Quantcast
Viewing all articles
Browse latest Browse all 1811

သံမဏိလိပ်ပြာနှင့်ခံစားမှုနှစ်ခြမ်း


သံမဏိလိပ်ပြာနှင့်ခံစားမှုနှစ်ခြမ်း
~~~~~~~~~~~~~~~~~

၁၉.၇.၂၀၁၃ အာဇာနည်နေ့မှာ

လင်းလင်းရဲ့ သံမဏိလိပ်ပြာအခွေ

ထွက်တော့သေသေချာချာကို

နားထောင်ကြည့်ဖြစ်ခဲ့ပါတယ်။

တစ်ခွေလုံးမှာ အဓိက ဖြစ်လာခဲ့

တာကတော့ mainstream ဖြစ်

သွားတဲ့ " သံမဏိလိပ်ပြာ " နဲ့

" အိပ်မက်ထဲက စစ်သားကြီး "

နှစ်ပုဒ်ပါပဲ။ ဒီနေရာမှာ လင်းလင်း

ရဲ့ မူလပရိသတ်နဲ့ မူလ လင်းလင်း

ဆိုဟန် မကြိုက်တတ်သူများကို

ထည့်မတွက်တော့ပါ။ ပြတ်ပြတ်

သားသားနှစ်ခြမ်းကွဲထွက်သွားပါ

တယ်။ သံမဏိလိပ်ပြာ က Title

Song ဖြစ်တယ်၊ ဒေါ်အောင်ဆန်း

စုကြည်ကို ဂုဏ်ပြု ရေးသားထား

သလို သီချင်းကလည်း ငြိမ်းချမ်း

ပြီး အားမာန်ပေးတဲ့ သီချင်းဖြစ်တဲ့

အတွက် ဒေါ်စုထောက်ခံသူများနဲ့

လင်းလင်းပရိသတ် တွေအတွက်

ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်

ဖြစ်လာခဲ့ပါတယ်။ အခွေထွက်တဲ့

နေ့ကတည်းက အဓိကထောက်

ကွက်ဖြစ်လာမှာ " အိပ်မက်ထဲက

စစ်သားကြီး " သီချင်းဆိုတာ ကြို

ထင်ထားခဲ့သလို အခုလည်း ဖြစ်

လာခဲ့ပါတယ်။ သီချင်းကို

မဆွေးနွေးခင်မှာအရင်ကြိုရှင်း


ထုတ်ထားချင်တာကတော့

ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုရာဆွဲ

တိုက်ခိုက်မှုတွေပါ။ ဒီအခွေနဲ့

လင်းလင်းလုပ်စားတယ်ဆိုတာလုံ

ဝလက်မခံပါ။ လင်းလင်းဟာ ရှေ့

၂ခွေမှာသူ့အနုပညာစွမ်းရည်ကိုပြ

သပြီးသားဖြစ်ပါတယ်။ ကြိုက်ခြငး

မကြိုက်ခြင်းဟာ Personal ပါ။

လင်းလင်းအသံကိုလူတိုင်းမကြိုက်

ပါ။ ဒါပေမယ့် အခုမှ မိန်းမလို

မိန်းမရအသံလို့တိုက်ခိုက်တာကို

တော့ လက်မခံပါ။

နောက်ပြီး ဒီအခွေကို လူပိန်းကြိုက်

ဒေါ်စုထောက်ခံသူတွေရဲ့ ပုဂ္ဂိုလ်စွဲ

အကြိုက်လို့ လုံးဝလက်မခံပါ။ အစွဲ

ကင်းကင်းနဲ့ ပြန်နားထောင်ကြည့်ပါ

အခွေကောင်းတစ်ခွေဆိုတာသိသာ

ပါတယ်။ " သံမဏိလိပ်ပြာ " နဲ့

" အိပ်မက်ထဲက စစ်သားကြီး "

၂ပုဒ်ပါရုံနဲ့ လူပြိန်းကြိုက်လို့ သိမ်း

ကြုံးရမ်းနေတဲ့ သူတွေဟာ လူပြိန်း

တွေဖြစ်နေလို့ နောက်ဆိုအဖက်

လုပ် ဆွေးနွေးနေမှာမဟုတ်ပါ။

~ခံစားချက်(၁)~

ထင်ထားတဲ့အတိုင်း စစ်တပ်ဖက်

က လူတွေဟာ ဒီသီချင်းကို

အပြည့်အဝ နင်းလာပါတယ်။ တစ်

ချိန်လုံး ချောင်ထိုးထားတဲ့ ဗိုလ်ချုပ်

အောင်ဆန်းကို အခုလိုတော့မှ

ဗိုလ်ချုပ် ကရောစစ်သားမဟုတ်ဘူး

လားလို့ ထောက်ပြပါတယ်။

ဗိုလ်ချုပ်က စစ်သားပါ ဦးသန်းရွှေ

လည်းစစ်သားပါ။ ဒါပေမယ့် တန်ဖိုး

ချင်း ယှဉ်မရအောင်ကွာပါတယ်။

ဗိုလ်ချုပ်ဟာ ဒေါ်စု ကို ခမဲပေးမယ့်

ရွှေတစ်မူးသားတောင် မရှိလို့ အမေ

ဆီပြန်တောင်းရတဲ့ လူစားပါ။ နိုင်ငံ

အတွက်အပေးသက်သက်ပါ။

ဒီဘက်ခေတ် ဗိုလ်ချုပ်တွေထဲမှာ

အဲ့လောက်မွဲတဲ့လူ ဘယ်သူရှိပါသ

လဲ?နိုင်ငံအတွက်အသက်ပေးလှူ

သွားတဲ့ ကိုယ်လက် အင်္ဂါ

စွန့်လွှတ်သွားရတဲ့ စစ်သားတွေကို

လူတိုင်းချစ်ပါတယ်။ ဒါပေမယ့်

Enter တစ်ချက်ခေါက်

မီးဟုန်းဟုန်းတောက်စေရမယ်ဆိ

တဲ့ Lobby Comment officer

တွေကားတဝီဝီနဲ့လုပ်ချင်ရာလုပ်နေ

တဲ့ အာဏာရှင်စနစ်ကို

ယစ်မူးနေတဲ့ စစ်ဗိုလ်တွေကိုတော့

ဘယ်သူမှ မချစ်ပါ။ ဝါးလုံးရှည်နဲ့

သိမ်းကြုံးရမ်းပြီး ဒီအခွေကို ဆဲဆို

တိုက်ခိုက်နေသူတွေဟာဒီစစ်အုပ်

ချုပ်ရေးကာလမှာ ကောင်းစားပြီး

အဆီယစ်နေသူတွေပဲ

ဖြစ်ပါလိမ့်မယ်။ *** " လူဆိုတာ

အမှားနဲ့ အမှန် ဆင်ခြင်နိုင်တဲ့

တန်ခိုးရှိပါတယ်၊

လူကိုလူလူချင်းသတ်ဖို့

ဘယ်ဘာသာ မှအားမပေးပါကွယ်"

ဆိုတဲ့စာသားလေး အလွန်ကြိုက်ပါ

တယ်။

~ခံစားချက်၂~

ဒီတစ်ပုဒ်တည်းမှာ ပြောရရင်

ဒီတစ်ခွေလုံးမှာ မကြိုက်တာ "

အိပ်မက်ထဲက စစ်သားကြီး "

သီချင်းရဲ့ အစနားက စာသားတွေ

ပါ။ ကိုလင်းလင်းနဲ့ ကွဲလွဲပါတယ်။

သူကအနုပညာ နဲ့ ငြိမ်းချမ်းရေး ကို

ဦးတည်သွားပေမယ့် ကျွန်တော်က

သာမန်လူ တစ်ဦးမို့ပါ။ " လူကို

လူလူ ချင်းသတ်တဲ့ စစ်သားကြီး

ဖြစ်ချင်တယ်။ လူကို လူလူချင်း

သတ်ဖို့ ပညာတွေသင်ကြသလား

မေးစရာပါ " ဆိုတဲ့ စာသားလုံးဝ

လက်မခံပါ။ စစ်အုပ်ချုပ်ရေး နဲ့

အာဏာရှင် စစ်ဗိုလ်ချုပ် တွေကို

အရမ်းမုန်းပေမယ့် တပ်မတော်ဟာ

တပ်မတော်သီးသန့်ဆိုရင်ဘယ်သူ

မှ မမုန်းပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ

သူ့ဘာသာ စစ်တန်းလျားကနေ

နိုင်ငံတော်ကိုကာကွယ်စောင့်

ရှောက်မယ့် စစ်သားတွေဟာ

အရေးပါပါတယ်။တစ်ချိန်တုန်းက

ဂန္ဒီဟာသူခေါင်းဆောင်ဖြစ်လာရင်

စစ်တပ်ကို ဖျက်သိမ်းပြီး

သေနတ်တွေကိုမြစ်ထဲပစ်

ချမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒါ

ပေမယ့် အိန္ဒိယ က လေယာဉ်တွေ

ပါကစ္စတန်ကို ဗုံးသွားကြဲတော့ စစ်

ပွဲမှာ လေယာဉ်တွေအောင်မြင်ဖို့

သူ ဆုတောင်းနေခဲ့ပါတယ်။ လူ

သားချင်းစာနာနားလည်ပြီး သတ်

ဖြတ်ဖို့ မဟုတ်ပေမယ့် ကာကွယ်

စောင့်ရှောက်ဖို့ ပြည်သူက

ပေါက်ဖွားပြီး ပြည်သူကိုကာကွယ်

စောင့်ရှောက်တဲ့ တပ်မတော်

တစ်ရပ်ဟာ မရှိမဖြစ်ပါ။

တရားသောစစ်ပွဲတွေမှာ လူကို

လူလူ ချင်းဆိုပေမယ့် သူတို့

သတ်တာ သေတာ

အမိမြေအတွက်ပါ။ တစ်ခွေလုံးမှာ

အိပ်မက်ထဲက စစ်သားကြီးရဲ့ အစ

ပိုင်းကိုတော့ ဘယ်လိုမှကို လက်ခံ

ပေးလို့ မရပါ။ ကိုယ့်တိုင်းပြည်

ကိုယ့်လူမျိုး အတွက်ဆို

အိပ်မက်ထဲမှာမှ မဟုတ်ပါဘူး

အပြင်မှာလည်းစစ်သားကြီးဖြစ်ချင်ဲ

ပါတယ်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>