ အခွန်တစ်မျိုးအကြောင်းကို အကြမ်းဖျင်း မိတ်ဆက်ပေးပါရစေ ။
Image may be NSFW.
Clik here to view.

- ဒီအခွန်က တခြားအခွန်တွေလို လစဉ်နှစ်စဉ်ပေးရတာမဟုတ်ဘဲ နေ့စဉ်ကြုံရတတ်ပါတယ် ။ VAT လို့ အတိုကောက်ခေါ်တဲ့ Value Added Tax ပါ ။ စင်္ကာပူ ၊ သြစတေးလျ ၊ နယူးဇီလန်တို့မှာတော့ GST ( Good and Service Tax ) လို့ ခေါ်ပါတယ် ။ အီတလီနဲ့ စပိန်စကားပြောနိုင်ငံတွေမှာတော့ အီဗာ IVA လို့ ခေါ်ပါတယ် ။ ဘယ်လိုဘဲ ခေါ်ခေါ် သဘောတရားကတော့ အတူတူဖြစ်ပြီး နိုင်ငံပေါင်း ( ၁၅၀ ) ကျော်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့ အခွန်ပါ ။
Clik here to view.

- VAT ဟာ ပါလေရာငပိချက် အခွန်ဆိုရင်လည်း မမှားပါဘူး ။ စူပါမတ်ကတ်မှာ ပစ္စည်းဝယ်မလား ။ လမ်းဘေးဈေးတွေမှာ ဈေးဝယ်မလား ၊ စားသောက်ဆိုင်မှာ ၀ါးတီးဖွဲ့မလား ၊ ဆရာဝန်သွားပြမလား ၊ ရှေ့နေငှားမလား ၊ ဟိုတယ် ဘွတ်ကင်လုပ်မလား ၊ လေယာဉ်လက်မှတ် ၀ယ်မလား အားလုံး VAT ပေးရတာချည်းပါဘဲ ။
- နိုင်ငံခြားတိုင်းပြည်တခုခုမှာ အဖိုးတန်ပစ္စည်း တခုခု ( တီဗီ ၊ ကင်မရာ စသည်ဖြင့် ) ၀ယ်ပြီးလို့ ငွေချေထားတဲ့ စာရွက်ကလေးကို လေဆိပ်မှာ ပြ ၊ ပိုက်ဆံတချို့တ၀က်ပြန်တောင်းလာဖူးတဲ့ လူတွေလည်း ရှိမှာပါ ။ VAT refund သို့မဟုတ် GST refund လို့ ခေါ်ပါတယ် ။ အဲဒါဘာကြောင့် ပြန်တောင်းလို့ရတာလဲဆိုတာ ဆက်ရှင်းပြပါမယ် ။
Image may be NSFW.
Clik here to view.

Clik here to view.

- Value Added Tax ဆိုတဲ့ နာမည်အတိုင်း ကုန်ပစ္စည်းတစ်ခုတန်ဖိုးတက်သွားတိုင်း ၊ အရောင်းအ၀ယ်လုပ်တိုင်း နဲ့ ၀န်ဆောင်မှုတိုင်းအတွက် မူရင်း တန်းဖိုးအပေါ်မှာ ထပ်ပေါင်းပေးရတဲ့ Tax ပါ ။
ဥပမာ ပန်းထိန်ဆရာတစ်ယောက်ဟာ ရွှေတစ်စကို မူရင်းတန်ဖိုး ငွေ တစ်သိန်းနဲ့ ၀ယ်တယ် ဆိုပါစို့ ။ သတ်မှတ်ထားတဲ့ VAT က ၂၀ % ဆိုပါစို့ ။ ဒါဆိုရင် ပန်းထိန်ဆရာဟာ တကယ်ပေးလိုက်ရတာက တစ်သိန်း နှစ်သောင်းဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ရွှေရောင်းသူဟာ မူရင်းတန်ဖိုး တစ်သိန်းနဲ့တင် ပန်းထိန်ဆရာကို ရောင်းလိုက်မှာ မဟုတ်ပါဘူး ။ သူ့အနေနဲ့ ရောင်းလိုက်တဲ့ ပစ္စည်း ( ရွှေ ) ရဲ့ တန်ဖိုးကို လိုက်ပြီး အစိုးရကို အခွန်ပေးရပါတယ် ။ အဲဒီအခွန်ကို သူဟာ ရောင်းသူပေါ်က ကောက်ပြီး ပေးရတာပါ ( မဟုတ်ရင် သူစိုက်နေရမှာပေါ့ ) ။ အဲဒီလို မူရင်းဈေးအပေါ်မှာ ၀ယ်သူက ထပ်ပြီး ပေးလိုက်ရတာကို VAT လို့ ခေါ်ပါတယ် ။ စားသုံးသူ (သို့) ၀ယ်သူက ပေးရတဲ့အတွက် comsumption tax လို့လည်း ခေါ်ပါတယ် ။
Image may be NSFW.
Clik here to view.

- အနှီ ပန်းထိန်ဆရာဟာ ရွှေစလေး ၀ယ်ပြီးနောက် လက်စွပ်တစ်ကွင်း လုပ်လိုက်ပါသတဲ့ ။ လှပတဲ့ လက်စွပ်ကလေးကို ကြည့်ပြီး သူက ငွေ ၂ သိန်း တန်တယ်လို့ တန်ဖိုးဖြတ်လိုက်ပါတယ် ။ ဒါပေမယ့် သူဟာ ၂ သိန်း နဲ့ဘဲရောင်းလိုက်လို့ မရပါဘူး ။ အစိုးရကို ပေးရမယ့် VAT တန်ဖိုးကိုပါ ထည့်တွက်ပြီး လက်စွတ်တန်ဖိုးထဲ ထည့်ပေါင်းရပါဦးမယ် ( မဟုတ်ရင် သူစိုက်နေရမှာပေါ့ ) ။ ဒီတော့ ရွှေဆိုင်ပိုင်ရှင်ကြီးတစ်ယောက်ဆီမှာ ငွေ ၂ သိန်း ၄ သောင်းနဲ့ ရောင်းလိုက်ပါတယ် ။ ဆိုလိုတာက မူရင်းတန်ဖိုး ၂ သိန်း + VAT ၂၀ % = ၂၀၀၀၀၀ + ၄၀၀၀၀ = ၂၄၀၀၀၀ ဖြစ်ပါတယ် ။ ဒါမှလည်း အစိုးရကို VAT ၂၀ % ပေးလိုက်ပြီးရင် သူ့အတွက် ၂ သိန်းကျန်မှာ မဟုတ်လား ။
Clik here to view.

- ရွှေဆိုင်ပိုင်ရှင်ဟာ အဲဒီလက်စွပ်ကလေးကို ရတနာဆိုင်ပိုင်ရှင်တစ်ယောက်ကို အမြတ်တင်ပြီး ရောင်းပြန်တယ် ။ သူက လက်စွပ်အတွက် သုံးသိန်းလိုချင်ပါတယ် ။ ဒီတော့ ရောင်းဈေးက သုံးသိန်း ခြောက်သောင်း ဖြစ်ရမှာပေါ့နော် ။ ၃၀၀၀၀၀ + VAT ၂၀ % = ၃၆၀၀၀၀
- ဒီလိုနဲ့ အဆင့်ဆင့်တက်သွားတဲ့ ဈေးအပေါ်မှာ သတ်မှတ်ထားတဲ့ VAT ကို ကောက်ရတာ ဖြစ်ပါတယ် ။ အခွန်ဆိုတာ အမြဲတမ်း အစိုးရကို ဆောင်ရတာမို့ အထက်မှာပြောခဲ့တဲ့ ပန်းထိန်ဆရာ ၊ ရွှေဆိုင်ပိုင်ရှင် ၊ ရတနာဆိုင်ပိုင်ရှင် တို့ဟာ ၀ယ်သူအပေါ်က ကောက်လိုက်တဲ့ အဲဒီ VAT တွေကို သူတို့ ယူထားလို့ မရပါဘူး ။ အစိုးရကို သွင်းရတာ ဖြစ်ပါတယ် ။ VAT စနစ်ကို ဘာကြောင့်တိုင်းပြည်များစွာမှာ တွင်ကျယ်အောင် သုံးသလဲဆိုရင် အစိုးရအနေနဲ့ ကိုယ်တိုင် အခွန်ကောက်စရာ မလိုဘဲ အဲဒီအခွန်ကို ရောင်းသူတွေကနေ အစိုးရအစား ကောက်ပေးပြီး အစိုးရကို သွင်းရတာမို့လို့ပါ ။
Image may be NSFW.
Clik here to view.

- VAT ဆိုတာ Final customer တွေကိုသာ ကောက်တာပါ ။ Final customer ဆိုတာ ပစ္စည်းတစ်ခုကို နောက်ဆုံး ၀ယ်ယူ '' သုံးစွဲ '' သူကို ဆိုလိုတာပါ ။ ဆိုလိုတာက အထက်မှာပြောခဲ့တဲ့ ပန်းထိန်ဆရာ ၊ ရွှေဆိုင်ပိုင်ရှင် ၊ ရတနာဆိုင်ပိုင်ရှင်တို့ဟာ ကုန်ပစ္စည်းကို ပြန်ရောင်းဖို့ အဆင့်ဆင့်ဝယ်ယူခဲ့ကြတဲ့အတွက် ကုန်သည်သဘောသာ ဖြစ်ပါတယ် ။ ဒါကို ကြားခံ ၀ယ်သူ Intermediate customer လို့ ခေါ်ပါတယ် ။ Final customer မဟုတ်ပါဘူး ။ သူတို့က အမြတ်တင်ပြီး တခြားလူတွေကို ပြန်ရောင်းကြဦးမှာပါ ။ အဲဒီတခြားလူတွေဟာ သူတို့လို ၀ယ်ရောင်း Intermediate customer တွေ ဖြစ်နိုင်သလို သာမန်သုံးစွဲသူ Final customer တွေလည်း ဖြစ်နိုင်ပါတယ် ။
Clik here to view.

အီဖေကိုယ်တို့လို လှတပတလေးတွေဟာ Final customer လေးတွေပေါ့ကွယ် ။ ရှင်းတယ်နော် .....ငှဲငှဲ ^_^
- ၀ယ်ရောင်းလုပ်သူ ( Intermediate customer ) နဲ့ သာမန်သုံးစွဲသူ ( Final customer) ကြားမှာ အရေးကြီးတဲ့ ကွာခြားချက်ရှိပါတယ် ။ အဲဒါကတော့ဝယ်ရောင်းလုပ်သူတွေဟာ ၀ယ်တုန်းက ပေးလိုက်ရတဲ့ VAT ကို အစိုးရဆီက ပြန်တောင်းလို့ ရပါတယ် ။ ဆိုလိုတာက ပန်းထိန်ဆရာဟာ ရွှေကို ၀ယ်ခဲ့တုန်းက VAT ပေးခဲ့ရပါတယ် ။ ရွှေဆိုင်ပိုင်ရှင်ဟာလည်း ပန်ထိန်ဆရာဆီက လက်စွပ်ကို ၀ယ်တော့ VAT ပေးလိုက်ရပါတယ် ။ ရတနာဆိုင်ရှင်ဟာလည်း အလားတူပါဘဲ ။ ဒါပေမယ့်သူတို့ဟာ အဲဒီ VAT ကို အချိန်တန်ရင် အစိုးရဆီက ပြန်တောင်းလို့ ရပါတယ် ။ ဒီလိုပြန်တောင်းဖို့အတွက် အစိုးရဆီမှာ လုပ်ငန်းကို မှတ်ပုံတင်ပြီးလုပ်ထားတဲ့ VAT register တော့ ရှိရပါမယ် ။
- ပုံမှာ ကြည့်ပါ ..... ကုန်ပစ္စည်းကို ထုတ်လုပ်သူ ရောင်းချသူ ဖြန့်ဖြူးသူ Producer Manufacturer Distributor Retailer တွေအားလုံးဟာ ၀ယ်တုန်းက ပေးခဲ့ရတဲ့ VAT ကို ပြန်တောင်းလို့ရကြောင်း မြှားအ၀င်အထွက်တွေနဲ့ ပြထားပါတယ် ။ နောက်ဆုံး Final customer ဆီမှာတော့ VAT ပေးလိုက်ရကြောင်း ပြတဲ့ အထွက်မြှားသာ ရှိပြီး VAT ပြန်ဝင်လာကြောင်း ပြတဲ့ အ၀င်မြှားမရှိပါဘူး ။ ဆိုလိုတာက Final customer အတွက် VAT ဆိုတာ ပစ္စည်းဝယ်တုန်းက ပေးလိုက်ပြီးရင် ပြန်မရတော့ဘူး ၊ ဘယ်သူ့ဆီကမှ ပြန်တောင်းလို့ မရတော့ဘူးလို့ ဆိုလိုတာပါ ။ ပေးလိုက်ရတဲ့ VAT တွေကတော့ နိုင်ငံလည်ပတ်ရာမှာ သုံးတဲ့ အစိုးရဘဏ္ဍာများ ဖြစ်လာပါတယ် ။
Clik here to view.

VAT တွက်နည်း ။
--------------------
- မရှပ်ထွေးတဲ့ တွက်နည်းပါ ။ ပန်းထိမ်ဆရာဘက်က ကြည့်ရအောင် ......ပန်းထိမ်ဆရာဟာ ရွှေကို တစ်သိန်း နှစ်သောင်းပေးဝယ်လိုက်ပါတယ် ။ အဲဒီမှာ VAT က ၂၀၀၀၀ ဆိုတာကို ပြောခဲ့ပြီးပါပြီ ။ အဲဒီ ပေးလိုက်ရတဲ့ VAT ကို မှတ်ထားပြီး အချိန်တန်ရင် အစိုးရဆီက ပြန်တောင်းလို့ရပါတယ် ။ အဲဒီ VAT ဟာ ပန်းထိန်ဆရာအတွက် VAT credit ဖြစ်ပါတယ် ( မှတ်ထားနော် ) ။ ဘာလို့ credit ဖြစ်တာလည်းဆိုတော့ သူက ပေးလိုက်ရတဲ့ ပိုက်ဆံကို '' ပြန်ရ '' မှာ ဖြစ်လို့ပါ ။
- ပန်းထိမ်ဆရာဟာ လက်စွပ်လုပ်ပြီး ရွှေဆိုင်ပိုင်ရှင်ကို ငွေ ၂၄၀၀၀၀ နဲ့ ရောင်းလိုက်ပြန်ပါတယ် ။ လက်စွပ်ဈေး ၂၀၀၀၀၀ + VAT ၄၀၀၀၀ ဖြစ်ပါတယ် ။ အဲဒီ VAT ကတော့ ပန်းထိမ်ဆရာက အစိုးရကိုယ်စား ၀ယ်ယူသူဆီက ကောက်ခံလိုက်တဲ့ VAT မို့ အချိန်တန်ရင် အစိုးရကို သွင်းရမှာပါ ။ ဒါဟာ ပန်းထိန်ဆရာအတွက် VAT Debit ဖြစ်ပါတယ် ။ သူက '' ပေးရမယ့် အကြွေး '' ဖြစ်နေလို့ပါ ။
***ရစရာ Credit ကနေ ပေးစရာ Debit ကို နှုတ်လိုက်ရင် ကျန်တဲ့ငွေဟာ အစိုးရကို သွင်းရမယ့် VAT ပါဘဲ ။ ***
Image may be NSFW.
Clik here to view.

- ဆိုလိုတာက ပန်းထိမ်ဆရာဟာ လက်စွပ်ရောင်းတုန်းက ၀ယ်သူဆီက ကောက်လိုက်တဲ့ VAT ၄၀၀၀၀ ကနေ သူအရင် ရွှေဝယ်တုန်းက ပေးလိုက်ရတဲ့ VAT ၂၀၀၀၀ ကို နှုတ်ရပါတယ် ။ ကျန်တဲ့ ငွေ ( ၂၀၀၀၀ ) ကိုသာ အစိုးရကို သွင်းရမှာ ဖြစ်ပါတယ် ။ VAT credit ကနေ VAT debit ကို နှုတ်ရင် ကျန်တဲ့ ငွေဟာ အစိုးရကို ပေးရမယ့် VAT ပါဘဲ ။ သေချာစဉ်းစားကြည့်ရင် ပန်းထိန်ဆရာဟာ အရင်ပေးလိုက်ရတဲ့ VAT ကို ပြန်ရသွားပါပြီ ။ ဒါဟာ VAT ရဲ့အခြေခံသဘောတရားပါဘဲ ။
- ဒီလို တွက်တာကို VAT settlement လုပ်တယ်လို့ ခေါ်ပြီး ကုမ္ပဏီလုပ်ငန်းတွေဟာ ၂ လတစ်ခါ သုံးလတစ်ခါ ဒါကို လုပ်ရပါတယ် ။ ထပ်ပြောရရင် စတိုးဆိုင်တစ်ဆိုင်အနေနဲ့ဆိုရင် ၀ယ်လိုက်တဲ့ ကုန်ပစ္စည်းတွေ ရှိမယ် ။ ဒီကုန်ပစ္စည်းတွေ အပေါ်မှာ ပေးလိုက်ရတဲ့ VAT ဟာ Credit VAT ပါ ။ အဲဒီကုန်ပစ္စည်းတွေကို ရောင်းတဲ့အခါ ၀ယ်သူအပေါ်မှာ VAT ကောက်လိုက်တယ် မဟုတ်လား ။ ဒါဟာ သူသိမ်းထားလို့ မရတဲ့ အစိုးရကို ပေးရမယ့် Debit VAT ဖြစ်ပါတယ် ။
Image may be NSFW.
Clik here to view.

ကိုယ်သာသတိမထားတာ ၊ ၀ယ်သမျတိုင်းနီးပါးမှာ ပေးလိုက်ရတဲ့ အခွန်ပါ ခင်ညာ ()း
VAT မပေးရတဲ့ sales မျိုး ရှိသလား ။
----------------------------------------
- ရှိပါတယ် ။ အထင်ရှားဆုံးတစ်ခုကို ပြောရရင် နိုင်ငံခြား export တွေမှာ VAT မပေးရပါဘူး ။ ဒါကြောင့်မို့ဘဲ နိုင်ငံခြားမှာ ရှော့ပင်သွားသွားလုပ်တဲ့လူတွေဟာ ပြန်ခါနီးမှာ လေဆိပ်မှာ ငွေပြေစာ ဗောက်ချာလေးတွေ ပြပြပြီး VAT ကို ပြန်တောင်းကြတာပါ ။ ဆိုလိုတာက ရောင်းသူဟာ ထုံးစံအတိုင်း ပစ္စည်းတန်ဖိုးအပေါ်မှာ VAT ကို ပေါင်းထည့်ပြီး ကောက်လိုက်ပါတယ် ။ ဒါပေမယ့် ၀ယ်သူဟာ ဒီပစ္စည်းကို လက်လွှဲပြီး အမြတ်တင်ရောင်းချခြင်း မရှိဘဲ မိမိတိုင်းပြည်ကို ယူသွားမှာ ဖြစ်ပါတယ် ။ ဒီတော့ export ဆိုရင် VAT ပေးစရာမလို ဆိုတဲ့ ဥပဒေကြောင့် ပြန်ခါနီးလေဆိပ်မှာ '' ငါပြန်တော့မယ်ဟေ့ ၊ ဟောဒီမှာ လေယာဉ်လက်မှတ် ၊ ဟောဒီမှာ ပတ်စ်ပို့ ၊ ငါ့ VAT ကို ပြန်ပေးတော့ '' ဆိုပြီး ဆိုင်ရာအစိုးရဆီက ပြန်တောင်းလို့ ရတာဖြစ်ပါတယ် ။ အစိုးရတွေဟာ ဒီလိုနည်းအားဖြင့် export ကို အားပေးရာ ရောက်ပါတယ် ။
Image may be NSFW.
Clik here to view.

- VAT ကို ၁၉၅၄ ခုနှစ်က ပြင်သစ်မှာ စသုံးခဲ့တာ အခုဆိုရင် နိုင်ငံပေါင်း ၁၅၀ လောက်သုံးနေကြပါတယ် ။ စဉ်းစားကြည့်လေ...ကိုယ်တွေသာ သတိမထားမိတာ ။ ကော်ဖီလေးတစ်ခွက်သောက်တာ ၊ တံဆိပ်ခေါင်းလေးတစ်ခု ၀ယ်တာ ၊ အလှပြင်ဆိုင်သွားပြီး ခေါင်းသွားလျှော်တာ ၊ ငရုတ်သီးမှုန့်လေး ၀ယ်တာ အစ အခွန်ကောက်ထားမှတော့ ဒီ VAT ဆိုတာ အစိုးရတစ်ရပ်အတွက် အရမ်းကို ကြီးမားများပြားတဲ့ ၀င်ငွေ source တစ်ခု ဆိုတာ သိသာလှပါတယ် ။ ကောက်တဲ့နှုန်းကလည်း များသောအားဖြင့် မနည်းလှပါ .....အထူးသဖြင့် အစိုးရက ၀န်ဆောင်မှုကောင်းတဲ့ ဥရောပက Welfare State တွေမှာ အတော်လေး မြင့်ပါတယ် ။ လက်ရှိ UK မှာ ၂၀ % ကောက်ပြီး VAT အမြင့်ဆုံး ဥရောပနိုင်ငံကတော့ ၂၇ % နဲ့ ဟန်ဂေရီပါ ။
- ဥရောပသမဂ EU နိုင်ငံတွေအားလုံးမှာ အနည်းဆုံး ၁၅ % VAT ကောက်ဖို့ တပြေးညီ သတ်မှတ်ထားပါတယ် ။ ဒါပေမယ့်တစတစနဲ့ တိုးကောက်လာလိုက်တာ ခုဆိုရင် ဥရောပနိုင်ငံ အားလုံးနီးပါး ၂၀ % ပတ်ဝန်းကျင်တောင် မဟုတ်ဘဲ တချို့ဆို ကျော်တောင် နေပါပြီ ။ အီတလီမှာတော့ အခု ဇူလိုင်လ ၁ ရက်နေ့ကစပြီး ၂၁ % ကနေ ၂၂ % ကို တက်ဖို့လျာထားရာက ကန့်ကွက်သူများကြောင့် အောက်တိုဘာထိ ရွှေ့လိုက်ရပါတယ် ။
Clik here to view.

- ပြင်သစ်နိုင်ငံနှစ်စဉ်ဝင်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းဟာ VAT ကလာတယ်လို့ ဆိုပါတယ် ။ တရုတ်မှာတော့ ၁၉၈၄ က စသုံးခဲ့ပြီး ၂၀၀၇ ခုနှစ် စာရင်းအရ တရုတ်ပြည် အခွန်အသီးသီးကရတဲ့ စုစုပေါင်းငွေရဲ့ ၃၃.၉ % ဟာ VAT က လာတယ်လို့ ဆိုပါတယ် ။ ဒါဟာ ဒေါ်လာသန်း ၂၂၀၀ နဲ့ညီတဲ့ ပမာဏ ဖြစ်ပါတယ် ။ ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာတာကတော့ ၁၉၇၀ နှစ်များပတ်ဝန်းကျင်ဖြစ်ပါတယ် ။ နိုင်ငံတချို့ရဲ့ လက်ရှိ VAT နှုန်းထားတွေကို ဖော်ပြရရင်
- အင်္ဂလန် ၂၀ % ၊
- အီတလီ ၂၁ % ၊
- သြစတြီးယား ၂၀ % ၊
- ၾသစေတးလ် ၁၀ % ၊
- ပြင်သစ် ၁၉.၆ % ၊
- ဂျာမနီ ၁၉ % ၊
- စပိန် ၂၁ % ၊
- တရုတ် ၁၇ % ၊
- ဆွီဒင် ၂၅ % စသည်ဖြင့်ပါ ( ကျန်နိုင်ငံများကိုတော့ ၀ီကီမှာ ကြည့်လို့ရပါတယ် ) ။
- စကာင်္ပူမှာတော့ GST လို့ နာမည်တမျိုးနဲ့ခေါ်တဲ့VAT ကို ၁၉၉၄ မှာ စသုံးခဲ့တာဖြစ်ပြီး လက်ရှိကတော့ ၇ % နဲ့ အတော်လေး နည်းတယ် လို့ ပြောလို့ရပါတယ် ။
Clik here to view.

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.

- VAT မှာ ပုံမှန်နှုန်းထား Standard rate နဲ့ လျှော့ချထားတဲ့နှုန်း Reduced rate ဆိုပြီး ခွဲထားပါတယ် ။ လျှော့ချထားတဲ့နှုန်းဆိုတာက ဥပမာအားဖြင့်ပြောရရင် အီတလီနိုင်ငံမှာ ဟိုတယ်တွေ ၊ ဘားတွေ ၊ စားသောက်ဆိုင် စတာတွေမှာ အစားအသောက်နဲ့ပတ်သက်တာ မှန်သမျှကို ၁၀ % ကောက်ပါတယ် ။ အသားငါး ဟင်းသီးဟင်းရွက်စတဲ့ မရှိမဖြစ်နေ့စဉ်အစားအစားတွေ နဲ့ သတင်းစာ စာစောင်တွေအပေါ်မှာတော့ ၄ % ကောက်ပါတယ် ။ အဲဒါတွေကလွဲရင် ကျန်တာတွေအားလုံးအပေါ်မှာ ကောက်တဲ့ ၂၁ % ကို Standard rate လို့ ခေါ်တာပါ ။ တချို့နိုင်ငံတွေမှာ စွမ်းအင်လောင်စာသုံးမှုကို လျှော့ချပေးတဲ့ စနစ် ...ဥပမာ အားဖြင့် နေရောင်ခြည်သုံးပြီးစွမ်းအင်ထုတ်ပေးတဲ့ solar panel စတာတွေကို ကိုယ့်အိမ်မှာတကယ်တပ်တယ်လို့ အထောက်အထားပြနိုင်ရင် reduced rate ပေးလေ့ရှိပါတယ် ။
Clik here to view.

- နိုင်ငံအတွင်းမှာ VAT လုံးဝ မပေးရတဲ့ နေရာတွေလည်း ရှိပါတယ် ။ ဥပမာ UK မှာ မျက်မမြင်တွေ မသန်မစွမ်းတွေအတွက် အသုံးအဆောင် ၊ ဆေးရုံ လူအိုရုံး သုံးပစ္စည်း ၊ တက္ကသိုလ်တွေမှာလိုအပ်တဲ့ research နဲ့ ဆိုင်တဲ့ ပစ္စည်းကိရိယာ ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ တချို့သော အခမ်းအနား ၀င်ကြေး၊ ပြတိုက်ဝင်ကြေးစတာတွေမှာ VAT လွတ်ပါတယ် ။ တချို့နိုင်ငံတွေမှာ စာအုပ်စာတမ်း သတင်းစာစာစောင်တွေအတွက်လည်း မပေးရပါဘူး ။ အသေးစိတ်တွေကတော့ များလည်း များလှ ၊ နိုင်ငံအလိုက်ကွဲပြားတာမို့ ဘယ်လိုပစ္စည်းမျိုးအပေါ်မှာ VAT မကောက်သလဲ သိရုံ ဥပမာ ပေးလိုက်ပါတယ် ။
Clik here to view.

VAT ရဲ့ အားနည်းချက်
- ၀န်ဆောင်စရိတ် အလွန်ကြီးတယ်လို့ ဆိုပါတယ် ။ အစိုးရအတွက် ဆိုင်ရှင်လုပ်ငန်းရှင်တွေက အခွန်ကောက်ပေးလိုက်တာတော့ဟုတ်ပါပြီ ၊ ဒါပေမယ့် အဲဒီဆိုင်ရှင်တွေနဲ့ အစိုးရကြား အချိန်တန်ရင် VAT settlement လုပ်ဖို့လိုပါသေးတယ် ။ လေဆိပ်မှာပြန်တောင်းသွားတဲ့ refund တွေကတော့ ဟုတ်ပါပြီ ၊ အဲဒီ ပစ္စည်းတွေအတွက် တကယ်ရော VAT ပေးခဲ့ရဲ့လား စသည်ဖြင့် သမိုင်းကြောင်း လိုက်ရပါသေးတယ် ။ တိုတိုပြောရရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းအင်းတွေကို ပြုစုထိန်းသိမ်းထားဖို့ရာ ကျွမ်းကျင်သူငှားရမ်းစရိတ် ထိမ်းသိမ်းစရိတ်ဆိုတဲ့ Compliance cost အလွန်ကြီးတယ်လို့ ဆိုပါတယ် ။
- VAT အတွက် ဈေးတင်ထားရတာမို့ ပစ္စည်းတွေဟာ ဈေးပိုကြီးနေတတ်ပါတယ် ။ ဒါကြောင့် ဈေးကွက်မှာ ၀ယ်လိုအား ကျတတ်ပါတယ် ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သေချာစဉ်းစားတွက်ဆရပါတယ် ။ ( ဥပမာ Tour Company တွေ ခရီးစဉ်ရောင်းချတာမျိုးဆိုပါတော့.....ဒေါ်လာ ၁၀၀၀ တန်ခရီးတစ်ခုကို ခရီးသည်ဆီက ၁၂၀၀ လောက်ကောက်လိုက်ရတာမျိုး )
- ထူးခြားတယ်ပြောရမလားမသိ ၊ အမေရိကန်မှာတော့ VAT မရှိပါဘူး ။ ဒါပေမယ့် VAT နဲ့ ခပ်ဆင်ဆင် Sales Taxs ဆိုတာ ရှိပါတယ် ။ အကြွေးပိနေတဲ့တိုင်းပြည်ကို ဆွဲထုတ်ဖို့ သမ္မတ အိုးဘားမားတစ်ယောက် VAT စနစ်ကို မိတ်ဆက်ဖို့ ကြိုးစားနေတယ်ဆိုဘဲ ။ ဒါပေမယ့် ရှိပြီးသား Sales Taxs အပေါ်မှာ VAT ထပ်ကောက်ရင် သူများနိုင်ငံတွေထက် ပိုဈေးကြီးလာနိုင်တယ် ၊ ကောက်လို့ရသမျ VAT ရဲ့ တစ်ဝက်လောက်ဟာ Compliance cost ထဲ ၀င်သွားမှာ စသည်ဖြင့် ထောက်ပြကန့်ကွက်သူတွေကလည်း ဒုနဲ့ဒေးပါ ။
- ( တကယ်တော့ ကန့်ကွက်သူများပြောတာကလည်း မမှား ။ ဥပမာ ဂျာမနီက ကားဟာ VAT မရှိတဲ့ အမေရိကန်မှာ ဈေးချိုသွားပါတယ် ။ ဂျာမနီမှာရောင်းတဲ့ အမေရိကန်ကား ဂျာမနီကား ၊ ဘယ်နိုင်ငံက ကားဖြစ်ဖြစ် VAT တင်လိုက်တဲ့အခါ ၂၀ % လောက်ဈေးထပ်တက်သွားပါတယ် ။ စဉ်းစားသာကြည့်တော်မူ ။ )
Clik here to view.

- အခွန်တွေထဲမှာ VAT ဟာရှောင်လို့ အလွယ်ဆုံးလို့ဆိုပါတယ် ။ ဥပမာ ဆိုင်ရှင်တွေဟာ ပစ္စည်းတိုင်းအတွက် bill မပေးတာမျိုးတွေ လုပ်တတ်ပါတယ် ။ bill မဖွင့်လိုက်တဲ့အတွက် ၀ယ်သူကပေးလိုက်တဲ့ VAT ဟာ အစိုးရဆီ စာရင်းမ၀င်တော့ဘဲ ဆိုင်ရှင်အိတ်ထဲ ရောက်သွားပါတယ် ။ မြန်မာပြည်က တချို့စားသောက်ဆိုင်ကြီးတွေမှာ ကျသင့်ငွေအပေါ် ၁၀ % အစိုးရအခွန် ( Government tax ) ဆိုပြီး ထပ်ကောက်တာမျိုးရှိပေမယ့် အစိုးရတံဆိပ်တုန်းပါ ပြေစာကို မပေးတာမျိုး ရှိပါတယ် ။ ၀ယ်သူကလည်း ပြေစာတောင်းရကောင်းမှန်းမသိတာမျိုးရှိတာကြောင့် အစိုးရအတွက် ပေးကားပေး၏ မရ ဖြစ်ရပါတော့တယ် ။
- ဒါကြောင့်မို့ VAT စတင်အကောင်အထည်ဖော်မယ့်နိုင်ငံတွေဟာ VAT အကြောင်း ပြည်သူတွေသိလာအောင် ပညာပေးတွေ လုပ်တတ်ကြပါတယ် ။
Clik here to view.

- VAT ကို တမင်တကာ လိမ်ယူတာမျိုးလည်း ရှိတတ်ပါတယ် ။ အထင်ရှားဆုံးကတော့ export ဆိုရင် VAT မပေးရဘူးဆိုတဲ့ ဥပဒေကို သုံးပြီးတော့ လက်တလုံးခြား လုပ်တဲ့နည်းပါ ။ များသောအားဖြင်မိုဘိုင်းဖုန်းလို ၊ ကွန်ပြူတာမှာသုံးတဲ့ microchip လို ၀န်လည်း မပွ ၊ တန်ဖိုးလည်း ကြီး ၊ လိုချင်သလောက်လည်း ရနိုင်တဲ့ ပစ္စည်းတွေကို ၀ယ်ရောင်းပြပြီး နောက်ဆုံးမှာ အစိုးရကို ပေးရမယ့် VAT ကို မပေးဘဲ လစ်ပြေးနည်းပါ ။
Image may be NSFW.
Clik here to view.

- အဖွဲ့လိုက်လိမ်နည်းကို ပြောရရင် ဥပမာအာဖြင့် ဗြိတိန်အခြေစိုက် လူလိမ် ကုန်သည်တစ်ယောက်ဟာ ပြင်သစ်ကနေ မိုဘိုင်းဖုန်း တစ်သတ္တာကို ပေါင် တစ်သန်းနဲ့ ၀ယ်တယ်ဆိုပါစို့ ။ ဒီဖုန်းတွေဟာ export လုပ်မှာမို့လို့ VAT ပေးစရာမလို ။ ဒီလိုနဲ့သူဟာ ဗြိတိန်မှာ သူ့လူတစ်ယောက်ကိုဘဲ အမြတ်တင်ရောင်းပြပြီး bill ဖွင့်လိုက်ပါတယ် ။ သူ့လူကလည်း အဲဒီဖုန်းတွေကို နောက်သူတို့လူတစ်ယောက်ဆီကို အမြတ်တင်ရောင်းပြပြီး bill ဖွင့်ပါတယ် ။ အဲလိုအဆင့်ဆင့်ရောင်းပြပြီး နောက်ဆုံးမှာ အဲဒီဖုန်းတွေကိုဘဲ အီတလီကို ပြန်ရောင်းလိုက်ပါတယ် ။ ဒီတော့ ဖုန်းတွေဟာ export ပြန်ဖြစ်သွားပါတယ် ။ export တွေဆိုရင် ဆိုင်ရာအစိုးရဆီက VAT refund ပြန်တောင်းလို့ ရတာမို့ export လုပ်မယ့် ကုန်သည်ဟာ VAT refund ကို ဗြိတိန်အစိုးရဆီက ပြန်တောင်းပါတော့တယ် ။
- အဲလို နောက်ဆုံးလူက refund ပြန်ရပြီဆိုတာနဲ့တပြိုင်နက် လက်ဝါးချင်းရိုက်ထားတဲ့ ရှေးဦးဆုံး ကုန်သည်ဟာ VAT refund ကို ယူပြီး လစ်သွားပါတော့တယ် ။ တခါတလေ အဖွဲ့လိုက်ပျောက်သွားတာမျိုးလည်း ရှိတယ် ။ အစိုးရက အချိန်တန်လို့ ကုန်ပစ္စည်း လက်လွှဲရောင်းချမှုကို အဆင့်ဆင့် လိုက်တဲ့အခါ ဦးဆုံးရောင်းခဲ့တဲ့ ကုန်သည်ကို ရှာမတွေ့တော့ပါဘူး ။ ဒါကြောင့် ဒီလိမ်နည်းကို Missing Trader Fraud လို့ ခေါ်ပါတယ် ။ များသောအားဖြင့် လူအင်အားတောင့်တောင့် အချိတ်အဆက်မိမိ ဂိုဏ်းဖွဲ့ပြီး လိမ်တတ်ကြပါတယ် ။ ပါဝင်တဲ့ လက်သည်တွေကာအားလုံးဟာ အစိုးရဆီမှာ VAT register တကယ်လုပ်ထားကြပြီး တကယ့်စီးပွားရေးလုပ်ငန်းရှင်ပုံစံ အယောင်ဆောင်တတ်ကြပါတယ် ။ ဒီနည်းဟာ ဥရောပတိုင်းပြည် ( အထူးသဖြင့် UK, အီတလီ စပိန် ) တို့မှာ အလွန်အဖြစ်များတယ်လို့ ဆိုပါတယ် ။ UK မှာ ဒီနည်းနဲ့အလိမ်ခံရလို ကုန်တဲ့အစိုးရဘဏ္ဍာဟာ ဘီလီလျံနဲ့ချီပြီး ရှိတာမို့ အခုတော့ reverse charge ဆိုတဲ့နည်းကို စတင်သုံးနေပြီလို့ ဆိုပါတယ် ။
Image may be NSFW.
Clik here to view.

- စကားလည်းတော်တော်ရှည်နေမိပြီ ။ ( ဘယ့်နှယ်...... ကိုယ့်စားဝတ်နေရေးမှ အနိုင်နိုင် အခွန်အကြောင်းကိုလာလျာရှည်နေပြန်ပြီ ၊ သူက အစိုးရလော်ဘီ နဲ့တူတယ် ၊ ဖွန်ကြောင်ချင်ကြောင်ပလိုက်မယ် အခွန်တော့မဆောင်နိုင်ဘူး ။ ဘာမှတ်တုန်း ။ )
Death, taxes and childbirth! There's never any convenient time for any of them.
သေခြင်းတရားရယ် ၊ အခွန်ရယ် ၊ ကလေးမွေးဖွားရခြင်းရယ်အတွက် ဘယ်တော့မှ သက်သာတဲ့အချိန်ဆိုတာ မရှိပါ ဘူး တဲ့ ။
ဒါပေမယ့် ခါးသီးတဲ့အမှန်တရားကလည်း အစိုးရတွေဟာ ပိုက်ဆံမရှိဘဲ တိုင်းပြည်ကို လည်ပတ်လို့ မရပါဘူး ။ လိုတဲ့ပိုက်ဆံကို ရဖို့နည်းအမျိုးမျိုးနဲ့ရှာရတဲ့အထဲမှာ Tax ဆိုတာ အဓိက ၀င်ငွေလာရာအရပ်တစ်ခုပါဘဲ ။ ( ကြည့်....ပြောလေ...ကဲလေ )
*****************တကယ်လို့******************
- ချိုင့်ခွက်အပြည့်နဲ့ ထိန်းသိမ်းမှုမရှိတဲ့ လမ်းတွေ ဖြောင့်ဖြူးလာတာ မြင်ရရင် ၊
- မျက်စိခွဲမယ် ကလေးမွေးမယ် စသည်ဖြင့် တခုခု အော်ပရေးရှင်းလုပ်တာမျိုးကို အစိုးရဆေးရုံမှာ အလကားဝန်ဆောင်မှုရရင် ၊
- ဆေးရုံတွေမှာ ကိုယ့်ဆေးကိုယ် ထွက်မ၀ယ်ရရင်
- အနာဂတ်ရဲ့ရင်သွေးငယ်တွေကို မသင်မနေရစနစ်နဲ့ '' ပီပြင်အဆင့်မှီတဲ့ '' ပညာအလကားသင်ပေးတာမျိုးတွေရှိလာခဲ့ရင်
- အခြေခံလူတန်းစားရဲ့စားဝတ်နေရေးအခြေအနေ သိသိသာသာတိုးတက်လာခဲ့ရင်
- ၀န်ထမ်းတွေရဲ့ အခြေခံလစာကို အလျင်မှီလောက်ငှလာစေခဲ့ရင်
- လာဘ်ပေးလာဘ်ယူဒို့ရန်သူ လို့ ပြူးနေအောင် ရေးထားတဲ့ အခွန်ရုံးတွေမှာ စာအိတ်ဖြူဖြူလေးတွေ မသိမသာထိုးထိုးပေးတာမျိုး လုံးဝမရှိတော့ဘူးလို့ သေချာသိရရင်
- နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ငံတဲ့ အခွန်ဥပဒေတွေ ရှိလာမယ်ဆိုရင် ( ဥပမာ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေ အခွန်ကို ကိုယ့်နိုင်ငံမှာလည်း ပြန်ဆောင် ၊ အလုပ်လုပ်နေတဲ့နိုင်ငံမှာလည်း ဆောင်ခဲ့ရသလိုမျိုး မတရားတဲ့ (ယခင်) ဥပဒေမျိုး လုံးဝမရှိတော့ဘူးဆိုရင်.....ရင်.....ရင်.....ရင်
( ဟူး....မောလိုက်တာ .....ပြောလည်း တပြောဘဲ ရှိမယ်နဲ့ တူပါတယ် :3 >:o )
Image may be NSFW.
Clik here to view.
