Quantcast
Viewing all articles
Browse latest Browse all 1811

ကုသိုလ်…ကုသိုလ်…ယူတော်မူမလားဗျို

…………….

“ ဟေ့ ဟိုမှာ အစ်ကိုအောင်လာပြီကွ ”
“ ဘယ်လိုလဲ အစ်ကိုအောင်၊ ရေခပ်၊ ထမင်းချက်၊ အ၀တ်လျှော် ပြီးပြီလား ”
စ၀င်လာလာခြင်း ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ အချင်းချင်းနောက်လိုက်ခြင်း ဖြစ်သည်။ သူ့နာအမည်အရင်းကတော့ ကိုအောင်မဟုတ်ပါဘူး။ သူ့မိန်းမက သူ့ထက်အသက်ကြီးတော့ တစ်ခါတစ်ခါ ပြောတတ်တယ်။ ဟဲ့အကောင်အိုဆိုပြီးတော့ပေါ့။
ဒါကိုကျွန်တော်တို့တွေက အစ်ကိုအောင်လို့ နောက်ပြီး ခေါ်ခြင်းဖြစ်သည်။ သူက ထိုင်ခုံကို ဆွဲယူထိုင်ရင်း
“ ဟ ဒီနေ့ မယကတွေစုံလို့ပါလား။ မဟုတ်မှလွှဲရော ခံခဲ့သမျှတွေ ပေါက်ကွဲတော့မယ်ထင်တယ်။”
“ ဟုတ်ပါဘူးကွာ ဒီနေ့ စာအကြောင်း ပေအကြောင်းလေး ဝေဖန်လေကန်ကျမလို့ ချိန်းထားတာ”
“ ဟုတ်လား မင်းရော မိန်းမအတွက် အဆင်သင့်လုပ်ပေးပြီးပြီလား ” ဘေးက သူငယ်ချင်းတစ်ဦးကို ပြောတော့ ကျွန်တော်က ကြားဖြတ်ပြီး
“ မင်းကလည်း ဒီကောင်က အစ်ကိုရေ..ဆိုတာနဲ့ ခပ်ပြီးသားကောင်ကွ ”
“ မင်းလည်းဘာထူးလဲ အတူတူပဲ မဟုတ်လား၊ မိန်းမက တော့် စာရေးဆရာကြီးလို့ ငေါ့တော့တော့ ပြောတာနဲ့ ဘောပင်က ကပျာကယာချ ထပြေးတာပဲမဟုတ်လား ”
မြှားဦးက ကျွန်တော့်ဘက်လှည့်လာတော့ ကျွန်တော်ငြိမ်နေလိုက်ပါသည်။
“ တကယ်တော့ မိန်းမဆိုတာ မရှိမကောင်း၊ ရှိမကောင်း၊ မပေါင်းလည်းခက်၊ ပေါင်းလည်းမက် ”တဲ့။ “ မပေါင်းလည်းခက် ပေါင်းလည်းခက် ပါကွာ”
“ ဟုတ်ဘုးပေါင်းရင်တော့ မက်သွားတာပဲ ”
ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့စကားတွေကို ငြိမ်ပြီးနားထောင်နေမိသည်။ ကျွန်တော်တို့ သုံးယောက်က ဒီလိုပဲစုံနေကြ။ စုံရင်လည်း စာအကြောင်းပေအကြောင်းတွေအပြင် မိန်းမ မကောင်းကြောင်း တော့နည်းနည်းလေးဖြစ်ဖြစ်ပြောလိုက်ရမှ။ ဘာလို့လဲဆိုရင် အိမ်မှာ ခံနေရတာလေ။ ဒီရောက်မှ လေနဲ့ဖိ ထောင်းနေကြတာ။
“ တကယ်တော့ မိန်းမဆိုတာ လေပြေလေညင်းလေးလိုပဲတဲ့…အဲဒါပေမယ့် လေပြေလေညင်းက ဂွမ်းဆိုင်ခဲကိုတော့ ဆောက်တည်ရာမရအောင် လွင့်သွားစေနိုင်တယ်တဲ့ ”
“ အေးဟုတ်တယ်.. ဘုရားရှင်က မိန်းမတွေနဲ့ ဘယ်လောက်ထိထိ ကင်းကင်းနေဖို့ ပြောခဲ့သလဲ ဆိုရင် အရှင်သုဒိန်ဆိုတဲ့ ရဟန်းကို အချည်းနှီးယောကျာ်း- လျင်သောအဆိပ်၊ ကြမ်းတမ်းသော အဆိပ်ရှိ သောမြွေ၏ ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏။ မာတုဂါမ၏ အင်္ဂါဇာတ်တွင် သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း ” တဲ့။
မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င်ထဲမှ စာတွေကို ထုတ်နှုတ်ပြသည်။ တစ်ယောက်က လည်းအညံ့မခံပါ။
“ ကောသလအိပ်မက် ၁၆ ချက်ထဲမှာ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်မြှောင်အား၊ မယားလောကွတ်ပို ” ဆိုတဲ့။ တစ်ချက်ပါတယ်ကွ ”
“ မင်းတို့လည်း.. ဖင်ကုန်းပြီးရှာမနေနဲ့ဦး တော်ကြာ။ နောက်လူက ..ဆဲနေဦးမယ်။ နည်းသေးတယ် ဆိုပြီးတော့ ”
“ ကဲ ကဲ ဘော်ဒါတို့ …. အိမ်ကအဘွားကြီးက..ဒုတ်ကိုင်စောင့်နေတော့မယ်။ လမ်းခွဲကြစို့ ”
………….
တစ်နေ့ ကျွန်တော် လမ်းလျှောက်ထွက်ရင်း ဗိုက်ဆာလာတာနဲ့ အသုတ်ရောင်းနေတဲ့ အသယ်စီ ထွက်လာခဲ့လိုက်သည်။
“ ချဉ်၊ ငံ၊ စပ် အစုံသုတ်တစ်ပွဲလောက်လုပ်ပါဦး ”
“ ဟုတ်ကဲ့ အစ်ကို၊ ခဏလေးနှော် ”
အသုတ်ရောင်းနေတဲ့ ကောင်လေးကိုကြည့်ပြီး ကျွန်တော်စပ်စုချင်စိတ်ဖြစ်လာတဲ့နဲ့ မေးလိုက်သည်။
“ ညီလေးက မိဘတွေကို လုပ်ကျွေးနေတာလား ”
ကောင်လေးက ပြုံးပြုံးဖြင့် ဘာမှမပြောသေးပဲ အသုတ်ပွဲကို ချပေးသည်။
“ အစ်ကိုက အဲဒီလိုထင်လို့လား ”
“ အေးလေ ..မင်းအသက်က ငယ်သေးတယ်။ ပြီးတော့ ၀မ်းရေးအခက်အခဲတွေကြောင့် မိဘကိုယ်စား ရှာဖွေနေရတာမဟုတ်လား ”
“ မဟုတ်ဘူးအစ်ကိုရ မိန်းမကို ရှာကျွေးနေရတာ ”
“ ဟေ ”
“ ကျွန်တော့်မိန်းမက ကျွန်တော့ထက် ငါးနှစ်လောက်ကြီးတယ် အစ်ကိုရ။ ကျွန်တော် လူငယ်စိတ်နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့ ”
“ မင်းမိန်းမကို ကြောက်လို့လား။ မိန်းမက ရှာကျွေးခိုင်းလို့လဲ ”
“ မဟုတ်ပါဘူး အစ်ကိုရ။ ဘာဖြစ်ဖြစ် ကျွန်တော်က အိမ်ထောင်ဦးစီးလေ။ ရှာကျွေးရတာပေါ့။ ပြီးတော့ရှိသေးတယ် အစ်ကိုရ ကျွန်တော်က ကျွန်တော့်မိန်းမကို ဘယ်တော့မှ ဦးစားမပေးဘူး ”
“ ဟေ ဟုတ်လား” ကျွန်တော့်ထက် ဒီကောင်လေးသာသွားပြီလို့ တွေးနေတုန်း။
“ ဟုတ်တယ်။ ဦးစားမပေးဘူး၊ ထမင်းဆိုလည်း ကျွန်တော်ချက်လိုက်တာပဲ။ အ၀တ်ဆိုလည်း လျှော်လိုက်တာပဲ။ သန့်ရှင်းရေးဆိုလည်း ကျွန်တော်လုပ်လိုက်တာပဲ။ တကယ့် ဦးစားမပေးဘူး။”
“ ဟမ် ”
“ ဒါပေမယ့် ကျွန်တော်ပျော်တယ်ဗျ။ ဂုဏ်လည်းယူတယ် ”
“ ဟ လုပ်စမ်းပါဦးကွ ”
“ ကျွန်တော်တို့က စီးပွားရေးသိပ်အဆင်မပြေလှဘူး။ ဒီတော့ အလှူဒါန သိပ်မလုပ်နိုင်ဘူး။ ကျွန်တော်က ဒီမိန်းမက ရှာကျွေးနေရတော့ ပင်တိုင်ကုသိုလ်ရတာပေါ့ဗျာ။ ဘာတဲ့ မင်္ဂလာ တရားတော်မှာ ပုတ္တဒါရဿသင်္ဂဟောတဲ့။ သားမယားကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မြတ်သောမင်္ဂလာလို့တောင် ဟော ထားသေးတယ် မဟုတ်လား ”
ကျွန်တော်လည်း ပါးစပ်ကိုမဟနိုင်တော့ဘူး။ သူ့ ခံယူချက်၊ ဒသနအပေါ်မှာ ငေးမောသွားတယ်။
“ ပြီးတော့ မိန်းမကို ပြုစုရတာ၊ အ၀တ်အစားဆင်ရတာ၊ နောက်ဆုံး ထမင်းခူးကျွေးရတာက အစ အိမ်တွင်းကုသိုလ် ယူနေတာပဲ အစ်ကိုရဲ့၊ ကုသိုလ်ရတယ်။ အစ်ကိုလည်း မိန်းမရှိရင် ကုသိုလ်ယူပေါ့ ”
ကျွန်တော်လည်း ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်တာနဲ့ ပိုက်ဆံရှင်းပြီး ခပ်မြန်မြန်ထပြန်ခဲ့တယ်။
“ အင်း…ဟိုနှစ်ကောင်ကိုတော့ ပြောရဦးမယ်။ မိန်းမ မကောင်းကြောင်းတွေ မပြောနဲ့၊ ယူတတ်ရင် ကုသိုလ်ရတဲ့အကြောင်း ပင်တိုင်ကုသိုလ်၊ အိမ်တွင်းကုသိုလ်တွေရတဲ့ အကြောင်း ပြောကိုပြောရမယ် ”
ကျွန်တော်လမ်းလျှောက်ရင်း တွေးလာမိပါတော့တယ်။
ကဲ…ကြားကြားသမျှ အိမ်ထောင်ရှင် ပုရိသအပေါင်းတို့ ကုသိုလ်..ကုသိုလ်.. ယူတော်မူကြပါကုန်။
(မှတ်ချက်။ အမျိုးသမီးများ မဖတ်ရ)

 
 မောင်ပိုင်
၁၃-၇-၂၀၁၃။
— with William Tuntunko and 8 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...