Quantcast
Viewing all articles
Browse latest Browse all 1811

ပိုက်ဆံပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့သော ကြော်ငြာအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို


========================================
မြန်မာနိုင်ငံ၌ ကြော်ငြာရိုက်ကူး ရာတွင် သီချင်း ဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေ၍ ပိုက်ဆံ ပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့ကြောင်း ထွန်းအိန္ဒြာဗို က ပြောသည်။

”ကြော်ငြာ ရိုက်ရတာက တအား ချစ်စရာ ကောင်းအောင် လုပ်ရတာ။ ကျွန်မ တို့နဲ့ မလိုက်ဘူး။ စိတ်လည်း ဖီလင် မသွင်းတတ်ဘူး။ မြန်မာပြည်မှာ ရိုက်နေတဲ့ ပြီးခဲ့ တဲ့ခေတ်တွေ က ကြော် ငြာတွေက သီချင်းဖွင့်ပြီး ကခိုင်းတာတွေ က ကျွန်မတို့ အသက်အရွယ် နဲ့ မလိုက်သလို ကျွန်မတို့ မုဒ်တွေ နဲ့လည်း လုပ်လို့ မတတ်ဘူး။ အခုနောက် ပိုင်းတော့ ဇာတ်လမ်းလေးတွေ နဲ့သွားတာ ကောင်း ပါတယ်။ ကျွန်မ သရုပ်ဆောင် အသစ် တုန်းကတော့ အသစ် ဆိုတဲ့သဘောက အကုန် လုပ်ရတာဆိုတော့ လာသမျှ အ ကုန်လုံး ဟိုစပ်စပ် ဒီစပ်စပ်တော့ လက်ခံ ပြီး ရိုက်ခဲ့တယ်။ နောက်မှ ကိုယ်နဲ့ ဘယ် ဟာကိုက်ညီလဲ ဆိုတာကို ကြည့်ပြီး ကိုယ်အားသန်တာကို သွားရတယ်။ အ ဆိုနဲ့ သရုပ်ဆောင်လိုင်းက အစကတည်းက ရွေးချယ်ပြီးသားပဲ။ ငယ်ငယ် ကတည်းကလည်း သီချင်းတွေ ဆိုလာခဲ့တယ်။ စလုပ်မယ် ဆိုတော့လည်း သရုပ် ဆောင် ကို သေသေချာချာ တစိုက်မတ် မတ် လုပ်လာခဲ့တယ်။ အဲဒီအထဲမှာမှ အနုပညာ နဲ့နွယ်နေတဲ့ ကြော်ငြာတို့၊ ပြက္ခဒိန် ရိုက်တာတို့က နွယ်လို့ လုပ်ရ တာ လုပ်ကြည့်ပေမယ့် အဆင် မပြေလို့ တစ်နှစ်တည်းနဲ့ ထွက်လိုက်တာ”ဟု ထွန်းအိန္ဒြာဗိုက ပြောပါသည်။

”ကျွန်မတို့နဲ့ အလုပ်ကွင်းကွာ သလို ခံစားရတယ်။ သီချင်းဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေတာ ပိုက်ဆံကို ပြန်အမ်းချင်တာ။ စိတ်တွေက ဘယ်လို မှ သည်းမခံနိုင်ဘူး။ ကိုယ်နဲ့ မကိုက်ပါ လားဆိုတာ ကောင်းကောင်းသိသွား တယ်။ သရုပ်ဆောင် ဘက်က ဇာတ် လမ်းနဲ့ သွားရတာလေ။ ဇာတ်လမ်းနဲ့ သွားတာ ဘယ်ဟာမဆို လုပ်ရတာ လွယ်တယ်။ ကိုယ်က သရုပ်ဆောင်ချင် တဲ့သူ ဆိုတော့လေ။ ကြော်ငြာမှာလည်း ဇာတ်လမ်း နဲ့ခိုင်းတာကို လုပ်ဖြစ်ပါတယ်။ မထက် တို့ဆို ကြော်ငြာမှာ တအား အောင်မြင် တယ်။ သူတို့နဲ့ သိပ်ကိုက် တယ်။ အခုဆို ဝတ်မှုံလေး ဆိုရင် ဘာ လုပ်လုပ်လှတယ်။ ကျွန်မ တို့ကျတော့ အဲဒီလို သွားလုပ်ရင် ရယ်စရာကြီးဖြစ် မှာလေ။ ကိုယ်နဲ့ မကိုက် တာ။ ဓာတ်ပုံ တွေက ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ အပျော် ရိုက်တာတွေ ရှိပါတယ်။ စီးပွား ဖြစ်ရိုက်ပြီး ရောင်းတာ သိပ် အလုပ် မဖြစ်ခဲ့ဘူး။ စတေနေ လိုက်ရင် ရယ် လိုက်ရင် မဲ့သွားတယ်။ မနေတတ်ဘူး။ အဲဒါက တော့ အနုပညာ သက်တမ်း တစ် လျှောက်မှာ တကယ် လက်တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံပါပဲ” ဟု ၄င်းက ဆိုသည်။

ခိုင်ဝေလွင်


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...