Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ခွဲခြားဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ

$
0
0
ကျွန်မတို့ မြန်မာနိုင်ငံဟာ ရိုးရာဓလေ့တွေအရ အတင်းအကျပ် ခွဲခြားဆက်ဆံမှုဆိုတာ သိပ်မရှိကြပါဘူး။ လူတစ်ဦးချင်းဆီက ကိုယ့်သဘောနဲ့ကိုယ် မကြိုက်လို့ ကြိုက်လို့ဆိုပြီး ခွဲခြားမှုမျိုးတွေပဲ များပါတယ်။ မိန်းမလျာနဲ့ ယူထားတဲ့ ယောက်ျားလည်း လူမှုရေးပွဲတွေမှာ ဖိတ်ကြပါတယ်။ လူရာမသွင်းတာမျိုး မရှိပါဘူး။ မိန်းမလျာလည်း လူရာသွင်းကြတာပါပဲ။ သူနဲ့အသုံးတည့်တဲ့နေရာမျိုးဆိုရင် ပိုတောင် အရေးပေးရပါသေးတယ်။ဒါပေမယ့် အထက်မှာပြောခဲ့သလိုပေါ့လေ..လူတစ်ဦးချင်းရဲ့သဘောထားတွေအရ မိန်းမလျာအသိုင်းအဝိုင်းနဲ့ ခပ်ကင်းကင်း နေလိုတဲ့ လူတွေလည်း ရှိကြပါတယ်။
 
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တော်တော်နာမည်ကြီးတဲ့ ကိစ္စတစ်ခု မန္တလေးမြို့မှာ ဖြစ်ပွားဖူးပါတယ်။တက္ကသိုလ် ကျောင်းသားငယ်လေးတစ်ယောက် နေမကောင်းလို့ ဆေးစစ်ရာကနေ HIVပေါ့စတစ် ဖြစ်နေပါတယ်။ဒါနဲ့မိဘတွေက စုံစမ်းစစ်ဆေးတော့ ဆယ်တန်းအောင်စားရင်းထွက်တဲ့နေ့က သူငယ်ချင်းတွေနဲ့ အလည်လွန်ပြီး ကျုံးဘေးမှာ မူးနေတုန်း မိန်းမလျာတွေက အတင်းဆွဲခေါ်သွားလို့ ကျုံးနဲ့မနီးမဝေး နန်းရှေ့တစ်နေရာက အိမ်ကိုလိုက်ပါ သွားရကြောင်းတွေ ပြောပြပါတယ်။အဲ့ဒါနဲ့ အဲ့ဒီအိမ်ကို လိုက်ရှာတော့ တွေ့ပါတယ်။မိန်းမလျာတွေ အုပ်စုလိုက်အတူတူ ငှားနေကြတာပါ။ အကျိုးအကြောင်းမေးလိုက်ကတည်းက မိန်းမလျာအုပ်စုရဲ့ကက်ကက်လန် ရန်တွေ့ခံရပါတယ်တဲ့။ ကောင်လေးက ညီအငယ်ဆုံးဆိုတော့ အကိုတွေနဲ့ အကိုတွေရဲ့သူငယ်ချင်းတွေရောက်လာပြီး ပြဿနာတွေ အကျယ်ကျယ်တက် ကုန်တော့ လူတွေလည်းတရုန်းရုန်းဖြစ်ကုန် ပါတယ်။ဒါနဲ့ လူကြီးတွေက ပွဲထိန်းပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး ဥပဒေအရဖြေရှင်းပါ..ဘာညာဖြစ်ကုန်ရောတဲ့။ အဲ့ဒီမှာ ရဲစခန်းကလည်း ဘာပုဒ်မနဲ့ ဘယ်လိုဆွဲရမှန်းမသိတွေ ဖြစ်ကုန်ရောတဲ့။ နိဂုံးချုပ်တော့သူတို့သားငယ်လေး တစ်ရှက်ကနေ သုံး၊လေးရှက် ဖြစ်တော့မှာမို့ ဇာတ်လမ်းကို ပြန်အုပ်လိုက်ရပါတယ်။
 
နောက်တစ်ပုဒ်က ဒီလိုပါ...ရေကူးသင်တန်းမှာ ဆရာတူ အတန်းတူတက်တဲ့ သူငယ်ချင်းကသူ့ရဲ့ ကိုယ်တွေ့အကြောင်းကို ပြန်ပြောပြတာပါ။ "မနေ့ညက ကျုံးဘေးမှာ ဆိုင်ကယ်ခဏရပ်ပြီး လမ်းလျှောက်ကြတာ ကျွန်တော့်သူငယ်ချင်းက နောက်ဖက်ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တာအမရယ်။ကားတစ်စီးက ကျွန်တော့်ကိုနည်းနည်းကျော်ပြီးရပ်တယ်။ကားပေါ်က မိန်းမလျာနှစ်ယောက် ဆင်းလာပြီး ကျွန်တော့်ကို အတင်းဆွဲဖမ်းပြီး ကားတင်ဖို့လုပ်တယ်ဗျာ။ဗလချင်းက တော်တော်ကွာတယ်ဗျ။ သူတို့ကမိန်းမလျာပေမယ့် ထောင်ထောင်မောင်းမောင်းကြီးတွေလေ ပြီးတော့ နှစ်ယောက် တစ်ယောက်ဖြစ်နေတယ်။ "သူပြောမှပဲ သူ့ရဲ့ ပိန်ညောင်ညောင်ဗလလေးကို ကြည့်ပြီး တစ်ဖွဲ့လုံးရယ်ကြရပါသေးတယ်။ "ကျွန်တော့်အသံကြားတော့ သူငယ်ချင်းက နောက်ကနေ အမြန်ပြေးလာတာမြင် တော့မှပဲ ကျွန်တော့်ကိုလွှတ်ပေးပြီး ကားမောင်းပြေးကြတာဗျ။ ခေတ်ကြီးက အရင်လို မဟုတ်ဘူး။ယောက်ျားလေးတွေပါ လုံခြုံမှုမရှိတော့ဘူး"။
 
ကျွန်မတို့ အမျိုးထဲမှာ မင်္ဂလာဆောင်တစ်ခုရှိတော့ ကျွန်မညီမဝမ်းကွဲလေးက အပျိုရံလုပ်မှာပါ။သူမက အိမ်ကို အလှဖန်တီးရှင်တွေ ခေါ်ပြင်တာပါ။အလှပြင်တဲ့အခန်းဆီကို ဝင်ကြည့်ပြီး စပ်စုတော့ မိန်းမလျာမမတွေက ဗလကောင်းကောင်းကြီးတွေ ၃ယောက်တောင်ပါပဲ။ ကျွန်မကို ကြည့်တဲ့အကြည့်တွေကလည်း ကျောချမ်းစရာကောင်းပါတယ်။ အခန်းထဲမှာ ဟိုပစ္စည်းယူသလို ဒီပစ္စည်းထားသလိုနဲ့ ကျွန်မကို မထိတထိတွေလုပ်ပါတယ်။ အဲဒါနဲ့ အပြင်ပြန်ထွက်လာပြီး မောင်တွေ အကိုတွေကို "ကိုယ့်ညီမလေးအလှပြင်တာ သွားစောင့်ရှောက်မှပေါ့။ဒီလိုတစ်ယောက်ထဲမထားရဘူးလေ" ဆိုတော့ သူတို့ကို ပေါ်တင်လာညုတယ်၊ဟိုကိုင်ဒီပွတ်တွေလုပ်လို့ မသွားရဲဘူးလို့ ဖြေကြပါတယ်။ အယ်..ဒါဆို နှစ်ဖက်ချွန်တွေနေမှာ ငါ့ကိုလည်းဝိုင်းဘူးကြတယ်လို့ ပြောပြမှ အကိုတွေ မောင်တွေရော အဒေါ်တွေပါ အလုံးအရင်းနဲ့ အခန်းထဲဝင်စောင့်ပြီး ပွဲထိန်းရပါတယ်။
 
ဟိုယခင်ခေတ်နဲ့မတူတဲ့ အဖြစ်အပျက်တွေ မှုခင်းတွေ ရာဇဝတ်မှုတွေ ခြိမ်းခြောက်ခံရမှုတွေဟာ အလွန်အမင်း မြင့်တက်လာပါပြီ။ အရင်လို အမှားအမှန် အဖြူအမဲ ကွဲကွဲပြားပြားလည်း သိပ်မရှိတော့ပါဘူး။ ခေတ်ကာလနဲ့အညီ ပြည်သူတစ်ရပ်လုံးကို ခြုံပြီး ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေကို ရေးဆွဲသင့်ပါပြီ။ အခုလို ကျုံးဘေးလို အများပြည်သူ အနားယူရာ ကျန်းမာရေးလုပ်ရာ လူမြင်ကွင်းမှာ မိန်းမလျာတွေက ရုပ်ပျက်ဆင်းပျက် အဝတ်အစားတွေဝတ် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်နေကြတာ တစ်မြို့လုံးသိပါတယ်။ဒီလိုတွေ ဆက်လက် မလုပ်နိုင်အောင်လည်း ဥပဒေစည်းကမ်းတွေ ချမှတ်သင့်ပါတယ်။

မိန်းမလျာတွေဘက်က ပြောသလို သူတို့ကို လူမြင်ကွင်းမှာ အရှက်ခွဲတယ်၊လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခံရတယ် ဆိုတာမျိုးတွေကိုလည်း မလုပ်သင့်တဲ့ အပြင် လူ့အခွင့်အရေး နဲ့လည်း မငြိစွန်းရအောင် အရေးယူမှုတွေကို သေသေချာချာကျကျနန စဉ်းစားလုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
 
 နေထက်ထက်အောင် 


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>