Image may be NSFW.
Clik here to view.

မုတ်သုန်မိုးနဲ့ အပြိုင်
လွမ်းမျက်ရည် ဖြိုင်ဖြိုင်
တိုင်တည်သစ္စာ ဆိုရမြဲ…
ပြည့်ရတနာတွေ ကြွေခဲ့ကြ
အစားထိုးမရတဲ့ ဆုံးရှုံးမှုအတွက်
အာဇာနည် ကျောက်တိုင်ထုဆစ်လို့
ဂုဏ်ယူနေရတဲ့ တိုင်းပြည်…
တို့မြေပေါ်က
မတရားမှုတွေကို
အန်တုချေဖျက်ရင်း
ပေးဆက်ခဲ့တဲ့ အသက်တွေ
ကြေမွသွားတဲ့ ဘဝတွေဟာ
ဖျောက်ဖျက်မရ သမိုင်းသက်သေတည်….
အတွင်းဝန်ရုံး..
သမဂ္ဂအဆောက်အဦ နဲ့
ကိုကိုးကျွန်းပေါ်က
သွေးရင်ပြင်တွေဟာ
ဂျူလိုင်မိုးသဲသဲ မှာ
နိုးကြား တောက်ပနေဆဲ….
ဂျူလိုင်နဲ့ အာဇာနည်
အာဇာနည်နဲ့ ဂျူလိုင်
ထပ်တူပြု သမိုင်းခြေရာတွေ
မျိုးဆက်အလီလီ စီးဆင်းသွား
ဘယ်တော့များမှ ဆုံးပါလိမ့်…..
ဂျူမိုးသွေး
17-07-2013