Quantcast
Viewing all articles
Browse latest Browse all 1811

မြန်မာ နဲ့ ဘင်္ဂလား ရေတပ်ချင်း ဆက်ဆံမှုအခြေအနေ

မြန်မာ့ရေတပ်သင်္ဘော မောင်းတောသို့ အ၀င်အထွက်အတွက် နယ်စပ်ဖြတ်ကျော် ရမှုအပေါ် ကြိုတင်သတင်းပေးသွားလာရန် ဘင်္ဂလားဒေ့ရှ်မှ အကြောင်းကြားစာပေးပို့


မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ်တစ်စင်း နတ်မြစ်ဝသို့ ကင်းလှည့်ရန် ဖြတ်သန်းဝင်ရောက်ရာတွင် ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကို ဖြတ်သန်းခဲ့မှုနှင့် ပတ်သက်၍ နောက်နောင်မောင်းတောသို့ ၀င်ထွက်သွားလာရာတွင် ကြိုတင်သတင်းပေး အသိပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စာပို့ကန့်ကွက် တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ် အမှတ် ၅၅၄ သည် နတ်မြစ်ဝရှိ မောင်တောအနီးတွင် ဆိုက်ကပ်ရပ်နားထားကြောင်း သိရသည်။ ထိုသို့ ရပ်တန့်ထားရန်အတွက် မောင်တောသို့ ၀င်ရောက်စဉ် နယ်ခြားရေပိုင်နက်ကို ဖြတ်သန်းသွားရသဖြင့် ယခုကဲ့သို့ စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဤသို့အကြောင်းကြားစာ ပို့တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေအထားမှာ ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် မြန်မာ့စစ်သင်္ဘော UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်က စစ်တကောင်းဆိပ်ကမ်းသို့သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာရေတပ်သဘောင်္သည် ဘင်္ဂလားဒေ့ရှ်သို့ လာလည်ခြင်းဖြစ်ပြီး ယခုပြုလုပ်သော မြန်မာရေတပ်သဘောင်္၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ အလည်အပတ် လာရောက်သည့် မြန်မာစစ်သင်္ဘောအား စစ်တကောင်း ရေတပ်စစ်ဌာနချုပ် ရေတပ်ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့ကြောင်းနှင့် အဆိုပါ မြန်မာစစ်သင်္ဘောသည် ဇွန် ၁၁ ရက်တွင် စစ်တကောင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်ဟု သိရသည်။ နတ်မြစ်ဝသို့ တပ်မတော် ရေယာဉ်ဝင်ရောက်စဉ် တစ်ဖက်နိုင်ငံသို့ အကြောင်းမကြားဘဲ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်သို့ ၀င်ရောက်ခဲ့ခြင်းကို နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်စေဘဲ သက်ဆိုင်ရာမှ ပြန်လည်ဖြေရှင်းရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာ့ရေတပ်နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ် အနေအထားမှာ ဆက်ဆံရေး ပြေလည်နေပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်း ဇွန်အတွင်းက မြန်မာ့ရေတပ်မတော် ရေယာဉ်သည် စစ်တကောင်း ဆိပ်ကမ်းသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

Credit: Eleven
Photo: ၂၀၁၃ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ Ship Visit သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရ (F-23)


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>