Quantcast
Viewing all articles
Browse latest Browse all 1811

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေလိုသော ဆန္ဒ မရှိ၊

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေလိုသော ဆန္ဒ မရှိ၊
ဂေါ်ဘာချော့နဲ့ မတူ၊ ၂၀၁၅ မစဉ်းစားနိုင်သေးတဲ့ နိုင်ငံတော်သမ္မတကြီး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံတော်သမ္မတကြီးဟာ ပထမဦးဆုံ တရားဝင်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့ရာမှာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြင်သစ်ရုပ်/သံမီဒီယာတစ်ခု ဖြစ်တဲ့ France 24 နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီမေးမြန်းခန်းမှာ France 24 ရဲ့ စီစဉ်တင်ဆက်သူ Marc Perelman က မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပုံ၊ နိုင်ငံရေးအကျဉ်းသား
တွေပြန်လွှတ်ပေးခဲ့မှု၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ သမ္မတဖြစ်ရေး၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ မီဟေးဂ်ါဘာချော့နဲ့ နှိုင်းယှဉ်ပြောကြားနေမှု စတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။

အဆိုပါ မေးမြန်းချက်တွေနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ ဖြေကြားချက်(အကျဉ်းချုပ်) ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-

(၁) ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ပါသလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး - သမ္မတကြီးဟာ ကမ္ဘာကြီးတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့အတွက် ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုလုပ်ဆောင်ခဲ့သလဲ ဆိုတာကို သိလိုပါတယ်။

ဖြေ - ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာမှာ မျှော်လင့်မထားတာတွေလည်း ဖြစ်လာနိုင် ပါတယ်။ အဓိက အချက်တော့ ပြုပြင်ပြောင်းလဲမှုတွေကို လိုလားနေတဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒပဲ ဖြစ်ပါတယ်။ ဒီပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အခြေခံပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်။

(၂) တပ်မတော်ဟာ ဒီမိုကရေစီအပြောင်းအလဲအတိုင်း ဖော်ဆောင်နေ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး - ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါသလဲ။ တပ်မတော်ဘက်က ဆန့်ကျင် ခုခံမှုတွေ ရှိပါသလား။

ဖြေ - ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တစ်သွေမတိမ်း လိုက်ပါလျက် ရှိပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တပ်မတော်က ဆန့်ကျင်တာတွေ၊ အနှောက်အယှက်ပေးတာတွေ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်အပ်ရတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အပြောင်းအလဲတွေမှာ မလိုက်ပါ မလုပ်ဆောင်တာ မရှိပါဘူး။

(၃) နိုင်ငံရေးအကျဉ်းသားကိစ္စ
▬▬▬▬▬▬▬▬▬▬▬▬
မေး - လန်ဒန်မှာ သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားတွေ ဒီနှစ်ကုန်နောက်ဆုံထား လွှတ်ပေးမယ် လို့ ပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ကျန်ပါသေးလဲ။

ဖြေ - လွန်ခဲ့တဲ့ (၂)နှစ်မှာ အာဏာရယူပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ များစွာ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် ဘယ်လောက်ကျန်သေးသလဲ ဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။ ကုလသမဂ္ဂစာရင်း၊ အခြားနိုင်ငံတွေရဲ့ စာရင်းတွေ ရှိပါတယ်။ ဒါတွေကို စိစစ်ဖို့ အစိုးရ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ စိစစ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီက စိစစ်ပြီး တင်ပြလာခဲ့ရင် ကျွန်တော့်အနေနဲ့ ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် များများစားစားတော့ မရှိတော့ဘူးလို့ ထင်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတာမှာရင် ပြန်လွှတ်ပေးရမှာပဲ ဖြစ်ပါတယ်။

Image may be NSFW.
Clik here to view.
 
 (၄) ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မှာ သမ္မတ ဖြစ်ရေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး - အရင်တုန်းက အကျဉ်းကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် လွှတ်တော်ထဲ ရောက်နေပါပြီ။ ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်လို့လည်း ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါပေမယ့် သူ့ကို သမ္မတ မဖြစ်အောင် ပိတ်ပင်ကန့်သတ်ထားတာတွေ အခြေခံဥပဒေမှာ ပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သမ္မတ ဖြစ်သင့်တယ်လို့ ထင်ပါသလား။

ဖြေ - ဒီမိုကရေစီနိုင်ငံတွေမှာ လူတိုင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ မျှော်မှန်းချက်၊ သူ့ရဲ့ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားတာပဲ ဖြစ်ပါတယ်။ သမ္မတ ဖြစ်ရေး-မဖြစ်ရေးကတော့ အခြေခံဥပဒေတွေမှာ သတ်မှတ်ပြဌာန်းထားတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သမ္မတ ဖြစ်လာတာဟာ အခြေခံဥပဒေပါ သတ်မှတ်ချက်များအတိုင်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေဆိုတာလည်း ပြင်လို့ ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်နိုင်တဲ့ အခွင့်အာဏာက လွှတ်တော်ရဲ့ လက်ဝယ်မှာ ရှိပါတယ်။ အချို့ပြဌာန်းချက်တွေကတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ခံယူပြီး ပြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေက ပြင်ဆင်လို့ ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ လွှတ်တော်ရဲ့ သဘောထား၊ ပြည်သူလူထုရဲ့ သဘောထား အတိုင်းပဲ ရှိပါတယ်။

မေး - ၂၀၁၅ မတိုင်မီ ဒီကန့်သတ်ချက်ကို ပြင်နိုင်မယ် ထင်ပါသလား

ဖြေ - ပြင်နိုင်တယ်၊ မပြင်နိုင်ဘူး ဆိုတာကတော့ လွှတ်တော်ရဲ့ သဘောထားပါပဲ။ ကျွန်တော့်အနေနဲ့ ကန့်ကွက်ရန် မရှိပါဘူး။

မေး - ၂၀၁၅ မတိုင်မီ ဒီကန့်သတ်ချက်ကို ပြင်နိုင်မယ် ထင်ပါသလား

ဖြေ - ပြင်နိုင်တယ်၊ မပြင်နိုင်ဘူး ဆိုတာကတော့ လွှတ်တော်ရဲ့ သဘောထားပါပဲ။ ကျွန်တော့်အနေနဲ့ ကန့်ကွက်ရန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေချင်တဲ့ဆန္ဒလည်း ကျွန်တော့်မှာ မရှိပါဘူး။

(၅) ရခိုင်ပြည်နယ် ကိစ္စ
▬▬▬▬▬▬▬▬▬
မေး - ပဲရစ်မှာ ရှိတဲ့အဖွဲ့အစည်းတစ်ချို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက လူမျိုးတုံးသုတ်သင်မှု ဆိုပြီး ပြောနေတာ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ။

ဖြေ - ရခိုင်ပြည်နယ်ကိစ္စက လူမျိုးတုံးဆောင်ရွက်ချက် လုံးဝ မဟုတ်ပါဘူး။ ဒါဟာ သာမန် ရာဇဝတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီ ပဋိပက္ခကို ထိန်းသိမ်းပြီး ပုံမှန်အခြေအနေ ရောက်ရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်စက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ အကြံပြုတင်ပြချက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

(၆) မီဟေးဂေါ်ဘာချော့နဲ့ တင်စားပြောဆိုမှု
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး - သမ္မတကြီးကို မကြာခဏဆိုသလိုလိုပါပဲ မီဟေးဂေါ်ဘာချော့နဲ့ တင်စားပြီး ပြောနေကြတာ ရှိပါတယ်။ ဒီနှိုင်းယှဉ်ပြောကြားချက်အပေါ် ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ - ကျွန်တော်ဟာ မီဟေးဂေါ်ဘာချော့နဲ့ မတူဘူး လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဂေါ်ဘာချော့ဟာ ပြုပြင်ပြောင်းလဲရေးကို သူသွားလိုတဲ့ လမ်းကြောင်းအတိုင်း ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကတော့ ပြည်သူလူထု အများစုရဲ့ သဘောဆန္ဒကို အခြေပြုပြီး ဆောင်ရွက်တာ၊ ပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လုံးဝ ခြားနားပါတယ်။

(၇) ၂၀၁၅ မှာ သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ရေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး - နောက်တစ်ခုက ၂၀၁၅ မှာ သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်ဖို့ ဆန္ဒ ရှိပါသလား။

ဖြေ - လောလောဆယ် ကျွန်တော့်အနေနဲ့ ၂၀၁၅ သမ္မတ ရွေးချယ်ခံဖို့ မစဉ်းစားသေးပါဘူး။

လက်ရှိ ကျွန်တော့်ခေါင်းထဲမှာ ရှိနေတာကတော့ -

* ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့၊

* ကျွန်တော်တို့ ပြည်သူတွေရဲ့ လူမှု-စီးပွား တိုးတက်ဖွံ့ဖြိုးဖို့၊

* ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖန်တီးပေးဖို့၊

ကျွန်တော့် ခေါင်းထဲမှာ ဒါပဲ ရှိပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[View More : http://www.youtube.com/watch?v=EmBimN6ZrBY&feature=youtu.be]

[View Original Source : http://www.france24.com/en/20130719-interview-thein-sein-burma-myanmar-suu-kyi-political-prisoners-reforms]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...