Image may be NSFW.
Clik here to view.
Clik here to view.

Photo Copied from Internet
ကိုယ်စီကိုယ်ငှ တာဝန်လေးတွေ ကျေကြရင်
(၁) စီမံခန့်ခွဲမှုတွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို သတ်မှတ်ပေးတာ ဖြစ်ပြီးတော့ (၂) ခေါင်းဆောင်မှုဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကိုအကောင်အထည်ဖော်တာ ဆိုတဲ့ စကားလေး တွေ့လိုက်ရတော့ တော်တော်လေး စဉ်းစားစရာ ဖြစ်လာတယ်...... ဖြည့်စွက် စဉ်းစားမိတာက (၃) နောက်လိုက်တွေရဲ့ တာဝန်...... နောက်လိုက်ကောင်း ဆိုတာဟာ လုပ်သင့်လုပ်ထိုက်တာတွေ အပြည့်အဝ အကောင်အထည်ပေါ်အောင် ဖြည့်ဆည်းရာမှာ လိုအပ်မယ်ဆိုတာလေး တွေးမိတယ်...... နံပါတ်လေးတွေ တပ်လိုက်တာကတော့ ပြန်ထောက်ပြတာ လွယ်အောင်လို့.......
စီမံခန့်ခွဲမှု ကောင်းကောင်း ရှိပေမယ့် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း မရှိရင် အလကားပဲ...... ဒီလိုပဲ ခေါင်းဆောင်ကောင်း ရှိနေသော်ငြား စီမံခန့်ခွဲမှု နဲ့ နောက်လိုက်က တလွဲဖြစ်နေရင်လည်း ရလာဘ်က ထူးမခြားနားပဲ......... ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် နံပါတ် (၁) နေရာကို လွှတ်တော်က တာဝန်ယူထားတယ်..... နံပါတ် (၂) က အစိုးရ နဲ့ နံပါတ် (၃) က အစိုးရ ယန္တရား...... လွှတ်တော်ဆိုတာ ရွေးကောက်ပွဲ တစ်ခုပီးတိုင်း အမတ်တွေ ဝင်လိုက် ထွက်လိုက်နဲ့ရှိနေမယ်...... ဒီလိုပဲ အစိုးရ ဆိုတာလည်း ရွေးကောက်ပွဲပြီးတိုင်း ပြောင်းလဲသွားမှာဆိုတော့ မတည်မြဲတဲ့ နေရာနှစ်ခု........
ဒီ သုံးခုမှာ အတည်မြဲဆုံးက နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်....... အပေါ်က ဥပမာနဲ့ဆိုရင် အစိုးရ ယန္တရား..... လွှတ်တော် ဘယ်လိုပဲ ပြောင်းပြောင်း၊ အစိုးရ ဘယ်လိုပဲ ကောင်းစေဦးတော့ နောက်လိုက်ဖြစ်တဲ့ အစိုးရ ယန္တရား မကောင်းသရွေ့ တိုင်းပြည်တိုးတက်မှာ မဟုတ်တာတော့ အသေအခြာပဲ...... တစ်ခြားမကြည့်ပါနဲ့ မိတ္တီလာ ကိစ္စမှာ တရားဥပဒေစိုးမိုးမှု ချက်ခြင်း မဆောင်ရွက်နိုင်တာ၊ မလေးရှားကိစ္စမှာ သံအမတ် အရည်အချင်း ညံ့ဖျင်းတာ၊ ဗုဒ္ဓဂယာ ဗုံးကွဲမှုမှာ မြန်မာနိုင်ငံက သံဃာတစ်ပါး ထိခိုက်တာမှာ တုံ့ပြန်မှု နှေးကွေးနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အစရှိတာတွေက နံပါတ် (၃) မှာ တော်တော်လေး လိုအပ်နေတာကို တွေ့ရတယ်.......
အဓိက ပြောရရင်တော့ မလေးရှားကိစ္စမှာ မလေးရှားသံအမတ်ရဲ့ အရည်အချင်းပဲ...... သံအမတ်တစ်ယောက် လုပ်ရမယ့် တာဝန်ကို နိုင်ငံခြားရေး ဒုဝန်ကြီးကိုယ်တိုင် လာပီး ကွပ်ကဲရတဲ့ အဆင့်ဆိုတော့ ဒီသံအမတ်ရဲ့ အရည်အချင်းဟာ ဘယ်လောက်အထိ သုံးစားမရသလဲ ပေါ်လွင်နေတယ်..... ဒီလိုမျိုး အရည်အချင်းလိုအပ်နေတဲ့သူတွေ အစိုးရ ယန္တရားထဲမှာ နံပါတ် (၃) နောက်လိုက်ကောင်းဖြစ်ဖို့ အများကြီး ပြင်ဆင်ရဦးမှာတွေ တွေ့လာရတာ ရင်မောမိတယ်.......
အတိုက်အခံဘက်ကို မျှော်ကြည့်မိတော့ စီမံခန့်ခွဲမှုက ဗဟိုဦးစီးစနစ်သွားတယ်၊ ခေါင်းဆောင်ကောင်း ရှိပေမယ့် နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်ကောင်းကောင်း ဆိုတာမှာတင် အကြည့်က ရပ်သွားရတယ်...... သူတို့လည်း နောက်လိုက်ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိတာ အွန်လိုင်းပေါ်က ရဲရဲတောက်နေတဲ့ ခွတ်ဒေါင်း ဘက်တော်သားတွေကို ကြည့်ရုံနဲ့ သိသာနေစေတယ်.....
နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့အတွက်တော့စီမံခန့်ခွဲမှု ကောင်းကောင်းတွေ လိုသလို၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူတွေလည်း များများစားစား လိုပါတယ်...... နောက်လိုက်ကောင်းကတော့ အောက်ခြေအထိ အကောင်အထည် ဖော်ရမှာဆိုတော့ မရှိမဖြစ်ပေါ့..... သုံးနားညီ တြိဂံလို ဖြစ်နေတဲ့ ဒီသုံးခုမှာ တစ်ခုက တာကျိုးပေါက်နေရင် အတွင်းထဲမှာရှိတဲ့ ပြည်သူဆိုတဲ့ နံပါတ် (၄) အတွက် လုံခြုံမှု၊ အေးချမ်းမှု၊ သာယာမှု မပေးနိုင်မှာတော့ အသေအခြာပါပဲ...... ဟုတ်ပါတယ် နံပါတ် (၄) ဆိုတဲ့ ပြည်သူကလည်း အပေါ်က သုံးနားညီရဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အကောင်အထည်ဖော်တာကို အပြည့်အဝ လိုက်နာဖို့ စည်းကမ်းရှိဖို့လည်း လိုပါတယ်..... တနည်းအားဖြင့် အပြန်အလှန် ပူးပေါင်း ပါဝင် ဆောင်ရွက်မှုတွေ လိုပါတယ်.....
နံပါတ် ၁ ကနေ ၃ ဘယ်လိုပဲ ကောင်းစေဦးတော့ အတွင်းက နံပါတ် (၄) စည်းကမ်းဖောက်လို့ တွန်းကန်နေရင်လည်း သုံးနားဟာ ညီနေမယ် မထင်ပါဘူး.... အားလုံးကို ပြန်ကောက်ရင်တော့ ဆိုင်ရာ ဆိုင်ရာ ကိုယ်စီ ကိုယ်စီ တာဝန်ကျေကြမယ်၊ တာဝန်သိတတ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ သိပ်ပီး ထူးပြောနေဖို့ မလိုပါဘူး..... အားလုံးပဲ လုပ်သင့်လုပ်ထိုက်တာတွေကို ပူးပေါင်းလုပ်နေကြမယ် လုပ်လာကြမယ်ဆိုရင် ရွှေပြည်အရေး ရင်မလေးရဘူးပဲ ဆိုချင်ပါတယ်......
(၁) စီမံခန့်ခွဲမှုတွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို သတ်မှတ်ပေးတာ ဖြစ်ပြီးတော့ (၂) ခေါင်းဆောင်မှုဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကိုအကောင်အထည်ဖော်တာ ဆိုတဲ့ စကားလေး တွေ့လိုက်ရတော့ တော်တော်လေး စဉ်းစားစရာ ဖြစ်လာတယ်...... ဖြည့်စွက် စဉ်းစားမိတာက (၃) နောက်လိုက်တွေရဲ့ တာဝန်...... နောက်လိုက်ကောင်း ဆိုတာဟာ လုပ်သင့်လုပ်ထိုက်တာတွေ အပြည့်အဝ အကောင်အထည်ပေါ်အောင် ဖြည့်ဆည်းရာမှာ လိုအပ်မယ်ဆိုတာလေး တွေးမိတယ်...... နံပါတ်လေးတွေ တပ်လိုက်တာကတော့ ပြန်ထောက်ပြတာ လွယ်အောင်လို့.......
စီမံခန့်ခွဲမှု ကောင်းကောင်း ရှိပေမယ့် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း မရှိရင် အလကားပဲ...... ဒီလိုပဲ ခေါင်းဆောင်ကောင်း ရှိနေသော်ငြား စီမံခန့်ခွဲမှု နဲ့ နောက်လိုက်က တလွဲဖြစ်နေရင်လည်း ရလာဘ်က ထူးမခြားနားပဲ......... ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် နံပါတ် (၁) နေရာကို လွှတ်တော်က တာဝန်ယူထားတယ်..... နံပါတ် (၂) က အစိုးရ နဲ့ နံပါတ် (၃) က အစိုးရ ယန္တရား...... လွှတ်တော်ဆိုတာ ရွေးကောက်ပွဲ တစ်ခုပီးတိုင်း အမတ်တွေ ဝင်လိုက် ထွက်လိုက်နဲ့ရှိနေမယ်...... ဒီလိုပဲ အစိုးရ ဆိုတာလည်း ရွေးကောက်ပွဲပြီးတိုင်း ပြောင်းလဲသွားမှာဆိုတော့ မတည်မြဲတဲ့ နေရာနှစ်ခု........
ဒီ သုံးခုမှာ အတည်မြဲဆုံးက နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်....... အပေါ်က ဥပမာနဲ့ဆိုရင် အစိုးရ ယန္တရား..... လွှတ်တော် ဘယ်လိုပဲ ပြောင်းပြောင်း၊ အစိုးရ ဘယ်လိုပဲ ကောင်းစေဦးတော့ နောက်လိုက်ဖြစ်တဲ့ အစိုးရ ယန္တရား မကောင်းသရွေ့ တိုင်းပြည်တိုးတက်မှာ မဟုတ်တာတော့ အသေအခြာပဲ...... တစ်ခြားမကြည့်ပါနဲ့ မိတ္တီလာ ကိစ္စမှာ တရားဥပဒေစိုးမိုးမှု ချက်ခြင်း မဆောင်ရွက်နိုင်တာ၊ မလေးရှားကိစ္စမှာ သံအမတ် အရည်အချင်း ညံ့ဖျင်းတာ၊ ဗုဒ္ဓဂယာ ဗုံးကွဲမှုမှာ မြန်မာနိုင်ငံက သံဃာတစ်ပါး ထိခိုက်တာမှာ တုံ့ပြန်မှု နှေးကွေးနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အစရှိတာတွေက နံပါတ် (၃) မှာ တော်တော်လေး လိုအပ်နေတာကို တွေ့ရတယ်.......
အဓိက ပြောရရင်တော့ မလေးရှားကိစ္စမှာ မလေးရှားသံအမတ်ရဲ့ အရည်အချင်းပဲ...... သံအမတ်တစ်ယောက် လုပ်ရမယ့် တာဝန်ကို နိုင်ငံခြားရေး ဒုဝန်ကြီးကိုယ်တိုင် လာပီး ကွပ်ကဲရတဲ့ အဆင့်ဆိုတော့ ဒီသံအမတ်ရဲ့ အရည်အချင်းဟာ ဘယ်လောက်အထိ သုံးစားမရသလဲ ပေါ်လွင်နေတယ်..... ဒီလိုမျိုး အရည်အချင်းလိုအပ်နေတဲ့သူတွေ အစိုးရ ယန္တရားထဲမှာ နံပါတ် (၃) နောက်လိုက်ကောင်းဖြစ်ဖို့ အများကြီး ပြင်ဆင်ရဦးမှာတွေ တွေ့လာရတာ ရင်မောမိတယ်.......
အတိုက်အခံဘက်ကို မျှော်ကြည့်မိတော့ စီမံခန့်ခွဲမှုက ဗဟိုဦးစီးစနစ်သွားတယ်၊ ခေါင်းဆောင်ကောင်း ရှိပေမယ့် နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်ကောင်းကောင်း ဆိုတာမှာတင် အကြည့်က ရပ်သွားရတယ်...... သူတို့လည်း နောက်လိုက်ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိတာ အွန်လိုင်းပေါ်က ရဲရဲတောက်နေတဲ့ ခွတ်ဒေါင်း ဘက်တော်သားတွေကို ကြည့်ရုံနဲ့ သိသာနေစေတယ်.....
နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့အတွက်တော့